ပြည်သူ့စစ်ခေါင်းဆောင်အား သွားရောက်ပစ်ခတ်သည့် KIA လေးဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် ပစ်ခတ်မှုအတွင်း လာရောက်ပစ်ခတ်သူ လေးဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျေးရွာအတွင်း လုံခြုံရေး တင်း ကြပ် ထားသည် ဟု ဒေသခံများက ပြောသည်။

မေလ ၂၅ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် လာရောက်ပစ်ခတ်သည့် သူများထဲမှ ၄ ဦး သေဆုံးပြီး၊ ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရှဒူးဇွပ်ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

“ဒီ KIA တပ်မဟာ ၂ ကလို့ ပြောတယ်။ ၇ ယောက် လာတယ်၊ ပြည်သူ့စစ်ခေါင်းဆောင်ကို သူ့အိမ်ထဲမှာ ရှိတယ်ဆိုပြီး လာပစ်တာတဲ့။ လာပစ်တော့ သူတို့ရောက်ခါနီးတာနဲ့ ကင်းစောင့်နေတဲ့ ၂၉၇ တပ်ရင်းက သူတို့လာတဲ့အဖွဲ့တွေကို တစ်ခါတည်း ပြန်ပစ်ကြတာ။ အဲ့မှာ KIA စစ်သား လေးယောက်က တခါတည်းသေသွားရော။ ပြည်သူ့စစ်ခေါင်း ဆောင် ထိမထိတော့ ဘာမှမကြားရဘူး။ ထိရင်တော့ သတင်းထွက်မှာ အခုဘာသံမှမကြားရဘူး။ ဒါပေမယ့် အဲ့ မှာ ရွှေလုပ်တဲ့ လောပန်းတစ်ယောက်တော့ ရှပ်ထိသွားတယ်။ ဒီမှာက ရွှေကျင်တဲ့ ရွှေမှော်တွေရှိတယ်။ အဲ့ဒါသူ က အဲ့အိမ်ကိုရောက်နေတယ်လို့ ပြောတယ်။”

သေဆုံးသူ ၄ ဦးမှာ KIA က ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း KIO/KIA ထံမှာ သီးခြား အတည် ပြုချက် မရရှိသေးပေ။ အခြေအနေသိရှိနိုင်ရေး ဖုန်းဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြား ရေးဌာနကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ကားမိုင်းရဲစခန်းကို သယ်သွားသည်ဟု ဒေသခံတစ်ဦး က ဆက် ပြော သည်။

“ကျနော်ကြားသလောက်ကတော့ ကားမိုင်းရဲစခန်းကို သယ်သွားတယ်လို့ ကြားတယ်။ အဲ့ဒီပစ်ခတ်တဲ့ညမှာပဲ။ပစ်ခတ်တဲ့ ညနေဆို စျေးထဲမှာရော လိုက်ပစ်တယ်၊ ရွာထဲမှာလည်း သေနတ်တွေနဲ့ လိုက်ပစ်တယ်။ လမ်းတွေ ပိတ်တယ် လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်။ အဲ့လိုမျိုးတွေလုပ်တယ်။ ဒီနေ့ဆို ရွာမှာ လုံခြုံရေး တင်း ကြပ်တယ်။ ရွာအဝင်မှာရှိတဲ့ ဂိတ်မှာ ဒီရွာက မဟုတ်ရင် စစ်ပြီး ဘယ်သူ့ကိုမှ မဝင်ခိုင်ဘူး ဟုတ်တယ်။”

ဒေသခံတစ်ဦးကလည်း “ပြည်သူ့စစ်ဆိုတာက စစ်တပ်ဘက်ကနေ ညာလက်ရုံးပဲလေ။ စစ်တပ်က ခိုင်းစားလို့ ရ တဲ့အဖွဲ့ပဲလေ။ အဲ့ဒီ ၂၉၇ တပ်ရင်းရဲ့ လက်ထောက်ပဲလေ။ ဒေသခံတွေက ဘယ်သူမှ မကြိုက်ဘူး။ အခု KIA စစ် သားတွေ သေတယ် ကြားတော့ ပြည်သူတွေက စိတ်မကောင်းကြဘူး” ဟု ပြောသည်။

ရှဒူးဇွပ်ကျေးရွာ အဝင်ရှိ မိုးကောင်းချောင်း သံပေါင်တံတားတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့် စစ်သားများ လာရောက်ချထားပြီး ရွာအဝင်အထွက်များကို စစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံ များက ပြောသည်။

ရှဒူးဇွပ်ကျေးရွာတွင် ယခုခါ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ချင်သူများအနေဖြင့် ဒေသအခြေစိုက် အာဏာ သိမ်းစစ်ကောင်စီ၏ တပ်၊ ဒေသအတွင်းရှိ ပြည်သူ့စစ်အဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ အခွန်များ ပေးဆောင်ပြီး ၎င်းတို့၏ ခွင့်ပြုမိန့်ရပါက လုပ်ငန်း လုပ်ကိုင်ရသည်ဟု ဒေသခံများက ပြောသည်။

ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးမင်းသန့်ဇင်၏ နေအိမ်အား အရပ်ဝတ် ဝတ်ဆင်ထားသည့် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၎င်း၏နေအိမ် အပေါက်ဝတွင် ကင်းစောင့်ပေးနေသည့် စစ်ကောင်စီတပ်ရင်း ၂၉၇ က စစ်သားများက ပြန်လည်ပစ်ကူခဲ့ခြင်း ဖြစ်သည်။

Photo – CJ

*** ZAWGYI ***
ျပည္သူ႔စစ္ေခါင္းေဆာင္အား သြားေရာက္ပစ္ခတ္သည့္ KIA ေလးဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၇ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ရွဒူးဇြပ္ေက်း႐ြာရွိ ျပည္သူ႔စစ္ေခါင္းေဆာင္ေနအိမ္ ပစ္ခတ္မႈအတြင္း လာေရာက္ပစ္ခတ္သူ ေလးဦး ေသဆုံးကာ တစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ ယေန႔နံနက္ပိုင္းမွ စတင္၍ ေက်း႐ြာအတြင္း လုံၿခဳံေရး တင္း ၾကပ္ ထားသည္ ဟု ေဒသခံမ်ားက ေျပာသည္။

ေမလ ၂၅ ရက္ေန႔ ညေနပိုင္း ၃ နာရီအခ်ိန္ခန႔္က ျဖစ္ပြားခဲ့သည့္ အဆိုပါပစ္ခတ္မႈတြင္ လာေရာက္ပစ္ခတ္သည့္ သူမ်ားထဲမွ ၄ ဦး ေသဆုံးၿပီး၊ ေ႐ႊတူးေဖာ္ေရး လုပ္ငန္းလုပ္ကိုင္ေနသူ တစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ရွဒူးဇြပ္ေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။

“ဒီ KIA တပ္မဟာ ၂ ကလို႔ ေျပာတယ္။ ၇ ေယာက္ လာတယ္၊ ျပည္သူ႔စစ္ေခါင္းေဆာင္ကို သူ႔အိမ္ထဲမွာ ရွိတယ္ဆိုၿပီး လာပစ္တာတဲ့။ လာပစ္ေတာ့ သူတို႔ေရာက္ခါနီးတာနဲ႔ ကင္းေစာင့္ေနတဲ့ ၂၉၇ တပ္ရင္းက သူတို႔လာတဲ့အဖြဲ႕ေတြကို တစ္ခါတည္း ျပန္ပစ္ၾကတာ။ အဲ့မွာ KIA စစ္သား ေလးေယာက္က တခါတည္းေသသြားေရာ။ ျပည္သူ႔စစ္ေခါင္း ေဆာင္ ထိမထိေတာ့ ဘာမွမၾကားရဘူး။ ထိရင္ေတာ့ သတင္းထြက္မွာ အခုဘာသံမွမၾကားရဘူး။ ဒါေပမယ့္ အဲ့ မွာ ေ႐ႊလုပ္တဲ့ ေလာပန္းတစ္ေယာက္ေတာ့ ရွပ္ထိသြားတယ္။ ဒီမွာက ေ႐ႊက်င္တဲ့ ေ႐ႊေမွာ္ေတြရွိတယ္။ အဲ့ဒါသူ က အဲ့အိမ္ကိုေရာက္ေနတယ္လို႔ ေျပာတယ္။”

ေသဆုံးသူ ၄ ဦးမွာ KIA က ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာဆိုေနေသာ္လည္း KIO/KIA ထံမွာ သီးျခား အတည္ ျပဳခ်က္ မရရွိေသးေပ။ အေျခအေနသိရွိႏိုင္ေရး ဖုန္းျဖင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA သတင္းႏွင့္ျပန္ၾကား ေရးဌာနကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ကားမိုင္းရဲစခန္းကို သယ္သြားသည္ဟု ေဒသခံတစ္ဦး က ဆက္ ေျပာ သည္။

“က်ေနာ္ၾကားသေလာက္ကေတာ့ ကားမိုင္းရဲစခန္းကို သယ္သြားတယ္လို႔ ၾကားတယ္။ အဲ့ဒီပစ္ခတ္တဲ့ညမွာပဲ။ပစ္ခတ္တဲ့ ညေနဆို ေစ်းထဲမွာေရာ လိုက္ပစ္တယ္၊ ႐ြာထဲမွာလည္း ေသနတ္ေတြနဲ႔ လိုက္ပစ္တယ္။ လမ္းေတြ ပိတ္တယ္ လမ္းသြားလမ္းလာေတြကို စစ္ေဆးတယ္။ အဲ့လိုမ်ိဳးေတြလုပ္တယ္။ ဒီေန႔ဆို ႐ြာမွာ လုံၿခဳံေရး တင္း ၾကပ္တယ္။ ႐ြာအဝင္မွာရွိတဲ့ ဂိတ္မွာ ဒီ႐ြာက မဟုတ္ရင္ စစ္ၿပီး ဘယ္သူ႔ကိုမွ မဝင္ခိုင္ဘူး ဟုတ္တယ္။”

ေဒသခံတစ္ဦးကလည္း “ျပည္သူ႔စစ္ဆိုတာက စစ္တပ္ဘက္ကေန ညာလက္႐ုံးပဲေလ။ စစ္တပ္က ခိုင္းစားလို႔ ရ တဲ့အဖြဲ႕ပဲေလ။ အဲ့ဒီ ၂၉၇ တပ္ရင္းရဲ႕ လက္ေထာက္ပဲေလ။ ေဒသခံေတြက ဘယ္သူမွ မႀကိဳက္ဘူး။ အခု KIA စစ္ သားေတြ ေသတယ္ ၾကားေတာ့ ျပည္သူေတြက စိတ္မေကာင္းၾကဘူး” ဟု ေျပာသည္။

ရွဒူးဇြပ္ေက်း႐ြာ အဝင္ရွိ မိုးေကာင္းေခ်ာင္း သံေပါင္တံတားတြင္ ယေန႔နံနက္ပိုင္းမွ စတင္၍ စစ္ေကာင္စီတပ္က ကားႏွစ္စီးျဖင့္ စစ္သားမ်ား လာေရာက္ခ်ထားၿပီး ႐ြာအဝင္အထြက္မ်ားကို စစ္ေဆးေနသည္ဟု ရွဒူးဇြပ္ေဒသခံ မ်ားက ေျပာသည္။

ရွဒူးဇြပ္ေက်း႐ြာတြင္ ယခုခါ ေ႐ႊတူးေဖာ္ေရးလုပ္ငန္း လုပ္ကိုင္ခ်င္သူမ်ားအေနျဖင့္ ေဒသအေျခစိုက္ အာဏာ သိမ္းစစ္ေကာင္စီ၏ တပ္၊ ေဒသအတြင္းရွိ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းကာ အခြန္မ်ား ေပးေဆာင္ၿပီး ၎တို႔၏ ခြင့္ျပဳမိန႔္ရပါက လုပ္ငန္း လုပ္ကိုင္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ရွဒူးဇြပ္ေက်း႐ြာရွိ ျပည္သူ႔စစ္အဖြဲ႕ ေခါင္းေဆာင္ ဦးမင္းသန႔္ဇင္၏ ေနအိမ္အား အရပ္ဝတ္ ဝတ္ဆင္ထားသည့္ ေသနတ္သမားမ်ားက ဝင္ေရာက္ပစ္ခတ္ခဲ့ရာ၊ ၎၏ေနအိမ္ အေပါက္ဝတြင္ ကင္းေစာင့္ေပးေနသည့္ စစ္ေကာင္စီတပ္ရင္း ၂၉၇ က စစ္သားမ်ားက ျပန္လည္ပစ္ကူခဲ့ျခင္း ျဖစ္သည္။

Photo – CJ