ဆွမ်ပရာဘွမ်လမ်းတွင် ဆီဘောင်ဆာကားနှစ်စီးအား KIA မှ တိုက်ခိုက်

သတင်းနှင့်မီဒီယာကွန်ရက်။
မေလ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆီတင်ကားကို KIA က မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနား-ပူတာအိုလမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ မိုင်ထောင်းကျေးရွာနှင့် ခဂရမ်းကျေးရွာကြား တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ပစ်ခတ်မီးရှို့ခံလိုက်ရခြင်း ဖြစ်သည်ဟု ဆွမ်ပရာဘွမ် ဒေသခံများက ပြော သည်။

“မနေ့က ၃ နာရီ၊ ၄ နာရီလောက်လို့လည်းပြောတယ်။ ၁ နာရီနောက်ပိုင်းပြောရမယ် ဖြစ်တာ။ မြစ်ကြီးနား တက်လာတဲ့ကောင်း ပစ်ခံရတာဟုတ်တယ်။ တိုင်းကျော်ရဲ့ ဆီတင်ကား ဆီဘောင်ဆာကားအကြီးပေါ့ ၂ စီးပေါ့ နော်။ ဆွမ်ပရာဘွမ်မရောက်ခင်၊ ခဂရမ်းရွာ၊ မိုင်ထောင်းရွာ၊ ဒီဆနမ်ချောင်းမရောက်ခင်၊ အဲ့နားမှာ ပစ်ခံရ တယ်။ တစ်စီးက။ နောက်ထပ်တစ်စီးကတော့ ပထမတစ်စီး ပစ်ခံရတဲ့နဲ့ မြစ်ကြီးနားကို လှည့်ပြန်သွားတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

အပစ်ခံရသည့်ကားမှာ တိုင်းကျော် စက်သုံးဆီအရောင်းဆိုင် စာသားပါသည့် ဆီဘောင်ဆာကားဖြစ်သည်ဟု မျက်မြင်သက် သေများက ပြောသည်။

တိုင်းကျော် စက်သုံးဆီအရောင်းဆိုင် စာသားပါသည့် ဓါတ်ဆီကားနှစ်စီးအနက် တစ်စီးမှာ မီးလောင်ပျက်စီး သွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ပစ်ခံရတဲ့ကားကတော့ မီးလုံးဝလောင်သွားတယ်။ ဆီဘောင်ဆာကို လှမ်းပစ်တော့ လူတွေကတော့ ထွက်ပြေး သွားတယ်။ ကားသမားလည်း ဒဏ်ရာရတယ်လို့ ပြောတယ်။ ကားတစ်စီးမှာ လူနှစ်ယောက်ပါတယ်။ ကားကို ဒီတိုင်းပဲ ထားခဲ့တယ်၊ ကားကတော့ လုံးဝမီးလောင်ပျက်ဆီးသွားတယ်။ တိုင်းကျော်ကတော့ ပုဂ္ဂိလပိုင်ပါ။ ဒါပေ မယ့် အခုတချို့က ပြောတာလည်း ဒီလိုပစ်ခံရတာက KIA ကလည်း သတင်းကြားလို့ သွားပစ်တယ်လို့ ပြောတာ နေကြတယ်။ ဒီမနက်တော့ ကားတွေ၊ ဆိုင်ကယ်တွေတော့ ပုံမှန်ပြန် သွားနေကြပြီ။”

မြစ်ကြီးနားမှ ပူတာအိုသို့ ဆီတင်လာသည့် ကားမှာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပစ်ခတ်ဖျက်ဆီးခံခဲ့ရခြင်း ဖြစ် သည်။

အဆိုပါကား ပစ်ခတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ကို ဆက်သွယ်မေးမြန်းရာ ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ အောက်ခြေက သတင်း ဗဟို ဌာချုပ် ထံ မရောက်လာသေးကြောင်း၊ အင်တာနက်စာမျက်နှာတွင်သာ ပျံ့နှံနေသည်ကို တွေ့ရသည့်အတွက် ၎င်း အနေဖြင့် အတည်ပြုမပေးနိုင်သေးဘူးဟု သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန ကို ပြောသည်။

မေလ ၁၂ ရက်နေ့ ကလည်း နမ္မတီးဘက်မှ မြစ်ကြီးနားသို့ ဝင်လာသည့် ဆီဘောင်ဆာကား ၆ စီး၊ စစ်ကား ၅ စီး နှင့် တင့်ကား ၃ စီး ပါဝင်သည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း မြစ်ကြီးနားမြို့အဝင် အကျဲ(အကဲ) ကျေးရွာအနီးရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်နားအရောက်တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။

ထို့အပြင် မေလ ၁၇ ရက်နေ့၊ ညနေပိုင်းနှင့် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မူဆယ်-ကွတ်ခိုင်-သိန္နီ လမ်း မကြီးပေါ်တွင် စစ်ကောင်စီတပ်၏ ဆီဘောင်ဆာကား ၇ စီးကို KIA က ပစ်ခတ်ခဲ့သည်။

Photo – CJ

*** ZAWGYI ***
ဆြမ္ပရာဘြမ္လမ္းတြင္ ဆီေဘာင္ဆာကားႏွစ္စီးအား KIA မွ တိုက္ခိုက္

သတင္းႏွင့္မီဒီယာကြန္ရက္။
ေမလ ၂၀ ရက္၊ ၂၀၂၁ ခုႏွစ္။

ကခ်င္ျပည္နယ္၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္အတြင္း ဆီတင္ကားကို KIA က မီးရႈိ႕ဖ်က္ဆီးလိုက္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ျမစ္ႀကီးနား-ပူတာအိုလမ္းေပၚရွိ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္အတြင္းရွိ မိုင္ေထာင္းေက်း႐ြာႏွင့္ ခဂရမ္းေက်း႐ြာၾကား တြင္ ယမန္ေန႔ မြန္းလြဲပိုင္းအခ်ိန္ခန႔္က ပစ္ခတ္မီးရႈိ႕ခံလိုက္ရျခင္း ျဖစ္သည္ဟု ဆြမ္ပရာဘြမ္ ေဒသခံမ်ားက ေျပာ သည္။

“မေန႔က ၃ နာရီ၊ ၄ နာရီေလာက္လို႔လည္းေျပာတယ္။ ၁ နာရီေနာက္ပိုင္းေျပာရမယ္ ျဖစ္တာ။ ျမစ္ႀကီးနား တက္လာတဲ့ေကာင္း ပစ္ခံရတာဟုတ္တယ္။ တိုင္းေက်ာ္ရဲ႕ ဆီတင္ကား ဆီေဘာင္ဆာကားအႀကီးေပါ့ ၂ စီးေပါ့ ေနာ္။ ဆြမ္ပရာဘြမ္မေရာက္ခင္၊ ခဂရမ္း႐ြာ၊ မိုင္ေထာင္း႐ြာ၊ ဒီဆနမ္ေခ်ာင္းမေရာက္ခင္၊ အဲ့နားမွာ ပစ္ခံရ တယ္။ တစ္စီးက။ ေနာက္ထပ္တစ္စီးကေတာ့ ပထမတစ္စီး ပစ္ခံရတဲ့နဲ႔ ျမစ္ႀကီးနားကို လွည့္ျပန္သြားတယ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။

အပစ္ခံရသည့္ကားမွာ တိုင္းေက်ာ္ စက္သုံးဆီအေရာင္းဆိုင္ စာသားပါသည့္ ဆီေဘာင္ဆာကားျဖစ္သည္ဟု မ်က္ျမင္သက္ ေသမ်ားက ေျပာသည္။

တိုင္းေက်ာ္ စက္သုံးဆီအေရာင္းဆိုင္ စာသားပါသည့္ ဓါတ္ဆီကားႏွစ္စီးအနက္ တစ္စီးမွာ မီးေလာင္ပ်က္စီး သြားသည္ဟု ၎က ဆက္ေျပာသည္။

“ပစ္ခံရတဲ့ကားကေတာ့ မီးလုံးဝေလာင္သြားတယ္။ ဆီေဘာင္ဆာကို လွမ္းပစ္ေတာ့ လူေတြကေတာ့ ထြက္ေျပး သြားတယ္။ ကားသမားလည္း ဒဏ္ရာရတယ္လို႔ ေျပာတယ္။ ကားတစ္စီးမွာ လူႏွစ္ေယာက္ပါတယ္။ ကားကို ဒီတိုင္းပဲ ထားခဲ့တယ္၊ ကားကေတာ့ လုံးဝမီးေလာင္ပ်က္ဆီးသြားတယ္။ တိုင္းေက်ာ္ကေတာ့ ပုဂၢိလပိုင္ပါ။ ဒါေပ မယ့္ အခုတခ်ိဳ႕က ေျပာတာလည္း ဒီလိုပစ္ခံရတာက KIA ကလည္း သတင္းၾကားလို႔ သြားပစ္တယ္လို႔ ေျပာတာ ေနၾကတယ္။ ဒီမနက္ေတာ့ ကားေတြ၊ ဆိုင္ကယ္ေတြေတာ့ ပုံမွန္ျပန္ သြားေနၾကၿပီ။”

ျမစ္ႀကီးနားမွ ပူတာအိုသို႔ ဆီတင္လာသည့္ ကားမွာ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္အတြင္း ပစ္ခတ္ဖ်က္ဆီးခံခဲ့ရျခင္း ျဖစ္ သည္။

အဆိုပါကား ပစ္ခတ္ခံရသည့္ကိစၥႏွင့္ပတ္သက္၍ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ကို ဆက္သြယ္ေမးျမန္းရာ ယခုပစ္ခတ္မႈႏွင့္ပတ္သက္၍ ေအာက္ေျခက သတင္း ဗဟို ဌာခ်ဳပ္ ထံ မေရာက္လာေသးေၾကာင္း၊ အင္တာနက္စာမ်က္ႏွာတြင္သာ ပ်ံ႕ႏွံေနသည္ကို ေတြ႕ရသည့္အတြက္ ၎ အေနျဖင့္ အတည္ျပဳမေပးႏိုင္ေသးဘူးဟု သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာန ကို ေျပာသည္။

ေမလ ၁၂ ရက္ေန႔ ကလည္း နမၼတီးဘက္မွ ျမစ္ႀကီးနားသို႔ ဝင္လာသည့္ ဆီေဘာင္ဆာကား ၆ စီး၊ စစ္ကား ၅ စီး ႏွင့္ တင့္ကား ၃ စီး ပါဝင္သည့္ စစ္ေကာင္စီတပ္၏ ယာဥ္တန္း ျမစ္ႀကီးနားၿမိဳ႕အဝင္ အက်ဲ(အကဲ) ေက်း႐ြာအနီးရွိ ဓါတ္ဆီဆိုင္တစ္ဆိုင္နားအေရာက္တြင္ ဗုံးခြဲတိုက္ခိုက္ခံခဲ့ရသည္ဟု ျမစ္ႀကီးနားေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ ေမလ ၁၇ ရက္ေန႔၊ ညေနပိုင္းႏွင့္ ေမလ ၁၈ ရက္ေန႔ နံနက္ပိုင္းတြင္လည္း မူဆယ္-ကြတ္ခိုင္-သိႏၷီ လမ္း မႀကီးေပၚတြင္ စစ္ေကာင္စီတပ္၏ ဆီေဘာင္ဆာကား ၇ စီးကို KIA က ပစ္ခတ္ခဲ့သည္။

Photo – CJ