အာဏာသိမ်း စစ်တပ် သတ်ဖြတ်မှုကြောင့် အနည်းဆုံး ကလေး ၇၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ကလေးသူငယ် ၇၃ ဦးရှိသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က မေလ ၂၆ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ထိုကလေးသူငယ်များမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့အတွင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ ရသည့် ကလေးသူငယ်များဖြစ်သည်ဟု NUG က ဆိုသည်။

NUG က “ဖေဖော်ဝါရီ (၁၅) ရက်ကနေ မေလ (၁၅) ရက်နေ့အတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ ရတဲ့ ကလေးသူငယ်များစာရင်းပါ။ ဒီရက်ပိုင်းအတွင်းတစ်နိုင်ငံလုံးမှာ အသက် (၁၈) နှစ်အောက်ကလေး စုစု ပေါင်း (၇၃) ဦး‌သတ်ဖြတ်ခံခဲ့ရပါတယ်။ ယောကျ်ားလေး (၆၃) ဦး မိန်းကလေး (၉) ဦးဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် နောက်ထပ်တစ်ဦးမှာ ကျားမ ခွဲခြားရန် မသေချာသူ တစ်ဦး ပါဝင်သည်ဟု ဆိုသည်။ ထို့ကြောင့် မေလ ၁၅ ရက်နေ့အထိ ကလေးသူငယ် သေဆုံးသူ ၇၃ ဦး ရှိပြီဖြစ်ပြီး ယခုထုတ်ပြန်ချက်သည် မေလ ၁၅ ရက်နေ့ နောက်ပိုင်း ဖြစ်စဉ်များတွင် သေဆုံးမှု စာရင်းများမပါဝင်ပေ။

သေဆုံးသွားသည့် ကလေးသူငယ်များသည် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေစဉ် ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ နေ အိမ်များထဲသို့ စစ်ကောင်စီတပ်များက ဝင်ရောက်သတ်ဖြတ်ခံရခြင်းနှင့် အချို့မှာ အိမ်အပြင်တွင် ဆော့ကစားနေ စဉ် သေနတ် ထိ မှန် သေဆုံးခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယခုထုတ်ပြန်ထားသည့် သေဆုံးသူ ကလေးသူငယ် စာရင်းများသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ် များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် စာရင်းများ မပါဝင်သေးကြောင်း NUG က ပြောသည်။

“အခုစာရင်းထဲမှာ အခုနောက်ပိုင်း တစ်မြို့လုံးကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်ခံရတဲ့ မင်းတပ်၊ ကနီ၊ ဒီမောဆို စတဲ့ဒေသတွေက သေဆုံးစာရင်းတွေမပါသေးပါဘူး။ ဒီစာရင်းတွေကို နောက်ထပ်ထပ်တိုး စုဆောင်းတင်ပြပါ မယ်။ မိုးမောက်‌မြို့နယ်အတွင်း အသက် (၁၂) နှစ်အရွယ်ကလေးတယောက် လက်နက်ကြီး ထိမှန်ပြီး သေဆုံး တာမျိုးစတဲ့ သတင်းတွေ ထပ်ရထားပါတယ်” ဟု NUG ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ပြည်သူများအနေဖြင့်လည်း လူ့အခွင့်ရေးချိုးဖောက်ခံရမှု သတင်းများကို စုဆောင်းပေးပို့ကြဖို့ NUG အစိုးရက တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းခြင်းကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မေလ ၂၅ ရက်နေ့အထိ သေဆုံးသူ ၈၂၇ ဦး ရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားသည်။

*** ZAWGYI ***
အာဏာသိမ္း စစ္တပ္ သတ္ျဖတ္မႈေၾကာင့္ အနည္းဆုံး ကေလး ၇၃ ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၆ ရက္။

စစ္ေကာင္စီတပ္၏ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး ေသဆုံးသူ ကေလးသူငယ္ ၇၃ ဦးရွိသည္ဟု အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ေမလ ၂၆ ရက္ေန႔ (ယေန႔) တြင္ ထုတ္ျပန္ေျပာဆိုလိုက္သည္။

ထိုကေလးသူငယ္မ်ားမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွ ေမလ ၁၅ ရက္ေန႔အတြင္း ပစ္ခတ္သတ္ျဖတ္ခံခဲ့ ရသည့္ ကေလးသူငယ္မ်ားျဖစ္သည္ဟု NUG က ဆိုသည္။

NUG က “ေဖေဖာ္ဝါရီ (၁၅) ရက္ကေန ေမလ (၁၅) ရက္ေန႔အတြင္း စစ္အုပ္စုရဲ႕ သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့ ရတဲ့ ကေလးသူငယ္မ်ားစာရင္းပါ။ ဒီရက္ပိုင္းအတြင္းတစ္ႏိုင္ငံလုံးမွာ အသက္ (၁၈) ႏွစ္ေအာက္ကေလး စုစု ေပါင္း (၇၃) ဦး‌သတ္ျဖတ္ခံခဲ့ရပါတယ္။ ေယာက်္ားေလး (၆၃) ဦး မိန္းကေလး (၉) ဦးျဖစ္ပါတယ္” ဟု ေျပာသည္။

ထို႔အျပင္ ေနာက္ထပ္တစ္ဦးမွာ က်ားမ ခြဲျခားရန္ မေသခ်ာသူ တစ္ဦး ပါဝင္သည္ဟု ဆိုသည္။ ထို႔ေၾကာင့္ ေမလ ၁၅ ရက္ေန႔အထိ ကေလးသူငယ္ ေသဆုံးသူ ၇၃ ဦး ရွိၿပီျဖစ္ၿပီး ယခုထုတ္ျပန္ခ်က္သည္ ေမလ ၁၅ ရက္ေန႔ ေနာက္ပိုင္း ျဖစ္စဥ္မ်ားတြင္ ေသဆုံးမႈ စာရင္းမ်ားမပါဝင္ေပ။

ေသဆုံးသြားသည့္ ကေလးသူငယ္မ်ားသည္ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ေနစဥ္ ပစ္ခတ္သတ္ျဖတ္ခံရျခင္း၊ ေန အိမ္မ်ားထဲသို႔ စစ္ေကာင္စီတပ္မ်ားက ဝင္ေရာက္သတ္ျဖတ္ခံရျခင္းႏွင့္ အခ်ိဳ႕မွာ အိမ္အျပင္တြင္ ေဆာ့ကစားေန စဥ္ ေသနတ္ ထိ မွန္ ေသဆုံးခဲ့သည္ဟု NUG ၏ ထုတ္ျပန္ခ်က္က ဆိုသည္။

ယခုထုတ္ျပန္ထားသည့္ ေသဆုံးသူ ကေလးသူငယ္ စာရင္းမ်ားသည္ ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီ တပ္ မ်ား၏ အၾကမ္းဖက္မႈေၾကာင့္ ေသဆုံးခဲ့ရသည့္ စာရင္းမ်ား မပါဝင္ေသးေၾကာင္း NUG က ေျပာသည္။

“အခုစာရင္းထဲမွာ အခုေနာက္ပိုင္း တစ္ၿမိဳ႕လုံးကို ပစ္မွတ္ထား ေခ်မႈန္းတိုက္ခိုက္ခံရတဲ့ မင္းတပ္၊ ကနီ၊ ဒီေမာဆို စတဲ့ေဒသေတြက ေသဆုံးစာရင္းေတြမပါေသးပါဘူး။ ဒီစာရင္းေတြကို ေနာက္ထပ္ထပ္တိုး စုေဆာင္းတင္ျပပါ မယ္။ မိုးေမာက္‌ၿမိဳ႕နယ္အတြင္း အသက္ (၁၂) ႏွစ္အ႐ြယ္ကေလးတေယာက္ လက္နက္ႀကီး ထိမွန္ၿပီး ေသဆုံး တာမ်ိဳးစတဲ့ သတင္းေတြ ထပ္ရထားပါတယ္” ဟု NUG ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ျပည္သူမ်ားအေနျဖင့္လည္း လူ႔အခြင့္ေရးခ်ိဳးေဖာက္ခံရမႈ သတင္းမ်ားကို စုေဆာင္းေပးပို႔ၾကဖို႔ NUG အစိုးရက တိုက္တြန္းထားသည္။

စစ္အာဏာသိမ္းျခင္းကို အလိုမရွိေၾကာင္း ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည့္ ျပည္သူမ်ားကို စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္တိုက္ခိုက္ျခင္းေၾကာင့္ ေမလ ၂၅ ရက္ေန႔အထိ ေသဆုံးသူ ၈၂၇ ဦး ရွိခဲ့သည္ဟု ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကလည္း ထုတ္ျပန္ထားသည္။