မော်လမြိုင်တွင် COVID-19 အတည်ပြုလူနာ နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်။

မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် COVID-19 အတည်ပြု လူနာများအနက် ဇွန်လ ၁၄ ရက်နေ့ တစ်ရက်တည်းတွင် လူနာ ၂ ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

သေဆုံးသွားသည့် COVID-19 အတည်ပြုလူနာသည် မော်လမြိုင်မြို့မှ အသက် ၆၁ နှစ် အရွယ် နှင့် အသက် ၇၆ နှစ် အရွယ်ရှိသူ အမျိုးသားလူနာများဖြစ်သည်။ ထို့အပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း အမျိုးသားအတည်ပြု လူနာတစ်ဦး သေဆုံးထားသည်။

“ကိုဗစ် Positive လူနာတွေကတော့ မွန်မှာ နေ့တိုင်းလိုလို တွေ့လာနေတယ်၊ အခုဆိုလို့ရှိရင် သေဆုံးလူနာတွေ လည်း ရှိလာပါပြီ၊ ဒီလိုအခြေအနေမှာ ပြည်သူလူထုတွေက mask တောင်မတပ်ပဲ သွားလာနေကြတယ်၊ အပြင် သွားရင် mask တပ်ပြီး သွားကြဖို့နဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်မှု အခြေအနေများသည် ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းများအရ COVID-19 အတည်ပြုလူနာ ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၃ ဦး ရှိပြီ ဖြစ်သည်။

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစတင်ကာ COVID-19 အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လအတွင်း ကိုဗစ်လူနာ နေ့စဉ်တွေ့ရှိလာသကဲ့သို့ သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်ဟု လူမှုကယ် ဆယ်ရေး အဖွဲ့တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရသည်။

ပြည်နယ်အတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှု ပြန်များလာသည့် အနေအထားကြောင့် ကိုဗစ်စစ်ဆေးမှုကို လက်ရှိထက် ပိုမို လုပ်ဆောင်နိုင်ရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်နေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

ထို့အပြင် မော်လမြိုင်ရှိ သီးသန့်ဆောင်-၁ (Isolation Ward-1) နှင့် သီးသန့်ဆောင်-၃ (Isolation Ward-3) တို့တွင်လည်း COVID-19 စစ်ဆေး ကုသမှုများ ပြန်လည်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ပြော သည်။

COVID-19 ကပ်ရောဂါ နှင့် ပတ်သက်ပြီး လိုအပ်သည့် ဆေးဝါးများနှင့် ကုသရေးအပိုင်းကို အကောင်းဆုံး ဖြစ် အောင် ပြင်ဆင်ထားသည်ဟုလည်း ဒေါက်တာနန္ဒဝင်းက ပြောသည်။

COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ မပေါ့ဆကြရန်နှင့် ကျန်းမာရေး အသိရှိကြရန် ကိုဗစ် စည်း ကမ်းသတ်မှတ်ချက်များ အတိုင်း လိုက်နာနေထိုင်ကြရန်လည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက တိုက် တွန်းထားသည်။

မွန်ပြည်နယ်တွင် စစ်တပ်က အာဏာမသိမ်းခင် ဇန်နဝါရီလကုန်အထိ COVID-19 ပိုးတွေ့လူနာ ၃၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ ၄၀ ကျော်အထိရှိ ခဲ့သည်။

*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ COVID-19 အတည္ျပဳလူနာ ႏွစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၅ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံႀကီးတြင္ တက္ေရာက္ေဆးကုသခံယူေနသည့္ COVID-19 အတည္ျပဳ လူနာမ်ားအနက္ ဇြန္လ ၁၄ ရက္ေန႔ တစ္ရက္တည္းတြင္ လူနာ ၂ ဦး ေသဆုံးသြားေၾကာင္း လူမႈကယ္ဆယ္ေရး အဖြဲ႕ႏွင့္ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူမ်ားက ေျပာသည္။

ေသဆုံးသြားသည့္ COVID-19 အတည္ျပဳလူနာသည္ ေမာ္လၿမိဳင္ၿမိဳ႕မွ အသက္ ၆၁ ႏွစ္ အ႐ြယ္ ႏွင့္ အသက္ ၇၆ ႏွစ္ အ႐ြယ္ရွိသူ အမ်ိဳးသားလူနာမ်ားျဖစ္သည္။ ထို႔အျပင္ ဇြန္လ ၁၀ ရက္ေန႔ကလည္း အမ်ိဳးသားအတည္ျပဳ လူနာတစ္ဦး ေသဆုံးထားသည္။

“ကိုဗစ္ Positive လူနာေတြကေတာ့ မြန္မွာ ေန႔တိုင္းလိုလို ေတြ႕လာေနတယ္၊ အခုဆိုလို႔ရွိရင္ ေသဆုံးလူနာေတြ လည္း ရွိလာပါၿပီ၊ ဒီလိုအေျခအေနမွာ ျပည္သူလူထုေတြက mask ေတာင္မတပ္ပဲ သြားလာေနၾကတယ္၊ အျပင္ သြားရင္ mask တပ္ၿပီး သြားၾကဖို႔နဲ႔ ကိုဗစ္စည္းကမ္းေတြကို လိုက္နာဖို႔ လိုပါတယ္” ဟု လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မြန္ျပည္နယ္အတြင္း COVID-19 ေရာဂါ ကူးစက္မႈ အေျခအေနမ်ားသည္ ဇြန္လ ၁၄ ရက္ေန႔အထိ စာရင္းမ်ားအရ COVID-19 အတည္ျပဳလူနာ ၂၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၃ ဦး ရွိၿပီ ျဖစ္သည္။

မြန္ျပည္နယ္တြင္ ေမလဆန္းပိုင္းခန႔္မွစတင္ကာ COVID-19 အတည္ျပဳလူနာမ်ား ျပန္လည္ေတြ႕ရွိလာျခင္းျဖစ္ၿပီး ဇြန္လအတြင္း ကိုဗစ္လူနာ ေန႔စဥ္ေတြ႕ရွိလာသကဲ့သို႔ ေသဆုံးမႈလည္း ဆက္တိုက္ရွိလာခဲ့သည္ဟု လူမႈကယ္ ဆယ္ေရး အဖြဲ႕တာဝန္ရွိသူမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။

ျပည္နယ္အတြင္း COVID-19 ကပ္ေရာဂါ ကူးစက္မႈ ျပန္မ်ားလာသည့္ အေနအထားေၾကာင့္ ကိုဗစ္စစ္ေဆးမႈကို လက္ရွိထက္ ပိုမို လုပ္ေဆာင္ႏိုင္ရန္ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက စီစဥ္ေဆာင္႐ြက္ေနသည္ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဌာန ျပည္နယ္ဦးစီးမႉး ေဒါက္တာနႏၵဝင္းက ေျပာသည္။

ထို႔အျပင္ ေမာ္လၿမိဳင္ရွိ သီးသန႔္ေဆာင္-၁ (Isolation Ward-1) ႏွင့္ သီးသန႔္ေဆာင္-၃ (Isolation Ward-3) တို႔တြင္လည္း COVID-19 စစ္ေဆး ကုသမႈမ်ား ျပန္လည္လုပ္ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္လွ်က္ရွိသည္ဟုလည္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးမႉးက ေျပာ သည္။

COVID-19 ကပ္ေရာဂါ ႏွင့္ ပတ္သက္ၿပီး လိုအပ္သည့္ ေဆးဝါးမ်ားႏွင့္ ကုသေရးအပိုင္းကို အေကာင္းဆုံး ျဖစ္ ေအာင္ ျပင္ဆင္ထားသည္ဟုလည္း ေဒါက္တာနႏၵဝင္းက ေျပာသည္။

COVID-19 ကပ္ေရာဂါႏွင့္ ပတ္သက္၍ ျပည္သူမ်ား မေပါ့ဆၾကရန္ႏွင့္ က်န္းမာေရး အသိရွိၾကရန္ ကိုဗစ္ စည္း ကမ္းသတ္မွတ္ခ်က္မ်ား အတိုင္း လိုက္နာေနထိုင္ၾကရန္လည္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးမႉးက တိုက္ တြန္းထားသည္။

မြန္ျပည္နယ္တြင္ စစ္တပ္က အာဏာမသိမ္းခင္ ဇန္နဝါရီလကုန္အထိ COVID-19 ပိုးေတြ႕လူနာ ၃၀၀၀ ေက်ာ္ ရွိခဲ့ၿပီး ေသဆုံးသူ ၄၀ ေက်ာ္အထိရွိ ခဲ့သည္။