စစ်ကောင်စီက အာဆီယံနှင့် ပူးပေါင်းမှု မရှိသဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး အဟန့်အတားဖြစ်ကြောင်း PPST ဥက္ကဌပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်။

စစ်ကောင်စီက အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် လက်ရှိ နိုင်ငံရေး ပဋိပက္ခအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို အဟန့်အတား ဖြစ်စေသည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်သည်။

မေလ ၂၇ ရက်နေ့ (ယနေ့) တွင် ပြုလုပ်နေသည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ၏ အစည်းအဝေး အဖွင့်မိန့်ခွန်းထဲတွင် PPST ၏ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ဧပြီလ ၂၄ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များ အထူးအ စည်းအဝေးရဲ့ ဘုံသဘောထား သဘောတူညီချက် ၅ ချက်ကို အကောင်အ ထည်ဖော် ဆောင်ရွက်ဖို့ အတွက် အာဆီယံရဲ့ ကြိုးပမ်းမှုကို စစ်ကောင်စီက အခုအချိန်အထိ ပူးပေါင်း ဆောင်ရွက်မှု မပြုနိုင်ခြင်းဟာ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးကို အဟန့်အတား ပြုခြင်းပဲ ဖြစ်ပါတယ်” ဟုပြော သည်။

ထို့အပြင် လက်ရှိ နိုင်ငံရေး အကြပ်အတည်းများကို အကြမ်းဖက်နည်းလမ်းနှင့် ဖြေရှင်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင် စေနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုသည်။

စစ်ကောင်စီ၏ ထိုသို့ လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ညိုးနွမ်းပြီး မျက်နှာငယ်ရသည့် အဖြစ်သို့ ရောက်ရှိနေသည် သာမက အများ၏ ဖယ်ကြဉ်ခြင်းကို ခံနေရသည်ဟု PPST ယာယီခေါင်းဆောင် က ဆိုသည်။

စစ်ကောင်စီ အုပ်ချုပ်သည့် ကာလအတွင်း စစ်တပ်နှင့် ရဲများမှ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သည့်အတွက် အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ပြည်သူလူထု ၈၀၀ ကျော် သေဆုံးကာ ၅၀၀၀ ကျော် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ ရခြင်းကို ကြည့်မည်ဆိုပါက နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ တောင်းဆိုချက်ဖြစ်သည့် အကြမ်း ဖက် လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်တန့်ပါဆိုသည့် ပြောဆိုမှုကို စစ်ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြုခြင်း ဖြစ် သည်ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်နေသည့် ကာလအတွင်း နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ် က “စစ်ကောင်စီ မတရားအုပ်ချုပ်တဲ့ကာလမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြားကဏ္ဍတွေမှာ အစစ အရာရာ ပျက် ဆီးယိုယွင်း ကျဆင်းနေတာဟာ စစ်ကောင်စီရဲ့ နည်းလမ်းမမှန်တဲ့ စီမံအုပ်ချုပ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

NCA အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST အစည်းအဝေးကို မေလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် PPST ၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမည်ဟု သိရသည်။

NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
စစ္ေကာင္စီက အာဆီယံႏွင့္ ပူးေပါင္းမႈ မရွိသျဖင့္ ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရး အဟန႔္အတားျဖစ္ေၾကာင္း PPST ဥကၠဌေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၇ ရက္။

စစ္ေကာင္စီက အာဆီယံႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ လက္ရွိ ႏိုင္ငံေရး ပဋိပကၡအား ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ေရးကို အဟန႔္အတား ျဖစ္ေစသည္ဟု ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ေျပာဆိုလိုက္သည္။

ေမလ ၂၇ ရက္ေန႔ (ယေန႔) တြင္ ျပဳလုပ္ေနသည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ PPST ၏ အစည္းအေဝး အဖြင့္မိန႔္ခြန္းထဲတြင္ PPST ၏ ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ထိုသို႔ ထည့္သြင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

၎က “ဧၿပီလ ၂၄ ရက္၊ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာ က်င္းပတဲ့ အာဆီယံ ေခါင္းေဆာင္မ်ား အထူးအ စည္းအေဝးရဲ႕ ဘုံသေဘာထား သေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔ အတြက္ အာဆီယံရဲ႕ ႀကိဳးပမ္းမႈကို စစ္ေကာင္စီက အခုအခ်ိန္အထိ ပူးေပါင္း ေဆာင္႐ြက္မႈ မျပဳႏိုင္ျခင္းဟာ ႏိုင္ငံေရး အက်ပ္အတည္းကို ၿငိမ္းခ်မ္းတဲ့ နည္းလမ္းနဲ႔ ေျဖရွင္းႏိုင္ေရးကို အဟန႔္အတား ျပဳျခင္းပဲ ျဖစ္ပါတယ္” ဟုေျပာ သည္။

ထို႔အျပင္ လက္ရွိ ႏိုင္ငံေရး အၾကပ္အတည္းမ်ားကို အၾကမ္းဖက္နည္းလမ္းႏွင့္ ေျဖရွင္းေနသည့္ စစ္ေကာင္စီ၏ လုပ္ရပ္သည္ ျပည္တြင္းစစ္မီးကို ဟုန္းဟုန္းေတာက္ေလာင္ ေစႏိုင္သည့္ လုပ္ရပ္ျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ဆိုသည္။

စစ္ေကာင္စီ၏ ထိုသို႔ လုပ္ေဆာင္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံသည္ ကမာၻ႔အလယ္တြင္ ဂုဏ္သိကၡာ ညိဳးႏြမ္းၿပီး မ်က္ႏွာငယ္ရသည့္ အျဖစ္သို႔ ေရာက္ရွိေနသည္ သာမက အမ်ား၏ ဖယ္ၾကဥ္ျခင္းကို ခံေနရသည္ဟု PPST ယာယီေခါင္းေဆာင္ က ဆိုသည္။

စစ္ေကာင္စီ အုပ္ခ်ဳပ္သည့္ ကာလအတြင္း စစ္တပ္ႏွင့္ ရဲမ်ားမွ အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္သည့္အတြက္ အာဏာသိမ္းျခင္းကို ဆန႔္က်င္သည့္ ျပည္သူလူထု ၈၀၀ ေက်ာ္ ေသဆုံးကာ ၅၀၀၀ ေက်ာ္ ဥပေဒမဲ့ ဖမ္းဆီးခံခဲ့ ရျခင္းကို ၾကည့္မည္ဆိုပါက ႏိုင္ငံတကာႏွင့္ ျပည္တြင္းအဖြဲ႕အစည္းမ်ား၏ ေတာင္းဆိုခ်က္ျဖစ္သည့္ အၾကမ္း ဖက္ လုပ္ရပ္မွန္သမွ် ခ်က္ခ်င္းရပ္တန႔္ပါဆိုသည့္ ေျပာဆိုမႈကို စစ္ေကာင္စီက မထီမဲ့ျမင္ မ်က္ကြယ္ျပဳျခင္း ျဖစ္ သည္ဟု PPST ယာယီ အဖြဲ႕ေခါင္းေဆာင္က ေျပာသည္။

စစ္ေကာင္စီ အုပ္ခ်ဳပ္ေနသည့္ ကာလအတြင္း ႏိုင္ငံ၏ အေျခအေနႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က “စစ္ေကာင္စီ မတရားအုပ္ခ်ဳပ္တဲ့ကာလမွာ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ ကူးသန္းေရာင္း ဝယ္ေရး၊ ဘ႑ာေရး၊ ပညာေရး၊ လူမႈေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ အျခားက႑ေတြမွာ အစစ အရာရာ ပ်က္ ဆီးယိုယြင္း က်ဆင္းေနတာဟာ စစ္ေကာင္စီရဲ႕ နည္းလမ္းမမွန္တဲ့ စီမံအုပ္ခ်ဳပ္ျခင္းေၾကာင့္ပဲ ျဖစ္ပါတယ္” ဟု ေျပာသည္။

NCA အပစ္ရပ္ အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ PPST အစည္းအေဝးကို ေမလ ၂၇ ရက္မွ ၂၈ ရက္ေန႔အထိ ၂ ရက္တာ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ထိုအစည္းအေဝးတြင္ PPST ၏ လက္ရွိ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးမည္ဟု သိရသည္။

NCA အပစ္ရပ္ အဖြဲ႕မ်ားမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။