ဒုက္ခသည်များ၏ အစားအစာများ မြန်မာစစ်တပ်က ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

ကရင်နီ စစ်ဘေးရှောင်များထံသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများ နှင့် ဆေးဝါးများကို မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် များ က မီးရှို့ဖျက်ဆီး လိုက်သည် ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများ က ပြောသည်။

မိုးဗြဲမြို့နယ် အတွင်းရှိ တောတောင်ထဲတွင် ထွက်ပြေး ခိုလှုံနေရသည့် စစ်ဘေးရှောင်များထံသို့ ပို့ဆောင်မည့် စား နပ်ရိက္ခာများနှင့် ဆေးဝါးများကို ဇွန်လ ၁၁ ရက်( ယနေ့) နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီ တပ်များက သယ်ဆောင်ခွင့်မပေးပဲ မီးရှို့ဖျက်ဆီးလိုက်သည်ဟု စစ်ဘေး ရှောင်များကို အကူအညီပေးနေသူတစ်ဦး က ပြော သည်။

၎င်းက “အဲဒီ အနောက်ပဒေါင်မှာရှိတဲ့ ဒုက္ခသည်အတွက် စစ်ဘေးရှောင်တွေကို လာပို့ဖို့ စီစဉ်ထားတယ်လို့ တော့ ထင်တယ်။ ဖြတ်သွားတော့ အဲဒီ လွယ်ရင်းမင်္ဂလာလမ်းကို ဖြတ်ပြီးတော့မှ အနောက်ပီကင်း ဖြစ်ဖြစ် အနောက် ပဒေါင်ဖြစ်ဖြစ် ပြန်ရတာကိုး ဆိုတော့ စစ်တပ်က အဲမှာ ဖြတ်ပြီးတော့မှ ဖြတ်တားပြီးမှ မီးရှို့ပုံရတယ်” ဟု ပြောသည်။

စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်သည်မှာ သေချာသော် လည်း မီးရှို့ဖျက်ဆီးခဲ့သည့်ကိစ္စရပ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရကြောင်း ဆိုသည်။

“မီးရှို့တာကတော့ မိုးဗြဲ လွယ်ရင်း မင်္ဂလာမှာတော့ မီးရှို့တာတော့ သေချာတယ်။ အိတ် ၈၀ ဒါပေမယ့် အသေး စိတ်ခါကျတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်လေ။ ဆန်အိတ် ၈၀ ဆို စစ်ရှောင် အယောက် ၅၀၀ စာ လောက်တော့ ရှိမယ်ဗျာ” ဟု အဆိုပါ စစ်ဘေးရှောင်များကို အကူအညီပေးနေသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် သွားရောက်ကူညီသူများကို ဘေး ကင်းစွာ သွားလာခွင့်ပြုရန် နှင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ကယားပြည်နယ်အပါအဝင် နိုင်ငံ အတွင်းရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသူများအားလုံးထံ အကူအညီများ တိုက်ရိုက်သွားရောက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား ကုလ သမဂ္ဂအဖွဲ့က တောင်းဆိုပါသည် ဟု ပါရှိသည်။

ထို့သို့ ထုတ်ပြန် တောင်းဆိုထားသော်လည်း စစ်ဘေးရှောင်များထံသို့ ရိက္ခာသွားရောက်ပို့ဆောင်သူများမှာ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုသည်။

ပီကင်းကောခူ စစ်ဘေးရှောင်ကော်မတီက တာဝန်ရှိသူ တစ်ဦးက “တိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာ ဆိုတော့ အရပ်သားတွေ ရယ် စစ်ဘေး ဒုက္ခသည်ကိုတော့ အလွတ်ထားပေးဖို့ရယ် နောက်ကျနော်တို့ စစ်ဘေးဒုက္ခသည် ကူညီတဲ့ လူတွေ ကိုလည်း ရိက္ခာ သွားပို့တဲ့ အချိန် ရိက္ခာတွေ ပို့တဲ့လူကို မပစ်ဖို့ရယ်။ နောက် ရိက္ခာသွားပို့တဲ့ လမ်းကြောင်းတွေ ကို မပိတ်ဆို့ထားဖို့ရယ်။ အဓိက အာဏာပိုင်တွေကို ကျနော်ကတော့ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ကယား(ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူကာကွယ်ရေး တပ်များအကြား တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ တောထဲတောင်ထဲတွင် ထွက် ပြေးတိမ်းရှောင်နေသည့်အတွက် အစားအသောက်၊ ဆေးဝါးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဖက်ဖက်မှ လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

Photo – CJ

*** ZAWGYI ***
ဒုကၡသည္မ်ား၏ အစားအစာမ်ား ျမန္မာစစ္တပ္က ဖ်က္ဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၁ ရက္။

ကရင္နီ စစ္ေဘးေရွာင္မ်ားထံသို႔ ပို႔ေဆာင္မည့္ စားနပ္ရိကၡာမ်ား ႏွင့္ ေဆးဝါးမ်ားကို ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ား က မီးရႈိ႕ဖ်က္ဆီး လိုက္သည္ ဟု စစ္ေဘးေရွာင္မ်ားကို ကူညီေပးေနသူမ်ား က ေျပာသည္။

မိုးၿဗဲၿမိဳ႕နယ္ အတြင္းရွိ ေတာေတာင္ထဲတြင္ ထြက္ေျပး ခိုလႈံေနရသည့္ စစ္ေဘးေရွာင္မ်ားထံသို႔ ပို႔ေဆာင္မည့္ စား နပ္ရိကၡာမ်ားႏွင့္ ေဆးဝါးမ်ားကို ဇြန္လ ၁၁ ရက္( ယေန႔) နံနက္ ၁၀ နာရီ ဝန္းက်င္ခန႔္က စစ္ေကာင္စီ တပ္မ်ားက သယ္ေဆာင္ခြင့္မေပးပဲ မီးရႈိ႕ဖ်က္ဆီးလိုက္သည္ဟု စစ္ေဘး ေရွာင္မ်ားကို အကူအညီေပးေနသူတစ္ဦး က ေျပာ သည္။

၎က “အဲဒီ အေနာက္ပေဒါင္မွာရွိတဲ့ ဒုကၡသည္အတြက္ စစ္ေဘးေရွာင္ေတြကို လာပို႔ဖို႔ စီစဥ္ထားတယ္လို႔ ေတာ့ ထင္တယ္။ ျဖတ္သြားေတာ့ အဲဒီ လြယ္ရင္းမဂၤလာလမ္းကို ျဖတ္ၿပီးေတာ့မွ အေနာက္ပီကင္း ျဖစ္ျဖစ္ အေနာက္ ပေဒါင္ျဖစ္ျဖစ္ ျပန္ရတာကိုး ဆိုေတာ့ စစ္တပ္က အဲမွာ ျဖတ္ၿပီးေတာ့မွ ျဖတ္တားၿပီးမွ မီးရႈိ႕ပုံရတယ္” ဟု ေျပာသည္။

စားနပ္ရိကၡာမ်ားႏွင့္ ေဆးဝါးမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မီးရႈိ႕ဖ်က္ဆီးလိုက္သည္မွာ ေသခ်ာေသာ္ လည္း မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ကိစၥရပ္ႏွင့္ ပတ္သက္၍ အေသးစိတ္အေျခအေနကို မသိရေၾကာင္း ဆိုသည္။

“မီးရႈိ႕တာကေတာ့ မိုးၿဗဲ လြယ္ရင္း မဂၤလာမွာေတာ့ မီးရႈိ႕တာေတာ့ ေသခ်ာတယ္။ အိတ္ ၈၀ ဒါေပမယ့္ အေသး စိတ္ခါက်ေတာ့ သူတို႔လည္း မသိဘူးလို႔ ေျပာတယ္ေလ။ ဆန္အိတ္ ၈၀ ဆို စစ္ေရွာင္ အေယာက္ ၅၀၀ စာ ေလာက္ေတာ့ ရွိမယ္ဗ်ာ” ဟု အဆိုပါ စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူက ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ဇြန္လ ၈ ရက္ေန႔က ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္း၌ ျဖစ္ေပၚေနေသာ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနမ်ားႏွင့္ စပ္လ်ဥ္း၍ ျမန္မာႏိုင္ငံရွိ ကုလသမဂၢအဖြဲ႕က ထုတ္ျပန္ခ်က္ တစ္ေစာင္ထုတ္ျပန္ထားသည္။

အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားႏွင့္ သြားေရာက္ကူညီသူမ်ားကို ေဘး ကင္းစြာ သြားလာခြင့္ျပဳရန္ ႏွင့္ ကုလသမဂၢႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားအား ကယားျပည္နယ္အပါအဝင္ ႏိုင္ငံ အတြင္းရွိ အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရွိ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ား အေရးတႀကီး လိုအပ္ေနသူမ်ားအားလုံးထံ အကူအညီမ်ား တိုက္႐ိုက္သြားေရာက္ေပးခြင့္ျပဳရန္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအား ကုလ သမဂၢအဖြဲ႕က ေတာင္းဆိုပါသည္ ဟု ပါရွိသည္။

ထို႔သို႔ ထုတ္ျပန္ ေတာင္းဆိုထားေသာ္လည္း စစ္ေဘးေရွာင္မ်ားထံသို႔ ရိကၡာသြားေရာက္ပို႔ေဆာင္သူမ်ားမွာ အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ႀကဳံေတြ႕ေနရဆဲျဖစ္သည္ဟု ဆိုသည္။

ပီကင္းေကာခူ စစ္ေဘးေရွာင္ေကာ္မတီက တာဝန္ရွိသူ တစ္ဦးက “တိုက္ပြဲေတြ ျဖစ္တဲ့ေနရာမွာ ဆိုေတာ့ အရပ္သားေတြ ရယ္ စစ္ေဘး ဒုကၡသည္ကိုေတာ့ အလြတ္ထားေပးဖို႔ရယ္ ေနာက္က်ေနာ္တို႔ စစ္ေဘးဒုကၡသည္ ကူညီတဲ့ လူေတြ ကိုလည္း ရိကၡာ သြားပို႔တဲ့ အခ်ိန္ ရိကၡာေတြ ပို႔တဲ့လူကို မပစ္ဖို႔ရယ္။ ေနာက္ ရိကၡာသြားပို႔တဲ့ လမ္းေၾကာင္းေတြ ကို မပိတ္ဆို႔ထားဖို႔ရယ္။ အဓိက အာဏာပိုင္ေတြကို က်ေနာ္ကေတာ့ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

လက္ရွိ ကယား(ကရင္နီ) ျပည္နယ္တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ျပည္သူကာကြယ္ေရး တပ္မ်ားအၾကား တိုက္ပြဲ မ်ား ဆက္လက္ျဖစ္ပြားေနၿပီး တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ စစ္ေဘးလြတ္ရာ ေတာထဲေတာင္ထဲတြင္ ထြက္ ေျပးတိမ္းေရွာင္ေနသည့္အတြက္ အစားအေသာက္၊ ေဆးဝါးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား အဖက္ဖက္မွ လိုအပ္လ်က္ရွိေနသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ားက ေျပာသည္။

Photo – CJ