ပဲခူးတိုင်းအတွင်း ပေါ်တာဆွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

ကရင့်အမျိုးသား အစည်းအရုံး KNU လှုပ်ရှားနယ်မြေနှင့် ဆက်စပ်နေသော ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အ တွင်းရှိ ကျေးရွာအုပ်စုများထဲတွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲနေသည့်အတွက် ဒေသခံ ပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် ကရင် အမျိုးသား အစည်းအရုံး KNU သတင်းနှင့် ပြန်ကြားရေးဌာန က ပြောသည်။

ညောင်လေးပင်ခရိုင်၊ ဆောထိ(ရွှေကျင်) မြို့နယ်အတွင်းက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည် ဟု ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။

ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ် ကရင့်လူမှုရေးရာအဖွဲ့ မှ စောအယ်စတားက “ပေါ်တာ ဆွဲတော့ ကျန်တဲ့သူတွေကတော့ တိမ်းရှောင်ရတာပေါ့။ ကျနော်တို့ ဝါမီးခိုရွာမှာပဲ အိမ်ခြေ ၄၀ ကျော်ပေါ့ တစ်အိမ်ကို ၅ ယောက်နှုန်းနဲ့ပဲ တွက်လိုက်ရင်တော့ ဆယ်အိမ်ဆို ငါးဆယ်၊ ငါးဆယ်ဆိုတော့ လူနှစ်ရာကျော် ကျော် ထွက်ပြေးတိမ်းရှောင်ရတာပေါ့နော။ အဲမှာ တစ်ခုရယ် ကျနော်တို့ သစ်ခေါင်းချောင်းမှာက အိမ်ခြေ နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင်မှာ တစ်ဝက်လောက် ပြန်နေတယ်။ တစ်ဝက်လောက်က ရှောင်ပြေးနေရ တယ်။ အဲမှာလည်း အားလုံးစုစုပေါင်းဆိုရင် ၃၀၀ ကျော်လောက် ရှောင်တိမ်းနေရတယ်ပေါ့နော်” ဟု ပြောသည်။

ထို့အပြင် “ကျနော်တို့ ဒီဖက်တစ်ခြမ်းပဲ ပေါ့နော။ ဟိုဖက်နောက်ပြီးတော့ ဘင်ဘန်းရယ်၊ နောက်ပြီးတော့ ကျနော်တို့ ဝင်းမော အောက်ကလေ အဲဖက်တစ်ကြော စုစုပေါင်း တိမ်းရှောင်ရတဲ့ လူဦးရေက ငါးရာ ခြောက် ရာဝန်းကျင်လောက် သွားဖြစ်သွားမယ်။ ကျနော်တို့ ဒီဖက်တစ်ခြမ်းပဲ ခနက ကျနော်ပြောတာ ဒီဖက်တစ်ခြမ်း ပဲရှိတာကိုး ဟိုဖက် တစ်ခြမ်းက ကျန်သေးတာကိုး” ဟု စောအယ်စတားက ဆက် ပြောသည်။

ဇွန်လ ၂၈ ရက်နေ့ (ယနေ့) တွင် KNU သတင်းနှင့် ပြန်ကြားရေးဌာန သူလေးသတင်းစဉ်၏ ထုတ်ပြန်ချက်အရ စစ် ကောင်စီတပ်များမှ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများထဲတွင် ပေါ်တာ ဆွဲသည့် လုပ်ငန်းများကို လုပ်ဆောင်လာသည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု ဆို သည်။

သူလေးသတင်းစဉ်က “ယခုလို အဏာသိမ်းအကြမ်းဖက်စစ်အုပ်စု မှ ရွာသားများအား ဖမ်းဆီးခေါ်ဆောင် ပေါ် တာဆွဲသောကြောင့် ညောင်လေးပင်ခရိုင် စောထိမြို့နယ် ဘလောခိုကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၁)ရွာ၊ အိမ်ခြေ (၂၇၅)လုံး ရှိ လူဦးရေ (၁၆၉၁)ဦး တို့သည် စိုးရိမ်ကြောက်ရွံ့နေကြပြီး ကျေးရွာများကို စွန့်၍ ထွက် ပြေး တိမ်းရှောင်နေရသောကြောင့် ကျေးရွာတွင်းရှိ စာသင်ကျောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ သည် ဇွန်လ (၂၂)ရက် နေ့မှစပြီး ကျောင်းဆက်မတက်ရဲတော့ပဲ စာသင်ကျောင်းများကို ယခုချိန်ထိ ပိတ်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်” ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒေသခံ ရွာသား ၁၃ ဦးကို ပေါ်တာအဖြစ် ဖမ်း ဆီးခေါ် ဆောင်သွားသည့် ဖြစ်စဉ် ရှိသည်ဟု သူးလေသတင်းစဉ်က ဆိုသည်။

“ကေအဲန်ယူ- ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာ အုပ်စု သက်ခေါထာ ကျေးရွာတွင် နေထိုင်သည့် ရွာသား (၁၃) ဦးကို ဇွန်လ ၂၃ ရက်နေ့တွင် အာဏာသိမ်းအကြမ်း ဖက်စစ်အုပ်စု စက ခ (၁၂) လက်အောက်ခံ ခမရ (၅၄၈) မှ ဦးဆောင်သူ ဒု-ဗိုလ်မူးကြီးသောင်းစိုး နှင့် စကခ (၈) လက်အောက်ခံ ခမရ (၄၀၂) အမည်မသိ ဦးဆောင်သူတို့က တပ်သားအင်အား (၇၀) ကျော် ဖြင့် လာရောက်ဖမ်းဆီး ပေါ်တာဆွဲ ခဲ့သည်ဟု သိရှိရပါသည်” ဟု သူးလေသတင်းစဉ်က ပြောသည်။

ပေါ်တာအဖြစ် ဖမ်းဆီးခံခေါ်ဆောင်ခံရသည့် ၁၃ ဦးထဲမှ စောစိုးအောင်၊ မောင်ခင်စိုး နှင့် မြင့်ဝင်းတို့ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီး ကျန်ရှိခဲ့သည့် ဒေသခံ ၁၀ ဦးမှာ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ဧရိယာ အထိ ပေါ်တာ အဖြစ်ပါသွားသည်ဟု KNU က ဆိုသည်။

သို့သော် ဇွန်လ ၂၇ ရက်နေ့တွင် အဆိုပါ ဒေသခံ ၁၀ ဦးကို KNU သထုံခရိုင် တပ်မဟာ ၁ နှင့် ညောင်လေးပင် ခရိုင် တပ်မဟာ ၃ ကြား နယ်စပ်ရှိ ဘောပေါ်ထာကျေးရွာတွင် ပြန်လွတ်ပေးခဲ့သည်ဟု သူးလေသတင်းစဉ်၏ ထုတ်ပြန် ချက်အရသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကရင့်လူမှုရေးရာ အဖွဲ့မှ စောအယ်စတားက “ပြီးခဲ့တဲ့ ၂၄ ရက် ပေါ့နော။ ၂၄ ရက်၊ ၂၅ ရက်မှာ ကျနော်တို့ ခလရ လား ခမရလား အဲမှာ ၄၀၂ တပ်ရင်းက တပ်ရင်း နံပါတ်ကတော့ ၄၀၂ ကျနော်တို့ ထိုးစစ်ဆင်ပြီးတော့ ကျနော်တို့ သစ်ခေါင်းချောင်း ကနေပြီးတော့ ကျနော်တို့ ဝါမီးခိုလေ ထိုးစစ် ဆင်ပြီးတော့ ဝါမီးခိုကို ထိုးစစ်ဆင် တဲ့အခါကျတော့ သစ်ခေါင်းချောင်းက ၁၁ ယောက်ဆွဲတာပေါ့။ အဲမှာ သူက ကာဗာလုပ်တာပေါ့။ ၁၁ ယောက်တော့ ပြန်လွှတ်ပြီ။ ကျန်တဲ့ ၂ ယောက်က သူက အပြီးအပိုင်ကို ခေါ်တယ်။ ကြိုးတွေဘာတွေ ချည်နှောင်ပြီးတော့ အဲ့ကောင် ၂ ယောက်တော့ လုံး၀ မလွတ်သေးဘူးဗျာ” ဟု ပြောသည်။

KNU တပ်မဟာ အားလုံးနီးပါးတွင် စစ်ကောင်စီတပ်များနှင့် KNLA တပ်တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး စစ်ရေးတင်းမာမှုအတွင်း စစ်တပ်က ဒေသခံများအား ပေါ်တာဆွဲခြင်းများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်တပ်မှ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဖက် ပြည်သူများအား ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို လုပ်ဆောင်နေသည် ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

*** ZAWGYI ***
ပဲခူးတိုင္းအတြင္း ေပၚတာဆြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္။

ကရင့္အမ်ိဳးသား အစည္းအ႐ုံး KNU လႈပ္ရွားနယ္ေျမႏွင့္ ဆက္စပ္ေနေသာ ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္အ တြင္းရွိ ေက်း႐ြာအုပ္စုမ်ားထဲတြင္ စစ္ေကာင္စီတပ္မွ ေပၚတာဆြဲေနသည့္အတြက္ ေဒသခံ ျပည္သူ တစ္ေထာင္ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု ေဒသခံမ်ားႏွင့္ ကရင္ အမ်ိဳးသား အစည္းအ႐ုံး KNU သတင္းႏွင့္ ျပန္ၾကားေရးဌာန က ေျပာသည္။

ေညာင္ေလးပင္ခ႐ိုင္၊ ေဆာထိ(ေ႐ႊက်င္) ၿမိဳ႕နယ္အတြင္းက ျပည္သူမ်ား ထြက္ေျပးတိမ္းေရွာင္ေနရျခင္း ျဖစ္သည္ ဟု ေဒသအတြင္းက အရပ္ဘက္အဖြဲ႕အစည္းတစ္ခုက တာဝန္ရွိသူ တစ္ဦးက အတည္ျပဳေျပာသည္။

ေညာင္ေလးပင္ခ႐ိုင္ ေဆာထိ(ေ႐ႊက်င္) ၿမိဳ႕နယ္ ကရင့္လူမႈေရးရာအဖြဲ႕ မွ ေစာအယ္စတားက “ေပၚတာ ဆြဲေတာ့ က်န္တဲ့သူေတြကေတာ့ တိမ္းေရွာင္ရတာေပါ့။ က်ေနာ္တို႔ ဝါမီးခို႐ြာမွာပဲ အိမ္ေျခ ၄၀ ေက်ာ္ေပါ့ တစ္အိမ္ကို ၅ ေယာက္ႏႈန္းနဲ႔ပဲ တြက္လိုက္ရင္ေတာ့ ဆယ္အိမ္ဆို ငါးဆယ္၊ ငါးဆယ္ဆိုေတာ့ လူႏွစ္ရာေက်ာ္ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ရတာေပါ့ေနာ။ အဲမွာ တစ္ခုရယ္ က်ေနာ္တို႔ သစ္ေခါင္းေခ်ာင္းမွာက အိမ္ေျခ ႏွစ္ဆယ္ေက်ာ္ သုံးဆယ္ဝန္းက်င္မွာ တစ္ဝက္ေလာက္ ျပန္ေနတယ္။ တစ္ဝက္ေလာက္က ေရွာင္ေျပးေနရ တယ္။ အဲမွာလည္း အားလုံးစုစုေပါင္းဆိုရင္ ၃၀၀ ေက်ာ္ေလာက္ ေရွာင္တိမ္းေနရတယ္ေပါ့ေနာ္” ဟု ေျပာသည္။

ထို႔အျပင္ “က်ေနာ္တို႔ ဒီဖက္တစ္ျခမ္းပဲ ေပါ့ေနာ။ ဟိုဖက္ေနာက္ၿပီးေတာ့ ဘင္ဘန္းရယ္၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ဝင္းေမာ ေအာက္ကေလ အဲဖက္တစ္ေၾကာ စုစုေပါင္း တိမ္းေရွာင္ရတဲ့ လူဦးေရက ငါးရာ ေျခာက္ ရာဝန္းက်င္ေလာက္ သြားျဖစ္သြားမယ္။ က်ေနာ္တို႔ ဒီဖက္တစ္ျခမ္းပဲ ခနက က်ေနာ္ေျပာတာ ဒီဖက္တစ္ျခမ္း ပဲရွိတာကိုး ဟိုဖက္ တစ္ျခမ္းက က်န္ေသးတာကိုး” ဟု ေစာအယ္စတားက ဆက္ ေျပာသည္။

ဇြန္လ ၂၈ ရက္ေန႔ (ယေန႔) တြင္ KNU သတင္းႏွင့္ ျပန္ၾကားေရးဌာန သူေလးသတင္းစဥ္၏ ထုတ္ျပန္ခ်က္အရ စစ္ ေကာင္စီတပ္မ်ားမွ ေညာင္ေလးပင္ခ႐ိုင္ ေဆာထိ(ေ႐ႊက်င္) ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအုပ္စုမ်ားထဲတြင္ ေပၚတာ ဆြဲသည့္ လုပ္ငန္းမ်ားကို လုပ္ေဆာင္လာသည့္အတြက္ ေဒသခံမ်ားမွာ ထြက္ေျပးတိမ္းေရွာင္ေနရသည္ ဟု ဆို သည္။

သူေလးသတင္းစဥ္က “ယခုလို အဏာသိမ္းအၾကမ္းဖက္စစ္အုပ္စု မွ ႐ြာသားမ်ားအား ဖမ္းဆီးေခၚေဆာင္ ေပၚ တာဆြဲေသာေၾကာင့္ ေညာင္ေလးပင္ခ႐ိုင္ ေစာထိၿမိဳ႕နယ္ ဘေလာခိုေက်း႐ြာအုပ္စုရွိ ေက်း႐ြာေပါင္း (၁၁)႐ြာ၊ အိမ္ေျခ (၂၇၅)လုံး ရွိ လူဦးေရ (၁၆၉၁)ဦး တို႔သည္ စိုးရိမ္ေၾကာက္႐ြံ႕ေနၾကၿပီး ေက်း႐ြာမ်ားကို စြန႔္၍ ထြက္ ေျပး တိမ္းေရွာင္ေနရေသာေၾကာင့္ ေက်း႐ြာတြင္းရွိ စာသင္ေက်ာင္း ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားမ်ား သည္ ဇြန္လ (၂၂)ရက္ ေန႔မွစၿပီး ေက်ာင္းဆက္မတက္ရဲေတာ့ပဲ စာသင္ေက်ာင္းမ်ားကို ယခုခ်ိန္ထိ ပိတ္ေနရဆဲ ျဖစ္ေၾကာင္း သိရွိရသည္” ဟု ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၃ ရက္ေန႔က အာဏာသိမ္း စစ္ေကာင္စီတပ္မွ ေဒသခံ ႐ြာသား ၁၃ ဦးကို ေပၚတာအျဖစ္ ဖမ္း ဆီးေခၚ ေဆာင္သြားသည့္ ျဖစ္စဥ္ ရွိသည္ဟု သူးေလသတင္းစဥ္က ဆိုသည္။

“ေကအဲန္ယူ- ေညာင္ေလးပင္ခ႐ိုင္၊ တပ္မဟာ (၃) ေဆာထိၿမိဳ႕နယ္၊ ဘေလာခိုေက်း႐ြာ အုပ္စု သက္ေခါထာ ေက်း႐ြာတြင္ ေနထိုင္သည့္ ႐ြာသား (၁၃) ဦးကို ဇြန္လ ၂၃ ရက္ေန႔တြင္ အာဏာသိမ္းအၾကမ္း ဖက္စစ္အုပ္စု စက ခ (၁၂) လက္ေအာက္ခံ ခမရ (၅၄၈) မွ ဦးေဆာင္သူ ဒု-ဗိုလ္မူးႀကီးေသာင္းစိုး ႏွင့္ စကခ (၈) လက္ေအာက္ခံ ခမရ (၄၀၂) အမည္မသိ ဦးေဆာင္သူတို႔က တပ္သားအင္အား (၇၀) ေက်ာ္ ျဖင့္ လာေရာက္ဖမ္းဆီး ေပၚတာဆြဲ ခဲ့သည္ဟု သိရွိရပါသည္” ဟု သူးေလသတင္းစဥ္က ေျပာသည္။

ေပၚတာအျဖစ္ ဖမ္းဆီးခံေခၚေဆာင္ခံရသည့္ ၁၃ ဦးထဲမွ ေစာစိုးေအာင္၊ ေမာင္ခင္စိုး ႏွင့္ ျမင့္ဝင္းတို႔ ၃ ဦးမွာ ထြက္ေျပးလြတ္ေျမာက္လာခဲ့ၾကၿပီး က်န္ရွိခဲ့သည့္ ေဒသခံ ၁၀ ဦးမွာ ဖာပြန္ခ႐ိုင္ KNU တပ္မဟာ ၅ ဧရိယာ အထိ ေပၚတာ အျဖစ္ပါသြားသည္ဟု KNU က ဆိုသည္။

သို႔ေသာ္ ဇြန္လ ၂၇ ရက္ေန႔တြင္ အဆိုပါ ေဒသခံ ၁၀ ဦးကို KNU သထုံခ႐ိုင္ တပ္မဟာ ၁ ႏွင့္ ေညာင္ေလးပင္ ခ႐ိုင္ တပ္မဟာ ၃ ၾကား နယ္စပ္ရွိ ေဘာေပၚထာေက်း႐ြာတြင္ ျပန္လြတ္ေပးခဲ့သည္ဟု သူးေလသတင္းစဥ္၏ ထုတ္ျပန္ ခ်က္အရသိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း ကရင့္လူမႈေရးရာ အဖြဲ႕မွ ေစာအယ္စတားက “ၿပီးခဲ့တဲ့ ၂၄ ရက္ ေပါ့ေနာ။ ၂၄ ရက္၊ ၂၅ ရက္မွာ က်ေနာ္တို႔ ခလရ လား ခမရလား အဲမွာ ၄၀၂ တပ္ရင္းက တပ္ရင္း နံပါတ္ကေတာ့ ၄၀၂ က်ေနာ္တို႔ ထိုးစစ္ဆင္ၿပီးေတာ့ က်ေနာ္တို႔ သစ္ေခါင္းေခ်ာင္း ကေနၿပီးေတာ့ က်ေနာ္တို႔ ဝါမီးခိုေလ ထိုးစစ္ ဆင္ၿပီးေတာ့ ဝါမီးခိုကို ထိုးစစ္ဆင္ တဲ့အခါက်ေတာ့ သစ္ေခါင္းေခ်ာင္းက ၁၁ ေယာက္ဆြဲတာေပါ့။ အဲမွာ သူက ကာဗာလုပ္တာေပါ့။ ၁၁ ေယာက္ေတာ့ ျပန္လႊတ္ၿပီ။ က်န္တဲ့ ၂ ေယာက္က သူက အၿပီးအပိုင္ကို ေခၚတယ္။ ႀကိဳးေတြဘာေတြ ခ်ည္ေႏွာင္ၿပီးေတာ့ အဲ့ေကာင္ ၂ ေယာက္ေတာ့ လုံး၀ မလြတ္ေသးဘူးဗ်ာ” ဟု ေျပာသည္။

KNU တပ္မဟာ အားလုံးနီးပါးတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ KNLA တပ္တို႔ၾကား စစ္ေရးတင္းမာမႈမ်ား ရွိေနၿပီး စစ္ေရးတင္းမာမႈအတြင္း စစ္တပ္က ေဒသခံမ်ားအား ေပၚတာဆြဲျခင္းမ်ားကို လုပ္ေဆာင္ေနသည္ဟု ဆိုသည္။

စစ္တပ္မွ စစ္အာဏာသိမ္းၿပီးေနာက္ တိုင္းရင္းသား ျပည္နယ္မ်ားႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ တိုက္ပြဲမ်ား ျပင္း ထန္စြာ ျဖစ္ပြားလာခဲ့သည္။

ထိုတိုက္ပြဲအတြင္း စစ္ေကာင္စီဖက္ ျပည္သူမ်ားအား ေပၚတာဆြဲျခင္း၊ လူသားဒိုင္းကာအျဖစ္ အသုံးျပဳျခင္းႏွင့္ အျခားလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အမ်ိဳးမ်ိဳးကို လုပ္ေဆာင္ေနသည္ ဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ႏွင့္ လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားက ဆိုသည္။