မီတာခများ မဆောင်မနေရ လိုက်ကောက်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။

ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ဇူလိုင် ၆ ရက်နေ့ (ယနေ့) တွင် မီတာခ မဆောင်သည့် နေအိမ်များကို EPC ဝန်ထမ်း များက နေအိမ်များအထိ မီတာခများ လိုက်လံကောက်ခံနေသည် ဟု ဒေသခံပြည်သူများက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့ ၅၈ ရပ်ကွက်အတွင်း မီတာခများကို အတင်းအကြပ် လိုက်ကောက်နေသည်ဟု ရပ်ကွက် နေ ပြည်သူများ က ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့ ၅၈ ရက်ကွက်အတွင်း နေထိုင်သူ တစ်ဦး က “သူတို့က အတင်းအကြပ် ဆောင်ခိုင်းတဲ့သဘော မျိုး။ အခုမဆောင်ရင်တစ်ခါတည်း မီတာဖြတ်သွားမယ်လို့ ပြောတာပဲ။ ညနေဆောင်မယ်ဆိုတာတောင် မနည်း ညှိရတာ။ သူတို့က အခုတစ်ခါတည်းဖြတ် မီတာလာဆောင်မှ ပြန်လာတတ်ပေးမယ်။ အဲ့ဒီလိုမျိုး” ဟု ပြော သည်။

အဆိုပါ ရပ်ကွက်အတွင်း ဇူလိုင်လ ၅ ရက်က မီတာမဆောင်သည့် နေအိမ်များ ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထား မီတာဆောင်ရန်နှင့် ပေးဆောင်ခြင်းမရှိပါက လျှပ်စစ်မီး ဖြတ်တောက်မည်ဟု လိုက်လံကြေညာခဲ့ ပြီး ဇူလိုင် ၆ ရက်တွင် နေအိမ်များ အထိ လိုက်လံကောက်ခံနေခြင်း ဖြစ်သည်။

“မဆောင်တဲ့သူတွေက တစ်ရပ်ကွက်ကို ၃ ပုံ ၂ ပုံလောက်ရှိတယ်။ အခုက မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်တိုင်း လုပ် ရမှာ တစ်ရပ်ကွက်ကို သိရင်။ အပေါ်ကတော့ စာရင်းနဲ့ မဆောင်တဲ့ အိမ်တွေ တစ်ခါတည်း မီးဖြတ်ခဲ့ဖို့ ခိုင်းတာ” ဟု မီးတာလာဖြတ်သည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး က ပြောသည်။

အရှေ့ဒဂုံမြို့နယ် အတွင်းက ရပ်ကွက်များထဲတွင်လည်း မီးတာခမ ပေးဆောင်သည့် နေအိမ်များကို လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ ပြီးခဲ့သည့် လများက ပြုလုပ်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

လှိုင်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦး က “ကျမတို့ကတော့ မီတာဖြတ်ချင်ဖြတ်ပါစေ။ မဆောင်ဘူး” ဟု ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း စက်မှုလုပ်ငန်း လုပ်ကိုင်သူများ၊ အသေးစားစက်ရုံများနှင့် နေအိမ်လိုင်းခန်း ငှားရမ်း သူများ ရှိသဖြင့် လုပ်ငန်းအတွက် မဖြစ်မနေ ဆောင်ရသည်ဟု အသေးစားစက်ရုံ လုပ်ငန်းပိုင်ရှင် တစ်ဦး က ပြော သည်။

ထို့အတူ တောင်ဒဂုံမြို့နယ်အတွင်းတွင်လည်း မီတာခ ဆောင်ရမည့်ရက်ကို ဇူလိုင်လ နောက်ဆုံးအပတ်တွင် ပေး ဆောင်ရန် သတ်မှတ်ထားသည်ဟု တောင်ဒဂုံရပ်ကွက် ၂၀ က ပြည်သူတစ်ဦးက ပြောသည်။

တောင်ဒဂုံမြို့နယ်ထဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ကဲ့သို့ မီတာခကို အတင်းအကြပ်ကောက်ခံခြင်း၊ ယခုကဲ့သို့ မီတာ ဖြတ်သည့် ပုံစံမျိုးများ လက်ရှိတွင် မလုပ်ဆောင်သေးကြောင်း တောင်ဒဂုံ ၂၀ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုး သားတစ်ဦး က ပြောသည်။

ထို့အတူ ကမာရွတ်မြို့နယ် ၅ ရပ်ကွက် အတွင်း တိုက်ခန်းများ အပေါ်တက်၍ မီတာဆောင်ကြဖို့ လိုက်လံ ပြော ဆိုခဲ့ပြီး မီတာခ မဆောင်သည့် အိမ်များကို မီးဖြတ်ချမည်ဟု ခြိမ်းခြောက်ကာ အတင်းအကြပ် မီတာခ ဆောင် ခိုင်းလျက်ရှိကြောင်း အဆိုပါရပ်ကွက် အတွင်းနေထိုင်သူ တစ်ဦး က ဆိုသည်။

ထို့အပြင် ကမာရွတ်မြို့နယ် ၆ ရပ်ကွက်တွင်လည်း ဇူလိုင် ၆ ရက်မနက်ပိုင်းက မီတာခများ လိုက်ဖြတ်နေပြီး သွား ဆောင်ပါက မီတာခ အပြင်ဒဏ်ကြေး ၄၀၀၀ ပါ ပေးဆောင်ရသည် ဟု ဆိုသည်။

*** ZAWGYI ***
မီတာခမ်ား မေဆာင္မေနရ လိုက္ေကာက္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ အတြင္း ဇူလိုင္ ၆ ရက္ေန႔ (ယေန႔) တြင္ မီတာခ မေဆာင္သည့္ ေနအိမ္မ်ားကို EPC ဝန္ထမ္း မ်ားက ေနအိမ္မ်ားအထိ မီတာခမ်ား လိုက္လံေကာက္ခံေနသည္ ဟု ေဒသခံျပည္သူမ်ားက ေျပာသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕ ၅၈ ရပ္ကြက္အတြင္း မီတာခမ်ားကို အတင္းအၾကပ္ လိုက္ေကာက္ေနသည္ဟု ရပ္ကြက္ ေန ျပည္သူမ်ား က ေျပာသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕ ၅၈ ရက္ကြက္အတြင္း ေနထိုင္သူ တစ္ဦး က “သူတို႔က အတင္းအၾကပ္ ေဆာင္ခိုင္းတဲ့သေဘာ မ်ိဳး။ အခုမေဆာင္ရင္တစ္ခါတည္း မီတာျဖတ္သြားမယ္လို႔ ေျပာတာပဲ။ ညေနေဆာင္မယ္ဆိုတာေတာင္ မနည္း ညႇိရတာ။ သူတို႔က အခုတစ္ခါတည္းျဖတ္ မီတာလာေဆာင္မွ ျပန္လာတတ္ေပးမယ္။ အဲ့ဒီလိုမ်ိဳး” ဟု ေျပာ သည္။

အဆိုပါ ရပ္ကြက္အတြင္း ဇူလိုင္လ ၅ ရက္က မီတာမေဆာင္သည့္ ေနအိမ္မ်ား ဇူလိုင္လ ၆ ရက္ေန႔ ေနာက္ဆုံးထား မီတာေဆာင္ရန္ႏွင့္ ေပးေဆာင္ျခင္းမရွိပါက လွ်ပ္စစ္မီး ျဖတ္ေတာက္မည္ဟု လိုက္လံေၾကညာခဲ့ ၿပီး ဇူလိုင္ ၆ ရက္တြင္ ေနအိမ္မ်ား အထိ လိုက္လံေကာက္ခံေနျခင္း ျဖစ္သည္။

“မေဆာင္တဲ့သူေတြက တစ္ရပ္ကြက္ကို ၃ ပုံ ၂ ပုံေလာက္ရွိတယ္။ အခုက ၿမိဳ႕နယ္ထဲမွာရွိတဲ့ ရပ္ကြက္တိုင္း လုပ္ ရမွာ တစ္ရပ္ကြက္ကို သိရင္။ အေပၚကေတာ့ စာရင္းနဲ႔ မေဆာင္တဲ့ အိမ္ေတြ တစ္ခါတည္း မီးျဖတ္ခဲ့ဖို႔ ခိုင္းတာ” ဟု မီးတာလာျဖတ္သည့္ လွ်ပ္စစ္ဝန္ထမ္းတစ္ဦး က ေျပာသည္။

အေရွ႕ဒဂုံၿမိဳ႕နယ္ အတြင္းက ရပ္ကြက္မ်ားထဲတြင္လည္း မီးတာခမ ေပးေဆာင္သည့္ ေနအိမ္မ်ားကို လွ်ပ္စစ္မီး ျဖတ္ေတာက္ျခင္းမ်ား ၿပီးခဲ့သည့္ လမ်ားက ျပဳလုပ္ခဲ့သည္ဟု ရပ္ကြက္ေနျပည္သူမ်ားက ေျပာသည္။

လႈိင္ၿမိဳ႕နယ္အတြင္း ေနထိုင္သူ အမ်ိဳးသမီးတစ္ဦး က “က်မတို႔ကေတာ့ မီတာျဖတ္ခ်င္ျဖတ္ပါေစ။ မေဆာင္ဘူး” ဟု ေျပာသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္း စက္မႈလုပ္ငန္း လုပ္ကိုင္သူမ်ား၊ အေသးစားစက္႐ုံမ်ားႏွင့္ ေနအိမ္လိုင္းခန္း ငွားရမ္း သူမ်ား ရွိသျဖင့္ လုပ္ငန္းအတြက္ မျဖစ္မေန ေဆာင္ရသည္ဟု အေသးစားစက္႐ုံ လုပ္ငန္းပိုင္ရွင္ တစ္ဦး က ေျပာ သည္။

ထို႔အတူ ေတာင္ဒဂုံၿမိဳ႕နယ္အတြင္းတြင္လည္း မီတာခ ေဆာင္ရမည့္ရက္ကို ဇူလိုင္လ ေနာက္ဆုံးအပတ္တြင္ ေပး ေဆာင္ရန္ သတ္မွတ္ထားသည္ဟု ေတာင္ဒဂုံရပ္ကြက္ ၂၀ က ျပည္သူတစ္ဦးက ေျပာသည္။

ေတာင္ဒဂုံၿမိဳ႕နယ္ထဲတြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ကဲ့သို႔ မီတာခကို အတင္းအၾကပ္ေကာက္ခံျခင္း၊ ယခုကဲ့သို႔ မီတာ ျဖတ္သည့္ ပုံစံမ်ိဳးမ်ား လက္ရွိတြင္ မလုပ္ေဆာင္ေသးေၾကာင္း ေတာင္ဒဂုံ ၂၀ ရပ္ကြက္အတြင္း ေနထိုင္သူ အမ်ိဳး သားတစ္ဦး က ေျပာသည္။

ထို႔အတူ ကမာ႐ြတ္ၿမိဳ႕နယ္ ၅ ရပ္ကြက္ အတြင္း တိုက္ခန္းမ်ား အေပၚတက္၍ မီတာေဆာင္ၾကဖို႔ လိုက္လံ ေျပာ ဆိုခဲ့ၿပီး မီတာခ မေဆာင္သည့္ အိမ္မ်ားကို မီးျဖတ္ခ်မည္ဟု ၿခိမ္းေျခာက္ကာ အတင္းအၾကပ္ မီတာခ ေဆာင္ ခိုင္းလ်က္ရွိေၾကာင္း အဆိုပါရပ္ကြက္ အတြင္းေနထိုင္သူ တစ္ဦး က ဆိုသည္။

ထို႔အျပင္ ကမာ႐ြတ္ၿမိဳ႕နယ္ ၆ ရပ္ကြက္တြင္လည္း ဇူလိုင္ ၆ ရက္မနက္ပိုင္းက မီတာခမ်ား လိုက္ျဖတ္ေနၿပီး သြား ေဆာင္ပါက မီတာခ အျပင္ဒဏ္ေၾကး ၄၀၀၀ ပါ ေပးေဆာင္ရသည္ ဟု ဆိုသည္။