ကယားစစ်ဘေးရှောင်ဦးရေ တိုးများလာ၊ အကူအညီများ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်။

လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး ပဋိပက္ခများကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင် နေရ သည့် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ခန့် အထိရှိလာပြီး အဖက်ဖက်မှ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

ကယားပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းက စတင်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင် ဦးရေ တစ်သိန်းဝန်းကျင်အထိ ရှိလာပြီဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

၎င်းက “စပြေးတဲ့ ရက်နဲ့ ထွက်ပြေးတဲ့ရက်နဲ့ ဒီအခြေအနေထိတော့ အားလုံးပဲဗျာ။ အခုထိလည်း အခြေအနေ မငြိမ်သေးခါကျတော့ အဲဒီအရင်က ကျနော်တို့ ထွက်ပြေးတဲ့ ပုံစံမျိုးကျနော်တို့ သွားနေရတယ်။ ဒုက္ခသည် အရေအတွက် အားလုံးပေါင်းဆို တစ်သိန်းလောက်တော့ ရှိတယ်ဗျာ။ ထွက်ပြေးတဲ့ လူတွေ ကိုယ့်အိမ် ကိုယ်စွန့် ပြီးတော့မှ တစ်ခြားသော နေရာဒေသမှာ သို့မဟုတ် တောတောင်မှာ သို့မဟုတ် တစ်ခြားသော မြို့ နယ်မှာ ထွက် ပြေး ခိုလှုံနေသူတွေ တစ်သိန်း ဂဏာန်းလောက်ရှိတယ်ဗျာ” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ရှမ်း ပြည်နယ် တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ စသည့် မြို့များမှ ဒေသခံ တစ်သိန်းဝန်းကျင်မှာ တောတောင်များနှင့် စစ် ဘေးလွတ်ရာ ဒေသများသို့ တိမ်းရှောင်နေကြရပြီး စားသောက် နေထိုင်ရေးများအပြင် အဖက်ဖက်မှ အကူအညီ များလည်း လိုအပ်နေ ဆဲဖြစ်သည်ဟု ပြောသည်။

“အခုလက်ရှိ အနေအထားခါကျတော့ စပါးတွေ ဘာတွေ ရှိသေးတယ်ခါကျတော့ တစ်လ နှစ်လ အတွင်းတော့ ကျနော်တို့ တောင့်ခံနိုင်တဲ့ အနေအထားရှိနိုင်သေးတယ်ပေါ့နော်။ ဒါပေမယ့် တစ်ခြားသော စားနပ်ရိက္ခာ ဆီတွေ၊ ဆားတွေ အခြားသော ကုန်ခြောက်တွေ ဆေးဝါး ပစ္စည်းတွေ ပြတ်လပ်နေတဲ့ အနေအထားမှာ ရှိတယ်ဗျာ။ ဒီ အတောအတွင်း ပြတ်လပ်နေတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်။ ဆန်ကလွဲရင် အခြားသော ကုန်စည်တွေ က တော့ ပြတ်တောက်နေတဲ့ အနေအထားမှာ ကျနော်တို့ တွေ့ရတယ်ပေါ့” ဟု စစ်ရှောင်စခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

လက်ရှိ အခြေအနေအရ စစ်ဘေးရှောင်များအတွက် ဆန်စပါး နှစ်လစာအတွက် ဖူလုံမှုရှိသော်လည်း ယခုကဲ့သို့ ရှေရှည် သွားနေမည်ဆိုပါက နောက်ပိုင်းတွင် အဖက်ဖက်မှ ပိုမို ခက်ခဲလာနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များအပြင် လက်ရှိတွင် ဆေးဝါးများလည်း အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဒေသခံ လူငယ်က ဆက် ပြော သည်။

၎င်းက “အခုလက်ရှိ အနေအထားက အဓိက လိုအပ်တာက အများအားဖြင့် ကလေးတွေအတွက် အဓိက ဆေး ဝါး ပစ္စည်းလိုတယ်။ သူတို့အတွက် နည်းနည်းလေး နေထိုင်မှုပုံစံမျိုးတွေ အဲဒါမျိုးတွေ လိုအပ်တာရှိတယ်။ နောက်ထပ်အဓိက ဘာတွေ လိုအပ်တာလဲဆိုလို့ရှိရင် လူကြီးနဲ့ ကလေးတွေ နောက် မသန်မစွမ်းရှိတဲ့ လူတွေ သက်ကြီးရွယ်အိုတွေအတွက် အဓိက ဆေးဝါးပစ္စည်းတွေ အများကြီးလိုတယ်။ နောက် အမျိုးသမီးအသုံး အဆောင် ပစ္စည်းတွေလည်း အများကြီးလိုအပ်တဲ့ အခြေအနေမှာ ရှိတယ်ဗျာ” ဟု ပြောသည်။

ထို့အပြင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့် အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန် အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ စစ်ကောင်စီ တပ်က ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို ပြန်လည် တိုက်ခိုက်ရာတွင် လေကြောင်း ပစ်ကူနှင့် လက်နက်ကြီး ပစ်ကူများ အသုံးပြုခဲ့သည်။

ဒေသခံများမှာ ၎င်းတို့နေထိုင်ရာ ဒေသများတွင် လုံခြုံမှု မရှိတော့သည့်အတွက် နီးစပ်ရာ မြို့များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး အများစုမှာ တောတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ရေး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ စစ်ဘေး ရှောင်ဦးရေ တစ်သိန်းဝန်းကျင်အထိရှိလာနေပြီ အဆိုပါ စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်အတွက် အဖက်ဖက်မှ အကူအညီ များလိုအပ်နေဆဲဖြစ်သည် ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ က ဆိုသည်။

*** ZAWGYI ***
ကယားစစ္ေဘးေရွာင္ဦးေရ တိုးမ်ားလာ၊ အကူအညီမ်ား လိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၈ ရက္။

လက္ရွိျဖစ္ေပၚေနသည့္ စစ္ေရး ပဋိပကၡမ်ားေၾကာင့္ ကယား(ကရင္နီ)ျပည္နယ္တြင္ ထြက္ေျပးတိမ္းေရွာင္ ေနရ သည့္ စစ္ေဘးေရွာင္ တစ္သိန္းဝန္းက်င္ခန႔္ အထိရွိလာၿပီး အဖက္ဖက္မွ အကူအညီမ်ား လိုအပ္ေနဆဲျဖစ္သည္ ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ားက ေျပာသည္။

ကယားျပည္နယ္တြင္ ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းက စတင္ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ စစ္ေဘးလြတ္ရာ ေဒသသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရၿပီး လက္ရွိအခ်ိန္ထိ စစ္ေဘးေရွာင္ ဦးေရ တစ္သိန္းဝန္းက်င္အထိ ရွိလာၿပီဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူ ေဒသခံ လူငယ္တစ္ဦးက ေျပာသည္။

၎က “စေျပးတဲ့ ရက္နဲ႔ ထြက္ေျပးတဲ့ရက္နဲ႔ ဒီအေျခအေနထိေတာ့ အားလုံးပဲဗ်ာ။ အခုထိလည္း အေျခအေန မၿငိမ္ေသးခါက်ေတာ့ အဲဒီအရင္က က်ေနာ္တို႔ ထြက္ေျပးတဲ့ ပုံစံမ်ိဳးက်ေနာ္တို႔ သြားေနရတယ္။ ဒုကၡသည္ အေရအတြက္ အားလုံးေပါင္းဆို တစ္သိန္းေလာက္ေတာ့ ရွိတယ္ဗ်ာ။ ထြက္ေျပးတဲ့ လူေတြ ကိုယ့္အိမ္ ကိုယ္စြန႔္ ၿပီးေတာ့မွ တစ္ျခားေသာ ေနရာေဒသမွာ သို႔မဟုတ္ ေတာေတာင္မွာ သို႔မဟုတ္ တစ္ျခားေသာ ၿမိဳ႕ နယ္မွာ ထြက္ ေျပး ခိုလႈံေနသူေတြ တစ္သိန္း ဂဏာန္းေလာက္ရွိတယ္ဗ်ာ” ဟု ေျပာသည္။

လက္ရွိ ျဖစ္ပြားေနသည့္ စစ္ေရးပဋိကၡမ်ားေၾကာင့္ ကယားျပည္နယ္ထဲက လြိဳင္ေကာ္၊ ဒီေမာဆို၊ ဖ႐ူဆိုႏွင့္ ရွမ္း ျပည္နယ္ ေတာင္ပိုင္းက ဖယ္ခုံ၊ မိုးၿဗဲ စသည့္ ၿမိဳ႕မ်ားမွ ေဒသခံ တစ္သိန္းဝန္းက်င္မွာ ေတာေတာင္မ်ားႏွင့္ စစ္ ေဘးလြတ္ရာ ေဒသမ်ားသို႔ တိမ္းေရွာင္ေနၾကရၿပီး စားေသာက္ ေနထိုင္ေရးမ်ားအျပင္ အဖက္ဖက္မွ အကူအညီ မ်ားလည္း လိုအပ္ေန ဆဲျဖစ္သည္ဟု ေျပာသည္။

“အခုလက္ရွိ အေနအထားခါက်ေတာ့ စပါးေတြ ဘာေတြ ရွိေသးတယ္ခါက်ေတာ့ တစ္လ ႏွစ္လ အတြင္းေတာ့ က်ေနာ္တို႔ ေတာင့္ခံႏိုင္တဲ့ အေနအထားရွိႏိုင္ေသးတယ္ေပါ့ေနာ္။ ဒါေပမယ့္ တစ္ျခားေသာ စားနပ္ရိကၡာ ဆီေတြ၊ ဆားေတြ အျခားေသာ ကုန္ေျခာက္ေတြ ေဆးဝါး ပစၥည္းေတြ ျပတ္လပ္ေနတဲ့ အေနအထားမွာ ရွိတယ္ဗ်ာ။ ဒီ အေတာအတြင္း ျပတ္လပ္ေနတဲ့ အေနအထားေတြ ရွိတယ္ေပါ့ေနာ္။ ဆန္ကလြဲရင္ အျခားေသာ ကုန္စည္ေတြ က ေတာ့ ျပတ္ေတာက္ေနတဲ့ အေနအထားမွာ က်ေနာ္တို႔ ေတြ႕ရတယ္ေပါ့” ဟု စစ္ေရွာင္စခန္းမွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

လက္ရွိ အေျခအေနအရ စစ္ေဘးေရွာင္မ်ားအတြက္ ဆန္စပါး ႏွစ္လစာအတြက္ ဖူလုံမႈရွိေသာ္လည္း ယခုကဲ့သို႔ ေရွရွည္ သြားေနမည္ဆိုပါက ေနာက္ပိုင္းတြင္ အဖက္ဖက္မွ ပိုမို ခက္ခဲလာႏိုင္သည္ဟု ဆိုသည္။

ထို႔အျပင္ ဆန္၊ ဆီ၊ ဆားကဲ့သို႔ အေျခခံစားေသာက္ကုန္မ်ားအျပင္ လက္ရွိတြင္ ေဆးဝါးမ်ားလည္း အေရးေပၚ အကူအညီမ်ား လိုအပ္ေနသည္ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသည့္ ေဒသခံ လူငယ္က ဆက္ ေျပာ သည္။

၎က “အခုလက္ရွိ အေနအထားက အဓိက လိုအပ္တာက အမ်ားအားျဖင့္ ကေလးေတြအတြက္ အဓိက ေဆး ဝါး ပစၥည္းလိုတယ္။ သူတို႔အတြက္ နည္းနည္းေလး ေနထိုင္မႈပုံစံမ်ိဳးေတြ အဲဒါမ်ိဳးေတြ လိုအပ္တာရွိတယ္။ ေနာက္ထပ္အဓိက ဘာေတြ လိုအပ္တာလဲဆိုလို႔ရွိရင္ လူႀကီးနဲ႔ ကေလးေတြ ေနာက္ မသန္မစြမ္းရွိတဲ့ လူေတြ သက္ႀကီး႐ြယ္အိုေတြအတြက္ အဓိက ေဆးဝါးပစၥည္းေတြ အမ်ားႀကီးလိုတယ္။ ေနာက္ အမ်ိဳးသမီးအသုံး အေဆာင္ ပစၥည္းေတြလည္း အမ်ားႀကီးလိုအပ္တဲ့ အေျခအေနမွာ ရွိတယ္ဗ်ာ” ဟု ေျပာသည္။

ထို႔အျပင္ မိုးရာသီေရာက္ရွိလာၿပီျဖစ္သည့္ အတြက္ စစ္ေဘးေရွာင္မ်ားေနထိုင္သည့္ ေနရာမ်ားကို ကာရံရန္ အတြက္ တာလပတ္၊ မိုးကာမ်ားအျပင္ ယင္လုံအိမ္သာမ်ားလည္း လိုအပ္ေနသည္ဟု ဆိုသည္။

ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းမွ စတင္ကာ ကရင္နီျပည္နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာခဲ့သည္။ စစ္ေကာင္စီ တပ္က ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕မ်ားကို ျပန္လည္ တိုက္ခိုက္ရာတြင္ ေလေၾကာင္း ပစ္ကူႏွင့္ လက္နက္ႀကီး ပစ္ကူမ်ား အသုံးျပဳခဲ့သည္။

ေဒသခံမ်ားမွာ ၎တို႔ေနထိုင္ရာ ေဒသမ်ားတြင္ လုံၿခဳံမႈ မရွိေတာ့သည့္အတြက္ နီးစပ္ရာ ၿမိဳ႕မ်ားသို႔ ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့ၾကရၿပီး အမ်ားစုမွာ ေတာေတာင္ထဲသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရသည္။

လက္ရွိတြင္ ကယား (ကရင္နီ) ျပည္နယ္တြင္ စစ္ေရး ပဋိပကၡေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသူ စစ္ေဘး ေရွာင္ဦးေရ တစ္သိန္းဝန္းက်င္အထိရွိလာေနၿပီ အဆိုပါ စစ္ေဘးေရွာင္ တစ္သိန္းဝန္းက်င္အတြက္ အဖက္ဖက္မွ အကူအညီ မ်ားလိုအပ္ေနဆဲျဖစ္သည္ ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ား က ဆိုသည္။