မွန်ပြည်နယ် COVID-19 ကူးစက်မှု ဆက်လက် မြင့်တက်၊ သေဆုံးသူ များလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

မွန်ပြည်နယ် အတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်နေပြီး အတည်ပြုလူနာ ၁၇ ဦးအထိ သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃ ရက်နေ့(ယမန်နေ့) တစ်ရက်တည်းတွင် COVID-19 အတည်ပြုလူနာ ၅ ဦး ဆက်တိုက် သေဆုံးခဲ့သည် ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန မှ သိရသည်။

ဇွန်လဆန်းပိုင်းခန့် မှစ၍ ပြည်နယ်အတွင်း COVID-19 ကူးစက်လူနာများ ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် တစ်လကျော်အတွင်း၌ အတည်ပြုလူနာ ၅၀၀ ကျော်အထိ တိုးလာသည့်အပြင် သေဆုံးသူလည်း ၁၇ ဦး အထိ ရောက်ရှိလာခဲ့သည်။

ကနဦးက သေဆုံးလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများသာ ဖြစ် သော်လည်း ယခုအခါ လူလတ်ပိုင်းအရွယ် လူနာအချို့လည်း သေဆုံးမှု ရှိလာခဲ့သည်။

“သေဆုံးတဲ့လူတွေက ကာကွယ်ဆေးထိုးမထားတဲ့ အရင်ရောဂါအခံရှိတဲ့လူတွေကို တွေ့ရပါတယ်။ ရောဂါဒဏ် ကို မခံနိုင်လို့ အသက်ဆုံးရှုံးဆုံးကြရတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက် တာနန္ဒဝင်း က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် COVID-19 ရောဂါ ကူးစက်မှုများရှိနေပြီး ကူးစက်မှု အများဆုံး က တော့ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ပြီး၊ သံဖြူဇရပ် တစ်မြို့နယ်တည်းတွင် COVID-19 အတည်ပြု လူနာ ၃၅၀ ကျော်ရှိနေသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward-3 (သီးသန့်ဆောင်-၃) နှင့် Isolation Ward-1 (သီးသန့်ဆောင် ၁) တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း COVID-19 ကူးစက်မှုနှုန်း အရမ်းမြန်နေသည့် အနေအထားကြောင့် ပြည်သူများအနေဖြင့် ကျန်း မာရေး အသိရှိကြရန် ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ပြည်နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စာထုတ် ညွှန်ကြားထားသည်။

ထို့အပြင် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း ဇူလိုင် ၁ ရက်နေ့မှစပြီး ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ်ပြီးမှသာ ဝင်ခွင့်ပြုရန် ကန့်သတ်လိုက်သည်။

ကျန်းမာရေးစစ်ဆေးမှုအတွက် ကုန်ကျမည့် စစ်ဆေးစရိတ်ကိုလည်း ကာယကံရှင်က ပေးရမှာဖြစ်ပြီး၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ မွန်ပြည်နယ်သို့ Stay at Home (အိမ်ပြင်မထွက်ရ) သတ်မှတ် မြို့နယ်များမှ လာရောက်သူများ သည်လည်း သတ်မှတ်ထားသည့် နေရာတွင် (၁၀) ရက် Quarantine (သီးခြားခွဲနေထိုင်မှု) ဝင်ရမည်ဖြစ်ပြီး ရောဂါပိုးရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမည် ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္နယ္ COVID-19 ကူးစက္မႈ ဆက္လက္ ျမင့္တက္၊ ေသဆုံးသူ မ်ားလာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္။

မြန္ျပည္နယ္ အတြင္း COVID-19 ကပ္ေရာဂါ ကူးစက္မႈမ်ား ျမင့္တက္ေနၿပီး အတည္ျပဳလူနာ ၁၇ ဦးအထိ ေသဆုံးသြားသည္ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနထံမွ ထုတ္ျပန္ထားသည္။

ဇူလိုင္လ ၃ ရက္ေန႔(ယမန္ေန႔) တစ္ရက္တည္းတြင္ COVID-19 အတည္ျပဳလူနာ ၅ ဦး ဆက္တိုက္ ေသဆုံးခဲ့သည္ ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဌာန မွ သိရသည္။

ဇြန္လဆန္းပိုင္းခန႔္ မွစ၍ ျပည္နယ္အတြင္း COVID-19 ကူးစက္လူနာမ်ား ဆက္တိုက္ျမင့္တက္လာခဲ့ၿပီးေနာက္ တစ္လေက်ာ္အတြင္း၌ အတည္ျပဳလူနာ ၅၀၀ ေက်ာ္အထိ တိုးလာသည့္အျပင္ ေသဆုံးသူလည္း ၁၇ ဦး အထိ ေရာက္ရွိလာခဲ့သည္။

ကနဦးက ေသဆုံးလူနာမ်ားသည္ ေရာဂါအခံရွိသည့္ အသက္ ၅၀ ႏွစ္ႏွင့္အထက္ အသက္ႀကီးသူမ်ားသာ ျဖစ္ ေသာ္လည္း ယခုအခါ လူလတ္ပိုင္းအ႐ြယ္ လူနာအခ်ိဳ႕လည္း ေသဆုံးမႈ ရွိလာခဲ့သည္။

“ေသဆုံးတဲ့လူေတြက ကာကြယ္ေဆးထိုးမထားတဲ့ အရင္ေရာဂါအခံရွိတဲ့လူေတြကို ေတြ႕ရပါတယ္။ ေရာဂါဒဏ္ ကို မခံႏိုင္လို႔ အသက္ဆုံးရႈံးဆုံးၾကရတယ္” ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉး ေဒါက္ တာနႏၵဝင္း က ေျပာသည္။

လက္ရွိတြင္ မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္လုံးတြင္ COVID-19 ေရာဂါ ကူးစက္မႈမ်ားရွိေနၿပီး ကူးစက္မႈ အမ်ားဆုံး က ေတာ့ ေမာ္လၿမိဳင္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔ျဖစ္ၿပီး၊ သံျဖဴဇရပ္ တစ္ၿမိဳ႕နယ္တည္းတြင္ COVID-19 အတည္ျပဳ လူနာ ၃၅၀ ေက်ာ္ရွိေနသည္။

ကိုဗစ္အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး Isolation Ward-3 (သီးသန႔္ေဆာင္-၃) ႏွင့္ Isolation Ward-1 (သီးသန႔္ေဆာင္ ၁) တို႔အျပင္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္ႏွင့္ ၿမိဳ႕နယ္အသီးသီးတို႔တြင္လည္း ေဆးကုသေပးေနသည္ဟု ျပည္ နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနထံမွ သိရသည္။

ျပည္နယ္အတြင္း COVID-19 ကူးစက္မႈႏႈန္း အရမ္းျမန္ေနသည့္ အေနအထားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ က်န္း မာေရး အသိရွိၾကရန္ ကိုဗစ္စည္းကမ္း သတ္မွတ္ခ်က္မ်ားအတိုင္း လိုက္နာေနထိုင္ၾကရန္ ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားသည္။

ျပည္နယ္အတြင္း ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေမာ္လၿမိဳင္၊ သံျဖဴဇရပ္ႏွင့္ ေရးၿမိဳ႕နယ္ အတြင္းရွိ စားေသာက္ဆိုင္မ်ား၊ လက္ဖက္ရည္ဆိုင္မ်ားတြင္ ဆိုင္ထိုင္ေရာင္းခ်ျခင္းမျပဳပဲ ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕က စာထုတ္ ၫႊန္ၾကားထားသည္။

ထို႔အျပင္ ျပည္နယ္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားကိုလည္း ဇူလိုင္ ၁ ရက္ေန႔မွစၿပီး က်န္းမာေရး စစ္ေဆးမႈ မ်ား ျပဳလုပ္ၿပီးမွသာ ဝင္ခြင့္ျပဳရန္ ကန႔္သတ္လိုက္သည္။

က်န္းမာေရးစစ္ေဆးမႈအတြက္ ကုန္က်မည့္ စစ္ေဆးစရိတ္ကိုလည္း ကာယကံရွင္က ေပးရမွာျဖစ္ၿပီး၊ ဇူလိုင္လ ၁ ရက္ေန႔မွစ၍ မြန္ျပည္နယ္သို႔ Stay at Home (အိမ္ျပင္မထြက္ရ) သတ္မွတ္ ၿမိဳ႕နယ္မ်ားမွ လာေရာက္သူမ်ား သည္လည္း သတ္မွတ္ထားသည့္ ေနရာတြင္ (၁၀) ရက္ Quarantine (သီးျခားခြဲေနထိုင္မႈ) ဝင္ရမည္ျဖစ္ၿပီး ေရာဂါပိုးရွိ မရွိ ႏွစ္ႀကိမ္ စစ္ေဆးခံရမည္ ျဖစ္သည္။