ကရင်နီ စစ်ဘေးရှောင်များအား နိုင်ငံတကာမှ ကူညီစေလို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်။

သောင်းနှင့်ချီသည့် ကရင်နီစစ်ဘေးရှောင်များကို နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများ ပေးစေလိုကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောသည်။

ပီးကင်းကောခူ စစ်ဘေးရှောင် စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက “နိုင်ငံတကာ အကူအညီတွေ တိုက်ရိုက် လာပြီး လာကူညီပေးမယ်ဆိုရင်တော့ အရမ်းကောင်းမယ် အရမ်းလည်း ထိရောက်မယ်။ အထူးသဖြင့်ကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုအတွက်ရယ်၊ နောက်ပြီးတော့ အခုရွာတွေ မှာ စစ်တပ်တွေ ရမ်းသမ်းပစ်လို့ ဒဏ် ရာ ထိသွားတဲ့လူတွေ အများကြီးရှိတယ်။ ကျနော်တို့ Camp နဲ့သိပ်မဝေးပဲ လေးငါးခြောက်မိုင်မှာရှိတယ်။ အဲဒီ Camp တွေမှာလည်း ဒဏ်ရာရတဲ့သူတွေ အကြီးအကျယ် ဆယ်ယောက်ထက် မနည်းရှိတယ်ပေါ့နော်။ အဲဒီလူ အတွက် နိုင်ငံတကာက ဝင်လာပေးနိုင်မယ်ဆိုရင် ကျနော်တို့ကတော့ အရမ်းဝမ်းသာမိမှာပဲ” ဟု ပြောသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆိုနှင့် ရှမ်းပြည်နယ် တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ စသည့် မြို့များမှ တောတောင်များထဲတွင် ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်များမှာ စားသောက် နေထိုင်ရေးအပြင် အဖက်ဖက်မှ ခက်ခဲမှုမျိုးစုံ ရှိလာသည့် အတွက် နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများပေးရန် တောင်းဆိုသည်ဟု စစ်ဘေးရှောင်များ ကို အကူအညီပေးနေသည့် အမည်မဖော်လိုသူ တစ်ဦးက လည်း ပြောသည်။

၎င်းက “အကြပ်အတည်း ဖြစ်နေတဲ့အချိန်မှာကျတော့ ပြည်တွင်း အနေနဲ့လည်း ထောက်ပံ့မှုက ဒီလမ်းပန်း ဆက်သွယ်ရေး ခက်ခဲတယ်ပေါ့။ တစ်မြို့နဲ့ တစ်မြို့ ချိတ်ဆက်မှုတွေကလည်း ခက်ခဲတယ်ပေါ့နော်။ ဒါ ပြည်ပ အကူအညီလည်း လိုအပ်တယ်ပေါ့” ဟု ပြောသည်။

စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ၏ လက်လှမ်းမှီသလောက် ကောက်ယူထားသည့် စာရင်းအရ ကရင်နီပြည်နယ်တွင် လက်ရှိ အချိန်အထိ တောတောင်ထဲတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း အခု ၂၀ ကျော်ခန့်ရှိနေပြီး ထိုထက်မကလည်း ရှိနေနိုင်သည်ဟု ဆိုသည်။

အဆိုပါ စစ်ရှောင်စခန်းများတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အပါအ ဝင် သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ရှိနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြော သည်။

ဒီးမော့ဆိုမြို့နယ် တစ်မြို့နယ်ထဲတွင် ယခုခါ စစ်ရှောင်ပြည်သူ လေးသောင်းကျော်နေပြီဖြစ်ပြီး စစ်ကောင်စီ တပ် ၏ စစ်ရေးပစ်မှတ် မခွဲခြားပဲ ပစ်ခတ်နေမှုများ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲအပြင် စစ်ရှောင်များအား သွားရောက်ကူညီနေသူများအား ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ရိက္ခာသွားရောက် ထောက်ပံ့ရေးတွင် ပိုမိုခက်ခဲလာသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီမှာ ဒုက္ခသည် များတယ်ပေါ့ နော်။ ဒီးမော့ဆိုမြို့ တစ်မြို့အနေနဲ့ဆိုရင် လူဦးရေ ခြောက်သောင်းကျော် ခုနှစ်သောင်း ဝန်းကျင်ရှိတယ်။ အဲဒီမှာ လူထု သက်ကြီးရွယ်အို ကလေးသူငယ်တွေ လေးသောင်းကျော် ရှိမှာပေါ့နော်။ လေးသောင်းဝန်းကျင်လောက်ရှိ မယ်။ အဲဒီလူတွေက သူတို့ လွတ်ရာကို ဗုံးတွေ ဘာတွေ တအား ပစ်ခတ်မှုများတော့ သူတို့ ရှောင်တိမ်းတာတွေရှိ တယ်။ နောက်တစ်မြို့က ကျနော်တို့ ဖယ်ခုံ၊ မိုးဗြဲပေ့ါနော် မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့မှာလည်း စစ်ဘေးရှောင်တဲ့ လူ တွေ များတယ်ပေါ့။ နောက်တစ်ခုက အဓိက မြို့ကြီးဖြစ်တဲ့ လွိုင်ကော်မြို့မှာလည်း လူဦးရေ သုံးပုံတစ်ပုံ လောက် အခုရှောင် ကုန်ပြီပေါ့နော်။ အဲဒါဆိုတော့ ခန့်မှန်းခြေက လူဦးရေ စစ်ရှောင်တဲ့ သူက တော်တော်များ ပြီ။ များနေပြီပေါ့။ ဒီးမော့ဆို တစ်မြို့ထဲတောင်မှ လေးသောင်းဝန်း ကျင်ရှိပြီပေါ့နော်” ဟု ပြောသည်။

စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များအပြင် အခြေခံ အသုံးအဆောင်ပစ္စည်း များ၊ ဆေးဝါးများလည်း အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန်အ တွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ကရင်နီ စစ်ဘေးရှောင်များ ကို အကူအညီပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့နေထိုင်ရာ ဒေသများတွင် လုံခြုံမှု မရှိတော့သည့်အတွက် နီးစပ်ရာ မြို့များသို့ ရွှေ့ပြောင်းနေထိုင်ရသူများရှိနေပြီး အများစုမှာ တောတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသူများလည်း ရှိနေသည့်အတွက် လက်ရှိတွင် အဖက်ဖက်မှ အကူ အညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေး နေသူများ၏ ပြောပြချက်အရ သိရသည်။

*** ZAWGYI ***
ကရင္နီ စစ္ေဘးေရွာင္မ်ားအား ႏိုင္ငံတကာမွ ကူညီေစလို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၃ ရက္။

ေသာင္းႏွင့္ခ်ီသည့္ ကရင္နီစစ္ေဘးေရွာင္မ်ားကို ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ အကူအညီမ်ား ေပးေစလိုေၾကာင္း စစ္ေဘးေရွာင္မ်ားအား ကူညီေနသူမ်ားက ေျပာသည္။

ပီးကင္းေကာခူ စစ္ေဘးေရွာင္ စခန္းေကာ္မတီ တာဝန္ရွိသူတစ္ဦးက “ႏိုင္ငံတကာ အကူအညီေတြ တိုက္႐ိုက္ လာၿပီး လာကူညီေပးမယ္ဆိုရင္ေတာ့ အရမ္းေကာင္းမယ္ အရမ္းလည္း ထိေရာက္မယ္။ အထူးသျဖင့္ကေတာ့ ကေလးေတြနဲ႔ သက္ႀကီး႐ြယ္အိုအတြက္ရယ္၊ ေနာက္ၿပီးေတာ့ အခု႐ြာေတြ မွာ စစ္တပ္ေတြ ရမ္းသမ္းပစ္လို႔ ဒဏ္ ရာ ထိသြားတဲ့လူေတြ အမ်ားႀကီးရွိတယ္။ က်ေနာ္တို႔ Camp နဲ႔သိပ္မေဝးပဲ ေလးငါးေျခာက္မိုင္မွာရွိတယ္။ အဲဒီ Camp ေတြမွာလည္း ဒဏ္ရာရတဲ့သူေတြ အႀကီးအက်ယ္ ဆယ္ေယာက္ထက္ မနည္းရွိတယ္ေပါ့ေနာ္။ အဲဒီလူ အတြက္ ႏိုင္ငံတကာက ဝင္လာေပးႏိုင္မယ္ဆိုရင္ က်ေနာ္တို႔ကေတာ့ အရမ္းဝမ္းသာမိမွာပဲ” ဟု ေျပာသည္။

လက္ရွိ ကရင္နီျပည္နယ္တြင္ ျဖစ္ပြားေနသည့္ စစ္ေရးပဋိကၡမ်ားေၾကာင့္ ကယားျပည္နယ္ထဲက လြိဳင္ေကာ္၊ ဒီေမာဆိုႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းက ဖယ္ခုံ၊ မိုးၿဗဲ စသည့္ ၿမိဳ႕မ်ားမွ ေတာေတာင္မ်ားထဲတြင္ ထြက္ေျပးတိမ္း ေရွာင္ေနရသည့္ စစ္ေဘးေရွာင္မ်ားမွာ စားေသာက္ ေနထိုင္ေရးအျပင္ အဖက္ဖက္မွ ခက္ခဲမႈမ်ိဳးစုံ ရွိလာသည့္ အတြက္ ႏိုင္ငံတကာမွ လူသားခ်င္းစာနာမႈ အကူအညီမ်ားေပးရန္ ေတာင္းဆိုသည္ဟု စစ္ေဘးေရွာင္မ်ား ကို အကူအညီေပးေနသည့္ အမည္မေဖာ္လိုသူ တစ္ဦးက လည္း ေျပာသည္။

၎က “အၾကပ္အတည္း ျဖစ္ေနတဲ့အခ်ိန္မွာက်ေတာ့ ျပည္တြင္း အေနနဲ႔လည္း ေထာက္ပံ့မႈက ဒီလမ္းပန္း ဆက္သြယ္ေရး ခက္ခဲတယ္ေပါ့။ တစ္ၿမိဳ႕နဲ႔ တစ္ၿမိဳ႕ ခ်ိတ္ဆက္မႈေတြကလည္း ခက္ခဲတယ္ေပါ့ေနာ္။ ဒါ ျပည္ပ အကူအညီလည္း လိုအပ္တယ္ေပါ့” ဟု ေျပာသည္။

စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ား၏ လက္လွမ္းမွီသေလာက္ ေကာက္ယူထားသည့္ စာရင္းအရ ကရင္နီျပည္နယ္တြင္ လက္ရွိ အခ်ိန္အထိ ေတာေတာင္ထဲတြင္ ဖြင့္လွစ္ထားသည့္ စစ္ေဘးေရွာင္စခန္း အခု ၂၀ ေက်ာ္ခန႔္ရွိေနၿပီး ထိုထက္မကလည္း ရွိေနႏိုင္သည္ဟု ဆိုသည္။

အဆိုပါ စစ္ေရွာင္စခန္းမ်ားတြင္ ကေလးသူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကိုယ္ဝန္ေဆာင္ မိခင္မ်ား အပါအ ဝင္ ေသာင္းႏွင့္ခ်ီသည့္ စစ္ေဘးေရွာင္မ်ား ရွိေနသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ားက ေျပာ သည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္ထဲတြင္ ယခုခါ စစ္ေရွာင္ျပည္သူ ေလးေသာင္းေက်ာ္ေနၿပီျဖစ္ၿပီး စစ္ေကာင္စီ တပ္ ၏ စစ္ေရးပစ္မွတ္ မခြဲျခားပဲ ပစ္ခတ္ေနမႈမ်ား၊ လမ္းပန္းဆက္သြယ္ေရးအခက္အခဲအျပင္ စစ္ေရွာင္မ်ားအား သြားေရာက္ကူညီေနသူမ်ားအား ဖမ္းဆီးျခင္း၊ ပစ္သတ္ျခင္းမ်ား ျပဳလုပ္ေနသည့္အတြက္ ရိကၡာသြားေရာက္ ေထာက္ပံ့ေရးတြင္ ပိုမိုခက္ခဲလာသည္ဟု စစ္ေရွာင္မ်ားအား အကူအညီေပးေနသူမ်ားက ေျပာသည္။

စစ္ေဘးေရွာင္မ်ားကို ကူညီေပးေနသည့္ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “ဒီမွာ ဒုကၡသည္ မ်ားတယ္ေပါ့ ေနာ္။ ဒီးေမာ့ဆိုၿမိဳ႕ တစ္ၿမိဳ႕အေနနဲ႔ဆိုရင္ လူဦးေရ ေျခာက္ေသာင္းေက်ာ္ ခုႏွစ္ေသာင္း ဝန္းက်င္ရွိတယ္။ အဲဒီမွာ လူထု သက္ႀကီး႐ြယ္အို ကေလးသူငယ္ေတြ ေလးေသာင္းေက်ာ္ ရွိမွာေပါ့ေနာ္။ ေလးေသာင္းဝန္းက်င္ေလာက္ရွိ မယ္။ အဲဒီလူေတြက သူတို႔ လြတ္ရာကို ဗုံးေတြ ဘာေတြ တအား ပစ္ခတ္မႈမ်ားေတာ့ သူတို႔ ေရွာင္တိမ္းတာေတြရွိ တယ္။ ေနာက္တစ္ၿမိဳ႕က က်ေနာ္တို႔ ဖယ္ခုံ၊ မိုးၿဗဲေပ့ါေနာ္ မိုးၿဗဲၿမိဳ႕နဲ႔ ဖယ္ခုံၿမိဳ႕မွာလည္း စစ္ေဘးေရွာင္တဲ့ လူ ေတြ မ်ားတယ္ေပါ့။ ေနာက္တစ္ခုက အဓိက ၿမိဳ႕ႀကီးျဖစ္တဲ့ လြိဳင္ေကာ္ၿမိဳ႕မွာလည္း လူဦးေရ သုံးပုံတစ္ပုံ ေလာက္ အခုေရွာင္ ကုန္ၿပီေပါ့ေနာ္။ အဲဒါဆိုေတာ့ ခန႔္မွန္းေျခက လူဦးေရ စစ္ေရွာင္တဲ့ သူက ေတာ္ေတာ္မ်ား ၿပီ။ မ်ားေနၿပီေပါ့။ ဒီးေမာ့ဆို တစ္ၿမိဳ႕ထဲေတာင္မွ ေလးေသာင္းဝန္း က်င္ရွိၿပီေပါ့ေနာ္” ဟု ေျပာသည္။

စစ္ေဘးေရွာင္မ်ားအတြက္ ဆန္၊ ဆီ၊ ဆား စသည့္ စားေသာက္ကုန္မ်ားအျပင္ အေျခခံ အသုံးအေဆာင္ပစၥည္း မ်ား၊ ေဆးဝါးမ်ားလည္း အေရးေပၚ အကူအညီမ်ား လိုအပ္လ်က္ရွိေနသည္ဟု ဆိုသည္။

ထို႔အျပင္ မိုးရာသီေရာက္ရွိလာၿပီျဖစ္သည့္အတြက္ စစ္ေဘးေရွာင္မ်ားေနထိုင္သည့္ ေနရာမ်ားကို ကာရံရန္အ တြက္ တာလပတ္၊ မိုးကာမ်ားအျပင္ ယင္လုံအိမ္သာမ်ားလည္း လိုအပ္ေနသည္ဟု ကရင္နီ စစ္ေဘးေရွာင္မ်ား ကို အကူအညီေပးေနသူမ်ားက ေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းမွ စတင္ကာ ကရင္နီျပည္နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ ၎တို႔ေနထိုင္ရာ ေဒသမ်ားတြင္ လုံၿခဳံမႈ မရွိေတာ့သည့္အတြက္ နီးစပ္ရာ ၿမိဳ႕မ်ားသို႔ ေ႐ႊ႕ေျပာင္းေနထိုင္ရသူမ်ားရွိေနၿပီး အမ်ားစုမွာ ေတာေတာင္ထဲသို႔ ထြက္ေျပး တိမ္းေရွာင္ေနရသူမ်ားလည္း ရွိေနသည့္အတြက္ လက္ရွိတြင္ အဖက္ဖက္မွ အကူ အညီမ်ားလိုအပ္ေနသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပး ေနသူမ်ား၏ ေျပာျပခ်က္အရ သိရသည္။