စစ်ရှောင်များအတွက် အလှူခံသူ လူငယ်များ ဖမ်းခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ရှောင်ပြည်သူများအတွက် အလှူခံနေသည့် လူငယ် ၅ ဦး ကို စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၆ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က လူငယ် အယောက် ၂၀ ခန့်မှာ မူဆယ်မြို့၊ စျေးကြီး ထဲတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူခံနေစဉ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု အလှူခံနေစဉ် ကိုယ် တိုင်ပါဝင်သူ တစ်ဦး က ပြောသည်။

“အလှူခံပြီးလို့ ဈေးထဲက လမ်းမပေါ်ထွက်တဲ့ အချိန်မှာ ဖိုးဝီးကားတစ်စီးနဲ့ အဲဒီအပေါ်မှာ စစ်ဝတ်စုံတွေရယ် ဒီ မူဆယ် ပြည်သူ့စစ်က ဝတ်စုံတွေရယ် အဲနှစ်ဖွဲ့ပါလာပြီးတော့ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်တွေ့ပါတယ်။ တွေ့ တဲ့အချိန် ကျနော်တို့ရှိတဲ့ လမ်းကြားတွေထဲကို ဝင်ပြေးတဲ့အချိန်မှာ ကျနော်က အရှေ့ကလူဆိုတော့ ပြေးတော့ လွတ်သွားတယ်ခင်ဗျ။ နောက်က ကျန်ခဲ့တဲ့ထဲက မိန်းကလေးတွေပေါ့နော မိန်းကလေး ၄ ယောက် ကျနော်တို့ အဲဒီ အလှူခံပုံးကိုင်ထားတဲ့ မိန်းကလေး ၂ ယောက်ပေါ့နော်။ တစ်ခြား မိန်းကလေး ၂ ယောက်ရယ်၊ နောက်ပြီး တော့ အသက်မပြည့်သေးတဲ့ ယောက်ကျားလေး တစ်ယောက် အသက်က ၁၇ ပဲ ရှိသေးတယ်။ အဲဒီ ၅ ယောက် ကို ဖမ်းသွားတယ်ခင်ဗျ။ သူတို့ မိသွားတယ်ပေါ့။ ကျန်တဲ့လူတွေကတော့ ပြေးလို့ လွတ်သွားတယ် ခင်ဗျ။”

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၇ နှစ်ရွယ် လူငယ်အမျိုးသားတစ်ဦးပါဝင်ပြီး ကျန်လေးဦးမှာ အမျိုးသမီး များ ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ မူဆယ်မြို့က အသက် ၁၇ နှစ် အရွယ် မောင်စွမ်ဝမ်း၊ အသက် ၂၀ အရွယ် မထက်ယမင်း နွယ်၊ အသက် ၂၄ နှစ်အရွယ် မစိုးစုလှိုင်၊ အသက် ၂၈ နှစ် အရွယ် မငြိမ်းသီတာ နှင့် အသက် ၃၂ နှစ်အရွယ် မပြည့်ပြည့်တို့ ဖြစ်ကြသည်။

“ကျနော်တို့ ကြွေးကြော်သံအော်ပြီးတော့ သပိတ်ထွက်ပြီး ဆန္ဒပြတာ မဟုတ်ဘူးခင်ဗျ။ ကျနော်တို့ Song Box နဲ့ သီချင်းပဲဖွင့် သီချင်းပဲ ဆိုပြီးပဲ အလှူခံတာပါ။ ကျနော်တို့ တိုင်ပင်လိုက်တယ်။ အဲဒါဆို ငါတို့ အလှူခံပြီး ပြန်လှူ မယ်ပေါ့။ တိုင်းရင်းသားတွေအတွက် လှူနိုင်တယ်ဆိုရင် ပိုအကျိုးရှိမယ်ဆိုပြီးတော့ ကျနော်တို့ အလှူခံလိုက် တာ ပါ။ အဲ့လို အခုက ဘယ်လိုခံစားရသလဲဆိုတော့ အရမ်းတော့ ခံပြင်းတာပေါ့နော။ အဲလို ဖမ်းသွားတာ။ စစ်သား အင်အားက ဆယ်ယောက် ဆယ့်ငါးယောက်ပဲ ရှိမယ်ခင်ဗျ” ထွက်ပြေးလွတ်မြောက်သွားသည့် လူငယ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အလှူခံပုံးနှစ်ခုကိုလည်း သိမ်းယူသွားသည်ဟု သိရ သည်။

ဖမ်းဆီးခံရလိုက်ရသူများ၏ မိဘများ၊ မိသားစုဝင်များက မူဆယ်ရဲစခန်းကို သွားရောက်အကြောင်းကြားပြီး မေး မြန်းခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းမရှိကြောင်း၊ မည်သည့်နေရာတွင် ထိန်းသိမ်း ဖမ်းဆီး ထားသည်ကို ယနေ့ ညနေပိုင်းအချိန်ထိ မသိရသေးဘူးဟု မိသားစုဝင်များက ပြောသည်။

“သူတို့နဲ့တော့ လုံး၀ အဆက်အသွယ် ပြတ်သွားတာပေါ့နော။ အဲလိုဖြစ်ပြီးတဲ့ အချိန်မှာ လုံးဝအဆက်အသွယ် ပြတ်သွားတော့ မိသားစုတွေက ရဲစခန်းကို လိုက်သွားတယ်။ ရဲစခန်းကို လိုက်သွားပြီးတော့ အကျိုးအကြောင်း ပြောပြီးတော့ သပိတ်ဆန္ဒပြတာ မဟုတ်ဘူး။ ဒါ အလှူခံတာလို့ ပြောပြီးတော့ သွားမေးစုံစမ်းတဲ့အချိန်မှာ ရဲ စခန်းကတော့ သူတို့ မဖမ်းဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ မဖမ်းဘူး ရဲစခန်းမှာ မရှိဘူးပဲ ပြောလွတ်လိုက် တယ်။ အဝေးကမြင်တာတော့ ရဲတော့ မပါဘူး။ စစ်ကောင်စီက စစ်သားတွေရယ်၊ နောက်တစ်ခါ မူဆယ် မြို့မ ပြည်သူ့စစ်က စစ်သားတွေရယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူ မူဆယ်မြို့ ဒေသခံတစ်ဦး က ပြောသည်။

ဖမ်းဆီးခံထားရသူများများ၏ မိသားစုဝင်များက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို အကြောင်းကြားထားသည်ဟု သိရသည်။

မူဆယ်မြို့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများတွင် မူ ဆယ်မြို့ က Gen Z လူငယ်များ၊ ဒေသခံပြည်သူ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားလူငယ်များနှင့် CDM ဝန်ထမ်း များက အခြားသော မြို့ရွာများနည်းတူ ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိပြီဟု မူဆယ် ဒေသခံများက ပြောသည်။

Photo – CJ

*** ZAWGYI ***
စစ္ေရွာင္မ်ားအတြက္ အလႉခံသူ လူငယ္မ်ား ဖမ္းခံရ

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၆ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕တြင္ စစ္ေရွာင္ျပည္သူမ်ားအတြက္ အလႉခံေနသည့္ လူငယ္ ၅ ဦး ကို စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမလ ၂၆ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၁၀ နာရီအခ်ိန္ခန႔္က လူငယ္ အေယာက္ ၂၀ ခန႔္မွာ မူဆယ္ၿမိဳ႕၊ ေစ်းႀကီး ထဲတြင္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အလႉခံေနစဥ္ အဖမ္းခံလိုက္ရျခင္း ျဖစ္သည္ဟု အလႉခံေနစဥ္ ကိုယ္ တိုင္ပါဝင္သူ တစ္ဦး က ေျပာသည္။

“အလႉခံၿပီးလို႔ ေဈးထဲက လမ္းမေပၚထြက္တဲ့ အခ်ိန္မွာ ဖိုးဝီးကားတစ္စီးနဲ႔ အဲဒီအေပၚမွာ စစ္ဝတ္စုံေတြရယ္ ဒီ မူဆယ္ ျပည္သူ႔စစ္က ဝတ္စုံေတြရယ္ အဲႏွစ္ဖြဲ႕ပါလာၿပီးေတာ့ က်ေနာ္တို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ပါတယ္။ ေတြ႕ တဲ့အခ်ိန္ က်ေနာ္တို႔ရွိတဲ့ လမ္းၾကားေတြထဲကို ဝင္ေျပးတဲ့အခ်ိန္မွာ က်ေနာ္က အေရွ႕ကလူဆိုေတာ့ ေျပးေတာ့ လြတ္သြားတယ္ခင္ဗ်။ ေနာက္က က်န္ခဲ့တဲ့ထဲက မိန္းကေလးေတြေပါ့ေနာ မိန္းကေလး ၄ ေယာက္ က်ေနာ္တို႔ အဲဒီ အလႉခံပုံးကိုင္ထားတဲ့ မိန္းကေလး ၂ ေယာက္ေပါ့ေနာ္။ တစ္ျခား မိန္းကေလး ၂ ေယာက္ရယ္၊ ေနာက္ၿပီး ေတာ့ အသက္မျပည့္ေသးတဲ့ ေယာက္က်ားေလး တစ္ေယာက္ အသက္က ၁၇ ပဲ ရွိေသးတယ္။ အဲဒီ ၅ ေယာက္ ကို ဖမ္းသြားတယ္ခင္ဗ်။ သူတို႔ မိသြားတယ္ေပါ့။ က်န္တဲ့လူေတြကေတာ့ ေျပးလို႔ လြတ္သြားတယ္ ခင္ဗ်။”

ဖမ္းဆီးခံရသူမ်ားထဲတြင္ အသက္ ၁၇ ႏွစ္႐ြယ္ လူငယ္အမ်ိဳးသားတစ္ဦးပါဝင္ၿပီး က်န္ေလးဦးမွာ အမ်ိဳးသမီး မ်ား ျဖစ္သည္ဟု သိရသည္။

ဖမ္းဆီးခံရသူမ်ားမွာ မူဆယ္ၿမိဳ႕က အသက္ ၁၇ ႏွစ္ အ႐ြယ္ ေမာင္စြမ္ဝမ္း၊ အသက္ ၂၀ အ႐ြယ္ မထက္ယမင္း ႏြယ္၊ အသက္ ၂၄ ႏွစ္အ႐ြယ္ မစိုးစုလႈိင္၊ အသက္ ၂၈ ႏွစ္ အ႐ြယ္ မၿငိမ္းသီတာ ႏွင့္ အသက္ ၃၂ ႏွစ္အ႐ြယ္ မျပည့္ျပည့္တို႔ ျဖစ္ၾကသည္။

“က်ေနာ္တို႔ ေႂကြးေၾကာ္သံေအာ္ၿပီးေတာ့ သပိတ္ထြက္ၿပီး ဆႏၵျပတာ မဟုတ္ဘူးခင္ဗ်။ က်ေနာ္တို႔ Song Box နဲ႔ သီခ်င္းပဲဖြင့္ သီခ်င္းပဲ ဆိုၿပီးပဲ အလႉခံတာပါ။ က်ေနာ္တို႔ တိုင္ပင္လိုက္တယ္။ အဲဒါဆို ငါတို႔ အလႉခံၿပီး ျပန္လႉ မယ္ေပါ့။ တိုင္းရင္းသားေတြအတြက္ လႉႏိုင္တယ္ဆိုရင္ ပိုအက်ိဳးရွိမယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ အလႉခံလိုက္ တာ ပါ။ အဲ့လို အခုက ဘယ္လိုခံစားရသလဲဆိုေတာ့ အရမ္းေတာ့ ခံျပင္းတာေပါ့ေနာ။ အဲလို ဖမ္းသြားတာ။ စစ္သား အင္အားက ဆယ္ေယာက္ ဆယ့္ငါးေယာက္ပဲ ရွိမယ္ခင္ဗ်” ထြက္ေျပးလြတ္ေျမာက္သြားသည့္ လူငယ္က ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားက အလႉခံပုံးႏွစ္ခုကိုလည္း သိမ္းယူသြားသည္ဟု သိရ သည္။

ဖမ္းဆီးခံရလိုက္ရသူမ်ား၏ မိဘမ်ား၊ မိသားစုဝင္မ်ားက မူဆယ္ရဲစခန္းကို သြားေရာက္အေၾကာင္းၾကားၿပီး ေမး ျမန္းခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးထားျခင္းမရွိေၾကာင္း၊ မည္သည့္ေနရာတြင္ ထိန္းသိမ္း ဖမ္းဆီး ထားသည္ကို ယေန႔ ညေနပိုင္းအခ်ိန္ထိ မသိရေသးဘူးဟု မိသားစုဝင္မ်ားက ေျပာသည္။

“သူတို႔နဲ႔ေတာ့ လုံး၀ အဆက္အသြယ္ ျပတ္သြားတာေပါ့ေနာ။ အဲလိုျဖစ္ၿပီးတဲ့ အခ်ိန္မွာ လုံးဝအဆက္အသြယ္ ျပတ္သြားေတာ့ မိသားစုေတြက ရဲစခန္းကို လိုက္သြားတယ္။ ရဲစခန္းကို လိုက္သြားၿပီးေတာ့ အက်ိဳးအေၾကာင္း ေျပာၿပီးေတာ့ သပိတ္ဆႏၵျပတာ မဟုတ္ဘူး။ ဒါ အလႉခံတာလို႔ ေျပာၿပီးေတာ့ သြားေမးစုံစမ္းတဲ့အခ်ိန္မွာ ရဲ စခန္းကေတာ့ သူတို႔ မဖမ္းဘူးလို႔ပဲ ေျပာလိုက္တယ္။ သူတို႔ မဖမ္းဘူး ရဲစခန္းမွာ မရွိဘူးပဲ ေျပာလြတ္လိုက္ တယ္။ အေဝးကျမင္တာေတာ့ ရဲေတာ့ မပါဘူး။ စစ္ေကာင္စီက စစ္သားေတြရယ္၊ ေနာက္တစ္ခါ မူဆယ္ ၿမိဳ႕မ ျပည္သူ႔စစ္က စစ္သားေတြရယ္” ဟု မိသားစုဝင္မ်ားႏွင့္ နီးစပ္သူ မူဆယ္ၿမိဳ႕ ေဒသခံတစ္ဦး က ေျပာသည္။

ဖမ္းဆီးခံထားရသူမ်ားမ်ား၏ မိသားစုဝင္မ်ားက အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ကို အေၾကာင္းၾကားထားသည္ဟု သိရသည္။

မူဆယ္ၿမိဳ႕တြင္ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ မူ ဆယ္ၿမိဳ႕ က Gen Z လူငယ္မ်ား၊ ေဒသခံျပည္သူ ရပ္မိရပ္ဖမ်ား၊ တိုင္းရင္းသားလူငယ္မ်ားႏွင့္ CDM ဝန္ထမ္း မ်ားက အျခားေသာ ၿမိဳ႕႐ြာမ်ားနည္းတူ ဆႏၵထုတ္ေဖာ္ခဲ့ၾကရာ ဖမ္းဆီးခံရသူ ၃၀ ထက္မနည္း ရွိၿပီဟု မူဆယ္ ေဒသခံမ်ားက ေျပာသည္။

Photo – CJ