ကရင်နီ စစ်ရှောင်များအတွက် ဝမ်းရောဂါ ဆေးနှင့် နာတာရှည်ရောဂါ ဆေးဝါးများ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်။

ကယား(ကရင်နီ)စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများနှင့် နာတာရှည် ရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများ အရေးအပေါ် အကူအညီလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးနေသူများက ပြောသည်။

လက်ရှိ ကရင်နီ စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် ကလေးသူငယ် ဦးရေ တိုးပွားလာသည့်အပြင် နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချို ကဲ့သို့ စွဲ၍ သောက်ရသည့် ရောဂါရှိသူ သက်ကြီး ရွယ်အို လူနာများလည်း ရှိနေသည့်အတွက် အဆိုပါ ရောဂါများနှင့် သက်ဆိုင်သည့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ဘေးရှာင်များကို ကူညီပေးနေသူများက တစ်ဦးက ပြောသည်။

၎င်းက “အခုအဓိက လိုတာက ကလေးတွေအတွက် ဝမ်းလျှောဝမ်းပျက်တွေလိုတယ်။ နောက်ထပ်သော မွေး ကင်းစပဲ ပြောရမလား ခြောက်လအောက်ကလေးတွေရယ်၊ နောက် ခြောက်လအထက် ကလေးတွေ အတွက် အာဟာရမုန့်တွေ လုံလုံလောက်လောက် မရှိတဲ့ အခါကျတော့ အဲလိုမျိုး အချို့သော ကလေးတွေ ကျတော့ ကျန်းမာရေး ထိခိုက်တာရှိတယ်။ မွေးကင်းစကလေးတွေရယ်၊ ခြောက်လအထက်ကလေးတွေရော ဝမ်းလျှော ဝမ်းပျက်တာ အများကြီး ကြုံတွေ့ရတယ်ဗျာ” ဟု ပြောသည်။

ထိုအခြေအနေများကြောင့် ကလေးသူငယ် တစ်ရာ ရာခိုင်နှုန်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ သုံး ဆယ်ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းတွင် သွေးတိုး၊ ဆီးချို-သွေးချို၊ နှလုံးရောဂါ သမားများလည်း ရှိနေသည့်အတွက် အဆိုပါ ရောဂါခံစားနေရသူများအတွက် ဆေးဝါးများလည်း လိုအပ်နေသည်ဟု ဆက်ပြောသည်။

“နောက်တစ်ခုရှိသေးတာက သက်ကြီးရွယ်အိုတွေ သူတို့အတွက် နာတာရှည်ရောဂါအတွက် ဆေးဝါး ပြတ်လတ် နေတဲ့ အနေအထားတွေလည်း ရှိတယ်ဗျာ။အများသောက်တဲ့ ဆေးတွေခါကျတော့ အခုပြတ် လတ်တဲ့ အနေအ ထားမှာရှိတဲ့အတွက် သူတို့အတွက် ဒုက္ခတွေ အများကြီး ရောက်တဲ့ အနေအထားမှာရှိ တယ်။ဥပမာ နှလုံးရောဂါ တို့ သွေးချို၊ ဆီးချို၊ သွေးတိုးသမားတို့အတွက် ဆိုရင် သွေးတိုးဆေးသမားကို အမြဲတမ်းသောက်နေရတဲ့သူတွေ ပေါ့နော ဆေးပြတ်လို့မရတဲ့ ရောဂါပုံစံမျိုးပေါ့ သွေးတိုးတို့ လေဖြတ် လေဖျန်းပုံစံမျိုး ဆေးအများကြီး ဆေး ပုံ မှန်ပုံမှန်သောက်ရတဲ့ အဲလိုမျိုးရောဂါသည်တွေအတွက်ပေါ့” ဟု စစ်ဘေးရှောင်များကို သွားရောက် ကူညီပေး နေသူ တစ်ဦးက ပြောသည်။

စစ်ရှောင်တစ်ဦးက “မိုးတွေကလည်း အမြဲရွာနေတော့ လိုအပ်တာတွေလည်း အရမ်းများလာတယ်။ ဖျားနာတာ တွေလည်း များလာတယ်။ ကလေးတွေလည်းများတယ်၊ လသားကလေးတွေလည်းရှိတော့ အခုဆိုရင် အနှီးပိတ် တွေ ဘာတွေလည်းလိုတယ်။ ကလေးအသုံးဆောင်ပစ္စည်းနဲ့ ကလေးတွေအတွက် ဆေးတွေလည်း လိုပါတယ်” ဟု ပြောသည်။

ထို ဆေးဝါးလိုအပ်မှု ရှိနေသည့် အခြားတစ်ဖက်တွင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင် များနေထိုင်သည့် နေရာများကို ကာရံရန်အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံ အိမ်သာများလည်း လို အပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထို တိုက်ပွဲများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ရှမ်း ပြည်နယ် တောင်ပိုင်းက ဖယ် ခုံ၊ မိုးဗြဲ စသည့် မြို့များမှ ဒေသခံ တစ်သိန်းဝန်းကျင်မှာ တောတောင်များနှင့် စစ်ဘေးလွတ်ရာ ဒေသများသို့ တိမ်းရှောင်နေကြရပြီး ဆေးဝါးများအပြင် အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေဆဲ ဖြစ်သည် ဟု စစ် ဘေးရှောင်များကို အကူအညီပေး နေသူများက ဆိုသည်။

*** ZAWGYI ***
ကရင္နီ စစ္ေရွာင္မ်ားအတြက္ ဝမ္းေရာဂါ ေဆးႏွင့္ နာတာရွည္ေရာဂါ ေဆးဝါးမ်ား လိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၈ ရက္။

ကယား(ကရင္နီ)စစ္ေရွာင္စခန္းမ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါႏွင့္ ပတ္သက္သည့္ ေဆးဝါးမ်ားႏွင့္ နာတာရွည္ ေရာဂါႏွင့္ ပတ္သက္သည့္ ေဆးဝါးမ်ား အေရးအေပၚ အကူအညီလိုအပ္ေနသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီ ေပးေနသူမ်ားက ေျပာသည္။

လက္ရွိ ကရင္နီ စစ္ေရွာင္စခန္းမ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ျဖစ္ပြားသည့္ ကေလးသူငယ္ ဦးေရ တိုးပြားလာသည့္အျပင္ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးခ်ိဳ ကဲ့သို႔ စြဲ၍ ေသာက္ရသည့္ ေရာဂါရွိသူ သက္ႀကီး ႐ြယ္အို လူနာမ်ားလည္း ရွိေနသည့္အတြက္ အဆိုပါ ေရာဂါမ်ားႏွင့္ သက္ဆိုင္သည့္ ေဆးဝါးမ်ား လိုအပ္ေနသည္ဟု စစ္ေဘးရွာင္မ်ားကို ကူညီေပးေနသူမ်ားက တစ္ဦးက ေျပာသည္။

၎က “အခုအဓိက လိုတာက ကေလးေတြအတြက္ ဝမ္းေလွ်ာဝမ္းပ်က္ေတြလိုတယ္။ ေနာက္ထပ္ေသာ ေမြး ကင္းစပဲ ေျပာရမလား ေျခာက္လေအာက္ကေလးေတြရယ္၊ ေနာက္ ေျခာက္လအထက္ ကေလးေတြ အတြက္ အာဟာရမုန႔္ေတြ လုံလုံေလာက္ေလာက္ မရွိတဲ့ အခါက်ေတာ့ အဲလိုမ်ိဳး အခ်ိဳ႕ေသာ ကေလးေတြ က်ေတာ့ က်န္းမာေရး ထိခိုက္တာရွိတယ္။ ေမြးကင္းစကေလးေတြရယ္၊ ေျခာက္လအထက္ကေလးေတြေရာ ဝမ္းေလွ်ာ ဝမ္းပ်က္တာ အမ်ားႀကီး ႀကဳံေတြ႕ရတယ္ဗ်ာ” ဟု ေျပာသည္။

ထိုအေျခအေနမ်ားေၾကာင့္ ကေလးသူငယ္ တစ္ရာ ရာခိုင္ႏႈန္းတြင္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါျဖစ္ပြားသူ သုံး ဆယ္ရာခိုင္ႏႈန္းအထိ ရွိေနသည္ဟု ဆိုသည္။

ထို႔အျပင္ စစ္ေဘးေရွာင္စခန္းတြင္ ေသြးတိုး၊ ဆီးခ်ိဳ-ေသြးခ်ိဳ၊ ႏွလုံးေရာဂါ သမားမ်ားလည္း ရွိေနသည့္အတြက္ အဆိုပါ ေရာဂါခံစားေနရသူမ်ားအတြက္ ေဆးဝါးမ်ားလည္း လိုအပ္ေနသည္ဟု ဆက္ေျပာသည္။

“ေနာက္တစ္ခုရွိေသးတာက သက္ႀကီး႐ြယ္အိုေတြ သူတို႔အတြက္ နာတာရွည္ေရာဂါအတြက္ ေဆးဝါး ျပတ္လတ္ ေနတဲ့ အေနအထားေတြလည္း ရွိတယ္ဗ်ာ။အမ်ားေသာက္တဲ့ ေဆးေတြခါက်ေတာ့ အခုျပတ္ လတ္တဲ့ အေနအ ထားမွာရွိတဲ့အတြက္ သူတို႔အတြက္ ဒုကၡေတြ အမ်ားႀကီး ေရာက္တဲ့ အေနအထားမွာရွိ တယ္။ဥပမာ ႏွလုံးေရာဂါ တို႔ ေသြးခ်ိဳ၊ ဆီးခ်ိဳ၊ ေသြးတိုးသမားတို႔အတြက္ ဆိုရင္ ေသြးတိုးေဆးသမားကို အၿမဲတမ္းေသာက္ေနရတဲ့သူေတြ ေပါ့ေနာ ေဆးျပတ္လို႔မရတဲ့ ေရာဂါပုံစံမ်ိဳးေပါ့ ေသြးတိုးတို႔ ေလျဖတ္ ေလဖ်န္းပုံစံမ်ိဳး ေဆးအမ်ားႀကီး ေဆး ပုံ မွန္ပုံမွန္ေသာက္ရတဲ့ အဲလိုမ်ိဳးေရာဂါသည္ေတြအတြက္ေပါ့” ဟု စစ္ေဘးေရွာင္မ်ားကို သြားေရာက္ ကူညီေပး ေနသူ တစ္ဦးက ေျပာသည္။

စစ္ေရွာင္တစ္ဦးက “မိုးေတြကလည္း အၿမဲ႐ြာေနေတာ့ လိုအပ္တာေတြလည္း အရမ္းမ်ားလာတယ္။ ဖ်ားနာတာ ေတြလည္း မ်ားလာတယ္။ ကေလးေတြလည္းမ်ားတယ္၊ လသားကေလးေတြလည္းရွိေတာ့ အခုဆိုရင္ အႏွီးပိတ္ ေတြ ဘာေတြလည္းလိုတယ္။ ကေလးအသုံးေဆာင္ပစၥည္းနဲ႔ ကေလးေတြအတြက္ ေဆးေတြလည္း လိုပါတယ္” ဟု ေျပာသည္။

ထို ေဆးဝါးလိုအပ္မႈ ရွိေနသည့္ အျခားတစ္ဖက္တြင္ မိုးရာသီေရာက္ရွိလာၿပီျဖစ္သည့္အတြက္ စစ္ေဘးေရွာင္ မ်ားေနထိုင္သည့္ ေနရာမ်ားကို ကာရံရန္အတြက္ တာလပတ္၊ မိုးကာမ်ားအျပင္ ယင္လုံ အိမ္သာမ်ားလည္း လို အပ္ေနသည္ဟု ဆိုသည္။

ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ေန႔ ေနာက္ပိုင္းမွ စတင္ကာ ကရင္နီျပည္နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာခဲ့သည္။

ထို တိုက္ပြဲမ်ားေၾကာင့္ ကယားျပည္နယ္ထဲက လြိဳင္ေကာ္၊ ဒီေမာဆို၊ ဖ႐ူဆိုႏွင့္ ရွမ္း ျပည္နယ္ ေတာင္ပိုင္းက ဖယ္ ခုံ၊ မိုးၿဗဲ စသည့္ ၿမိဳ႕မ်ားမွ ေဒသခံ တစ္သိန္းဝန္းက်င္မွာ ေတာေတာင္မ်ားႏွင့္ စစ္ေဘးလြတ္ရာ ေဒသမ်ားသို႔ တိမ္းေရွာင္ေနၾကရၿပီး ေဆးဝါးမ်ားအျပင္ အဖက္ဖက္မွ အကူအညီမ်ားလည္း လိုအပ္ေနဆဲ ျဖစ္သည္ ဟု စစ္ ေဘးေရွာင္မ်ားကို အကူအညီေပး ေနသူမ်ားက ဆိုသည္။