သရက်ပေါက်ကွဲမှု အပြီး လူ ၃၀ နီးပါး ဖမ်းဆီး စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

သရက်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သံသယဖြင့် လူ ၂၈ ဦး ထက် မနည်းကို စစ်ကောင်စီတပ်များ က ဖမ်းဆီးစစ်ကြောနေသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက်၃နာရီ အချိန်ခန့်က စည်ပင်အမှု့ဆောင်အရာရှိနေအိမ်ရှေ့နှင့် ကလေးအထူးကု ဆရာဝန် ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေး ၏ အိမ်ရှေ့တို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခု အဖမ်းခံရတဲ့သူ အများစုသည် တောင်မင်းတဲရပ်ကွက် ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေး၏ ရပ်ကွက် မှ ဖြစ် ကြောင်း သိရသည်။

ဆရာဝန်မ၏ အဖေ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်နွဲ့နွဲသိန်းတို့သည် စစ်ကောင်စီတပ်ဖွဲ့များနှင့် နီးစပ် ပတ် သက်သူများဖြစ်ပြီး ၎င်းတို့နှင့် မတည့်သူများကို စွပ်စွဲတိုင်ကြားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး က ပြောသည်။

”အခုက သူတို့နဲ့မတည့်တဲ့သူတွေကို အဓိက တိုင်လို့လိုက်ဆွဲနေတာ” ဟု ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူမှုကွန်ယက်တွင် သရော်ခဲ့သူ အပါအဝင် ဖမ်းဆီးခံရသူများမှာ ကိုသီဟ (လက် သမား)၊ ကိုမျိုးသန့်၊ အငယ်ကောင် (Morich ယာဉ်လိုင်းစပယ်ယာ)၊ အမျိုးသမီးတစ်ဦး၊ ကိုဝဏ္ဏဆိုသူ အပါအဝင် ၎င်းတို့ သားအဖနှစ်ဦး၊ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

ယခုလက်ရှိတွင် ဖမ်းဆီးခံရသူ ၂၈ ဦးထဲမှ ၁၁ ဦး ခန့် ပြန်လွတ်ပေးသည်ဟု ကြားသိရသော်လည်း ပြန်လွတ်လာ သူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍ မရသေးကြောင်း ဖမ်းဆီးခံထားရသူများထဲမှ တစ်ယောက်၏ မိသားစုဝင်တစ်ဦး က ပြောသည်။

”အခုတော့ ၁၁ယောက် ပြန်လွှတ်တယ်ကြားတယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်ကဘာမှန်း အတည်မပြုနိုင်ဘူး။ မထင်ရင် မထင်သလို လုပ်တတ်တော့ မေးမြန်းဖို့ခက်တယ်”

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့ က မြောက်မင်းတဲရပ်ကွက် လမ်းမတော်လမ်းရှိ စည်ပင်အမှုဆောင် အရာရှိ၏ အိမ်ရှေ့နှင့် တောင်မင်းတဲရပ်ကွက် သိမ်ကြီးလမ်းနှင့် အောင်မင်္ဂလာလမ်းဒေါင့်ရှိ ကလေးအထူးကု ဆရာဝန်မတစ်ဦး ၏ အိမ်ရှေ့တို့တွင် ဇွန် ၁၇ ရက်နေ့ (ယမန်နေ့) နံနက် က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သရက်မြို့သည် မကွေးတိုင်းအတွင်းက ခရိုင်မြို့တစ်မြို့ဖြစ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း အောင်လံမြို့ ၏ တစ်ဘက်ကမ်း ဧရာ အနောက်ဘက်ခြမ်း က သင်္ဘောဆိပ်မြို့ တစ်မြို့ ဖြစ်ပြီး ကိုလိုနီခေတ်က သမိုင်းဝင်အမွေ အနှစ်များစွာရှိသည့် ထင်ရှားသည့် မြို့တစ်မြို့ ဖြစ်သည်။

*** ZAWGYI ***
သရက္ေပါက္ကြဲမႈ အၿပီး လူ ၃၀ နီးပါး ဖမ္းဆီး စစ္ေဆး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၈ ရက္။

သရက္ၿမိဳ႕တြင္ ယမန္ေန႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ သံသယျဖင့္ လူ ၂၈ ဦး ထက္ မနည္းကို စစ္ေကာင္စီတပ္မ်ား က ဖမ္းဆီးစစ္ေၾကာေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇြန္လ ၁၇ ရက္ေန႔ နံနက္၃နာရီ အခ်ိန္ခန႔္က စည္ပင္အမႈ႕ေဆာင္အရာရွိေနအိမ္ေရွ႕ႏွင့္ ကေလးအထူးကု ဆရာဝန္ ေဒါက္တာဝတ္ရည္ခိုင္ၿငိမ္းေအး ၏ အိမ္ေရွ႕တို႔တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ယခု အဖမ္းခံရတဲ့သူ အမ်ားစုသည္ ေတာင္မင္းတဲရပ္ကြက္ ေဒါက္တာဝတ္ရည္ခိုင္ၿငိမ္းေအး၏ ရပ္ကြက္ မွ ျဖစ္ ေၾကာင္း သိရသည္။

ဆရာဝန္မ၏ အေဖ ဦးထြန္းထြန္းႏွင့္ ဇနီးျဖစ္သူ ေဒၚႏြဲ႕ႏြဲသိန္းတို႔သည္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ နီးစပ္ ပတ္ သက္သူမ်ားျဖစ္ၿပီး ၎တို႔ႏွင့္ မတည့္သူမ်ားကို စြပ္စြဲတိုင္ၾကားသျဖင့္ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု လုံၿခဳံေရး အရ အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦး က ေျပာသည္။

”အခုက သူတို႔နဲ႔မတည့္တဲ့သူေတြကို အဓိက တိုင္လို႔လိုက္ဆြဲေနတာ ”ဟု ၎က ေျပာသည္။

ဗုံးေပါက္ကြဲမႈႏွင့္ပတ္သက္၍ လူမႈကြန္ယက္တြင္ သေရာ္ခဲ့သူ အပါအဝင္ ဖမ္းဆီးခံရသူမ်ားမွာ ကိုသီဟ (လက္ သမား)၊ ကိုမ်ိဳးသန႔္၊ အငယ္ေကာင္ (Morich ယာဥ္လိုင္းစပယ္ယာ)၊ အမ်ိဳးသမီးတစ္ဦး၊ ကိုဝဏၰဆိုသူ အပါအဝင္ ၎တို႔ သားအဖႏွစ္ဦး၊ စုစုေပါင္း ၂၈ ဦး ဖမ္းဆီးခံရျခင္း ျဖစ္သည္ဟု စုံစမ္းသိရသည္။

ယခုလက္ရွိတြင္ ဖမ္းဆီးခံရသူ ၂၈ ဦးထဲမွ ၁၁ ဦး ခန႔္ ျပန္လြတ္ေပးသည္ဟု ၾကားသိရေသာ္လည္း ျပန္လြတ္လာ သူမ်ားမွာ မည္သူမည္ဝါျဖစ္သည္ကို အတည္ျပဳ၍ မရေသးေၾကာင္း ဖမ္းဆီးခံထားရသူမ်ားထဲမွ တစ္ေယာက္၏ မိသားစုဝင္တစ္ဦး က ေျပာသည္။

”အခုေတာ့ ၁၁ေယာက္ ျပန္လႊတ္တယ္ၾကားတယ္။ ဒါေပမဲ့ ဘယ္သူေတြ ဘယ္ကဘာမွန္း အတည္မျပဳႏိုင္ဘူး။ မထင္ရင္ မထင္သလို လုပ္တတ္ေတာ့ ေမးျမန္းဖို႔ခက္တယ္”

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ သရက္ၿမိဳ႕ က ေျမာက္မင္းတဲရပ္ကြက္ လမ္းမေတာ္လမ္းရွိ စည္ပင္အမႈေဆာင္ အရာရွိ၏ အိမ္ေရွ႕ႏွင့္ ေတာင္မင္းတဲရပ္ကြက္ သိမ္ႀကီးလမ္းႏွင့္ ေအာင္မဂၤလာလမ္းေဒါင့္ရွိ ကေလးအထူးကု ဆရာဝန္မတစ္ဦး ၏ အိမ္ေရွ႕တို႔တြင္ ဇြန္ ၁၇ ရက္ေန႔ (ယမန္ေန႔) နံနက္ က ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

သရက္ၿမိဳ႕သည္ မေကြးတိုင္းအတြင္းက ခ႐ိုင္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဧရာဝတီျမစ္အေရွ႕ဘက္ကမ္း ေအာင္လံၿမိဳ႕ ၏ တစ္ဘက္ကမ္း ဧရာ အေနာက္ဘက္ျခမ္း က သေဘၤာဆိပ္ၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္ၿပီး ကိုလိုနီေခတ္က သမိုင္းဝင္အေမြ အႏွစ္မ်ားစြာရွိသည့္ ထင္ရွားသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။