ဆိုင်ကယ်ရပ်မပေးဟု ဆိုကာ လူငယ်နှစ်ဦးအား ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ရပ်မပေးသည့်အတွက် ပစ်သတ်လိုက်သည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ (ယမန်နေ့) ည ၈ နာရီခွဲ အချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံး မီးပွိုင့်နေရာတွင် စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ပစ်သတ်လိုက်ခြင်း ဖြစ်သည်။

“ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာပေါ့။ အမှန်က စစ်တယ်ဆိုတဲ့နေရာက မီးပွိုင့်နေရာမှာဆိုတော့ နောက် စစ်နေတဲ့ကောင်တွေကလည်း အမှောင်ထဲမှာ ဟိုကလည်း အရှိန်နဲ့ မောင်းလာတဲ့သဘော အဲဒါကို ဆိုင်ကယ် မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ။ တစ်ယောက်ကတော့ သေတယ်” ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အနီးရှိ မြို့ခံတစ်ဦးက ပြောသည်။

တစ်ဦးမှာ ချက်ချင်းသေပြီး၊ နောက်တစ်ဦးမှာ ချက်ချင်းမသေသေးပဲရှိနေသည်ကို စစ်တပ်က ထပ်မံပစ် ခတ် လိုက်သည့်အတွက် ၎င်းနေရာတွင်ပင် သေသွားခြင်းဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။

“နောက်တစ်ယောက်က မသေသေးဘူး ထပ်ပစ်သတ်လိုက်တာ နှစ်ယောင်စလုံး သေသွားတယ်” ဟု အဆိုပါ မြို့ခံ က ဆက်ပြောသည်။

ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးသည် ဘီလူးကျွန်းမြို့နယ်၊ အဘစ်ကျေးရွာမှ မောင်မိုးဇော်ဦးနှင့် မောင်ဇော်မင်းဦး တို့ဖြစ်ကြသည်။

ဇွန်လ ၂၀ ရက်နေ့ ညက မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် က ဖြတ်သန်းသွား လာနေသူများကို တားဆီးစစ်ဆေးမှုပြုလုပ်နေခဲ့သည်။

ထိုသို့ တားဆီးစစ်ဆေးနေစဉ် အဆိုပါ ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တား ဆီးစစ်ဆေးနေသည့် နေရာအရောက်တွင် ဆိုင်ကယ်ရပ်မပေးသည့်အတွက်ဟု ဆိုကာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးအလောင်းကို လမ်းမပေါ်တွင် အချိန်အတော်ကြာ ပစ်ထားခဲ့ပြီးမှ ပရဟိတ မော်တော်ယာဉ်ကားဖြင့် လာရောက် သယ်ဆောင်သွားခဲ့သည်ဟု အနီးရှိ ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် တားဆီးစစ်ဆေးမှုများကို နေ့ရော ညပါ တင်းကြပ်စွာ ပြုလုပ်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။

တားဆီးစစ်ဆေးစဉ်တွင် ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် အစစ်ဆေးမခံပဲ ထွက်ပြေးသူများကိုလည်း ပစ် သတ်ရန် အမိန့်ထုတ်ထားသည်ဟု မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်သည်လည်း အခြားသောမြို့နယ်များနည်းတူ စစ်တပ်အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ထုတ်ပြန်သတ်မှတ်ထားသည်။

*** ZAWGYI ***
ဆိုင္ကယ္ရပ္မေပးဟု ဆိုကာ လူငယ္ႏွစ္ဦးအား ပစ္သတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၁ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ ဆိုင္ကယ္စီးလာသည့္ လူငယ္ႏွစ္ဦးကို အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ားက ရပ္မေပးသည့္အတြက္ ပစ္သတ္လိုက္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ဇြန္လ ၂၀ ရက္ေန႔ (ယမန္ေန႔) ည ၈ နာရီခြဲ အခ်ိန္ခန႔္က ေမာ္လၿမိဳင္ ေက်ာက္မီးေသြး႐ုံး မီးပြိဳင့္ေနရာတြင္ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဆိုင္ကယ္စီးလာသည့္ လူငယ္ႏွစ္ဦးကို ပစ္သတ္လိုက္ျခင္း ျဖစ္သည္။

“ဆိုင္ကယ္မရပ္ေပးလို႔ဆိုၿပီး ပစ္လိုက္တာေပါ့။ အမွန္က စစ္တယ္ဆိုတဲ့ေနရာက မီးပြိဳင့္ေနရာမွာဆိုေတာ့ ေနာက္ စစ္ေနတဲ့ေကာင္ေတြကလည္း အေမွာင္ထဲမွာ ဟိုကလည္း အရွိန္နဲ႔ ေမာင္းလာတဲ့သေဘာ အဲဒါကို ဆိုင္ကယ္ မရပ္ေပးလို႔ဆိုၿပီး ပစ္လိုက္တာ။ တစ္ေယာက္ကေတာ့ ေသတယ္” ဟု အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အနီးရွိ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

တစ္ဦးမွာ ခ်က္ခ်င္းေသၿပီး၊ ေနာက္တစ္ဦးမွာ ခ်က္ခ်င္းမေသေသးပဲရွိေနသည္ကို စစ္တပ္က ထပ္မံပစ္ ခတ္ လိုက္သည့္အတြက္ ၎ေနရာတြင္ပင္ ေသသြားျခင္းျဖစ္သည္ဟု ၎ က ဆက္ေျပာသည္။

“ေနာက္တစ္ေယာက္က မေသေသးဘူး ထပ္ပစ္သတ္လိုက္တာ ႏွစ္ေယာင္စလုံး ေသသြားတယ္” ဟု အဆိုပါ ၿမိဳ႕ခံ က ဆက္ေျပာသည္။

ပစ္သတ္ခံရသည့္ လူငယ္ႏွစ္ဦးသည္ ဘီလူးကြၽန္းၿမိဳ႕နယ္၊ အဘစ္ေက်း႐ြာမွ ေမာင္မိုးေဇာ္ဦးႏွင့္ ေမာင္ေဇာ္မင္းဦး တို႔ျဖစ္ၾကသည္။

ဇြန္လ ၂၀ ရက္ေန႔ ညက ေမာ္လၿမိဳင္ ေက်ာက္မီးေသြး႐ုံးမီးပြိဳင့္ေနရာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၂၀ ခန႔္ က ျဖတ္သန္းသြား လာေနသူမ်ားကို တားဆီးစစ္ေဆးမႈျပဳလုပ္ေနခဲ့သည္။

ထိုသို႔ တားဆီးစစ္ေဆးေနစဥ္ အဆိုပါ ဆိုင္ကယ္စီးလာသည့္ လူငယ္ႏွစ္ဦးက စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက တား ဆီးစစ္ေဆးေနသည့္ ေနရာအေရာက္တြင္ ဆိုင္ကယ္ရပ္မေပးသည့္အတြက္ဟု ဆိုကာ အာဏာသိမ္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ပစ္သတ္ခဲ့ျခင္းျဖစ္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ပစ္သတ္ခံရသည့္ လူငယ္ႏွစ္ဦးအေလာင္းကို လမ္းမေပၚတြင္ အခ်ိန္အေတာ္ၾကာ ပစ္ထားခဲ့ၿပီးမွ ပရဟိတ ေမာ္ေတာ္ယာဥ္ကားျဖင့္ လာေရာက္ သယ္ေဆာင္သြားခဲ့သည္ဟု အနီးရွိ ျပည္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ တားဆီးစစ္ေဆးမႈမ်ားကို ေန႔ေရာ ညပါ တင္းၾကပ္စြာ ျပဳလုပ္လာခဲ့သည္မွာ ယေန႔အခ်ိန္ထိျဖစ္သည္။

တားဆီးစစ္ေဆးစဥ္တြင္ ဖမ္းဆီးမႈမ်ား ျပဳလုပ္ေနသည့္အျပင္ အစစ္ေဆးမခံပဲ ထြက္ေျပးသူမ်ားကိုလည္း ပစ္ သတ္ရန္ အမိန႔္ထုတ္ထားသည္ဟု ၿမိဳ႕ခံအခ်ိဳ႕၏ ေျပာျပခ်က္အရ သိရသည္။

ေမာ္လၿမိဳင္သည္လည္း အျခားေသာၿမိဳ႕နယ္မ်ားနည္းတူ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ညမထြက္ရအမိန႔္ကို ည ၁၀ နာရီမွ နံနက္ ၄ နာရီ အထိ ထုတ္ျပန္သတ္မွတ္ထားသည္။