ဟတ်ကြီးရေကာ ဆောက်လိုမှု စစ်ကောင်စီ ရည်ရွယ်ချက် မရိုးသား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်။

ဟတ်ကြီးရေကာတာ တည်ဆောက်လိုသည့် စစ်ကောင်စီ၏ ဆန္ဒမှာ စစ်ရေးဗျူဟာ အသာစီးရရန် ဖြစ်သည်ဟု ကရင် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက် အဖွဲ့ (Karen River Watch) က ပြောရေးဆို ခွင့်ရှိသူ စောသာဘိုး က “စစ်ရေး ဗျူဟာအရကလည်း သူတို့ ဒီနေရာကို ပြန်ပြီး လွှမ်းမိုးချင်တဲ့အတွက် ရေကာတာကို တွန်း တယ်။ ပြီးတော့ တစ်ဖက်မှာလည်း နိုင်ငံရေး အကျိုးအမြတ်ထုတ် ချင်တဲ့ ဒီရင်းနှီးမြုပ်နှံမှုတွေကို သူက နိုင်ငံ ရေးအရ ထိုင်းတို့ တရုတ်တို့ အကာအကွယ်ပေးမှု မျက်နှာရလိုမှုနဲ့ သူအဲဒါကို ဒီ ပရောဂျက်ကို သူတွန်းခြင်းဖြစ်တယ်။” ဟု ပြောသည်။

ပြည်သူများ တောက်လျှောက်ကန့်ကွက်နေသည့် သံလွင်မြစ်ပေါ်က ဟတ်ကြီးရေကာတာ စီမံကိန်း ဆောက်လုပ် သင့်ကြောင်း စစ်ကောင်စီက မကြာသေးမီက ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အားရရှိမှု၊ ပို့ ဆောင် ရေး စနစ်ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနှင့် လူသားအရင်းအမြစ်ပေါကြွယ်ဝမှုများသည် အဓိက အရေးကြီးကြောင်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရးနှင့် ပတ်သက်၍ ပြည်နယ်၏ လျှပ်စစ်ဓါတ်အားလို အပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအရင်းမြစ်များရှိပြီးဖြစ်ကြောင်း၊ သံလွင် မြစ်ပေါ် တွင် တည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စက်ရုံမျိုးသည် ကရင်ပြည်နယ်ကို အထောက်အကူပြု မည် ဖြစ်သည့်အတွက် ဆောင်ရွက်သင့်ကြောင်း၊ အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်နေသူများကို နားလည်စေလို ကြောင်း” ဘားအံခရီးစဉ်တွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ကြုံနေရသည့် အခက်အခဲများထဲတွင် ငွေရေးကြေးရေး အခက်အခဲ အပြင် နယ်မြေစိုးမိုးရေးအတွက် ယခုကဲ့သို့ တိုက်တွန်းနေရခြင်း ဖြစ်သည်ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့် ရေးကွန်ရက် အဖွဲ့ (Karen River Watch) က ထောက်ပြသည်။

“တတိယ တစ်ခုက သူရဲ့ ပိုက်ဆံလိုနေတယ်ပေါ့နော။ စစ်ကောင်စီမှာ ပိုက်ဆံလည်း မရှိတဲ့အခါကျတော့ ဒီပရောဂျက် အား ဖြင့် သူတို့တွေ ပိုက်ဆံရနိုင်တယ်။ မြိုးမြိုးမြတ်မြတ် ရနိုင်တဲ့ဟာမျိုးတွေရှိတယ်။ ဘာ ကြောင့်လဲဆိုတော့ အချို့ တွေက Contract တွေအပေါ်မှာ သူတို့ ပိုက်ဆံရနိုင်တယ်။ ဒါကြောင့် ဒီလိုရည်ရွယ် ချက်တွေနဲ့ လုပ်နေတယ်လို့ ယူဆတယ်” ဟု စောသာဘိုး က ဆက်ပြောသည်။

မြန်မာတစ်နိုင်ငံလုံးက ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်နေသည့်အတွက် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေ ရ သည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို ထိန်းချုပ်နိုင်ရေး နည်းမျိုးစုံ ကြိုး စားနေပြီး ငွေကြေးလိုအပ်ချက်များစွာရှိနေသည့်အတွက် တဖက်တစ်လှမ်းကနေ ငွေရရှိနိုင်ရေး ကြိုးစားနေခြင်း သာဖြစ်သည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ထို့ကြောင့် ကရင်ပြည်နယ် ဖွံ့ဖြိုးရေး၊ ဒေသအတွင်းရှိ ကရင်ပြည်သူများ လျှက်စစ်မီးရရှိရေးဆိုသည်မှာ မဖြစ် နိုင်ဘူးဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ် က ပြော သည်။

“သဘောရိုးအနေနဲ့ ဒါသည် ကရင်လူမျိုးတွေကို ကရင်ပြည်တစ်ခုလုံးကို မီးပေးမယ်၊ ကရင်တွေကို သူ တို့ကို မတော်လှန်အောင် မဆန့်ကျင်အောင် လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့များ လုပ်သလားဆိုတဲ့ ကျနော်တို့ က တော့ သုံးသပ်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိနေတယ်။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာလည်း စစ်ကောင်စီအာဏာသိမ်းမှုကို သဘော မတွေ့တဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတော်တော်များများတွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီရေကာတာကို အခု လက်ရှိပြန်လည် အသက်သွင်းပြီးတော့မှ မီးပေးမယ်ဆိုတာ ဒါသည် သဘောရိုးနဲ့ ပြောတာ လုံးဝမဟုတ်နိုင် ဘူး။”

မေလ ၃၁ ရက်နေ့က ကရင်ပြည်နယ်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ပြည်နယ် စစ် ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဟတ်ကြီးရေကာတာကို ဆောက်လုပ်သင့်ကြောင်း ပြောဆိုခဲ့ ခြင်းအပေါ် ကရင်အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။

စောအဲလက်စ် က “ဒီဟာသည် ကောက်ကျစ် စဉ်းလဲတဲ့ နိုင်ငံရေး နောက်ကွယ်က ကစားကွက်တွေ အများကြီး ရှိနိုင်တဲ့အတွက် ကျနော် တို့ မင်းလောင်လှိုင် စစ်ကောင်စီကလုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သမိုင်းကိုကြည့် လိုက်ပါ တပ်မတော်က လုပ်တဲ့ စစ်အာဏာရှင်က လုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြည်သူလူထုကို အကျိုးရှိ စေတာ ဘယ်နှစ်ခု ရှိခဲ့ဖူးလဲ။ တစ်ခုမှ မရှိခဲ့ဘူး။ တဖက်လှည့်နဲ့ ကရင်လူမျိုးကို အချင်းချင်းကွဲပြဲအောင် လုပ်နိုင် တယ်။ ပြီးခဲ့တဲ့ နှစ်ရက်သုံး ရက်က ဒီကို လာပြီးမှ ဗိုလ်ချုပ် အောင်ဆန်းတံတားကို သံလွင်တံတားဆိုပြီးတော့မှ မွန်လူမျိုးတွေကို ပြန်ပြီးဖား တဲ့ ပုံစံမျိုးလို လို ဘာလိုလို ကျနော်တို့ တွေ့ရတယ်။ ဒါက ရုပ်ပြအပေါ်ယံလာပြီး လုပ်ပြတဲ့ သဘောပဲရှိတယ်” ဟု ပြောသည်။

သို့သော် စစ်တပ်အနေဖြင့် သမိုင်းကြောင်းတစ်လျှောက်တွင်လည်း ပြည်သူလူထုအတွက် လုပ်ဆောင်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုသည်မှာ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ပြောဆိုခြင်းသည် စစ်ကောင်စီအတွက်သာဖြစ်သည်ဟု စောသာဘိုး က ဆက်ပြောသည်။

“ကျနော်တို့ ကရင်ပြည်နယ်ထဲမှာ ဆိုလို့ရှိရင် အရင်က သောက်ရေခပ်ရေကာတာ ဆိုတာရှိတယ်။ တောင်ငူခရိုင် တပ်မဟာ ၂ ဖက်မှာပေါ့နော။ သောက်ရေခပ် ရေကာတာရှိတယ်။ အဲဒီ အပစ်ခတ်မရပ်ခင်ပေါ့နော။ အဲဒီမှာ သူ တို့ ဆောက်တယ် ၂၀၁၀ နောက်ပိုင်း သူတို့ ရေကာတာလည်း ဆောက်ပြီးတာနဲ့ နောက်ပိုင်း ဘာဖြစ်သွားလဲ အဲဒီ တောင်ငူခရိုင်က ဧရိယာ တော်တော်များများက သောင်းနဲ့ ချီတဲ့ ဧကတွေက လွှမ်းသွားရော ရေမြုပ်သွားတဲ့ အခါကျတော့ အဲဒီနေရာကို ကျည်ဆန်တစ်ထောင့် လွတ်စရာမလိုပဲ အဲဒီနေရာကို ထိန်းချုပ်ပြီးသားဖြစ် သွား တာပေါ့။ ဒီတော့ ကျနော်ထင်တယ်။”

ရေအားလျှပ်စစ်စွမ်းအင် ၁၂၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာ စီမံ ကိန်းကို တည်ဆောက်ရန် စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်း နိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့နှင့် တရုတ်နိုင်ငံကခ ဆိုင်နိုဟိုဒရိုကုမ္ပဏီတို့က ၂၀၀၆ခုနှစ်ခန့် တွင် သဘော တူညီ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးမရရှိသေးခင်ကာလတွင် ကရင်ပြည်နယ်အတွင်းနှင့် ကရင်လူမျိုးများနေထိုင်သည့် ဒေသများတွင် အကြီးစား ရေကာတာ စီမံကိန်းများ မလုပ်ကိုင်ရန် ကရင်ပြည်သူများနှင့် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ က တောက်လျှောက်တောင်းဆိုထားသည်။

ဟတ်ကြီးရေကာတာအပါအဝင် သံလွင်မြစ်ပေါ်တွင် အကြီးစား ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်သည့် ရေကာတာစီမံကိန်း ၁၄ ခု တည်ဆောက်ဖို့ လျာထားကြောင်း၊ အဆိုပါစီမံကိန်းများမှ အနည်းဆုံး လျှပ်စစ်ဓါတ် အား မီဂါဝပ် ၁ သောင်းခွဲခန့် ထုတ်နိုင်ရန် ရည်ရွယ်ပြီး အစိုးရအဆက်ဆက် ကြိုးစားလာခဲ့သည်ဟု ကရင်မြစ် ချောင်း များကွန်ရက် (KRW) ရဲ့ ထုတ်ပြန်ချက်များ အရသိရသည်။

ကရင်မြစ်ချောင်းများကွန်ရက် (KRW) ၏ ယခင် ထုတ်ပြန်ချက်များအရ ဟတ်ကြီးရေကာတာ စီမံကိန်းတွင် ပါဝင် ပတ်သက်နေသည့် အိမ်နီးချင်းနိုင်ငံများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများ ဖြစ်ကြသော်လည်း ယခု စစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်မယ့် အခြေအနေတွင် မည်သည့်နိုင်ငံများ ပါဝင်ပတ်သက်မည်ကို မသိရသေးပေ။

*** ZAWGYI ***
ဟတ္ႀကီးေရကာ ေဆာက္လိုမႈ စစ္ေကာင္စီ ရည္႐ြယ္ခ်က္ မ႐ိုးသား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၈ ရက္။

ဟတ္ႀကီးေရကာတာ တည္ေဆာက္လိုသည့္ စစ္ေကာင္စီ၏ ဆႏၵမွာ စစ္ေရးဗ်ဴဟာ အသာစီးရရန္ ျဖစ္သည္ဟု ကရင္ အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။

ကရင္ျမစ္ေခ်ာင္းမ်ား ေစာင့္ၾကည့္ေရးကြန္ရက္ အဖြဲ႕ (Karen River Watch) က ေျပာေရးဆို ခြင့္ရွိသူ ေစာသာ ဘိုး က “စစ္ေရး ဗ်ဴဟာအရကလည္း သူတို႔ ဒီေနရာကို ျပန္ၿပီး လႊမ္းမိုးခ်င္တဲ့အတြက္ ေရကာတာကို တြန္း တယ္။ ၿပီးေတာ့ တစ္ဖက္မွာလည္း ႏိုင္ငံေရး အက်ိဳးအျမတ္ထုတ္ ခ်င္တဲ့ ဒီရင္းႏွီးျမဳပ္ႏွံမႈေတြကို သူက ႏိုင္ငံ ေရးအရ ထိုင္းတို႔ တ႐ုတ္တို႔ အကာအကြယ္ေပးမႈ မ်က္ႏွာရလိုမႈနဲ႔ သူအဲဒါကို ဒီ ပေရာဂ်က္ကို သူတြန္းျခင္း ျဖစ္ တယ္။” ဟု ေျပာသည္။

ျပည္သူမ်ား ေတာက္ေလွ်ာက္ကန႔္ကြက္ေနသည့္ သံလြင္ျမစ္ေပၚက ဟတ္ႀကီးေရကာတာ စီမံကိန္း ေဆာက္လုပ္ သင့္ေၾကာင္း စစ္ေကာင္စီက မၾကာေသးမီက ေျပာဆိုလာခဲ့ျခင္းျဖစ္သည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က “ႏိုင္ငံတစ္ခု ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္ဓါတ္အားရရွိမႈ၊ ပို႔ ေဆာင္ ေရး စနစ္ေကာင္းမြန္မႈ၊ ဆက္သြယ္ေရးစနစ္ ေကာင္းမြန္မႈႏွင့္ လူသားအရင္းအျမစ္ေပါႂကြယ္ဝမႈမ်ားသည္ အဓိက အေရးႀကီးေၾကာင္း၊ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရးႏွင့္ ပတ္သက္၍ ျပည္နယ္၏ လွ်ပ္စစ္ဓါတ္အားလို အပ္ခ်က္ ကို ျဖည့္ဆည္းေပးႏိုင္မည့္ ျပည့္ၿဖိဳးၿမဲ စြမ္းအင္ျဖစ္သည့္ ေရအရင္းျမစ္မ်ားရွိၿပီးျဖစ္ေၾကာင္း၊ သံလြင္ ျမစ္ေပၚ တြင္ တည္ေဆာက္မည့္ ဟက္ႀကီးေရအားလွ်ပ္စစ္စက္႐ုံမ်ိဳးသည္ ကရင္ျပည္နယ္ကို အေထာက္အကူျပဳ မည္ ျဖစ္သည့္အတြက္ ေဆာင္႐ြက္သင့္ေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ကန႔္ကြက္ေနသူမ်ားကို နားလည္ေစလို ေၾကာင္း” ဘားအံခရီးစဥ္တြင္ ေျပာဆိုခဲ့သည္။

စစ္ေကာင္စီတပ္က အာဏာသိမ္းၿပီးေနာက္ႀကဳံေနရသည့္ အခက္အခဲမ်ားထဲတြင္ ေငြေရးေၾကးေရး အခက္အခဲ အျပင္ နယ္ေျမစိုးမိုးေရးအတြက္ ယခုကဲ့သို႔ တိုက္တြန္းေနရျခင္း ျဖစ္သည္ဟု ကရင္ျမစ္ေခ်ာင္းမ်ား ေစာင့္ၾကည့္ ေရးကြန္ရက္ အဖြဲ႕ (Karen River Watch) က ေထာက္ျပသည္။

“တတိယ တစ္ခုက သူရဲ႕ ပိုက္ဆံလိုေနတယ္ေပါ့ေနာ။ စစ္ေကာင္စီမွာ ပိုက္ဆံလည္း မရွိတဲ့အခါက်ေတာ့ ဒီပေရာဂ်က္ အား ျဖင့္ သူတို႔ေတြ ပိုက္ဆံရႏိုင္တယ္။ ၿမိဳးၿမိဳးျမတ္ျမတ္ ရႏိုင္တဲ့ဟာမ်ိဳးေတြရွိတယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ အခ်ိဳ႕ ေတြက Contract ေတြအေပၚမွာ သူတို႔ ပိုက္ဆံရႏိုင္တယ္။ ဒါေၾကာင့္ ဒီလိုရည္႐ြယ္ ခ်က္ေတြနဲ႔ လုပ္ေနတယ္လို႔ ယူဆတယ္” ဟု ေစာသာ ဘိုး က ဆက္ေျပာသည္။

ျမန္မာတစ္ႏိုင္ငံလုံးက ျပည္သူမ်ားက စစ္အာဏာရွင္ဆန႔္က်င္ေနသည့္အတြက္ ဆုံးရႈံးမႈမ်ားစြာႏွင့္ ရင္ဆိုင္ေန ရ သည့္ အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ ႏိုင္ငံေရး၊ စစ္ေရးအေျခအေနမ်ားကို ထိန္းခ်ဳပ္ႏိုင္ေရး နည္းမ်ိဳးစုံ ႀကိဳး စားေနၿပီး ေငြေၾကးလိုအပ္ခ်က္မ်ားစြာရွိေနသည့္အတြက္ တဖက္တစ္လွမ္းကေန ေငြရရွိႏိုင္ေရး ႀကိဳးစားေနျခင္း သာျဖစ္သည္ဟု ကရင္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။

ထို႔ေၾကာင့္ ကရင္ျပည္နယ္ ဖြံ႕ၿဖိဳးေရး၊ ေဒသအတြင္းရွိ ကရင္ျပည္သူမ်ား လွ်က္စစ္မီးရရွိေရးဆိုသည္မွာ မျဖစ္ ႏိုင္ဘူးဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ (KPSN) ေျပာေရးဆိုခြင့္ရွိသူ ေစာအဲလက္စ္ က ေျပာ သည္။

“သေဘာ ႐ိုးအေနနဲ႔ ဒါသည္ ကရင္လူမ်ိဳးေတြကို ကရင္ျပည္တစ္ခုလုံးကို မီးေပးမယ္၊ ကရင္ေတြကို သူ တို႔ကို မေတာ္လွန္ေအာင္ မဆန႔္က်င္ေအာင္ လုပ္လိုတဲ့ ရည္႐ြယ္ခ်က္နဲ႔မ်ား လုပ္သလားဆိုတဲ့ က်ေနာ္တို႔ က ေတာ့ သုံးသပ္တာေပါ့ေနာ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီကရင္ျပည္နယ္မွာ လက္နက္ကိုင္အဖြဲ႕အစည္းေတြ အမ်ားႀကီးရွိေနတယ္။ ဒီလက္နက္ကိုင္အဖြဲ႕အစည္းေတြၾကားမွာလည္း စစ္ေကာင္စီအာဏာသိမ္းမႈကို သေဘာ မေတြ႕တဲ့ ဆန႔္က်င္ေနတဲ့ အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားေတြ႕ရတယ္ေပါ့ေနာ္။ ဆိုေတာ့ ဒီေရကာတာကို အခု လက္ရွိျပန္လည္ အသက္သြင္းၿပီးေတာ့မွ မီးေပးမယ္ဆိုတာ ဒါသည္ သေဘာ႐ိုးနဲ႔ ေျပာတာ လုံးဝမဟုတ္ႏိုင္ ဘူး။”

ေမလ ၃၁ ရက္ေန႔က ကရင္ျပည္နယ္ခရီးစဥ္အတြင္း အာဏာသိမ္းစစ္ေကာင္စီေခါင္းေဆာင္က ျပည္နယ္ စစ္ ေကာင္စီအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ဟတ္ႀကီးေရကာတာကို ေဆာက္လုပ္သင့္ေၾကာင္း ေျပာဆိုခဲ့ ျခင္းအေပၚ ကရင္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေထာက္ျပေျပာဆိုလိုက္ျခင္း ျဖစ္သည္။

ေစာအဲလက္စ္ က “ဒီဟာသည္ ေကာက္က်စ္ စဥ္းလဲတဲ့ ႏိုင္ငံေရး ေနာက္ကြယ္က ကစားကြက္ေတြ အမ်ားႀကီး ရွိႏိုင္တဲ့အတြက္ က်ေနာ္ တို႔ မင္းေလာင္လႈိင္ စစ္ေကာင္စီကလုပ္တဲ့ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ သမိုင္းကိုၾကည့္ လိုက္ပါ တပ္မေတာ္က လုပ္တဲ့ စစ္အာဏာရွင္က လုပ္တဲ့ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ျပည္သူလူထုကို အက်ိဳးရွိ ေစတာ ဘယ္ႏွစ္ခု ရွိခဲ့ဖူးလဲ။ တစ္ခုမွ မရွိခဲ့ဘူး။ တဖက္လွည့္နဲ႔ ကရင္လူမ်ိဳးကို အခ်င္းခ်င္းကြဲၿပဲေအာင္ လုပ္ႏိုင္ တယ္။ ၿပီးခဲ့တဲ့ ႏွစ္ရက္သုံး ရက္က ဒီကို လာၿပီးမွ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတံတားကို သံလြင္တံတားဆိုၿပီးေတာ့မွ မြန္လူမ်ိဳးေတြကို ျပန္ၿပီးဖား တဲ့ ပုံစံမ်ိဳးလို လို ဘာလိုလို က်ေနာ္တို႔ ေတြ႕ရတယ္။ ဒါက ႐ုပ္ျပအေပၚယံလာၿပီး လုပ္ျပတဲ့ သေဘာပဲ ရွိတယ္” ဟု ေျပာသည္။

သို႔ေသာ္ စစ္တပ္အေနျဖင့္ သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္လည္း ျပည္သူလူထုအတြက္ လုပ္ေဆာင္ေပးခဲ့သည့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းဆိုသည္မွာ မရွိခဲ့ေၾကာင္း၊ ယခုကဲ့သို႔ေျပာဆိုျခင္းသည္ စစ္ေကာင္စီအတြက္သာျဖစ္သည္ဟု ေစာသာဘိုး က ဆက္ေျပာသည္။

“က်ေနာ္တို႔ ကရင္ျပည္နယ္ထဲမွာ ဆိုလို႔ရွိရင္ အရင္က ေသာက္ေရခပ္ေရကာတာ ဆိုတာရွိတယ္။ ေတာင္ငူခ႐ိုင္ တပ္မဟာ ၂ ဖက္မွာေပါ့ေနာ။ ေသာက္ေရခပ္ ေရကာတာရွိတယ္။ အဲဒီ အပစ္ခတ္မရပ္ခင္ေပါ့ေနာ။ အဲဒီမွာ သူ တို႔ ေဆာက္တယ္ ၂၀၁၀ ေနာက္ပိုင္း သူတို႔ ေရကာတာလည္း ေဆာက္ၿပီးတာနဲ႔ ေနာက္ပိုင္း ဘာျဖစ္သြားလဲ အဲဒီ ေတာင္ငူခ႐ိုင္က ဧရိယာ ေတာ္ေတာ္မ်ားမ်ားက ေသာင္းနဲ႔ ခ်ီတဲ့ ဧကေတြက လႊမ္းသြားေရာ ေရျမဳပ္သြားတဲ့ အခါက်ေတာ့ အဲဒီေနရာကို က်ည္ဆန္တစ္ေထာင့္ လြတ္စရာမလိုပဲ အဲဒီေနရာကို ထိန္းခ်ဳပ္ၿပီးသားျဖစ္ သြား တာေပါ့။ ဒီေတာ့ က်ေနာ္ထင္တယ္။”

ေရအားလွ်ပ္စစ္စြမ္းအင္ ၁၂၀၀ မီဂါဝပ္ထုတ္လုပ္ႏိုင္ရန္ ရည္႐ြယ္ၿပီး သံလြင္ျမစ္ေပၚတြင္ ဟတ္ႀကီးေရကာတာ စီမံ ကိန္းကို တည္ေဆာက္ရန္ စစ္အစိုးရလက္ထက္ကတည္းက ျမန္မာႏိုင္ငံလွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ထိုင္း ႏိုင္ငံ လွ်ပ္စစ္ထုတ္လုပ္ေရး အာဏာပိုင္အဖြဲ႕ႏွင့္ တ႐ုတ္ႏိုင္ငံကခ ဆိုင္ႏိုဟိုဒ႐ိုကုမၸဏီတို႔က ၂၀၀၆ခုႏွစ္ခန႔္ တြင္ သေဘာ တူညီ လက္မွတ္ထိုးခဲ့ၾကျခင္းျဖစ္သည္။

စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးမရရွိေသးခင္ကာလတြင္ ကရင္ျပည္နယ္အတြင္းႏွင့္ ကရင္လူမ်ိဳးမ်ားေနထိုင္သည့္ ေဒသမ်ားတြင္ အႀကီးစား ေရကာတာ စီမံကိန္းမ်ား မလုပ္ကိုင္ရန္ ကရင္ျပည္သူမ်ားႏွင့္ ကရင္ျမစ္ေခ်ာင္းမ်ား ေစာင့္ၾကည့္ေရး ကြန္ရက္အဖြဲ႕ က ေတာက္ေလွ်ာက္ေတာင္းဆိုထားသည္။

ဟတ္ႀကီးေရကာတာအပါအဝင္ သံလြင္ျမစ္ေပၚတြင္ အႀကီးစား ေရအားလွ်ပ္စစ္စြမ္းအင္ ထုတ္လုပ္ႏိုင္သည့္ ေရကာတာစီမံကိန္း ၁၄ ခု တည္ေဆာက္ဖို႔ လ်ာထားေၾကာင္း၊ အဆိုပါစီမံကိန္းမ်ားမွ အနည္းဆုံး လွ်ပ္စစ္ဓါတ္ အား မီဂါဝပ္ ၁ ေသာင္းခြဲခန႔္ ထုတ္ႏိုင္ရန္ ရည္႐ြယ္ၿပီး အစိုးရအဆက္ဆက္ ႀကိဳးစားလာခဲ့သည္ဟု ကရင္ျမစ္ ေခ်ာင္း မ်ားကြန္ရက္ (KRW) ရဲ႕ ထုတ္ျပန္ခ်က္မ်ား အရသိရသည္။

ကရင္ျမစ္ေခ်ာင္းမ်ားကြန္ရက္ (KRW) ၏ ယခင္ ထုတ္ျပန္ခ်က္မ်ားအရ ဟတ္ႀကီးေရကာတာ စီမံကိန္းတြင္ ပါဝင္ ပတ္သက္ေနသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွာ ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံမ်ား ျဖစ္ၾကေသာ္လည္း ယခု စစ္ေကာင္စီက ျပန္လည္အေကာင္အထည္ေဖာ္မယ့္ အေျခအေနတြင္ မည္သည့္ႏိုင္ငံမ်ား ပါဝင္ပတ္သက္မည္ကို မသိရေသးေပ။