စစ်ကောင်စီ ဝန်ကြီးချုပ်ပိုင် ရွှေသယ်ကားများကို PDF အဖွဲ့ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

စစ်ကောင်စီက ခန့်အပ်ထားသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးမောင်ကို ပိုင်ဆိုင်သည်ဟု ဆိုသော ရွှေသန့်စင်သည့် ကုမ္ပဏီမှ ရွှေသယ်ယာဉ်များကို ကောလင်း (ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့) PDF အဖွဲ့များက ယနေ့တွင် ခြုံခိုတိုက်ခိုက်ခဲ့သည် အဆိုပါ PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကောလင်းမြို့အထွက် မြစ်ကြီးနား၊ မန္တလေးကားလမ်း၊ မဲကြီးမဲလေး အတက်၊ မိုင်တိုင်အမှတ် AH47 အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားသည့် ယာဉ် ၁၁ စီးကို RPG ဒုံးပစ်လောင်ချာများဖြင့် လေး ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

“သူကတို့က မန္တလေးဘက်အဆင်း အဲ့ဒီကွေ့ တစ်တောင်ဆစ်ကွေ့ ထိရင် ချောက်ထဲအကျပဲ အခု မထိဘူးလို့ သက်သာသွားတာ“ ဟု PDF အဖွဲ့ဝင်တစ်ဦး က ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ (ယနေ့) မွန်းလွဲ ၂ နာရီ အချိန်ခန့် က ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကလည်း ပြောသည်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမောင်ဦး ပိုင်ဆိုင်သည့် ထာဝရရွှေသန့်စင်လုပ်ငန်းသည် ဘန့်ဘွေးကုန်းဘက်မှ သန့်စင်ထားသည့် ရွှေ ၃၇ ပိသာခန့်ကို သယ်ဆောင်လာသည့် သတင်းကြောင့် ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

”စစ်ကောင်စီရဲ့ ယန္တယားတွေကို အထောက်အပံ့ပေးမယ့် ဟာတွေမို့ တိုက်တာ။သူ့က အခွင့်ထူးခံလဲဖြစ်တယ်“ ဟု ၎င်းက ပြောသည်။

သယ်ဆောင်လာသည့် ရွှေများ ထိခိုက်ခြင်း ရှိမရှိ သတင်းမရသေးပါ။

ဦးမောင်ကို သည် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ရွှေဥသြရွှေဆိုင်ကို ပိုင်ဆိုင် သကဲ့လို့ သပိတ်ကျင်းဘက်တွင်လဲ ရွှေတွင်းများပိုင်ဆိုင်သူဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်းလွဲပိုင်း တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကောလင်းမြို့ကားကြီးဝင်း အတွင်း လုံခြုံရေးများ တင်းကြပ်စွာ ချ ထားပြီး ခရီးသွား ပြည်သူများကို စစ်ဆေးမှုပြုလုပ်နေသကဲ့သို့ ကိုးတောင်ဘို့ အထွက် နှစ်ခုတွင် လုံခြုံရေး အင် အား ထပ်မံဖြည့်ထားသည်ဟု ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရွှေချက်စက်ရုံဖြစ်သော ကျောက်ပုထိုးရွှေစက်ရုံသည် ကောလင်းမြို့၏ အရှေ့ဘက် ကျောက်တန်း/ခံသာကျေးရွာအလွန် ဘန့်ဘွေးကုန်းအရပ်တွင် တည်ရှိသည်။

၂၀၁၉ ခုနှစ်က ကောလင်းမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့နယ် သုံးခုကိုစုစည်းကာ ကောလင်းခရိုင် အဖြစ် ပြန်လည်ဖွဲ့စည်း ခဲ့သည်။

ကောလင်းမြို့သည့် ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီး၏ ၁၄မိုင်အကွာ၊ ထီးချိုင့်မြို့ အနောက်ဘက် မိုင် ၄၀ အကွာ၊ မ န္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိသည်။

*** ZAWGYI ***
စစ္ေကာင္စီ ဝန္ႀကီးခ်ဳပ္ပိုင္ ေ႐ႊသယ္ကားမ်ားကို PDF အဖြဲ႕ တိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၉ ရက္။

စစ္ေကာင္စီက ခန႔္အပ္ထားသည့္ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ဦးေမာင္ကို ပိုင္ဆိုင္သည္ဟု ဆိုေသာ ေ႐ႊသန႔္စင္သည့္ ကုမၸဏီမွ ေ႐ႊသယ္ယာဥ္မ်ားကို ေကာလင္း (ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕) PDF အဖြဲ႕မ်ားက ယေန႔တြင္ ၿခဳံခိုတိုက္ခိုက္ခဲ့သည္ အဆိုပါ PDF အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ေကာလင္းၿမိဳ႕အထြက္ ျမစ္ႀကီးနား၊ မႏၲေလးကားလမ္း၊ မဲႀကီးမဲေလး အတက္၊ မိုင္တိုင္အမွတ္ AH47 အနီးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရး ယူေပးထားသည့္ ယာဥ္ ၁၁ စီးကို RPG ဒုံးပစ္ေလာင္ခ်ာမ်ားျဖင့္ ေလး ခ်က္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု PDF တပ္ဖြဲ႕ဝင္တစ္ဦးက အတည္ျပဳေျပာၾကားသည္။

“သူကတို႔က မႏၲေလးဘက္အဆင္း အဲ့ဒီေကြ႕ တစ္ေတာင္ဆစ္ေကြ႕ ထိရင္ ေခ်ာက္ထဲအက်ပဲ အခု မထိဘူးလို႔ သက္သာသြားတာ“ ဟု PDF အဖြဲ႕ဝင္တစ္ဦး က ေျပာဆိုသည္။

ဇြန္လ ၂၉ ရက္ေန႔ (ယေန႔) မြန္းလြဲ ၂ နာရီ အခ်ိန္ခန႔္ က ၿခဳံခိုတိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားကလည္း ေျပာသည္။

စစ္ေကာင္စီခန႔္ ဝန္ႀကီးခ်ဳပ္ ဦးေမာင္ဦး ပိုင္ဆိုင္သည့္ ထာဝရေ႐ႊသန႔္စင္လုပ္ငန္းသည္ ဘန္႔ေဘြးကုန္းဘက္မွ သန႔္စင္ထားသည့္ ေ႐ႊ ၃၇ ပိသာခန႔္ကို သယ္ေဆာင္လာသည့္ သတင္းေၾကာင့္ ၾကားျဖတ္တိုက္ခိုက္ျခင္း ျဖစ္ေၾကာင္း PDF တပ္ဖြဲ႕ဝင္တစ္ဦးက အတည္ျပဳေျပာၾကားသည္။

”စစ္ေကာင္စီရဲ႕ ယႏၲယားေတြကို အေထာက္အပံ့ေပးမယ့္ ဟာေတြမို႔ တိုက္တာ။သူ႔က အခြင့္ထူးခံလဲျဖစ္တယ္“ ဟု ၎က ေျပာသည္။

သယ္ေဆာင္လာသည့္ ေ႐ႊမ်ား ထိခိုက္ျခင္း ရွိမရွိ သတင္းမရေသးပါ။

ဦးေမာင္ကို သည္ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္ၿပီး ေ႐ႊဥၾသေ႐ႊဆိုင္ကို ပိုင္ဆိုင္ သကဲ့လို႔ သပိတ္က်င္းဘက္တြင္လဲ ေ႐ႊတြင္းမ်ားပိုင္ဆိုင္သူျဖစ္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

မြန္းလြဲပိုင္း တိုက္ပြဲ၏ ေနာက္ဆက္တြဲအျဖစ္ ေကာလင္းၿမိဳ႕ကားႀကီးဝင္း အတြင္း လုံၿခဳံေရးမ်ား တင္းၾကပ္စြာ ခ် ထားၿပီး ခရီးသြား ျပည္သူမ်ားကို စစ္ေဆးမႈျပဳလုပ္ေနသကဲ့သို႔ ကိုးေတာင္ဘို႔ အထြက္ ႏွစ္ခုတြင္ လုံၿခဳံေရး အင္ အား ထပ္မံျဖည့္ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ျမန္မာႏိုင္ငံ၏ အႀကီးဆုံး ေ႐ႊခ်က္စက္႐ုံျဖစ္ေသာ ေက်ာက္ပုထိုးေ႐ႊစက္႐ုံသည္ ေကာလင္းၿမိဳ႕၏ အေရွ႕ဘက္ ေက်ာက္တန္း/ခံသာေက်း႐ြာအလြန္ ဘန႔္ေဘြးကုန္းအရပ္တြင္ တည္ရွိသည္။

၂၀၁၉ ခုႏွစ္က ေကာလင္းၿမိဳ႕နယ္၊ ပင္လယ္ဘူးၿမိဳ႕နယ္ႏွင့္ ဝန္းသိုၿမိဳ႕နယ္ သုံးခုကိုစုစည္းကာ ေကာလင္းခ႐ိုင္ အျဖစ္ ျပန္လည္ဖြဲ႕စည္း ခဲ့သည္။

ေကာလင္းၿမိဳ႕သည့္ ေ႐ႊဘို-ျမစ္ႀကီးနားကားလမ္းမႀကီး၏ ၁၄မိုင္အကြာ၊ ထီးခ်ိဳင့္ၿမိဳ႕ အေနာက္ဘက္ မိုင္ ၄၀ အကြာ၊ မ ႏၲေလး-ျမစ္ႀကီးနား ရထားလမ္းေပၚတြင္ တည္ရွိသည္။