ပရဟိတ လူငယ်တစ်ဦး ဖားကန့်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ပရဟိတလူငယ်တစ်ဦးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စု က လာရောက် ပစ်သတ်သွားသည်ဟု သိရသည်။

ဖားကန့်မြို့၊ စပေါ့ကျေးရွာမှ သင်္ခါလူမှုကူရေးအသင်းဝင် ပရဟိတလူငယ်တစ်ဦးသည် ၎င်း၏ နေအိမ်တွင် ယနေ့ နံနက် (၈) နာရီ အချိန်ခန့်က ပစ်သတ်ခံလိုက်ခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ တစ်ဦး က ပြောသည်။

“ဟုတ်တယ်။ လူငယ်တစ်ယောက်ပါ။ ကျနော်တို့ သင်္ခါအဖွဲ့ထဲကပဲ ဟုတ်တယ်။ ဒီနေ့ မနက် ၈ နာရီ ၁၀ မိနစ် လောက်မှာ အိပ်နေတဲ့အချိန်မှာ လာပစ်သတ်သွားတာ။ အခု သူ့အလောင်းက သူတို့အိမ်မှာပဲ ထားထားတယ်။ လူနည်းနည်းရှင်းနေတဲ့အချိန်မှာဖြစ်သွားတာဆိုတော့ ဘယ်သူတွေမှန်းမသိလိုက်ဘူး။ သေနတ်သံကြား လို့ ဘေး ပတ်ဝန်းကျင်က လူတွေထွက်ကြည့်တော့ ပစ်တဲ့လူတွေက ကားနဲ့ထွက်သွားပြီလို့ ပြောတယ်။ ပစ်ပြီးတာနဲ့ ကား နဲ့ထွက်ပြေးသွားတာပါ” ဟု ပြောသည်။

အသက် ၂၅ နှစ်အရွယ် ကိုနေမျိုးထွန်းကို ၎င်း၏ နေအိမ်တွင် အိပ်နေစဉ် ကားတစ်စီးဖြင့် ဝင်လာသည့် လက်နက် ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အရှေ့ဘက်ခြမ်းတွင် သေနတ်ဒဏ်ရာ ၃ ချက် ထိမှန်ပြီး သွေးအိုင်ထဲတွင်သေဆုံးနေခြင်း ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း မည်သို့ ဆက်လုပ်မည်ကို မသိရသေးဘူးဟု ပြောသည်။

ယနေ့ အသတ်ခံခဲ့ရသည့် ကိုနေမျိုးထွန်းမှာ နိုင်ငံရေးသမားမဟုတ်ပဲ ပရဟိတလူငယ်၊ ရပ်ရွာထဲတွင် အားကိုးရ သည့် လူငယ်တစ်ဦး ဖြစ်သည်ဟု ပြောသည်။

“သူက နိုင်ငံရေးလည်းမလုပ်ဘူးနော်။ ပရဟိတစိတ်က ပြင်းထန်တယ်။ ကျနော်တို့ သင်္ခါရဲ့ အဖွဲ့သားဟုတ် တယ်။ လူငယ်လေးပါ၊ အသက်က ၂၅ နှစ်ပဲ ရှိသေးတာပါ။ သူ့နာမည်က နေမျိုးထွန်းပါ။ အဖေက တရုတ်၊ မြန်မာပြည် ဖွားတရုတ်၊ အမေက ပလောင်ပေါ့။ အမေတော့မရှိတော့ဘူး။ အဖေနဲ့နေတာဟုတ်တယ်။ ရဲတွေ ကတော့ လာကြည့်သွားပြီ။ နယ်ခံရဲတွေရော၊ တခြား ရဲတွေရောလာကြည့်သွားပြီ။ အမှုနဲ့ပတ်သက်ပြီး ဘာ ဆက်လုပ်မယ်မသိရသေးဘူး။ သူ့အဖေကတော့ အမှုမှန်မပေါ်မချင်း မြေမမြုပ်ဘူးလို့ပြောတာပဲ” သင်္ခါလူမှု ကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဖားကန့်မြို့အတွင်းရှိ ဒေသခံပြည်သူများသာမက လူမှုကူညီရေး အသင်းအဖွဲ့များမှာ စစ်အာဏာသိမ်းပြီး နောက် ပိုင်း လုံခြုံမှုမရှိတော့ပဲ၊ အမြဲစိုးရိမ်ထိတ်လန့်မှုဖြင့် အသက်ရှင်နေရသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။

“ဖားကန့်မှာကတော့ အားလုံးက ကျီးလန့်စာ စားနေရသလို အချိန်မျိုးဖြစ်နေတာ။ ဘယ်ကောင်က ဘာမှန်း မသိဘူးဆိုတော့။ ချိုပါတဲ့အကောင်မဟုတ်တော့ အကုန်လုံးက ဘာမှ မသိလိုက်ကြဘူး။ ဘယ်လိုဘယ်လို ဖြစ် လာမယ်ဆိုတာကို မသိတော့ အမြဲတမ်း ခပ်လန့်လန့်နဲ့ နေနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်” ဟု ဖားကန့် မြို့၊ ဆိုင်းတောင် က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် “ကျနော်တို့လည်း ပရဟိတအသင်းတွေလည်း စိတ်ချမှုမရှိတော့ဘူးဗျ။ တခါတလေကျရင် ညသန်း ခေါင်လူနာပေါ်လာရင် လူနာပို့ရတာ အခက်အခဲရှိလာတယ်။ လမ်းမှာ လက်နက်ကိုင်အဖွဲ့အစည်းက ဘယ်အဖွဲ့ မှန်းမသိဘူး ပရမ်းပဒါ ရန်ရှာတာမျိုးတွေရှိနေတော့ လူနာတွေကို ဆေးရုံဆေးခန်းတောင် မပို့နိုင်ဘူးဖြစ်နေ တယ်။ အခုဆို ဖားကန့်မှာ လူနာရှိလာရင် ရပ်ကွက်ထဲက ဆရာ/ဆရာမတွေနဲ့ပဲ ဆေးကုနေရတယ်” ဟု သင်္ခါ လူမှု ကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဖားကန့်မြို့က ပြည်သူများသည် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများ၊ ပိတ်ပင်တားဆီးမှုများကြားက နေ့စဉ် ရသည့်နည်းလမ်းဖြင့် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ထိုဆန္ဒပြထုတ်ဖော်မှုများကို အကြောင်းပြပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ပြည်သူများကို ခြိမ်း ခြောက်ပစ်ခတ် ဖမ်းဆီးခြင်းများ၊ ပစ်သတ်နေခြင်းများ၊ နေအိမ်များထဲအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများ၊ အများပြည်သူသွားလာနေသည့် လမ်းမများပေါ်တွင် လုံခြုံရေးအကြောင်းပြက လမ်းသွားလာလမ်းများကို တား ဆီးက စစ်ဆေးခြင်းများ နေ့စဉ်ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ပရဟိတ လူငယ္တစ္ဦး ဖားကန႔္တြင္ ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၅ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕က ပရဟိတလူငယ္တစ္ဦးကို အမည္မသိ လက္နက္ကိုင္ေဆာင္ထားသည့္ လူတစ္စု က လာေရာက္ ပစ္သတ္သြားသည္ဟု သိရသည္။

ဖားကန႔္ၿမိဳ႕၊ စေပါ့ေက်း႐ြာမွ သခၤါလူမႈကူေရးအသင္းဝင္ ပရဟိတလူငယ္တစ္ဦးသည္ ၎၏ ေနအိမ္တြင္ ယေန႔ နံနက္ (၈) နာရီ အခ်ိန္ခန႔္က ပစ္သတ္ခံလိုက္ျခင္း ျဖစ္သည္ဟု ၎၏ လုပ္ေဖာ္ကိုင္ဖက္ မိတ္ေဆြ တစ္ဦး က ေျပာသည္။

“ဟုတ္တယ္။ လူငယ္တစ္ေယာက္ပါ။ က်ေနာ္တို႔ သခၤါအဖြဲ႕ထဲကပဲ ဟုတ္တယ္။ ဒီေန႔ မနက္ ၈ နာရီ ၁၀ မိနစ္ ေလာက္မွာ အိပ္ေနတဲ့အခ်ိန္မွာ လာပစ္သတ္သြားတာ။ အခု သူ႔အေလာင္းက သူတို႔အိမ္မွာပဲ ထားထားတယ္။ လူနည္းနည္းရွင္းေနတဲ့အခ်ိန္မွာျဖစ္သြားတာဆိုေတာ့ ဘယ္သူေတြမွန္းမသိလိုက္ဘူး။ ေသနတ္သံၾကား လို႔ ေဘး ပတ္ဝန္းက်င္က လူေတြထြက္ၾကည့္ေတာ့ ပစ္တဲ့လူေတြက ကားနဲ႔ထြက္သြားၿပီလို႔ ေျပာတယ္။ ပစ္ၿပီးတာနဲ႔ ကား နဲ႔ထြက္ေျပးသြားတာပါ” ဟု ေျပာသည္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ကိုေနမ်ိဳးထြန္းကို ၎၏ ေနအိမ္တြင္ အိပ္ေနစဥ္ ကားတစ္စီးျဖင့္ ဝင္လာသည့္ လက္နက္ ကိုင္လူတစ္စုက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ခႏၶာကိုယ္အေရွ႕ဘက္ျခမ္းတြင္ ေသနတ္ဒဏ္ရာ ၃ ခ်က္ ထိမွန္ၿပီး ေသြးအိုင္ထဲတြင္ေသဆုံးေနျခင္း ျဖစ္သည္ဟု ၎၏ မိသားစုဝင္မ်ားက ေျပာသည္။

ေသဆုံးမႈႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီးျဖစ္ေသာ္လည္း မည္သို႔ ဆက္လုပ္မည္ကို မသိရေသးဘူးဟု ေျပာသည္။

ယေန႔ အသတ္ခံခဲ့ရသည့္ ကိုေနမ်ိဳးထြန္းမွာ ႏိုင္ငံေရးသမားမဟုတ္ပဲ ပရဟိတလူငယ္၊ ရပ္႐ြာထဲတြင္ အားကိုးရ သည့္ လူငယ္တစ္ဦး ျဖစ္သည္ဟု ေျပာသည္။

“သူက ႏိုင္ငံေရးလည္းမလုပ္ဘူးေနာ္။ ပရဟိတစိတ္က ျပင္းထန္တယ္။ က်ေနာ္တို႔ သခၤါရဲ႕ အဖြဲ႕သားဟုတ္ တယ္။ လူငယ္ေလးပါ၊ အသက္က ၂၅ ႏွစ္ပဲ ရွိေသးတာပါ။ သူ႔နာမည္က ေနမ်ိဳးထြန္းပါ။ အေဖက တ႐ုတ္၊ ျမန္မာျပည္ ဖြားတ႐ုတ္၊ အေမက ပေလာင္ေပါ့။ အေမေတာ့မရွိေတာ့ဘူး။ အေဖနဲ႔ေနတာဟုတ္တယ္။ ရဲေတြ ကေတာ့ လာၾကည့္သြားၿပီ။ နယ္ခံရဲေတြေရာ၊ တျခား ရဲေတြေရာလာၾကည့္သြားၿပီ။ အမႈနဲ႔ပတ္သက္ၿပီး ဘာ ဆက္လုပ္မယ္မသိရေသးဘူး။ သူ႔အေဖကေတာ့ အမႈမွန္မေပၚမခ်င္း ေျမမျမဳပ္ဘူးလို႔ေျပာတာပဲ” သခၤါလူမႈ ကူညီေရးအသင္း က တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ဖားကန႔္ၿမိဳ႕အတြင္းရွိ ေဒသခံျပည္သူမ်ားသာမက လူမႈကူညီေရး အသင္းအဖြဲ႕မ်ားမွာ စစ္အာဏာသိမ္းၿပီး ေနာက္ ပိုင္း လုံၿခဳံမႈမရွိေတာ့ပဲ၊ အၿမဲစိုးရိမ္ထိတ္လန႔္မႈျဖင့္ အသက္ရွင္ေနရသည္ဟု ဖားကန႔္ ေဒသခံမ်ားက ေျပာသည္။

“ဖားကန႔္မွာကေတာ့ အားလုံးက က်ီးလန႔္စာ စားေနရသလို အခ်ိန္မ်ိဳးျဖစ္ေနတာ။ ဘယ္ေကာင္က ဘာမွန္း မသိဘူးဆိုေတာ့။ ခ်ိဳပါတဲ့အေကာင္မဟုတ္ေတာ့ အကုန္လုံးက ဘာမွ မသိလိုက္ၾကဘူး။ ဘယ္လိုဘယ္လို ျဖစ္ လာမယ္ဆိုတာကို မသိေတာ့ အၿမဲတမ္း ခပ္လန႔္လန႔္နဲ႔ ေနေနရတဲ့ အေျခအေနမ်ိဳး ျဖစ္ေနတယ္” ဟု ဖားကန႔္ ၿမိဳ႕၊ ဆိုင္းေတာင္ က ေဒသခံတစ္ဦးက ေျပာသည္။

ထို႔အျပင္ “က်ေနာ္တို႔လည္း ပရဟိတအသင္းေတြလည္း စိတ္ခ်မႈမရွိေတာ့ဘူးဗ်။ တခါတေလက်ရင္ ညသန္း ေခါင္လူနာေပၚလာရင္ လူနာပို႔ရတာ အခက္အခဲရွိလာတယ္။ လမ္းမွာ လက္နက္ကိုင္အဖြဲ႕အစည္းက ဘယ္အဖြဲ႕ မွန္းမသိဘူး ပရမ္းပဒါ ရန္ရွာတာမ်ိဳးေတြရွိေနေတာ့ လူနာေတြကို ေဆး႐ုံေဆးခန္းေတာင္ မပို႔ႏိုင္ဘူးျဖစ္ေန တယ္။ အခုဆို ဖားကန႔္မွာ လူနာရွိလာရင္ ရပ္ကြက္ထဲက ဆရာ/ဆရာမေတြနဲ႔ပဲ ေဆးကုေနရတယ္” ဟု သခၤါ လူမႈ ကူညီေရးအသင္း က တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ဖားကန႔္ၿမိဳ႕က ျပည္သူမ်ားသည္ စစ္အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္မႈမ်ားကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းမႈမ်ား၊ ဖမ္းဆီးမႈမ်ား၊ ပိတ္ပင္တားဆီးမႈမ်ားၾကားက ေန႔စဥ္ ရသည့္နည္းလမ္းျဖင့္ ဆႏၵထုတ္ေဖာ္လွ်က္ရွိသည္။

ထိုဆႏၵျပထုတ္ေဖာ္မႈမ်ားကို အေၾကာင္းျပၿပီး အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕မ်ားက ျပည္သူမ်ားကို ၿခိမ္း ေျခာက္ပစ္ခတ္ ဖမ္းဆီးျခင္းမ်ား၊ ပစ္သတ္ေနျခင္းမ်ား၊ ေနအိမ္မ်ားထဲအထိ ဝင္ေရာက္ရွာေဖြဖမ္းဆီးျခင္းမ်ား၊ အမ်ားျပည္သူသြားလာေနသည့္ လမ္းမမ်ားေပၚတြင္ လုံၿခဳံေရးအေၾကာင္းျပက လမ္းသြားလာလမ္းမ်ားကို တား ဆီးက စစ္ေဆးျခင္းမ်ား ေန႔စဥ္ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။