အခြားဒေသများတွင်လည်း အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင် တိုက်ခိုက်စေလိုကြောင်း KNDF ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှ၊စ် ဇွန်လ ၃ ရက်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များကို တစ်ပြိုင်နက်တည်း တိုက်ခိုက်တွန်းလှန် ရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူများအား တိုက်တွန်း တောင်းဆိုလိုက်သည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်မှု များရှိနေပြီး KNDF မှ စစ်ကောင်စီတပ်အား တိုက်ခိုက်တွန်းလှန်နေသကဲ့သို့ အခြား ပြည်နယ်နှင့် တိုင်း ဒေသအသီးသီးရှိ ပြည်သူများကလည်း တစ်ပြိုင်နက်တည်း ပါဝင်တိုက်ခိုက်ပေးရန် တောင်း ဆို သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “အဓိကကတော့ တစ်နိုင်ငံလုံး အတိုင်းအတာပေါ့နော။ တစ်နိုင်ငံလုံး အတိုင်းအတာ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းမှ မဟုတ်ဘူး။ လူထုကိုယ်တိုင်လည်း ပါဝင်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို တိုက် ထုတ် စေချင်တာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နေသူရော ရွာပါမကျန်ပေါ့ ကျေးရွာလူထုမကျန် အကုန်လုံးက ဒီစစ်ကောင်စီကို တစ်ပြိုင်နက်တည်း တိုက်ထုတ်ဖို့ကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်တယ်ပေါ့နော်။ တစ်မြို့ထဲ လုပ်နေတာခါကျတော့ တစ်မြို့ထဲပဲ အဖိခံရ နိုင်တဲ့ အခြေအနေရှိတယ်ပေါ့” ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းများအရ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူအားလုံး စစ်ကောင်စီတပ်များကို တစ်ပြိုင်နက်တည်း တွန်းလှန်တိုက်ခိုက်မည်ဆိုပါက အာဏာရှင် ပြုတ်ကျရေးကို လျင် မြန်စွာ လုပ်ဆောင်နိုင်မည်ဟု ဆက်ပြောသည်။

“ဒါမှလည်း တစ်ညီတစ်ညွတ်တည်းနဲ့ ကျနော်တို့ လိုချင်တဲ့ ကျနော်တို့ ရည်မှန်းတဲ့ ပန်းတိုင် ကျနော်တို့ မျှော် လင့်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့ ဒီအာဏာရှင်ပြုတ်ကျဖို့ အဓိက အဲဒီဟာ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲလို လည်း ကျနော်တို့ ယူဆတယ်ပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် နမ့်ဖက်ခုံ မြို့နယ် များရှိ PDF တပ်ဖွဲ့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲရှိ PDF တပ်ဖွဲ့များအပြင် ကရင်နီ ပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် မေလ ၃၁ ရက်နေ့က ဖွဲ့စည်းထားသည့် ကာကွယ် ရေးတပ်ဖွဲ့ ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာ ခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများသည့်အတွက် လေယာဉ်များဖြင့်ပါ လာ ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNDF က ပြောသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့နေထိုင်ရာ ဒေသများတွင် လုံခြုံမှု မရှိတော့သည့်အတွက် နီးစပ်ရာ မြို့များနှင့် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး လက်ရှိတွင် အရေးပေါ် အကူအညီများ လိုအပ် နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန ကို ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အာဏာသိမ်းမှုကို ဆန့် ကျင် ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ညှင်းပန်းနှိမ့်စက်ခြင်း များ အပြင် သတ်ဖြတ်မှုများကိုပါ လုပ်ဆောင်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲဖြစ်ပွား လာသကဲ့သို့ တိုင်းဒေသကြီးများတွင်လည်း NUG က ဖွဲ့စည်းထား သည့် ပြည်သူ့ကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာ ခဲ့ သည်။

ထိုပဋိပက္ခများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြည်သူများမှာ စစ်ကောင်စီ၏ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်မှုနှင့် ကင်းလွတ်ရာ တောထဲတောင်ထဲ နှင့် နေရာ ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြရ ပြီး အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။

ယခု အခါ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ကဲ့သို့ စစ်ကိုင်းတိုင်းနေရာအချို့နှင့် ချင်းပြည်နယ်တို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီအား ခုခံ တိုက်ခိုက်မှုများ ရှိသည်။

ထိုအနေအထားများကြောင့် ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ လုပ်ရပ်အား ခေါင်းငုံ့မခံကြပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိုင်းဝန်းတွန်းလှန်ပေးကြရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က တောင်း ဆို ခြင်းဖြစ်သည်ဟု ဆိုသည်။

*** ZAWGYI ***
အျခားေဒသမ်ားတြင္လည္း အာဏာသိမ္းစစ္ေကာင္စီအား ဆန႔္က်င္ တိုက္ခိုက္ေစလိုေၾကာင္း KNDF ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွ၊စ္ ဇြန္လ ၃ ရက္။

တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားကို တစ္ၿပိဳင္နက္တည္း တိုက္ခိုက္တြန္းလွန္ ရန္ ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ျပည္နယ္ႏွင့္ တိုင္းေဒသအသီးသီးရွိ ျပည္သူမ်ားအား တိုက္တြန္း ေတာင္းဆိုလိုက္သည္။

လက္ရွိ ကရင္နီျပည္နယ္တြင္ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္ KNDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲ ျပင္းထန္မႈ မ်ားရွိေနၿပီး KNDF မွ စစ္ေကာင္စီတပ္အား တိုက္ခိုက္တြန္းလွန္ေနသကဲ့သို႔ အျခား ျပည္နယ္ႏွင့္ တိုင္း ေဒသအသီးသီးရွိ ျပည္သူမ်ားကလည္း တစ္ၿပိဳင္နက္တည္း ပါဝင္တိုက္ခိုက္ေပးရန္ ေတာင္း ဆို သည္ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။

၎က “အဓိကကေတာ့ တစ္ႏိုင္ငံလုံး အတိုင္းအတာေပါ့ေနာ။ တစ္ႏိုင္ငံလုံး အတိုင္းအတာ တိုင္းရင္းသား လက္ နက္ကိုင္ အဖြဲ႕အစည္းမွ မဟုတ္ဘူး။ လူထုကိုယ္တိုင္လည္း ပါဝင္ၿပီးေတာ့ အၾကမ္းဖက္ စစ္ေကာင္စီကို တိုက္ ထုတ္ ေစခ်င္တာေပါ့။ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ၿမိဳ႕ေနသူေရာ ႐ြာပါမက်န္ေပါ့ ေက်း႐ြာလူထုမက်န္ အကုန္လုံးက ဒီစစ္ေကာင္စီကို တစ္ၿပိဳင္နက္တည္း တိုက္ထုတ္ဖို႔ကို အျမန္ဆုံး အေကာင္အထည္ေဖာ္ေစခ်င္တယ္ေပါ့ေနာ္။ တစ္ၿမိဳ႕ထဲ လုပ္ေနတာခါက်ေတာ့ တစ္ၿမိဳ႕ထဲပဲ အဖိခံရ ႏိုင္တဲ့ အေျခအေနရွိတယ္ေပါ့” ဟု ေျပာသည္။

လက္ရွိ ျဖစ္ေပၚေနသည့္ ႏိုင္ငံေရး အခင္းအက်င္းမ်ားအရ ျပည္နယ္ႏွင့္ တိုင္းေဒသအသီးသီးရွိ ျပည္သူအားလုံး စစ္ေကာင္စီတပ္မ်ားကို တစ္ၿပိဳင္နက္တည္း တြန္းလွန္တိုက္ခိုက္မည္ဆိုပါက အာဏာရွင္ ျပဳတ္က်ေရးကို လ်င္ ျမန္စြာ လုပ္ေဆာင္ႏိုင္မည္ဟု ဆက္ေျပာသည္။

“ဒါမွလည္း တစ္ညီတစ္ၫြတ္တည္းနဲ႔ က်ေနာ္တို႔ လိုခ်င္တဲ့ က်ေနာ္တို႔ ရည္မွန္းတဲ့ ပန္းတိုင္ က်ေနာ္တို႔ ေမွ်ာ္ လင့္ေနတဲ့ ဖက္ဒရယ္ ဒီမိုကေရစီေပါ့ ဒီအာဏာရွင္ျပဳတ္က်ဖို႔ အဓိက အဲဒီဟာ ျဖစ္လာႏိုင္တယ္ေပါ့ေနာ္။ အဲလို လည္း က်ေနာ္တို႔ ယူဆတယ္ေပါ့” ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ကို ကရင္နီျပည္နယ္ လြိဳင္ေကာ္၊ ဒီးေမာ့ဆိုႏွင့္ နမ့္ဖက္ခုံ ၿမိဳ႕နယ္ မ်ားရွိ PDF တပ္ဖြဲ႕မ်ားႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ဖယ္ခုံ၊ မိုးၿဗဲရွိ PDF တပ္ဖြဲ႕မ်ားအျပင္ ကရင္နီ ျပည္နယ္ အေျခစိုက္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားျဖင့္ ေမလ ၃၁ ရက္ေန႔က ဖြဲ႕စည္းထားသည့္ ကာကြယ္ ေရးတပ္ဖြဲ႕ ျဖစ္သည္။

ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းမွ စတင္ကာ ကရင္နီျပည္နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား စတင္ျဖစ္ပြားလာ ခဲ့သည္။

အဆိုပါ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီဖက္မွ ထိခိုက္က်ဆုံးမႈမ်ားသည့္အတြက္ ေလယာဥ္မ်ားျဖင့္ပါ လာ ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု KNDF က ေျပာသည္။

ထိုတိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ ၎တို႔ေနထိုင္ရာ ေဒသမ်ားတြင္ လုံၿခဳံမႈ မရွိေတာ့သည့္အတြက္ နီးစပ္ရာ ၿမိဳ႕မ်ားႏွင့္ ေတာေတာင္မ်ားထဲသို႔ ထြက္ေျပးတိမ္းေရွာင္ ေနရၿပီး လက္ရွိတြင္ အေရးေပၚ အကူအညီမ်ား လိုအပ္ ေနသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ား က သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာန ကို ေျပာ သည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ကာ စစ္တပ္မွ အာဏာသိမ္းယူၿပီးေနာက္ အာဏာသိမ္းမႈကို ဆန႔္ က်င္ ဆႏၵထုတ္ေဖာ္သည့္ ျပည္သူမ်ားကို စစ္ေကာင္စီက ဖမ္းဆီးျခင္း၊ ႐ိုက္ႏွက္ျခင္း၊ ညႇင္းပန္းႏွိမ့္စက္ျခင္း မ်ား အျပင္ သတ္ျဖတ္မႈမ်ားကိုပါ လုပ္ေဆာင္ခဲ့ၾကသည္။

တစ္ဖက္တြင္လည္း တိုင္းရင္းသား ျပည္နယ္မ်ားတြင္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္ တို႔အၾကား တိုက္ပြဲျဖစ္ပြား လာသကဲ့သို႔ တိုင္းေဒသႀကီးမ်ားတြင္လည္း NUG က ဖြဲ႕စည္းထား သည့္ ျပည္သူ႔ကာကြယ္ေရး တပ္မ်ားႏွင့္ စစ္ေကာင္စီ တပ္တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာ ခဲ့ သည္။

ထိုပဋိပကၡမ်ားေၾကာင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးရွိ ျပည္သူမ်ားမွာ စစ္ေကာင္စီ၏ ဖမ္းဆီး၊ ႏွိပ္စက္ သတ္ျဖတ္မႈႏွင့္ ကင္းလြတ္ရာ ေတာထဲေတာင္ထဲ ႏွင့္ ေနရာ ေဒသအသီးသီးသို႔ ထြက္ေျပးတိမ္းေရွာင္ေနရ ၾကရ ၿပီး အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ေနၾကရသည္ဟု ေျပာသည္။

ယခု အခါ ကရင္နီ ကာကြယ္ေရး တပ္ဖြဲ႕ကဲ့သို႔ စစ္ကိုင္းတိုင္းေနရာအခ်ိဳ႕ႏွင့္ ခ်င္းျပည္နယ္တို႔တြင္လည္း အာဏာသိမ္းစစ္ေကာင္စီအား ခုခံ တိုက္ခိုက္မႈမ်ား ရွိသည္။

ထိုအေနအထားမ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စစ္အာဏာရွင္၏ လုပ္ရပ္အား ေခါင္းငုံ႔မခံၾကပဲ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ဝိုင္းဝန္းတြန္းလွန္ေပးၾကရန္ ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ေတာင္း ဆို ျခင္းျဖစ္သည္ဟု ဆိုသည္။