ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို PPST မှ နှုတ်ထွက်ခွင့်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို နှုတ်ထွက်ခွင့် ပြုပြီးနောက် အဖွဲ့ကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဆက်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု PPST က ပြောသည်။

PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် အား နှုတ်ထွက်ခွင့်ပြုလိုက်သည့်အတွက် လက်ရှိ ငြိမ်းချမ်း ရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်အတွက် PPST အဖွဲ့ဝင် အဖွဲ့အစည်းများထဲမှ ခေါင်းဆောင်အ ချို့ကို ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် ပြန်လည်တာဝန်ပေးအပ်ခဲ့သည် ဟု PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။

၎င်းက “ဒါကို ကျနော်တို့ အသစ်အစားထိုးပြီးတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း ကို အစားထိုးခန့်တယ်။ ဒုတိယအဖွဲ့ခေါင်းဆောင်ကို ကိုစိုင်းငင်း RCSS က ပါမယ်။ နောက်တစ်ယောက်က ဗိုလ် မှူးကြီးခွန်ဥက္ကာပေါ့နော်။ သုံးယောက်ကို သုံးဦး စုပေါင်း ခေါင်းဆောင်မှုအနေနဲ့ တပ်ညီလက်ညီ ဖြစ်ဖို့အတွက် ကျနော်တို့ ဒါ ဒီ ပုံစံအသစ် အနေနဲ့ ဆက်လက် ဆောင်ရွက်သွားရမယ်ခင်ဗျာ။ စုပေါင်းခေါင်းဆောင်မှု စနစ်ပုံစံ အနေနဲ့ ပုံစံသစ်အနေနဲ့ ဒါလည်း ခြောက်လကာလအတွင်းပေါ့ Summit မဖြစ်ခင် အတွင်းမှာ တာဝန်ယူသွား ဖို့ပါပဲ” ဟု ပြောသည်။

PPST ၏ ဇူလိုင်လ ၇ ရက်နေ့ (ယနေ့) တွင် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးမှ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အဖွဲ့ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုလိုက်သည်ဟု PPST က ပြောသည်။

နိုင်အောင်မငေး က “သူ့ကို PPST တစ်ဖွဲ့လုံးက သူ့ကို နှုတ်ထွက်ခွင့် ပေး လိုက်တယ်” ဟု ပြောသည်။

ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၆ ရက်၊ ၇ ရက်တို့တွင် ကျင်းပပြုလုပ်သည့် လေးရက်တာ PPST အစည်းအဝေးမှ နှုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့၏ ယာယီ ခေါင်း ဆောင်အဖြစ်မှ နှုတ်ထွက်လိုကြာင်း PPST သို့ စာပေးပို့အကြောင်းကြားထားခဲ့သည်ဟု သိရသည်။

PPST ၏ ယာယီ အဖွဲ့ခေါင်းဆောင်မှ ဗိုလ်ချုပ်ကြီး ယွက်စစ် နှုတ်ထွက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ နိုင်အောင်မငေး က ယခုကဲ့သို့ ပြောသည်။

“အဓိက သူဘာဖြစ်လို့လဲ နှုတ်ထွက်သွားတာလဲဆိုတော့ ဒီကိစ္စမှာ သူက တာဝန်ကို နှစ်နှစ်တာ ကာလမှာ ယူထား ပြီးပြီဆိုတော့လေ အဓိက တာဝန်တစ်ရပ်ကို တာဝန်ကျေပြီဆိုတဲ့ သဘောပေါ့နော။ ရှေ့ဆက် သူပါတီ လုပ်ငန်း တွေလည်း အများကြီးရှိတယ်ဆိုတော့ သူ့ပါတီ လုပ်ငန်းကို ပိုပြီးတော့ အားစိုက်ချင်တဲ့ သဘောလည်း ပါတယ် ပေါ့” ဟု နိုင်အောင်မငေးက ပြောသည်။

NCA အပစ်ရပ်အဖွဲ့များက NLD အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးနိုင်ရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒု- ဥက္ကဋ္ဌမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက် စစ်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ပြီးနောက် ဗိုလ်ချုပ်ကြီး ယွက် စစ်က အဖွဲ့၏ ယာယီ ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူပေးခဲ့သည်။

NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Photo – NCAs-EAO

*** ZAWGYI ***
ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ကို PPST မွ ႏႈတ္ထြက္ခြင့္ျပဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၇ ရက္။

NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ကို ႏႈတ္ထြက္ခြင့္ ျပဳၿပီးေနာက္ အဖြဲ႕ကို စုေပါင္းေခါင္းေဆာင္မႈျဖင့္ ဆက္သြားရန္ ဆုံးျဖတ္ခဲ့သည္ဟု PPST က ေျပာသည္။

PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ အား ႏႈတ္ထြက္ခြင့္ျပဳလိုက္သည့္အတြက္ လက္ရွိ ၿငိမ္းခ်မ္း ေရး ေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ႏိုင္အတြက္ PPST အဖြဲ႕ဝင္ အဖြဲ႕အစည္းမ်ားထဲမွ ေခါင္းေဆာင္အ ခ်ိဳ႕ကို ၿငိမ္းခ်မ္းေရး လုပ္ငန္းမ်ားအတြက္ ျပန္လည္တာဝန္ေပးအပ္ခဲ့သည္ ဟု PPST ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငး က ေျပာသည္။

၎က “ဒါကို က်ေနာ္တို႔ အသစ္အစားထိုးၿပီးေတာ့ က်ေနာ္တို႔ မြန္ျပည္သစ္ပါတီ ဒုတိယ ဥကၠ႒ ႏိုင္ေအာင္မင္း ကို အစားထိုးခန႔္တယ္။ ဒုတိယအဖြဲ႕ေခါင္းေဆာင္ကို ကိုစိုင္းငင္း RCSS က ပါမယ္။ ေနာက္တစ္ေယာက္က ဗိုလ္ မႉးႀကီးခြန္ဥကၠာေပါ့ေနာ္။ သုံးေယာက္ကို သုံးဦး စုေပါင္း ေခါင္းေဆာင္မႈအေနနဲ႔ တပ္ညီလက္ညီ ျဖစ္ဖို႔အတြက္ က်ေနာ္တို႔ ဒါ ဒီ ပုံစံအသစ္ အေနနဲ႔ ဆက္လက္ ေဆာင္႐ြက္သြားရမယ္ခင္ဗ်ာ။ စုေပါင္းေခါင္းေဆာင္မႈ စနစ္ပုံစံ အေနနဲ႔ ပုံစံသစ္အေနနဲ႔ ဒါလည္း ေျခာက္လကာလအတြင္းေပါ့ Summit မျဖစ္ခင္ အတြင္းမွာ တာဝန္ယူသြား ဖို႔ပါပဲ” ဟု ေျပာသည္။

PPST ၏ ဇူလိုင္လ ၇ ရက္ေန႔ (ယေန႔) တြင္ က်င္းပၿပီးစီးခဲ့သည့္ အစည္းအေဝးမွ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ကို အဖြဲ႕ ေခါင္းေဆာင္အျဖစ္မွ ႏႈတ္ထြက္ခြင့္ျပဳလိုက္သည္ဟု PPST က ေျပာသည္။

ႏိုင္ေအာင္မေငး က “သူ႔ကို PPST တစ္ဖြဲ႕လုံးက သူ႔ကို ႏႈတ္ထြက္ခြင့္ ေပး လိုက္တယ္” ဟု ေျပာသည္။

ဇူလိုင္လ ၁ ရက္၊ ၂ ရက္ႏွင့္ ၆ ရက္၊ ၇ ရက္တို႔တြင္ က်င္းပျပဳလုပ္သည့္ ေလးရက္တာ PPST အစည္းအေဝးမွ ႏႈတ္ထြက္ခြင့္ျပဳလိုက္ျခင္း ျဖစ္သည္ဟု PPST ေျပာေရးဆိုခြင့္ရွိသူ က ဆိုသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၉ ရက္ေန႔က PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က အဖြဲ႕၏ ယာယီ ေခါင္း ေဆာင္အျဖစ္မွ ႏႈတ္ထြက္လိုၾကာင္း PPST သို႔ စာေပးပို႔အေၾကာင္းၾကားထားခဲ့သည္ဟု သိရသည္။

PPST ၏ ယာယီ အဖြဲ႕ေခါင္းေဆာင္မွ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ႏႈတ္ထြက္ရသည့္ အေၾကာင္းအရင္းႏွင့္ ပတ္သက္၍ ႏိုင္ေအာင္မေငး က ယခုကဲ့သို႔ ေျပာသည္။

“အဓိက သူဘာျဖစ္လို႔လဲ ႏႈတ္ထြက္သြားတာလဲဆိုေတာ့ ဒီကိစၥမွာ သူက တာဝန္ကို ႏွစ္ႏွစ္တာ ကာလမွာ ယူထား ၿပီးၿပီဆိုေတာ့ေလ အဓိက တာဝန္တစ္ရပ္ကို တာဝန္ေက်ၿပီဆိုတဲ့ သေဘာေပါ့ေနာ။ ေရွ႕ဆက္ သူပါတီ လုပ္ငန္း ေတြလည္း အမ်ားႀကီးရွိတယ္ဆိုေတာ့ သူ႔ပါတီ လုပ္ငန္းကို ပိုၿပီးေတာ့ အားစိုက္ခ်င္တဲ့ သေဘာလည္း ပါတယ္ ေပါ့” ဟု ႏိုင္ေအာင္မေငးက ေျပာသည္။

NCA အပစ္ရပ္အဖြဲ႕မ်ားက NLD အစိုးရႏွင့္ ႏိုင္ငံေရး ေဆြးေႏြးႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ PPST ကို ၂၀၁၆ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ၿပီး ဥကၠ႒အျဖစ္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးႏွင့္ ဒု- ဥကၠ႒မွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ စစ္ျဖစ္သည္။

၂၀၁၉ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက PPST ဥကၠ႒ ရာထူးမွ ႏုတ္ထြက္ၿပီးေနာက္ ဗိုလ္ခ်ဳပ္ႀကီး ယြက္ စစ္က အဖြဲ႕၏ ယာယီ ေခါင္းေဆာင္အျဖစ္ ဆက္လက္တာဝန္ယူေပးခဲ့သည္။

NCA အပစ္ရပ္ အဖြဲ႕မ်ားမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။

Photo – NCAs-EAO