ရှမ်းမြောက် မြို့ ၃ မြို့တွင် အိမ်ပြင်မထွက်ရ သတ်မှတ်ချက် ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ ၃ မြို့တွင် နေ့စဉ် COVID-19 ရောဂါပိုးတွေ့လူနာများ တိုးလာနေ သည့် အတွက် ကျောင်းများအားလုံးပိတ်ရန်နှင့် Stay at Home (အိမ်ပြင်မထွက်ရ) မြို့အဖြစ် သတ်မှတ်ထားသည်ဟု ဒေသခံများက ပြော သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့များ ဖြစ်ကြသည့် လားရှိုးမြို့တွင် ၃၀၀ ကျော် ၊ နောင်ချိုမြို့တွင် ၁၇၄ ဦး နှင့် လောက်ကိုင် မြို့ တွင် ၁၄၇ ဦး ဇွန်လ ၂၇ ရက်နေ့အထိ COVID-19 ကူးစက်ခံထားရသည်ဟု သိရသည်။

လားရှိုးမြို့က စေတနာ့ဝန်ထမ်း တစ်ဦး က “လားရှိုးလည်း မင်္ဂလာဆောင်ပဲ၊ တော်တော်များများ ဒီရှမ်းမြောက် မှာ ဖြစ်တာက ဒီမင်္ဂလာဆောင်နဲ့ နာရေးက စဖြစ်တဲ့ဟာတွေပဲ။ လူနာက နေ့တိုင်းတိုးတယ်။ အဲ့ဒီက ဆက်စပ်တဲ့ လူ တွေကြီးပဲဗျ။ လူနာတွေက အနံ့မရရင် ဖုန်းဆက်လာတယ်။ အဲ့ဒါကို သွားသယ်ရတယ်။ ကျနော်တို့ဆို ဒီအိမ် ကဆို အဲ့မှာ သွားသယ်လိုက်တယ်။ အချက်အ လက် အတိအကျက ဘာမှ မသိရဘူးဗျ။ ဟိုရက်တွေကဆို သေတဲ့ လူထဲ ကိုယ်ဝန် ဆောင်လည်းပါတယ်။ အချက်အလက်တွေက သိရဖို့က ခက်သွားပြီ။ လူနာတွေကိုတော့ ဆေးရုံ ရဲ့ သီးသန့်ဆောင်မှာပဲ ပို့ထားရတာ” ဟု ပြောသည်။

လားရှိုးတွင် COVID-19 ပိုးတွေ့လူနာများထဲမှ သေဆုံးသူ ၄ ဦး၊ သံသယလူနာ ၃ ဦး စုစုပေါင်း ၇ ဦး ရှိပြီ ဖြစ် သည်။

လားရှိုးမြို့တွင် ပိုးတွေ့လူနာ များလာနေသည့်အတွက် လူသွားလူလာများသည့် ဈေးများနှင့် တည်းခိုခန်းများ အားလုံးကို နှစ်ပတ်ကြာ ယာယီ ပိတ်ထားပြီး ရပ်ကွက်(၄)ရှိ လမ်း၊ နေအိမ်၊ အဆောက်အဦးတွေကို Lock down လုပ်ထားရပြီး မြို့အား ဇွန်လ ၂၇ ရက်နေ့ (ယမန်နေ့) က စတင်၍ Stay at Home သတ်မှတ်လိုက်ပြီး စာသင် ကျောင်းများလည်း ပိတ်ထားရသည်ဟု သိရသည်။

နောင်ချိုမြို့ က အခြေအနေနှင့် ပတ်သက်၍ “မနေ့ကအထိဆိုရင် ၁၇၄ ယောက်ရှိ ပြီ၊ မနေ့က ၅၀ ကျော်စစ်တဲ့အထဲမှာ ၂၅ ယောက်က positive နော်၊ ဟိုရက်က စာရင်းဆို ပိုးတွေ့တဲ့အထဲ ကျောင်းသားလေးတွေလည်းပါတယ်။ သေတာကတော့ အမျိုးသမီးတစ်ယောက် သေတာရှိပြီ။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးပဲ။ နာရေးကူညီမှု ပရဟိတအသင်းကပဲ ညတွင်းချင်းသင်္ဂြိုလ်ပေးတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ထို့အပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လောက်ကိုင်မြို့ကိုလည်း ဇွန်လ ၂၈ ရက်နေ့ (ယနေ့) က စတင်၍ အိမ်ပြင်မထွက်ရ မြို့ အဖြစ် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထား သည်။

ထို့ကြောင့် လောက်ကိုင်မြို့နေ ပြည်သူများအနေဖြင့် ယနေ့ မှ စတင်၍ Stay at Home သတ်မှတ်ထား သည့် အတွက် နေအိမ်များတွင်သာ နေကြရန် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး၊ သီပေါ၊ လောက်ကိုင်၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်၊ နမ့် ခမ်း၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ ဟိုပန်နှင့် နမ္မတူမြို့နယ်များတွင် COVID-19 ရောဂါပိုးရှိသူများ ဆက်တိုက် တွေ့လာနေရပြီး လက်ရှိတွင် ၅၇၀ ကျော် ရှိသွားပြီဟု သိရသည်။

ယခုစာရင်းမှာ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့ အချိန်ထိ စာရင်းသာဖြစ်ပြီး အဆိုပါ အရေအတွက်ထက် လည်းများနိုင်သည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီအထိ COVID-19 ရောဂါ ဓါတ်ခွဲခန်းအတည်ပြုလူနာ ၈၀၄ ဦး တွေ့ရှိရသည့်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၅၃၁၆၀ ဦး ရှိပြီ ဟု ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ရွမ္းေျမာက္ ၿမိဳ႕ ၃ ၿမိဳ႕တြင္ အိမ္ျပင္မထြက္ရ သတ္မွတ္ခ်က္ ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕ ၃ ၿမိဳ႕တြင္ ေန႔စဥ္ COVID-19 ေရာဂါပိုးေတြ႕လူနာမ်ား တိုးလာေန သည့္ အတြက္ ေက်ာင္းမ်ားအားလုံးပိတ္ရန္ႏွင့္ Stay at Home (အိမ္ျပင္မထြက္ရ) ၿမိဳ႕အျဖစ္ သတ္မွတ္ထားသည္ဟု ေဒသခံမ်ားက ေျပာ သည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕မ်ား ျဖစ္ၾကသည့္ လားရႈိးၿမိဳ႕တြင္ ၃၀၀ ေက်ာ္ ၊ ေနာင္ခ်ိဳၿမိဳ႕တြင္ ၁၇၄ ဦး ႏွင့္ ေလာက္ကိုင္ ၿမိဳ႕ တြင္ ၁၄၇ ဦး ဇြန္လ ၂၇ ရက္ေန႔အထိ COVID-19 ကူးစက္ခံထားရသည္ဟု သိရသည္။

လားရႈိးၿမိဳ႕က ေစတနာ့ဝန္ထမ္း တစ္ဦး က “လားရႈိးလည္း မဂၤလာေဆာင္ပဲ၊ ေတာ္ေတာ္မ်ားမ်ား ဒီရွမ္းေျမာက္ မွာ ျဖစ္တာက ဒီမဂၤလာေဆာင္နဲ႔ နာေရးက စျဖစ္တဲ့ဟာေတြပဲ။ လူနာက ေန႔တိုင္းတိုးတယ္။ အဲ့ဒီက ဆက္စပ္တဲ့ လူ ေတြႀကီးပဲဗ်။ လူနာေတြက အနံ႔မရရင္ ဖုန္းဆက္လာတယ္။ အဲ့ဒါကို သြားသယ္ရတယ္။ က်ေနာ္တို႔ဆို ဒီအိမ္ ကဆို အဲ့မွာ သြားသယ္လိုက္တယ္။ အခ်က္အလက္ အတိအက်က ဘာမွ မသိရဘူးဗ်။ ဟိုရက္ေတြကဆို ေသတဲ့ လူထဲ ကိုယ္ဝန္ေဆာင္လည္းပါတယ္။ အခ်က္အလက္ေတြက သိရဖို႔က ခက္သြားၿပီ။ လူနာေတြကိုေတာ့ ေဆး႐ုံ ရဲ႕ သီးသန႔္ေဆာင္မွာပဲ ပို႔ထားရတာ” ဟု ေျပာသည္။

လားရႈိးတြင္ COVID-19 ပိုးေတြ႕လူနာမ်ားထဲမွ ေသဆုံးသူ ၄ ဦး၊ သံသယလူနာ ၃ ဦး စုစုေပါင္း ၇ ဦး ရွိၿပီ ျဖစ္ သည္။

လားရႈိးၿမိဳ႕တြင္ ပိုးေတြ႕လူနာ မ်ားလာေနသည့္အတြက္ လူသြားလူလာမ်ားသည့္ ေစ်းမ်ားႏွင့္ တည္းခိုခန္းမ်ား အားလုံးကို ႏွစ္ပတ္ၾကာ ယာယီ ပိတ္ထားၿပီး ရပ္ကြက္(၄)ရွိ လမ္း၊ ေနအိမ္၊ အေဆာက္အဦးေတြကို Lock down လုပ္ထားရၿပီး ၿမိဳ႕အား ဇြန္လ ၂၇ ရက္ေန႔ (ယမန္ေန႔) က စတင္၍ Stay at Home သတ္မွတ္လိုက္ၿပီး စာသင္ ေက်ာင္းမ်ားလည္း ပိတ္ထားရသည္ဟု သိရသည္။

ေနာင္ခ်ိဳၿမိဳ႕ က အေျခအေနႏွင့္ ပတ္သက္၍ “မေန႔ကအထိဆိုရင္ ၁၇၄ ေယာက္ရွိ ၿပီ၊ မေန႔က ၅၀ ေက်ာ္စစ္တဲ့အထဲမွာ ၂၅ ေယာက္က positive ေနာ္၊ ဟိုရက္က စာရင္းဆို ပိုးေတြ႕တဲ့အထဲ ေက်ာင္းသားေလးေတြလည္းပါတယ္။ ေသတာကေတာ့ အမ်ိဳးသမီးတစ္ေယာက္ ေသတာရွိၿပီ။ အသက္ ၄၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးပဲ။ နာေရးကူညီမႈ ပရဟိတအသင္းကပဲ ညတြင္းခ်င္းသၿဂႋဳလ္ေပးတာ” ဟု ေဒသခံတစ္ဦး က ေျပာသည္။

ထို႔အျပင္ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္သည့္ ေလာက္ကိုင္ၿမိဳ႕ကိုလည္း ဇြန္လ ၂၈ ရက္ေန႔ (ယေန႔) က စတင္၍ အိမ္ျပင္မထြက္ရ ၿမိဳ႕ အျဖစ္ စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ ထား သည္။

ထို႔ေၾကာင့္ ေလာက္ကိုင္ၿမိဳ႕ေန ျပည္သူမ်ားအေနျဖင့္ ယေန႔ မွ စတင္၍ Stay at Home သတ္မွတ္ထား သည့္ အတြက္ ေနအိမ္မ်ားတြင္သာ ေနၾကရန္ ထုတ္ျပန္ထားသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက လားရႈိး၊ သီေပါ၊ ေလာက္ကိုင္၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ ကြတ္ခိုင္၊ သိႏၷီ၊ မူဆယ္၊ နမ့္ ခမ္း၊ မိုင္းရယ္၊ တန္႔ယန္း၊ မိုးမိတ္၊ ဟိုပန္ႏွင့္ နမၼတူၿမိဳ႕နယ္မ်ားတြင္ COVID-19 ေရာဂါပိုးရွိသူမ်ား ဆက္တိုက္ ေတြ႕လာေနရၿပီး လက္ရွိတြင္ ၅၇၀ ေက်ာ္ ရွိသြားၿပီဟု သိရသည္။

ယခုစာရင္းမွာ ဇြန္လ ၁၆ ရက္ေန႔မွ ဇြန္လ ၂၇ ရက္ေန႔ အခ်ိန္ထိ စာရင္းသာျဖစ္ၿပီး အဆိုပါ အေရအတြက္ထက္ လည္းမ်ားႏိုင္သည္ဟု ေဒသအေျခစိုက္ လူမႈကူညီေရးအသင္းမ်ားက ေျပာသည္။

စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ဇြန္လ ၂၇ ရက္ေန႔ ည ၈ နာရီအထိ COVID-19 ေရာဂါ ဓါတ္ခြဲခန္းအတည္ျပဳလူနာ ၈၀၄ ဦး ေတြ႕ရွိရသည့္အတြက္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ပိုးေတြ႕ အတည္ျပဳလူနာ စုစုေပါင္း ၁၅၃၁၆၀ ဦး ရွိၿပီ ဟု ထုတ္ျပန္ထားသည္။