ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ယခုနှစ် အပြီးရေးဆွဲမည်ဟု NUG ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်။

ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ကို ဒီဇင်ဘာလတွင် အပြီးရေးဆွဲမည်ဟု ပြောသည်။

မေလ ၁၈ ရက်နေ့ က ပြုလုပ်သည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ၆/၂၀၂၁ အစည်း အဝေးတွင် ထိုသို့ အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပထမ မူကြမ်းကို ၂၀၂၁ ခုနှစ် မေလမှ အောက်တိုဘာလ အတွင်း အပြီး ရေးဆွဲကြမှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ မူချောရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်” ဟု ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ရုပ်သံဌာန PVTV က သတင်း ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းထဲတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များကို ထည့်သွင်းရေးဆွဲသွားမည်ဟု NUG က ဆိုသည်။

PVTV သတင်းထုတ်ပြန်ချက်ထဲတွင် “ဒီလိုရေးဆွဲရာမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အ ခြေခံပြီး ဒီမိုကရေစီအရေး အမျိုး သား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက် ၏ပေးရေးတွေ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု ဖွဲ့စည်းပုံ အခြေခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲဖို့ ရည် ရွယ်တယ်လို့ သိရပါတယ်” ဟု ပါရှိသည်။

Public Voice Television (PVTV) ရုပ်သံ Channel သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH နှင့် NUG တို့၏ ရုပ်သံ Channel တစ်ခုဖြစ်သည်။

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ဖက်ဒရယ် ပြည်ထောင်စု ဝန်ကြီးဌာနက တင်သွင်းခဲ့ သည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲနိုင်ရန်နှင့် ရေးဆွဲရေး လုပ်ငန်းစဉ် ကိစ္စ အ၀ ဝကို ကြီးကြပ်ပေးမည့် ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းထားသည်ဟု PVTV သတင်းဖော်ပြချက် အရ သိရ သည်။

“အဆိုပါ ဖက်ဒရယ် ပြည်ထောင်စု အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး လုပ်ငန်း ကြီးကြပ်မှုကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ် ဒု-သမ္မတ ဒူဝါလရှီးလ၊ ဒု-ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း အဖွဲ့ဝင်များက တော့ ပြည်ထောင်စု ဝန်ကြီးများက ဆောင်ရွက်ကြမှာ ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဖက်ဒရယ် ပြည်ထောင်စု ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်၊ တွဲဖက် အတွင်းရေးမှူးများအဖြစ် ဖက် ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ဒု-ဝန်ကြီးများဖြစ်ကြတဲ့ ဦးချစ်ထွန်းနဲ့ မိုင်းဝင်းထူးတို့က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များက ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည် ဆိုသည် ရည်ရွယ်ချက်ဖြင့် တပ် မတော်က ရေးဆွဲထားသည့် ၂၀၀ ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် တိုင်းရင်းသား အများစု ပါဝင်သည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။

နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်နှင့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်များစွာ ပေးစွမ်းနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မှသာ ယခုဖြစ်ပေါ် နေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်မည်ဟု တိုင်းရင်းသားများနှင့် မြန်မာ့အရေး လေ့လာသုံး သပ်သူများက ပြောဆိုထားကြသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလိုအပ်နေပြီး ထိုလိုအပ် နေ သည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို NUG က ရေးဆွဲရန် ပြင်ဆင်လာခြင်းဖြစ်သည်။

*** ZAWGYI ***
ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ ဥပေဒမူၾကမ္းကို ယခုႏွစ္ အၿပီးေရးဆြဲမည္ဟု NUG ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၀ ရက္။

ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG က ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ မူၾကမ္း ကို ဒီဇင္ဘာလတြင္ အၿပီးေရးဆြဲမည္ဟု ေျပာသည္။

ေမလ ၁၈ ရက္ေန႔ က ျပဳလုပ္သည့္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ၏ ၆/၂၀၂၁ အစည္း အေဝးတြင္ ထိုသို႔ အတည္ျပဳ ဆုံးျဖတ္ခဲ့ၾကျခင္း ျဖစ္သည္။

“ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပထမ မူၾကမ္းကို ၂၀၂၁ ခုႏွစ္ ေမလမွ ေအာက္တိုဘာလ အတြင္း အၿပီး ေရးဆြဲၾကမွာ ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလမွာ မူေခ်ာေရးဆြဲၿပီးစီးႏိုင္ေရး ေဆာင္႐ြက္ၾကမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္” ဟု ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ၏ ႐ုပ္သံဌာန PVTV က သတင္း ထုတ္ျပန္ခဲ့သည္။

ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ မူၾကမ္းထဲတြင္ အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္း ခြင့္မ်ားကို ထည့္သြင္းေရးဆြဲသြားမည္ဟု NUG က ဆိုသည္။

PVTV သတင္းထုတ္ျပန္ခ်က္ထဲတြင္ “ဒီလိုေရးဆြဲရာမွာ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈႏွင့္ တရားမွ်တမႈတို႔ကို အ ေျခခံၿပီး ဒီမိုကေရစီအေရး အမ်ိဳး သား တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ အခြင့္အေရးမ်ားကို အာမခံခ်က္ ၏ေပးေရးေတြ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ မူၾကမ္းမွာ ထည့္သြင္းေရးဆြဲဖို႔ ရည္ ႐ြယ္တယ္လို႔ သိရပါတယ္” ဟု ပါရွိသည္။

Public Voice Television (PVTV) ႐ုပ္သံ Channel သည္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH ႏွင့္ NUG တို႔၏ ႐ုပ္သံ Channel တစ္ခုျဖစ္သည္။

ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ၏ ဖက္ဒရယ္ ျပည္ေထာင္စု ဝန္ႀကီးဌာနက တင္သြင္းခဲ့ သည့္ ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ မူၾကမ္းကို ေရးဆြဲႏိုင္ရန္ႏွင့္ ေရးဆြဲေရး လုပ္ငန္းစဥ္ ကိစၥ အ၀ ၀ကို ႀကီးၾကပ္ေပးမည့္ ေကာ္မရွင္တစ္ရပ္ကိုလည္း ဖြဲ႕စည္းထားသည္ဟု PVTV သတင္းေဖာ္ျပခ်က္ အရ သိရ သည္။

“အဆိုပါ ဖက္ဒရယ္ ျပည္ေထာင္စု အေျခခံ ဥပေဒမူၾကမ္း ေရးဆြဲေရး လုပ္ငန္း ႀကီးၾကပ္မႈေကာ္မရွင္မွာ ဥကၠ႒ အျဖစ္ ဒု-သမၼတ ဒူဝါလရွီးလ၊ ဒု-ဥကၠ႒ အျဖစ္ ျပည္ေထာင္စု ဝန္ႀကီး ခ်ဳပ္ မန္းဝင္းခိုင္သန္း အဖြဲ႕ဝင္မ်ားက ေတာ့ ျပည္ေထာင္စု ဝန္ႀကီးမ်ားက ေဆာင္႐ြက္ၾကမွာ ျဖစ္ၿပီး အတြင္းေရးမႉးအျဖစ္ ဖက္ဒရယ္ ျပည္ေထာင္စု ေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာလ်န္မႈန္းဆာေခါင္၊ တြဲဖက္ အတြင္းေရးမႉးမ်ားအျဖစ္ ဖက္ ဒရယ္ ျပည္ေထာင္စုေရးရာ ဝန္ႀကီးဌာနမွ ဒု-ဝန္ႀကီးမ်ားျဖစ္ၾကတဲ့ ဦးခ်စ္ထြန္းနဲ႔ မိုင္းဝင္းထူးတို႔က တာဝန္ယူ ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ သိရပါတယ္။”

စစ္အာဏာသိမ္းၿပီးေနာက္ ေ႐ြးေကာက္ပြဲတြင္ အမ်ားစု အႏိုင္ရထားသည့္ NLD ကိုယ္စားလွယ္မ်ားက ျပည္ ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH ကို ဖြဲ႕စည္းခဲ့သည္။

ထို႔ေနာက္ CRPH က ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္မည္ ဆိုသည္ ရည္႐ြယ္ခ်က္ျဖင့္ တပ္ မေတာ္က ေရးဆြဲထားသည့္ ၂၀၀ ၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ဖ်က္သိမ္းကာ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ေၾကစာတမ္းကို ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ ထုတ္ျပန္ေၾကညာၿပီးေနာက္ တိုင္းရင္းသား အမ်ားစု ပါဝင္သည့္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို ဖြဲ႕စည္းခဲ့သည္။

ႏွစ္ေပါင္း ၇၀ ေက်ာ္ ျဖစ္ပြားေနသည့္ ျပည္တြင္းစစ္ကို အဆုံးသတ္ႏိုင္ရန္ႏွင့္ အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္ ျပဌာန္းခြင့္မ်ားစြာ ေပးစြမ္းႏိုင္သည့္ ဖက္ဒရယ္ ျပည္ေထာင္စု ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္မွသာ ယခုျဖစ္ေပၚ ေနသည့္ ပဋိပကၡမ်ားကို အဆုံးသတ္ႏိုင္မည္ဟု တိုင္းရင္းသားမ်ားႏွင့္ ျမန္မာ့အေရး ေလ့လာသုံး သပ္သူမ်ားက ေျပာဆိုထားၾကသည္။

ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ရန္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒလိုအပ္ေနၿပီး ထိုလိုအပ္ ေန သည့္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို NUG က ေရးဆြဲရန္ ျပင္ဆင္လာျခင္းျဖစ္သည္။