ကွတ်ခိုင်အနီး တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

ဇူလိုင်လ ၄ရက်နေ့ (ယနေ့)တွင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်ရှိ အရာရှိတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ မန်လုံကျေးရွာနှင့် ကျောင်းပြန်ကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နဲ့ KIA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ကွတ်ခိုင်မြို့ထဲကနေလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါ ပစ်ခတ်မှုများအနက် ကွတ်ခိုင် မြို့မ စစ်ကောင်စီတပ်စခန်းဘက်မှလည်း နံနက် ၉ နာရီ ခွဲ ဝန်းကျင်ခန့် တွင် တိုက်ပွဲဖြစ်ပွားရာဘက်သို့ လက်နက်ကြီး ၅ လုံးထက် မနည်း ပစ်ကူပေးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ယနေ့တိုက်ပွဲနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မန်လုံကျေးရွာသည် ၂၀၁၆ ခုနှစ် ကတည်းက စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသည့် KIA, TNLA, MNDAA, AA တပ်ဖွဲ့ တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ရွာလုံးကျွတ် စစ်ရှောင်ခဲ့ရသည့် ကျေးရွာတစ်ရွာဖြစ်သည်။

အဆိုပါစစ်ရှောင်များသည် လက်ရှိအချိန် ကွတ်ခိုင်မြို့ရှိ KBC စစ်ရှောင်စခန်း အမှတ် (၂) Camp 2 တွင် စစ်ရှောင် နေရဆဲ ဖြစ်သည်။

*** ZAWGYI ***
ကြတ္ခိုင္အနီး တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္။

ဇူလိုင္လ ၄ရက္ေန႔ (ယေန႔)တြင္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား နာရီဝက္ၾကာ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေျမျပင္ရွိ အရာရွိတစ္ဦးက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္၊ မန္လုံေက်း႐ြာႏွင့္ ေက်ာင္းျပန္ေက်း႐ြာ အနီးတစ္ဝိုက္တြင္ စစ္ေကာင္စီတပ္နဲ႔ KIA တို႔ အၾကား တိုက္ပြဲျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု အဆိုပါ အရာရွိတစ္ဦးက ေျပာသည္။

ထို႔အျပင္ ယေန႔ နံနက္ ၈ နာရီ ၁၅ မိနစ္ အခ်ိန္ခန႔္တြင္ ကြတ္ခိုင္ၿမိဳ႕ထဲကေနလည္း လက္နက္ႀကီး၊ လက္နက္ငယ္ ပစ္ခတ္သံမ်ား ၾကားခဲ့ရသည္ဟု ကြတ္ခိုင္ေဒသခံတစ္ဦး က ေျပာသည္။

အဆိုပါ ပစ္ခတ္မႈမ်ားအနက္ ကြတ္ခိုင္ ၿမိဳ႕မ စစ္ေကာင္စီတပ္စခန္းဘက္မွလည္း နံနက္ ၉ နာရီ ခြဲ ဝန္းက်င္ခန႔္ တြင္ တိုက္ပြဲျဖစ္ပြားရာဘက္သို႔ လက္နက္ႀကီး ၅ လုံးထက္ မနည္း ပစ္ကူေပးခဲ့သည္ဟု ကြတ္ခိုင္ေဒသခံမ်ားက ေျပာသည္။

ယေန႔တိုက္ပြဲႏွင့္ ပတ္သက္၍ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ရွိသူကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

မန္လုံေက်း႐ြာသည္ ၂၀၁၆ ခုႏွစ္ ကတည္းက စစ္ေကာင္စီတပ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္တပ္မ်ားျဖစ္ၾကသည့္ KIA, TNLA, MNDAA, AA တပ္ဖြဲ႕ တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည့္အတြက္ ႐ြာလုံးကြၽတ္ စစ္ေရွာင္ခဲ့ရသည့္ ေက်း႐ြာတစ္႐ြာျဖစ္သည္။

အဆိုပါစစ္ေရွာင္မ်ားသည္ လက္ရွိအခ်ိန္ ကြတ္ခိုင္ၿမိဳ႕ရွိ KBC စစ္ေရွာင္စခန္း အမွတ္ (၂) Camp 2 တြင္ စစ္ေရွာင္ ေနရဆဲ ျဖစ္သည္။