နမ္မတူမြို့နယ်တွင်း အရပ်သားအိမ်ယာ မီးရှို့မှုကို TPCC ရှုတ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တအာင်း(ပလောင်) ပြည်သူတွေရဲ့ နေအိမ် ၁၁၇ လုံး မီးရှို့ခံရမှု၊ ပြည်သူတွေ အကြောင်းမဲ့ဖမ်းဆီးခံနေရမှုတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ TPCC နဲ့ တအာင်းအရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နမ္မတူမြို့နယ်အတွင်းက ကျေးရွာအချို့က ပြည်သူများ စစ်ဘေးတိမ်းရှောင်နေချိန် ၎င်းတို့၏ နေအိမ်များကို RCSS က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာသားအချို့ကိုလည်း ဖမ်းခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ပြဿနာများကို အမြန်ဆုံးရန်တန့်ရန်နှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့လိုအပ်သည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“၃ လပိုင်း ၂၈ ရက်နေ့ကနေပြီးတော့ ဒီလပထမအပတ်ထိ ဖြစ်ခဲ့တဲ့ အနေအထားကိုပဲ မီးမောင်းထိုးပြတာပေါ့၊ အဲ့ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဘာတွေရှိလဲဆိုရင် လူကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စမျိုးတွေရှိမယ်။ နောက်တစ်ခါ ရွာတွေမှာ ဆတ်ကြေးကောက်တဲ့ကိစ္စတွေရှိမယ်။ နောက်တစ်ခါ နေအိမ်တွေကို မီးရှို့တဲ့ကိစ္စတွေ ရှိမယ်။ အဓိက အဲ့ဒါတွေကို မီးမောင်းထိုးပြချင်တာ။ သူတို့နဲ့လည်း ညှိနှိုင်းဖို့ဆိုလည်း အေးအတူပူအမျှနေဖို့ အတွက်လည်း ကျနော်တို့မှာ ဆန္ဒရှိတယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ပြဿနာတွေ မဖြစ်အောင် ညှိနှိုင်း လို့ရမယ့်အဖွဲ့အစည်း ဝင်ပြီးတော့ ကူပေးမယ့် အဖွဲ့အစည်းနဲ့တွေ့ရင်တော့ ကျနော်တို့ ဘယ်အဖွဲ့အစည်းမဆို တွေ့ဖို့တော့ ကျနော်တို့ စဉ်းစားထားတာပေါ့နော်။ အဲ့ဒါက ပြဿနာမဖြစ်ဖို့ စဉ်းစားထားတာ၊ အခုက အရေး ကြီးနေတာက ပြန်လည်ထူထောင်ရေးနဲ့ သူတို့ ဒုက္ခရောက်နေတာကို ဘယ်လိုမျိုး အရင်ကူညီလဲဆိုတာက ကျ နော်တို့ အခုလတ်တလော အရေးကြီးတဲ့ဟာမျိုးဖြစ်တယ်။”

မတ်လကုန်နှင့် ဧပြီလဆန်းကတည်းက ဖြစ်ပွားခဲ့သည့် နမ္မတူမြို့နယ်အတွင်းက တအန်း(ပလောင်) PSLF/TNLA၊ ရှမ်းမြောက် SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းတောင် RCSS/SSA တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိ ပက္ခများအကြား ဒေသခံရွာသားများ၏ နေအိမ်များ မီးရှို့ခံနေရခြင်း၊ ရွာသား ၅ ဦး ဖမ်းဆီးခံထားရခြင်းနှင့် ရွာ သား ၂၀၀၀ နီးပါးခန့် သီပေါမြို့နှင့် နမ္မတူမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ကြရသည်။

တအာင်းကျောင်းသားနှင့်လူငယ်များ အဖွဲ့ TSYU က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း “မီးရှို့ခံရတဲ့ ပြည်သူ လူထုတွေကို သူတို့အတွက်ပြန်လည်ကုစားဖိုရယ်၊ ပြီးရင် ပြန်လည်ထူထောင်ဖို့ နောက်တစ်ခုက ဒီလုပ်သွားတဲ့ အဖွဲ့ ပေါ့၊ ကျမတို့က လုပ်ရပ်အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ ထုတ်ပြန်တယ်။ ပြီးလို့ရှိရင် ဒီလိုမျိုး နိုင်ငံ ရေး အခြေအနေမှာ ရှုတ်ထွေးနေတဲ့ကာလမှာ တပ်မတော်တွေနဲ့ တိုင်းရင်းသားကြားမှာ ပဋိပက္ခ ဖြစ်တာမကပဲ နဲ့ တိုင်းရင်းသားအချင်းချင်းမှာ မြေပြင်မှာ ဒါတွေဖြစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိတယ်ဆိုတဲ့ဟာကို နိုင်ငံတကာသိအောင် အဲ့ထုတ်ပြန်ချက်ကို ထုတ်ရခြင်းဖြစ်တယ်ပေါ့” ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသည့် တအာင်း(ပလောင်) ပြည်သူများ ၏ နေအိမ် အလုံး ၁၁၇ လုံး မီးရှို့ခံထားရသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာများအတွင်း ရွာစောင့်ကျန်ခဲ့သည့် ရွာသားများကို RCSS က မောင်းထုတ်ပြီးနောက် ယခုကဲ့သို့ မီးလောင် မှုများ ဆက်တိုက်ဖြစ်ပွားလာရခြင်း ဖြစ်သည်ပြီး နေအိမ်တစ်ရာကျော်မီးရှို့ဖျက်ဆီးခံရသည့်အခြေအနေနှင့် ရွာသားများကို ဖမ်းဆီးသွားသူများမှာလည်း RCSS တပ်ဖွဲ့ဝင်များဖြစ်သည်ဆိုသည့် သက်သေအထောက်အထား အချက်အလက်များကို ရရှိထားသည်ဟု နမ္မတူဒေသခံများက ပြောသည်။

နမ္မတူဒေသခံတစ်ဦးက “လောင်သွားတဲ့ဟာဆိုရင် တချို့က တိုက်အိမ်ရှိမယ်၊ ပျဉ်အိမ်ရှိမယ်။ တိုက်အိမ်တွေဆို တအားကြီးသိသာတယ်။ ပြီးနောက်တစ်ခုက လောင်စာဘယ်ဟာရှိနိုင်လဲဆို လှေကားထစ်တွေဟာမျိုးတွေ ရှိ တယ်။ လှေကားထစ်တွေ သွားပြီးမှ ရှို့တဲ့ဟာမျိုးတွေရှိတယ်။ ရွာအစောင့်တွေကို မောင်းထုတ်ပြီး တိုက်ပွဲ ဖြစ် တဲ့ပုံစံလုပ်တယ်၊ တကယ်တော့ တိုက်ပွဲက မဖြစ်ဘူးလေနော်။ အဲ့ဒါပြီးတာနဲ့ အိမ်တွေမီးလောင်တာမျိုး ဖြစ် လာတယ်။ ရွာပေါင်းက မန်လီရှိမယ်။ မန်ဆာရှိမယ်။ မန် ဂျက်ရှိမယ်၊ ရေအိုးရှိမယ်။ လေးရွာပေါ့” ဟု ပြော သည်။

နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာမှ ရွာသားနှစ်ဦးကို မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက်၊ ရေအိုးကျေးရွာ က ရွာသား သားအဖသုံးယောက်လည်း ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု အဆိုပါ ဖမ်းဆီးခံ ရမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် တအာင်းလူငယ်တစ်ဦး က ပြောသည်။

“ပြီးနောက်တစ်ခုက တိုက်ပွဲအတွင်းထဲမှာ တစ်လအတွင်းထဲမှာ ဖမ်းဆီးထားတဲ့ တအာင်းရွာသား ၅ ဦးကိုလည်း ဘာကြောင့်ဖမ်းဆီးထားလဲ၊ ဘယ်မှာဖမ်းဆီးထားလဲ၊ အခုချိန်ထိ ရော အသက်ရှင်တုန်းရှိသေးလား ဆိုတဲ့ဟာကို အခုချိန်ထိ ပြန်မလာသေးဘူး။ RCSS ဘက်ကို သွားပြီးတော့ သတင်းပေးတယ်။ မေးကြည့်လည်း သူတို့က မ ဖမ်းထားဘူးလို့ ပြောတယ်။ ဒါပေမယ့် တကယ် လာဖမ်းတဲ့ အချိန်ကျတော့ သူတို့ဝတ်စုံနဲ့ သူတို့ရဲ့ ယူနီ ဖောင်းနဲ့ ဖမ်းတယ်။ ပြီးရင် သူတို့ရဲ့ ရှမ်းဘာသာစကားနဲ့ လာဖမ်းတဲ့ အချိန်ကျတော့ အဲ့လိုမျိုးတွေကြားနေရတော့ အခု သူတို့နဲ့ ပြန်သွားမေးကြည့်တဲ့အခါကြတော့ သူတို့ မှာက ဒီ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ မြင်တယ်။”

နမ္မတူမြို့နယ်အတွင်းက မီးလောင်သွားတဲ့ အိမ်တွေနဲ့ ရွာသားတွေ ဖမ်းဆီးခံရမှုမှာ RCSS ၏ လက်ချက်ဖြစ်သည် ဟု ဒေသခံများနှင့် တအာင်းအရပ်ဖက်အဖွဲ့များက ပြောဆိုထားသော်လည်း RCSS ကတော့ ၎င်းတို့ မဟုတ် ကြောင်း RCSS/ SSA ပိုင် Tai Freedom ဝက်ဆိုက်နှင့် လူမှုယွန်ရက်စာမျက်နှာများတွင် ထုတ်ပြန် ငြင်းဆိုထား သည်။

ရည်ရွယ်ချက်ရှိရှိနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် လုပ်ရပ်များကို RCSS/SSA အနေဖြင့် ချက်ချင်း ရပ်တန့်ရန်၊ မီးရှို့သည့် တပ်ရင်းတပ်ဖွဲ့များကို အမြန်ဆုံးဖော်ထုတ်ပြီး အပြစ်ပေးအရေးယူရန်၊ ဖမ်းဆီးခံထားရ သည့် ရွာသား ၅ ဦးကိုချက်ချင်းလွတ်ပေးရန်နှင့် အမှန်တရားနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသည့် ရှမ်းတိုင်းရင်းသား လူထုအခြေပြုအဖွဲ့များ၊ နိုင်ငံရေးပါတီများကလည်း ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် တအာင်း အရပ်ဖက် အဖွဲ့အစည်းများ က တောင်းဆိုထားသည်။

*** ZAWGYI ***
နမၼတူၿမိဳ႕နယ္တြင္း အရပ္သားအိမ္ယာ မီးရႈိ႕မႈကို TPCC ရႈတ္ခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၃ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနတဲ့ တအာင္း(ပေလာင္) ျပည္သူေတြရဲ႕ ေနအိမ္ ၁၁၇ လုံး မီးရႈိ႕ခံရမႈ၊ ျပည္သူေတြ အေၾကာင္းမဲ့ဖမ္းဆီးခံေနရမႈေတြကို ကန႔္ကြက္ရႈတ္ခ်တယ္လို႔ တအာင္းႏိုင္ငံေရး အတိုင္ပင္ခံေကာ္မတီ TPCC နဲ႔ တအာင္းအရပ္ဘက္ အဖြဲ႕အစည္းမ်ားက ေျပာဆိုလိုက္သည္။

နမၼတူၿမိဳ႕နယ္အတြင္းက ေက်း႐ြာအခ်ိဳ႕က ျပည္သူမ်ား စစ္ေဘးတိမ္းေရွာင္ေနခ်ိန္ ၎တို႔၏ ေနအိမ္မ်ားကို RCSS က မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး ေက်း႐ြာသားအခ်ိဳ႕ကိုလည္း ဖမ္းေခၚေဆာင္သြားေၾကာင္း၊ အဆိုပါ ျပႆနာမ်ားကို အျမန္ဆုံးရန္တန႔္ရန္ႏွင့္ ညႇိႏႈိင္းေဆြးေႏြးအေျဖရွာဖို႔လိုအပ္သည္ဟု တအာင္းႏိုင္ငံေရးအတိုင္ပင္ခံေကာ္မတီ TPCC က ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။

“၃ လပိုင္း ၂၈ ရက္ေန႔ကေနၿပီးေတာ့ ဒီလပထမအပတ္ထိ ျဖစ္ခဲ့တဲ့ အေနအထားကိုပဲ မီးေမာင္းထိုးျပတာေပါ့၊ အဲ့ထဲမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ဘာေတြရွိလဲဆိုရင္ လူကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ ကိစၥမ်ိဳးေတြရွိမယ္။ ေနာက္တစ္ခါ ႐ြာေတြမွာ ဆတ္ေၾကးေကာက္တဲ့ကိစၥေတြရွိမယ္။ ေနာက္တစ္ခါ ေနအိမ္ေတြကို မီးရႈိ႕တဲ့ကိစၥေတြ ရွိမယ္။ အဓိက အဲ့ဒါေတြကို မီးေမာင္းထိုးျပခ်င္တာ။ သူတို႔နဲ႔လည္း ညႇိႏႈိင္းဖို႔ဆိုလည္း ေအးအတူပူအမွ်ေနဖို႔ အတြက္လည္း က်ေနာ္တို႔မွာ ဆႏၵရွိတယ္။ ေျပာရမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ျပႆနာေတြ မျဖစ္ေအာင္ ညႇိႏႈိင္း လို႔ရမယ့္အဖြဲ႕အစည္း ဝင္ၿပီးေတာ့ ကူေပးမယ့္ အဖြဲ႕အစည္းနဲ႔ေတြ႕ရင္ေတာ့ က်ေနာ္တို႔ ဘယ္အဖြဲ႕အစည္းမဆို ေတြ႕ဖို႔ေတာ့ က်ေနာ္တို႔ စဥ္းစားထားတာေပါ့ေနာ္။ အဲ့ဒါက ျပႆနာမျဖစ္ဖို႔ စဥ္းစားထားတာ၊ အခုက အေရး ႀကီးေနတာက ျပန္လည္ထူေထာင္ေရးနဲ႔ သူတို႔ ဒုကၡေရာက္ေနတာကို ဘယ္လိုမ်ိဳး အရင္ကူညီလဲဆိုတာက က် ေနာ္တို႔ အခုလတ္တေလာ အေရးႀကီးတဲ့ဟာမ်ိဳးျဖစ္တယ္။”

မတ္လကုန္ႏွင့္ ဧၿပီလဆန္းကတည္းက ျဖစ္ပြားခဲ့သည့္ နမၼတူၿမိဳ႕နယ္အတြင္းက တအန္း(ပေလာင္) PSLF/TNLA၊ ရွမ္းေျမာက္ SSPP/SSA ပူးေပါင္းတပ္မ်ားႏွင့္ ရွမ္းေတာင္ RCSS/SSA တို႔အၾကားက တိုက္ပြဲမ်ားႏွင့္ စစ္ေရးပဋိ ပကၡမ်ားအၾကား ေဒသခံ႐ြာသားမ်ား၏ ေနအိမ္မ်ား မီးရႈိ႕ခံေနရျခင္း၊ ႐ြာသား ၅ ဦး ဖမ္းဆီးခံထားရျခင္းႏွင့္ ႐ြာ သား ၂၀၀၀ နီးပါးခန႔္ သီေပါၿမိဳ႕ႏွင့္ နမၼတူၿမိဳ႕ေပၚသို႔ စစ္ေဘးတိမ္းေရွာင္ၾကရသည္။

တအာင္းေက်ာင္းသားႏွင့္လူငယ္မ်ား အဖြဲ႕ TSYU က ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးကလည္း “မီးရႈိ႕ခံရတဲ့ ျပည္သူ လူထုေတြကို သူတို႔အတြက္ျပန္လည္ကုစားဖိုရယ္၊ ၿပီးရင္ ျပန္လည္ထူေထာင္ဖို႔ ေနာက္တစ္ခုက ဒီလုပ္သြားတဲ့ အဖြဲ႕ ေပါ့၊ က်မတို႔က လုပ္ရပ္အေပၚမွာ တာဝန္ယူမႈ တာဝန္ခံမႈ ရွိဖို႔ ထုတ္ျပန္တယ္။ ၿပီးလို႔ရွိရင္ ဒီလိုမ်ိဳး ႏိုင္ငံ ေရး အေျခအေနမွာ ရႈတ္ေထြးေနတဲ့ကာလမွာ တပ္မေတာ္ေတြနဲ႔ တိုင္းရင္းသားၾကားမွာ ပဋိပကၡ ျဖစ္တာမကပဲ နဲ႔ တိုင္းရင္းသားအခ်င္းခ်င္းမွာ ေျမျပင္မွာ ဒါေတြျဖစ္တယ္၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ရွိတယ္ဆိုတဲ့ဟာကို ႏိုင္ငံတကာသိေအာင္ အဲ့ထုတ္ျပန္ခ်က္ကို ထုတ္ရျခင္းျဖစ္တယ္ေပါ့” ဟု ေျပာသည္။

နမၼတူၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ေနၾကသည့္ တအာင္း(ပေလာင္) ျပည္သူမ်ား ၏ ေနအိမ္ အလုံး ၁၁၇ လုံး မီးရႈိ႕ခံထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေက်း႐ြာမ်ားအတြင္း ႐ြာေစာင့္က်န္ခဲ့သည့္ ႐ြာသားမ်ားကို RCSS က ေမာင္းထုတ္ၿပီးေနာက္ ယခုကဲ့သို႔ မီးေလာင္ မႈမ်ား ဆက္တိုက္ျဖစ္ပြားလာရျခင္း ျဖစ္သည္ၿပီး ေနအိမ္တစ္ရာေက်ာ္မီးရႈိ႕ဖ်က္ဆီးခံရသည့္အေျခအေနႏွင့္ ႐ြာသားမ်ားကို ဖမ္းဆီးသြားသူမ်ားမွာလည္း RCSS တပ္ဖြဲ႕ဝင္မ်ားျဖစ္သည္ဆိုသည့္ သက္ေသအေထာက္အထား အခ်က္အလက္မ်ားကို ရရွိထားသည္ဟု နမၼတူေဒသခံမ်ားက ေျပာသည္။

နမၼတူေဒသခံတစ္ဦးက “ေလာင္သြားတဲ့ဟာဆိုရင္ တခ်ိဳ႕က တိုက္အိမ္ရွိမယ္၊ ပ်ဥ္အိမ္ရွိမယ္။ တိုက္အိမ္ေတြဆို တအားႀကီးသိသာတယ္။ ၿပီးေနာက္တစ္ခုက ေလာင္စာဘယ္ဟာရွိႏိုင္လဲဆို ေလွကားထစ္ေတြဟာမ်ိဳးေတြ ရွိ တယ္။ ေလွကားထစ္ေတြ သြားၿပီးမွ ရႈိ႕တဲ့ဟာမ်ိဳးေတြရွိတယ္။ ႐ြာအေစာင့္ေတြကို ေမာင္းထုတ္ၿပီး တိုက္ပြဲ ျဖစ္ တဲ့ပုံစံလုပ္တယ္၊ တကယ္ေတာ့ တိုက္ပြဲက မျဖစ္ဘူးေလေနာ္။ အဲ့ဒါၿပီးတာနဲ႔ အိမ္ေတြမီးေလာင္တာမ်ိဳး ျဖစ္ လာတယ္။ ႐ြာေပါင္းက မန္လီရွိမယ္။ မန္ဆာရွိမယ္။ မန္ ဂ်က္ရွိမယ္၊ ေရအိုးရွိမယ္။ ေလး႐ြာေပါ့” ဟု ေျပာ သည္။

နမၼတူၿမိဳ႕နယ္၊ မန္ဆာေက်း႐ြာမွ ႐ြာသားႏွစ္ဦးကို မတ္လ ၂၈ ရက္ေန႔က ဖမ္းဆီးသြားၿပီးေနာက္၊ ေရအိုးေက်း႐ြာ က ႐ြာသား သားအဖသုံးေယာက္လည္း ဧၿပီလ ၆ ရက္ေန႔က ဖမ္းဆီးခံထားရျခင္းျဖစ္သည္ဟု အဆိုပါ ဖမ္းဆီးခံ ရမႈႏွင့္ ပတ္သက္၍ လိုက္ပါေဆာင္႐ြက္ေပးေနသည့္ တအာင္းလူငယ္တစ္ဦး က ေျပာသည္။

“ၿပီးေနာက္တစ္ခုက တိုက္ပြဲအတြင္းထဲမွာ တစ္လအတြင္းထဲမွာ ဖမ္းဆီးထားတဲ့ တအာင္း႐ြာသား ၅ ဦးကိုလည္း ဘာေၾကာင့္ဖမ္းဆီးထားလဲ၊ ဘယ္မွာဖမ္းဆီးထားလဲ၊ အခုခ်ိန္ထိ ေရာ အသက္ရွင္တုန္းရွိေသးလား ဆိုတဲ့ဟာကို အခုခ်ိန္ထိ ျပန္မလာေသးဘူး။ RCSS ဘက္ကို သြားၿပီးေတာ့ သတင္းေပးတယ္။ ေမးၾကည့္လည္း သူတို႔က မ ဖမ္းထားဘူးလို႔ ေျပာတယ္။ ဒါေပမယ့္ တကယ္ လာဖမ္းတဲ့ အခ်ိန္က်ေတာ့ သူတို႔ဝတ္စုံနဲ႔ သူတို႔ရဲ႕ ယူနီ ေဖာင္းနဲ႔ ဖမ္းတယ္။ ၿပီးရင္ သူတို႔ရဲ႕ ရွမ္းဘာသာစကားနဲ႔ လာဖမ္းတဲ့ အခ်ိန္က်ေတာ့ အဲ့လိုမ်ိဳးေတြၾကားေနရေတာ့ အခု သူတို႔နဲ႔ ျပန္သြားေမးၾကည့္တဲ့အခါၾကေတာ့ သူတို႔ မွာက ဒီ တာဝန္ယူမႈ တာဝန္ခံမႈ မရွိဘူးလို႔ ျမင္တယ္။”

နမၼတူၿမိဳ႕နယ္အတြင္းက မီးေလာင္သြားတဲ့ အိမ္ေတြနဲ႔ ႐ြာသားေတြ ဖမ္းဆီးခံရမႈမွာ RCSS ၏ လက္ခ်က္ျဖစ္သည္ ဟု ေဒသခံမ်ားႏွင့္ တအာင္းအရပ္ဖက္အဖြဲ႕မ်ားက ေျပာဆိုထားေသာ္လည္း RCSS ကေတာ့ ၎တို႔ မဟုတ္ ေၾကာင္း RCSS/ SSA ပိုင္ Tai Freedom ဝက္ဆိုက္ႏွင့္ လူမႈယြန္ရက္စာမ်က္ႏွာမ်ားတြင္ ထုတ္ျပန္ ျငင္းဆိုထား သည္။

ရည္႐ြယ္ခ်က္ရွိရွိႏွင့္ လူေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးေနသည့္ လုပ္ရပ္မ်ားကို RCSS/SSA အေနျဖင့္ ခ်က္ခ်င္း ရပ္တန႔္ရန္၊ မီးရႈိ႕သည့္ တပ္ရင္းတပ္ဖြဲ႕မ်ားကို အျမန္ဆုံးေဖာ္ထုတ္ၿပီး အျပစ္ေပးအေရးယူရန္၊ ဖမ္းဆီးခံထားရ သည့္ ႐ြာသား ၅ ဦးကိုခ်က္ခ်င္းလြတ္ေပးရန္ႏွင့္ အမွန္တရားႏွင့္ တရားမွ်တမႈအတြက္ တိုက္ပြဲဝင္ေနၾကသည့္ ရွမ္းတိုင္းရင္းသား လူထုအေျချပဳအဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ားကလည္း ဝိုင္းဝန္းကူညီေျဖရွင္းေပးရန္ တအာင္း အရပ္ဖက္ အဖြဲ႕အစည္းမ်ား က ေတာင္းဆိုထားသည္။