လွိုင်ကော်မှ ဆန္ဒပြ အမျိုးသမီး ၆ ဦးကို ၅၀၅ (က) ဖြင့် တရားစွဲဆိုထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်။

ကယားပြည်နယ် လွိုင်ကော်ဆန္ဒပြပွဲတွင် မေလ ၁၂ ရက်က ဖမ်းဆီးခံရသော အမျိုးသမီး ၆ ဦးကို ပြန်မလွှတ်ပဲ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားသည်။

လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်က သပိတ်စစ်ကြောင်းဖြိုခွဲခံရချိန် ဖမ်းဆီးခံခဲ့ရသူ ၁၄ ဦး ဖမ်းဆီးခံခဲ့ရသည့် အနက် အမျိုးသမီး ၆ ဦးကို ပြန်မလွှတ်ပေးပဲ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲလိုက်ပြီး ယနေ့ အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘူးဟု မိသားစုဝင်တစ်ဦးက ပြောသည်။

မေလ ၁၂ ရက်နေ့ အသက် ၁၂ အရွယ် ကလေးငယ်(အမျိုးသမီးတစ်ဦး)အပါအဝင် အမျိုးသမီး ၁၂ ဦး၊ အမျိုး သား ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နာနတ်တော သပိတ်စစ်ကြောင်းဖြိုခွင်းစဉ် ဖမ်းဆီးခေါ် ဆောင်သွားပြီးနောက် အမျိုးသမီး ၆ ဦး ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးဘူး မိသားစုဝင်တစ်ဦး က ပြော သည်။

အသက် ၅၀ ကျော်အရွယ် ဖမ်းဆီးတရားစွဲခံထားရသည့် အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူက “ညီမ အမေကို အခုချိန်ထိ စဖမ်းတဲ့နေ့ကနေ ဒီနေ့အချိန်ထိ တစ်ခါမှ မတွေ့ရသေးဘူး။ တွေ့ချင်လို့ တောင်းဆိုလည်း သူတို့ ပေးမတွေ့ဘူး။ အခုက လွိုင်ကော်အကျဉ်းထောင်ထဲမှာပါ။ အခုက ၅၀၅ နဲ့ စွဲချက်တင်ထားတယ် လို့ ပြော တယ်။ ဘာလို့ အဲ့ဒီပုဒ်မနဲ့ စွဲချက်တင်တာလည်း သမီးတို့လည်း သိချင်တယ်။ ဘာအပြစ်တွေရှိလို့ အခု လိုမျိုး တရားစွဲတာလဲ၊ အခုထိ ဘာလို့ တွေ့ခွင့်မရတာလဲ သိချင်တာပေါ့နော်” ဟု ပြောသည်။

“အမေက အသက် ၅၀ ကျော်ပြီ၊ အဓိက သူ့ရဲ့ ကျန်းမာရေးကို စိတ်ပူတယ်။ အခုက အမေနဲ့လည်း မတွေ့ရဘူး။ နေကောင်းလား၊ ထမင်းရော ကောင်းကောင်းစားရရဲ့လား စိတ်ပူတာပေါ့နော်။ ညီမက ဘာမှ သိပ်မပြောတတ်ဘူး အမေကို ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။”

လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်က သပိတ်စစ်ကြောင်းကို ဖြိုခွင်းစဉ် ဖမ်းစဉ်ခံလိုက်ရပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲ ဆိုခံထားရသည့် အမျိုးသမီး ခြောက်ဦးကို မေလ ၁၄ရက်နေ့ ညနေမှာ ရုံးထုတ်ခဲ့သည်ဟု သိရ သည်။

ထို့အပြင် ၎င်းတို့ ၆ ဦးကို မေလ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းသတ်မှတ်ထားပြီး ဖမ်းဆီးခံထားရ သူများကို ပထမရုံးချိန်းတွင် လွိုင်ကော်မြို့နယ် တရားရုံးချုပ်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ ၆ ဦး လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူ တစ်ဦး က ပြောသည်။

“ကျနော်တို့က လိုက်လုပ်ပေးနေပါတယ်။ ဥပဒေကြောင်းအရ လုပ်ပေးနေတာပါ။ ကျနော်တို့ကတော့ သူတို့ ကို ပြန်လွှတ်ပေးဖို့ပေါ့၊ နယ်မြေတည်ငြိမ်ရေးကို ရှေးရှုပြီး အမြန်ဆုံးပြန်လွတ်ပေးဖို့ ပြောထားတာ ရှိပါ တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ ညနေပိုင်းအချိန်က လွိုင်ကော်မြိုရှိ နာနတ်တော ရပ်ကွက်က စစ်အာဏာရှင်ဆန့် ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် နေအိမ်များထဲ အထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် အသက် ၁၂ အရွယ် ကလေးငယ်(အမျိုးသမီး)တစ်ဦး အပါ အဝင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား နှစ်ဦးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် အသက် ၁၂ အရွယ် ကလေးငယ်(အမျိုးသမီး)တစ်ဦးအပါအဝင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၂ ဦးမှာ လွှတ်မြောက်လာပြီဖြစ်သည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။

ကယားပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်သည့် ပြည်သူများအနက် ယခုခါ အမျိုးသမီးနှင့်လူငယ် ၈၀ ဦး ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးပဲ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရ ဆဲ ဖြစ်သည်ဟု သိရသည်။

Photo – CJ

*** ZAWGYI ***
လြိဳင္ေကာ္မွ ဆႏၵျပ အမ်ိဳးသမီး ၆ ဦးကို ၅၀၅ (က) ျဖင့္ တရားစြဲဆိုထား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၇ ရက္။

ကယားျပည္နယ္ လြိဳင္ေကာ္ဆႏၵျပပြဲတြင္ ေမလ ၁၂ ရက္က ဖမ္းဆီးခံရေသာ အမ်ိဳးသမီး ၆ ဦးကို ျပန္မလႊတ္ပဲ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲထားသည္။

လြိဳင္ေကာ္ၿမိဳ႕၊ နာနတ္ေတာ ရပ္ကြက္က သပိတ္စစ္ေၾကာင္းၿဖိဳခြဲခံရခ်ိန္ ဖမ္းဆီးခံခဲ့ရသူ ၁၄ ဦး ဖမ္းဆီးခံခဲ့ရသည့္ အနက္ အမ်ိဳးသမီး ၆ ဦးကို ျပန္မလႊတ္ေပးပဲ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲလိုက္ၿပီး ယေန႔ အခ်ိန္ထိ မိသားစုဝင္မ်ားႏွင့္ ေတြ႕ခြင့္မရေသးဘူးဟု မိသားစုဝင္တစ္ဦးက ေျပာသည္။

ေမလ ၁၂ ရက္ေန႔ အသက္ ၁၂ အ႐ြယ္ ကေလးငယ္(အမ်ိဳးသမီးတစ္ဦး)အပါအဝင္ အမ်ိဳးသမီး ၁၂ ဦး၊ အမ်ိဳး သား ၂ ဦးကို အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက နာနတ္ေတာ သပိတ္စစ္ေၾကာင္းၿဖိဳခြင္းစဥ္ ဖမ္းဆီးေခၚ ေဆာင္သြားၿပီးေနာက္ အမ်ိဳးသမီး ၆ ဦး ယေန႔အခ်ိန္ထိ ျပန္မလႊတ္လာေသးဘူး မိသားစုဝင္တစ္ဦး က ေျပာ သည္။

အသက္ ၅၀ ေက်ာ္အ႐ြယ္ ဖမ္းဆီးတရားစြဲခံထားရသည့္ အမ်ိဳးသမီးတစ္ဦး၏ သမီးျဖစ္သူက “ညီမ အေမကို အခုခ်ိန္ထိ စဖမ္းတဲ့ေန႔ကေန ဒီေန႔အခ်ိန္ထိ တစ္ခါမွ မေတြ႕ရေသးဘူး။ ေတြ႕ခ်င္လို႔ ေတာင္းဆိုလည္း သူတို႔ ေပးမေတြ႕ဘူး။ အခုက လြိဳင္ေကာ္အက်ဥ္းေထာင္ထဲမွာပါ။ အခုက ၅၀၅ နဲ႔ စြဲခ်က္တင္ထားတယ္ လို႔ ေျပာ တယ္။ ဘာလို႔ အဲ့ဒီပုဒ္မနဲ႔ စြဲခ်က္တင္တာလည္း သမီးတို႔လည္း သိခ်င္တယ္။ ဘာအျပစ္ေတြရွိလို႔ အခု လိုမ်ိဳး တရားစြဲတာလဲ၊ အခုထိ ဘာလို႔ ေတြ႕ခြင့္မရတာလဲ သိခ်င္တာေပါ့ေနာ္” ဟု ေျပာသည္။

“အေမက အသက္ ၅၀ ေက်ာ္ၿပီ၊ အဓိက သူ႔ရဲ႕ က်န္းမာေရးကို စိတ္ပူတယ္။ အခုက အေမနဲ႔လည္း မေတြ႕ရဘူး။ ေနေကာင္းလား၊ ထမင္းေရာ ေကာင္းေကာင္းစားရရဲ႕လား စိတ္ပူတာေပါ့ေနာ္။ ညီမက ဘာမွ သိပ္မေျပာတတ္ဘူး အေမကို ျပန္လႊတ္ေပးဖို႔ပဲ ေတာင္းဆိုခ်င္တယ္။”

လြိဳင္ေကာ္ၿမိဳ႕၊ နာနတ္ေတာ ရပ္ကြက္က သပိတ္စစ္ေၾကာင္းကို ၿဖိဳခြင္းစဥ္ ဖမ္းစဥ္ခံလိုက္ရၿပီး ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲ ဆိုခံထားရသည့္ အမ်ိဳးသမီး ေျခာက္ဦးကို ေမလ ၁၄ရက္ေန႔ ညေနမွာ ႐ုံးထုတ္ခဲ့သည္ဟု သိရ သည္။

ထို႔အျပင္ ၎တို႔ ၆ ဦးကို ေမလ ၂၆ ရက္ေန႔တြင္ ဒုတိယအႀကိမ္ ႐ုံးခ်ိန္းသတ္မွတ္ထားၿပီး ဖမ္းဆီးခံထားရ သူမ်ားကို ပထမ႐ုံးခ်ိန္းတြင္ လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးခ်ဳပ္တြင္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ၎တို႔ ၆ ဦး လြတ္ေျမာက္ေရး ကူညီေဆာင္႐ြက္ေပးသူ တစ္ဦး က ေျပာသည္။

“က်ေနာ္တို႔က လိုက္လုပ္ေပးေနပါတယ္။ ဥပေဒေၾကာင္းအရ လုပ္ေပးေနတာပါ။ က်ေနာ္တို႔ကေတာ့ သူတို႔ ကို ျပန္လႊတ္ေပးဖို႔ေပါ့၊ နယ္ေျမတည္ၿငိမ္ေရးကို ေရွးရႈၿပီး အျမန္ဆုံးျပန္လြတ္ေပးဖို႔ ေျပာထားတာ ရွိပါ တယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၁၂ ရက္ေန႔ ညေနပိုင္းအခ်ိန္က လြိဳင္ေကာ္ၿမိဳရွိ နာနတ္ေတာ ရပ္ကြက္က စစ္အာဏာရွင္ဆန႔္ က်င္ေရး သပိတ္စစ္ေၾကာင္းကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အၾကမ္းဖက္ ၿဖိဳခြဲခဲ့ၿပီးေနာက္ ေနအိမ္မ်ားထဲ အထိ လိုက္လံဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ အသက္ ၁၂ အ႐ြယ္ ကေလးငယ္(အမ်ိဳးသမီး)တစ္ဦး အပါ အဝင္ အမ်ိဳးသမီး ၁၂ ဦးႏွင့္ အမ်ိဳးသား ႏွစ္ဦးဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။

ထို႔ေနာက္ အသက္ ၁၂ အ႐ြယ္ ကေလးငယ္(အမ်ိဳးသမီး)တစ္ဦးအပါအဝင္ အမ်ိဳးသမီး ၆ ဦးႏွင့္ အမ်ိဳးသား ၂ ဦးမွာ လႊတ္ေျမာက္လာၿပီျဖစ္သည္ဟု လြိဳင္ေကာ္ေဒသခံမ်ားက ေျပာသည္။

ကယားျပည္နယ္အတြင္း စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္မႈမ်ားတြင္ ပါဝင္သည့္ ျပည္သူမ်ားအနက္ ယခုခါ အမ်ိဳးသမီးႏွင့္လူငယ္ ၈၀ ဦး ယေန႔အခ်ိန္ထိ ျပန္မလႊတ္လာေသးပဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းကို ခံထားရ ဆဲ ျဖစ္သည္ဟု သိရသည္။

Photo – CJ