ဗုံးကွဲပြီးနောက် ကျောင်းတက်သူ မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က အထက်တန်းကျောင်းတွင် ကျောင်းတက်သူ မရှိဟု ကျောင်းသားမိဘများ က ပြောသည်။

မိုးမောက်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇွန်လ ၂၃ ရက်နေ့ (ယမန်နေ့) က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီးနောက် ကလေးငယ်များ၏ လုံခြုံအတွက် စိုးရိမ်သောကြောင့် မည်သည့်ကလေးမှ ကျောင်းမသွားကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်ဒေသခံတစ်ဦး က “ဒီနေ့မနက်တော့ ကျနော်တို့ မြင်တာတော့ ဆရာမတွေပဲ ကျောင်းသွားနေ ကြ တယ်။ ဘယ်ကလေးမှ ကျောင်းသွားတာ မမြင်ဘူး။” ဟု ပြောသည်။

“မနေ့က ဗုံးကွဲတော့ ကျောင်းက ဆရာမ တစ်ယောက် ထိ တယ်။ ကျောင်းစောင့်တစ်ယောက်ကတော့ ခြေထောက်ထိတယ်။ ကလေးတွေက လန့်ကုန်တယ်။ ပေါက်ကွဲမှု ဖြစ်တော့ အုတ်အုတ်သဲသဲဖြစ်၊ ကလေးမိဘတွေလည်း ကိုယ့်ကလေးကိုယ် ခေါ်ပြန်ကြ။ စစ်သားတွေလည်း လုံခြုံရေး အပြည့်ဆိုတော့ အားလုံး ကြောက်လန့်ကုန်တာ။ ဒီနေ့ ကလေးတွေ တစ်ယောက်တောင်မှ ကျောင်းမ လာ ကြတော့ဘူး” ဟု ဆက်ပြောသည်။

မိုးမောက်မြို့ အထကကျောင်း တွင် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ကျောင်း ဆရာမ တစ်ဦး အပါအဝင် အနည်းဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကျောင်းသားမိဘတစ်ဦး က “အေး ကျမတို့ မိဘတွေကတော့ ကိုယ့်ကလေးကိုယ်စိတ်ပူတာပေါ့နော်။ ဒီနေ့ဆို ကျောင်းကိုသွားကြည့်တော့လည်း ဘယ်ကလေးမှ မတွေ့ဘူး။ ဘယ်မိဘက ကိုယ့်ကလေးကို ကျောင်းပို့ရဲတော့ မှာလဲနော်။ မပို့တော့ဘူး။ ကျောင်းကတော့ မပိတ်ဘူး။ ဆရာမတွေတော့ တွေ့တယ်။ ကလေးတွေအတွက်က မိဘတွေအနေနဲ့ ဒီလိုမျိုး နောက်ထပ်ပေါက်ကွဲမှုဖြစ်ရင် ဘယ်သူကမှ အာမခံချက် မပေးနိုင်တော့ စိုးရိမ်တာ ပေါ့။ ဘယ်တော့ ပေါက်ကွဲမှုတွေ ထပ်ဖြစ်မလဲပေါ့။ ထိခိုက်ဒဏ်ရာရရင် ကိုယ့်ကလေးပဲ ထိမှာလေနော်။ စိုရိမ်တယ်” ဟု ပြောသည်။

ယခုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အထက်တန်းကျောင်းသည် မိုးမောက်မြို့၏ တစ်ခုတည်းသော အထက်တန်း ကျောင်းတစ်ကျောင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် ကျောင်းအနီးတဝိုက်တွင် လုံခြုံရေးလည်း မရှိသလို မည်သည့်ကျောင်းသားမှလည်း ကျောင်း လာတက်သည်ကို မတွေ့ရဟု ဒေသခံများက ပြောသည်။

“မနေ့ကတော့ လုံခြုံရေးက အများကြီးပဲ။ အပြည့်ပဲ။ ဒီနေ့တော့ ဘာမှ မရှိဘူး။ ကျောင်းဆရာမ နည်း နည်း ပါးပါးပဲ ရှိတယ်။ ကလေးတွေလည်းမရှိဘူး။ ကျမတို့ စစ်ရှောင်စခန်းက ကလေးတွေကလည်း အဲ့ဒီကျောင်းမှာ ပဲ ကျောင်းတက်ကြတာ။ ဒီနှစ်တော့ ကလေးတွေအားလုံးကျောင်းမတက်ဘူး၊ တဝက်လောက်တော့ ကျောင်း တက်တာဟုတ်တယ်။ အဲ့ဒါ မနေ့က ပေါက်ကွဲမှုဖြစ်တော့ ဒီနေ့ဆို ဘယ်ကလေးမှ ကျောင်းမသွားရဲတော့ဘူး။ စစ်ရှောင်မိဘတွေလည်း ကျောင်းမပို့ချင်ကြတော့ဘူးလေနော်” ဟု မိုးမောက် KBC စစ်ရှောင်စခန်းက တာဝန်ရှိ သူ တစ်ဦး က ပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါက လုပ်ဆောင်သည်ကို အတိအကျ ယနေ့အချိန်ထိ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် နေရာတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် မတ်လ က စတင်၍ နှစ်ဖက်ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က အလော့ဒ်ဘွမ် တပ်စခန်းကုန်းကို KIA အား ပေးလိုက်ရပြီးနောက် ၎င်းဒေသအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်များက တပ်အင်အား၊ ရိက္ခာအင်အားများ ဖြည့်တင်းလျှက်ရှိပြီး ယနေ့အချိန်ထိ ကြိုးကြား ကြိုးကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲ ဒေသတစ်ခု ဖြစ်သည်။

*** ZAWGYI ***
ဗုံးကြဲၿပီးေနာက္ ေက်ာင္းတက္သူ မရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၃ ရက္။

ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္က အထက္တန္းေက်ာင္းတြင္ ေက်ာင္းတက္သူ မရွိဟု ေက်ာင္းသားမိဘမ်ား က ေျပာသည္။

မိုးေမာက္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ဇြန္လ ၂၃ ရက္ေန႔ (ယမန္ေန႔) က ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ ၿပီးေနာက္ ကေလးငယ္မ်ား၏ လုံၿခဳံအတြက္ စိုးရိမ္ေသာေၾကာင့္ မည္သည့္ကေလးမွ ေက်ာင္းမသြားၾကျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မိုးေမာက္ေဒသခံတစ္ဦး က “ဒီေန႔မနက္ေတာ့ က်ေနာ္တို႔ ျမင္တာေတာ့ ဆရာမေတြပဲ ေက်ာင္းသြားေန ၾက တယ္။ ဘယ္ကေလးမွ ေက်ာင္းသြားတာ မျမင္ဘူး။” ဟု ေျပာသည္။

“မေန႔က ဗုံးကြဲေတာ့ ေက်ာင္းက ဆရာမ တစ္ေယာက္ ထိ တယ္။ ေက်ာင္းေစာင့္တစ္ေယာက္ကေတာ့ ေျခေထာက္ထိတယ္။ ကေလးေတြက လန႔္ကုန္တယ္။ ေပါက္ကြဲမႈ ျဖစ္ေတာ့ အုတ္အုတ္သဲသဲျဖစ္၊ ကေလးမိဘေတြလည္း ကိုယ့္ကေလးကိုယ္ ေခၚျပန္ၾက။ စစ္သားေတြလည္း လုံၿခဳံေရး အျပည့္ဆိုေတာ့ အားလုံး ေၾကာက္လန႔္ကုန္တာ။ ဒီေန႔ ကေလးေတြ တစ္ေယာက္ေတာင္မွ ေက်ာင္းမ လာ ၾကေတာ့ဘူး” ဟု ဆက္ေျပာသည္။

မိုးေမာက္ၿမိဳ႕ အထကေက်ာင္း တြင္ ယမန္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈေၾကာင့္ ေက်ာင္း ဆရာမ တစ္ဦး အပါအဝင္ အနည္းဆုံး ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

ေက်ာင္းသားမိဘတစ္ဦး က “ေအး က်မတို႔ မိဘေတြကေတာ့ ကိုယ့္ကေလးကိုယ္စိတ္ပူတာေပါ့ေနာ္။ ဒီေန႔ဆို ေက်ာင္းကိုသြားၾကည့္ေတာ့လည္း ဘယ္ကေလးမွ မေတြ႕ဘူး။ ဘယ္မိဘက ကိုယ့္ကေလးကို ေက်ာင္းပို႔ရဲေတာ့ မွာလဲေနာ္။ မပို႔ေတာ့ဘူး။ ေက်ာင္းကေတာ့ မပိတ္ဘူး။ ဆရာမေတြေတာ့ ေတြ႕တယ္။ ကေလးေတြအတြက္က မိဘေတြအေနနဲ႔ ဒီလိုမ်ိဳး ေနာက္ထပ္ေပါက္ကြဲမႈျဖစ္ရင္ ဘယ္သူကမွ အာမခံခ်က္ မေပးႏိုင္ေတာ့ စိုးရိမ္တာ ေပါ့။ ဘယ္ေတာ့ ေပါက္ကြဲမႈေတြ ထပ္ျဖစ္မလဲေပါ့။ ထိခိုက္ဒဏ္ရာရရင္ ကိုယ့္ကေလးပဲ ထိမွာေလေနာ္။ စိုရိမ္တယ္” ဟု ေျပာသည္။

ယခုဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ အထက္တန္းေက်ာင္းသည္ မိုးေမာက္ၿမိဳ႕၏ တစ္ခုတည္းေသာ အထက္တန္း ေက်ာင္းတစ္ေက်ာင္းျဖစ္သည္။

ယေန႔နံနက္ပိုင္းတြင္ ေက်ာင္းအနီးတဝိုက္တြင္ လုံၿခဳံေရးလည္း မရွိသလို မည္သည့္ေက်ာင္းသားမွလည္း ေက်ာင္း လာတက္သည္ကို မေတြ႕ရဟု ေဒသခံမ်ားက ေျပာသည္။

“မေန႔ကေတာ့ လုံၿခဳံေရးက အမ်ားႀကီးပဲ။ အျပည့္ပဲ။ ဒီေန႔ေတာ့ ဘာမွ မရွိဘူး။ ေက်ာင္းဆရာမ နည္း နည္း ပါးပါးပဲ ရွိတယ္။ ကေလးေတြလည္းမရွိဘူး။ က်မတို႔ စစ္ေရွာင္စခန္းက ကေလးေတြကလည္း အဲ့ဒီေက်ာင္းမွာ ပဲ ေက်ာင္းတက္ၾကတာ။ ဒီႏွစ္ေတာ့ ကေလးေတြအားလုံးေက်ာင္းမတက္ဘူး၊ တဝက္ေလာက္ေတာ့ ေက်ာင္း တက္တာဟုတ္တယ္။ အဲ့ဒါ မေန႔က ေပါက္ကြဲမႈျဖစ္ေတာ့ ဒီေန႔ဆို ဘယ္ကေလးမွ ေက်ာင္းမသြားရဲေတာ့ဘူး။ စစ္ေရွာင္မိဘေတြလည္း ေက်ာင္းမပို႔ခ်င္ၾကေတာ့ဘူးေလေနာ္” ဟု မိုးေမာက္ KBC စစ္ေရွာင္စခန္းက တာဝန္ရွိ သူ တစ္ဦး က ေျပာသည္။

အဆိုပါေပါက္ကြဲမႈႏွင့္ ပတ္သက္၍ မည္သည့္အဖြဲ႕အစည္း မည္သူမည္ဝါက လုပ္ေဆာင္သည္ကို အတိအက် ယေန႔အခ်ိန္ထိ မသိရေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္သည္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား စစ္ေရးတင္းမာမႈမ်ား ျဖစ္ေပၚေနသည့္ ေနရာတစ္ခုျဖစ္သည္။

ၿပီးခဲ့သည့္ မတ္လ က စတင္၍ ႏွစ္ဖက္ၾကားျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ စစ္ေကာင္စီတပ္က အေလာ့ဒ္ဘြမ္ တပ္စခန္းကုန္းကို KIA အား ေပးလိုက္ရၿပီးေနာက္ ၎ေဒသအတြင္း တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည္။ ထို႔အျပင္ စစ္ေကာင္စီတပ္မ်ားက တပ္အင္အား၊ ရိကၡာအင္အားမ်ား ျဖည့္တင္းလွ်က္ရွိၿပီး ယေန႔အခ်ိန္ထိ ႀကိဳးၾကား ႀကိဳးၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာေနဆဲ ေဒသတစ္ခု ျဖစ္သည္။