မြန်မာ ငွေကြေးအကြပ်အတည်းကြောင့် ကချင် စစ်ရှောင်များ ရိက္ခာ နှောင့်နှေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ စစ်ရှောင်စခန်းအချို့ ပုံမှန်ရရှိနေကျ ရိက္ခာများ အချိန် မှီ မရောက်ရှိသောကြောင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲများ နှင့် တွေ့ကြုံ နေရသည် ဟု စစ်ရှောင်ပြည်သူများက ပြောသည်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ငွေကြေးအကြပ်အတည်းကြောင့် ပြီးခဲ့သည့် မေလ နှင့် ဇွန်လ အတွက် လစဉ် ရရှိနေကျ အခြေခံစားသောက်ကုန်များ ယခု ဇူလိုင်လဆန်းရောက် သည်အထိ မရသေးကြောင်း KIO ထိန်းချုပ်နယ်မြေထဲက ဂျေယန့်စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦး က ပြော သည်။

“ပုံမှန်တော့ ကရုဏာ လူမှုအဖွဲ့အစည်းကနေ ပေးတာတော့ ဟုတ်တယ်။ ဒါပေမယ့် နှစ်လကျော်ပြီ ထုတ်လို့ မရ သေးဘူး။ ငွေထုတ်ရခက်တယ် ဆိုပြီး မထုတ်ပေးသေးဘူး။ အခုလောလောဆယ်တော့ စခန်းအတွင်းမှာ ဆန် ကုန်သွားတဲ့ အိမ်ထောင် မိသားစုတွေ များလာလို့ တော်တော်တော့ စိတ်ညစ်နေကြတဲ့ အချိန်ဖြစ်နေတယ်” ဟု ပြောသည်။

ဂျေယန့် စစ်ရှောင်စခန်းမှ စစ်ရှောင်များအား လစဉ် တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၁ လီတာ၊ ဆား ၁ ထုတ် နှုန်း ဖြင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) က ပုံမှန်ထောက်ပံ့ပေးလျှက်ရှိရာ စစ်တပ်က အာဏာ သိမ်းပြီးနောက် နိုင်ငံအနှံ့ကြုံနေရသည့် ဘဏ်မှ ငွေထုတ်ယူရန် အခက်အခဲများကြောင့် စစ်ရှောင်များ ထောက်ပံ့ မှုများပုံမှန် မရတော့ပဲ ယခုကဲ့သို့ အခက်အခဲနှင့် ကြုံနေရခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

ဂျေယန့်စစ်ရှောင်စခန်းနည်းတူ လိုင်စင်အထက်ဘက်ရှိ မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်များလည်း စားနပ် ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။

“လက်ရှိကတော့ WFP က KBC ကနေ တဆင့် လတိုင်း ဆန်တစ်အိတ်နဲ့ ဟင်းဖိုး တရုတ်ယွမ် ငွေ ၄၀ ပေး တယ်။ KBC လာဖို့ အခက်အခဲဖြစ်တဲ့ လတွေမှာတော့ (Health properties Action – HPA) ကနေပြီး ကူ ညီပေးပါတယ်။ ဒီလအတွက်က မပေး သေးဘူး May လ အတွက်လည်း HPA က ဆန်လာပေးပါတယ် ဟင်းဖိုး တော့ မပါသေးဘူး” ဟု မဂါးယန် စစ်ရှောင်စခန်း က စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဟင်းဖိုးအတွက် ပေးသည့် တရုတ်ငွေ ယွမ် ၄၀ မှာ မြန်မာငွေ ကျပ် တစ်သောင်းခန့်သာရှိပြီး COVID-19 ကပ် ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကုန်းဈေးနှုန်းများ မြင့်နေသည့်အတွက် ယခုရရှိနေသည့် ဟင်းဖိုးငွေ မှာ လုံလောက်မှု မရှိဘူးဟုလည်း ဆက်ပြောသည်။

“၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်း သုံးလအတွက် ဟင်းဖိုးကိုတော့ KBC ကနေ လာပေးမယ်လို့တော့ ပြောတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ယွမ်၄၀ နဲ့ က မလောက်ဘူးပေါ့နော်။ အခုဆိုရင် ကျမတို့ တရုတ်ပြည်ဘက် လည်း တိုက်ရိုက်ဝင်ဝယ်လို့ မရတော့ဘူး။ ကိုယ့်မှာလိုက်တဲ့ ပစ္စည်းကို သူတို့လာပို့ပေးတာမျိုးဘဲ ရတော့တယ်။ ဒါကြောင့် အရမ်း ဈေးကြီးတယ်။ COVID ရောဂါ မဖြစ်သေးတဲ့ အချိန်တုန်းကတော့ ဆီဗူးသေးက ယွမ်ငွေ ၁၇ ဘဲ အခုတော့ ၂၀ ဖြစ်သွားပြီ။ အရင်က ၃၅ တန် ဆီဗူးတွေလည်း အခုက ၄၀ ကျော် ၅၀ ဝန်းကျင်လောက် ရှိ သွားပြီ။ ဆားလည်း အရင်က တစ်ထုတ် တစ်ယွမ်ခွဲ၊ အခုတော့ မရတော့ဘူး” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီး က ဆက် ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းများအားလုံး လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး ကချင်စစ်ရှောင်များ အနေ ဖြင့် ၎င်းတို့ အချင်းချင်း ချေးငှားစားသောက်ကာ ဖြေရှင်း စားသောက်နေကြရသည်ဟု စစ်ရှောင်များက ပြော သည်။

“အခုတလောတော့ ဆန်မရောက်တော့ရင်လည်း အိမ်နီးနားချင်း အချင်းချင်း တချို့တွေဆီက ပိုတာလေးတွေ ကို ချေးငှားပြီးစားနေကြတာပေါ့။ တခြားနည်းနဲ့ ရှာစားဖို့ကလည်း အခုအခြေအနေက တော်တော် ခက်နေ တယ်။ နေ့စားသွားလို့ကလည်းမရ။ တရုတ်ပြည်သွားလို့လည်းမရ” ဟု ဂျေယန့်စစ်ရှောင်စခန်းက စစ်ရှောင် တစ်ဦး က ပြောသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့်အတွက် ၂၀၂၀ ခုနှစ်ကစတင်ပြီး နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန် ဈေးနှုန်းများမြှင့်တက်လျှက်ရှိသလို၊ နေ့စား အလုပ်ထွက်လုပ်ရန်လည်း လုပ်ငန်းခွင်များ မရှိတော့သည့်အတွက် စားရေးသောက်ရေးတွင် ပိုမိုခက်ခဲ လာရခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

“နိုင်ငံရေးရှုပ်တဲ့အထဲ ကိုဗစ်ကလည်း ပြန်ဖြစ် ဆိုတော့ ရှာဖွေစားသောက် ဖြေရှင်းဖို့ကလည်း ဆန်က မရောက် တဲ့ အတွက်ကြောင်း အားလုံး စိတ်ညစ်နေကြတယ်။ ဘယ်လိုရှာစားရမလဲတောင် မသိတော့ဘူး။ တချို့ကတော့ ဈေးရောင်းတော့ အဆင်ပြေသွားကြတယ်။ တချို့က တောင်ပေါ်မှာ ကြက်မွေးကြတဲ့သူတွေလည်းရှိတယ်။ တချို့က ဝက်မွေးကြတယ်။ ဒါပေမယ့် ဝက်တွေလည်း ပြန်သေ ဆိုတော့ အရှုံးပေါ်သွားတဲ့ သူတွေလည်း ရှိ တယ်” ဟု ၎င်းက ဆက်ပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း လိုင်ဇာအနီးတဝိုက်တွင် ဂျေယန့်၊ ဖုန်လုံယန်၊ ဝေကြိုင်၊ ဒွမ်ဘုန် စစ်ရှောင် စခန်း များ၊ လိုင်စင်အထက်ဘက်တွင် ဂျန်မိုင်၊ မဂါးယန်၊ ရှအစ်ယန်၊ မှတ်တိုင် ၆၊ မှတ်တိုင် ၇ (ဖရဲ)၊ မှတ်တိုင် ၈၊ မိုင် တိုင် ၁၂ (ဆဒုံးဒေသ ရှိ စစ်ရှောင်စခန်းများ-ခေါင်ရှောင်)၊ မိုင်ဂျာယန် အနီးတဝိုက်တွင် အင်ခေါင်းပါ၊ ပါကထောင် ၁၊ ပါကထောင် ၂၊ ပန်ခေါန်ယန်၊ အင်ဒွတ်ယန်၊ ဆလန်ယန် စသည့် စစ်ရှောင်စခန်းများ ရှိသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်း ၁၉ ခု၊ လူဦးရေ ၃၇၉၂၀ ကျော်ရှိပြီး ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲ ဖြစ်ပွားခဲ့သော ၂၀၁၁ အကုန် ၂၀၁၂ နှစ်ဆန်းပိုင်းမှ ၂၀၁၃ နှစ်ကုန်ပိုင်း အထိ KIO ထိန်းချုပ်နယ်မြေ အတွင်း ရှိ စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးကို KIO အစိုးရမှ တာဝန်ယူခဲ့ပြီး ၂၀၁၄ မှ ယခုလက်ရှိ အချိန်ထိ လူမှု အဖွဲ့အစည်းများမှ တာဝန်ယူထောက်ပံ့ပေးနေခြင်း ဖြစ်သည်ဟု အရပ်ဘက်လူမှုအဖွဲ့များ၏ မှတ်တမ်း စာရင်း များအရ သိရသည်။

*** ZAWGYI ***
ျမန္မာ ေငြေၾကးအၾကပ္အတည္းေၾကာင့္ ကခ်င္ စစ္ေရွာင္မ်ား ရိကၡာ ေႏွာင့္ေႏွး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမ အတြင္းရွိ စစ္ေရွာင္စခန္းအခ်ိဳ႕ ပုံမွန္ရရွိေနက် ရိကၡာမ်ား အခ်ိန္ မွီ မေရာက္ရွိေသာေၾကာင့္ စစ္ေရွာင္ျပည္သူမ်ား စားနပ္ရိကၡာ အခက္အခဲမ်ား ႏွင့္ ေတြ႕ႀကဳံ ေနရသည္ ဟု စစ္ေရွာင္ျပည္သူမ်ားက ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚခဲ့သည့္ ေငြေၾကးအၾကပ္အတည္းေၾကာင့္ ၿပီးခဲ့သည့္ ေမလ ႏွင့္ ဇြန္လ အတြက္ လစဥ္ ရရွိေနက် အေျခခံစားေသာက္ကုန္မ်ား ယခု ဇူလိုင္လဆန္းေရာက္ သည္အထိ မရေသးေၾကာင္း KIO ထိန္းခ်ဳပ္နယ္ေျမထဲက ေဂ်ယန႔္စစ္ေရွာင္စခန္းမွ စစ္ေရွာင္တစ္ဦး က ေျပာ သည္။

“ပုံမွန္ေတာ့ က႐ုဏာ လူမႈအဖြဲ႕အစည္းကေန ေပးတာေတာ့ ဟုတ္တယ္။ ဒါေပမယ့္ ႏွစ္လေက်ာ္ၿပီ ထုတ္လို႔ မရ ေသးဘူး။ ေငြထုတ္ရခက္တယ္ ဆိုၿပီး မထုတ္ေပးေသးဘူး။ အခုေလာေလာဆယ္ေတာ့ စခန္းအတြင္းမွာ ဆန္ ကုန္သြားတဲ့ အိမ္ေထာင္ မိသားစုေတြ မ်ားလာလို႔ ေတာ္ေတာ္ေတာ့ စိတ္ညစ္ေနၾကတဲ့ အခ်ိန္ျဖစ္ေနတယ္” ဟု ေျပာသည္။

ေဂ်ယန႔္ စစ္ေရွာင္စခန္းမွ စစ္ေရွာင္မ်ားအား လစဥ္ တစ္ဦးလွ်င္ ဆန္ ၈ ျပည္၊ ဆီ ၁ လီတာ၊ ဆား ၁ ထုတ္ ႏႈန္း ျဖင့္ က႐ုဏာ လူမႈစည္းလုံးညီၫြတ္ေရးအသင္း (KMSS) က ပုံမွန္ေထာက္ပံ့ေပးလွ်က္ရွိရာ စစ္တပ္က အာဏာ သိမ္းၿပီးေနာက္ ႏိုင္ငံအႏွံ႔ႀကဳံေနရသည့္ ဘဏ္မွ ေငြထုတ္ယူရန္ အခက္အခဲမ်ားေၾကာင့္ စစ္ေရွာင္မ်ား ေထာက္ပံ့ မႈမ်ားပုံမွန္ မရေတာ့ပဲ ယခုကဲ့သို႔ အခက္အခဲႏွင့္ ႀကဳံေနရျခင္း ျဖစ္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

ေဂ်ယန႔္စစ္ေရွာင္စခန္းနည္းတူ လိုင္စင္အထက္ဘက္ရွိ မဂါးယန္စစ္ေရွာင္စခန္းမွ စစ္ေရွာင္မ်ားလည္း စားနပ္ ရိကၡာအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဟု ေျပာသည္။

“လက္ရွိကေတာ့ WFP က KBC ကေန တဆင့္ လတိုင္း ဆန္တစ္အိတ္နဲ႔ ဟင္းဖိုး တ႐ုတ္ယြမ္ ေငြ ၄၀ ေပး တယ္။ KBC လာဖို႔ အခက္အခဲျဖစ္တဲ့ လေတြမွာေတာ့ (Health properties Action – HPA) ကေနၿပီး ကူ ညီေပးပါတယ္။ ဒီလအတြက္က မေပး ေသးဘူး May လ အတြက္လည္း HPA က ဆန္လာေပးပါတယ္ ဟင္းဖိုး ေတာ့ မပါေသးဘူး” ဟု မဂါးယန္ စစ္ေရွာင္စခန္း က စစ္ေရွာင္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ဟင္းဖိုးအတြက္ ေပးသည့္ တ႐ုတ္ေငြ ယြမ္ ၄၀ မွာ ျမန္မာေငြ က်ပ္ တစ္ေသာင္းခန႔္သာရွိၿပီး COVID-19 ကပ္ ေရာဂါျဖစ္ပြားေနသည့္ကာလအတြင္း ကုန္းေစ်းႏႈန္းမ်ား ျမင့္ေနသည့္အတြက္ ယခုရရွိေနသည့္ ဟင္းဖိုးေငြ မွာ လုံေလာက္မႈ မရွိဘူးဟုလည္း ဆက္ေျပာသည္။

“၆ လပိုင္း၊ ၇ လပိုင္း၊ ၈ လပိုင္း သုံးလအတြက္ ဟင္းဖိုးကိုေတာ့ KBC ကေန လာေပးမယ္လို႔ေတာ့ ေျပာတယ္။ အမွန္အတိုင္းေျပာရမယ္ဆိုရင္ ယြမ္၄၀ နဲ႔ က မေလာက္ဘူးေပါ့ေနာ္။ အခုဆိုရင္ က်မတို႔ တ႐ုတ္ျပည္ဘက္ လည္း တိုက္႐ိုက္ဝင္ဝယ္လို႔ မရေတာ့ဘူး။ ကိုယ့္မွာလိုက္တဲ့ ပစၥည္းကို သူတို႔လာပို႔ေပးတာမ်ိဳးဘဲ ရေတာ့တယ္။ ဒါေၾကာင့္ အရမ္း ေဈးႀကီးတယ္။ COVID ေရာဂါ မျဖစ္ေသးတဲ့ အခ်ိန္တုန္းကေတာ့ ဆီဗူးေသးက ယြမ္ေငြ ၁၇ ဘဲ အခုေတာ့ ၂၀ ျဖစ္သြားၿပီ။ အရင္က ၃၅ တန္ ဆီဗူးေတြလည္း အခုက ၄၀ ေက်ာ္ ၅၀ ဝန္းက်င္ေလာက္ ရွိ သြားၿပီ။ ဆားလည္း အရင္က တစ္ထုတ္ တစ္ယြမ္ခြဲ၊ အခုေတာ့ မရေတာ့ဘူး” ဟု အဆိုပါ စစ္ေရွာင္အမ်ိဳးသမီး က ဆက္ ေျပာသည္။

အဆိုပါ စစ္ေရွာင္စခန္းမ်ားအားလုံး လက္ရွိတြင္ စားနပ္ရိကၡာအခက္အခဲႀကဳံေနရၿပီး ကခ်င္စစ္ေရွာင္မ်ား အေန ျဖင့္ ၎တို႔ အခ်င္းခ်င္း ေခ်းငွားစားေသာက္ကာ ေျဖရွင္း စားေသာက္ေနၾကရသည္ဟု စစ္ေရွာင္မ်ားက ေျပာ သည္။

“အခုတေလာေတာ့ ဆန္မေရာက္ေတာ့ရင္လည္း အိမ္နီးနားခ်င္း အခ်င္းခ်င္း တခ်ိဳ႕ေတြဆီက ပိုတာေလးေတြ ကို ေခ်းငွားၿပီးစားေနၾကတာေပါ့။ တျခားနည္းနဲ႔ ရွာစားဖို႔ကလည္း အခုအေျခအေနက ေတာ္ေတာ္ ခက္ေန တယ္။ ေန႔စားသြားလို႔ကလည္းမရ။ တ႐ုတ္ျပည္သြားလို႔လည္းမရ” ဟု ေဂ်ယန႔္စစ္ေရွာင္စခန္းက စစ္ေရွာင္ တစ္ဦး က ေျပာသည္။

COVID-19 ေရာဂါျဖစ္ပြားေနသည့္အတြက္ ၂၀၂၀ ခုႏွစ္ကစတင္ၿပီး နယ္စပ္ဂိတ္မ်ား ပိတ္ထားျခင္းေၾကာင့္ ကုန္ ေစ်းႏႈန္းမ်ားျမႇင့္တက္လွ်က္ရွိသလို၊ ေန႔စား အလုပ္ထြက္လုပ္ရန္လည္း လုပ္ငန္းခြင္မ်ား မရွိေတာ့သည့္အတြက္ စားေရးေသာက္ေရးတြင္ ပိုမိုခက္ခဲ လာရျခင္း ျဖစ္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

“ႏိုင္ငံေရးရႈပ္တဲ့အထဲ ကိုဗစ္ကလည္း ျပန္ျဖစ္ ဆိုေတာ့ ရွာေဖြစားေသာက္ ေျဖရွင္းဖို႔ကလည္း ဆန္က မေရာက္ တဲ့ အတြက္ေၾကာင္း အားလုံး စိတ္ညစ္ေနၾကတယ္။ ဘယ္လိုရွာစားရမလဲေတာင္ မသိေတာ့ဘူး။ တခ်ိဳ႕ကေတာ့ ေဈးေရာင္းေတာ့ အဆင္ေျပသြားၾကတယ္။ တခ်ိဳ႕က ေတာင္ေပၚမွာ ၾကက္ေမြးၾကတဲ့သူေတြလည္းရွိတယ္။ တခ်ိဳ႕က ဝက္ေမြးၾကတယ္။ ဒါေပမယ့္ ဝက္ေတြလည္း ျပန္ေသ ဆိုေတာ့ အရႈံးေပၚသြားတဲ့ သူေတြလည္း ရွိ တယ္” ဟု ၎က ဆက္ေျပာသည္။

KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း လိုင္ဇာအနီးတဝိုက္တြင္ ေဂ်ယန႔္၊ ဖုန္လုံယန္၊ ေဝႀကိဳင္၊ ဒြမ္ဘုန္ စစ္ေရွာင္ စခန္း မ်ား၊ လိုင္စင္အထက္ဘက္တြင္ ဂ်န္မိုင္၊ မဂါးယန္၊ ရွအစ္ယန္၊ မွတ္တိုင္ ၆၊ မွတ္တိုင္ ၇ (ဖရဲ)၊ မွတ္တိုင္ ၈၊ မိုင္ တိုင္ ၁၂ (ဆဒုံးေဒသ ရွိ စစ္ေရွာင္စခန္းမ်ား-ေခါင္ေရွာင္)၊ မိုင္ဂ်ာယန္ အနီးတဝိုက္တြင္ အင္ေခါင္းပါ၊ ပါကေထာင္ ၁၊ ပါကေထာင္ ၂၊ ပန္ေခါန္ယန္၊ အင္ဒြတ္ယန္၊ ဆလန္ယန္ စသည့္ စစ္ေရွာင္စခန္းမ်ား ရွိသည္။

KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း စစ္ေရွာင္စခန္း ၁၉ ခု၊ လူဦးေရ ၃၇၉၂၀ ေက်ာ္ရွိၿပီး ကခ်င္ေဒသ တစ္ေက်ာ့ျပန္ စစ္ပြဲ ျဖစ္ပြားခဲ့ေသာ ၂၀၁၁ အကုန္ ၂၀၁၂ ႏွစ္ဆန္းပိုင္းမွ ၂၀၁၃ ႏွစ္ကုန္ပိုင္း အထိ KIO ထိန္းခ်ဳပ္နယ္ေျမ အတြင္း ရွိ စစ္ေရွာင္ျပည္သူမ်ား၏ စားဝတ္ေနေရးကို KIO အစိုးရမွ တာဝန္ယူခဲ့ၿပီး ၂၀၁၄ မွ ယခုလက္ရွိ အခ်ိန္ထိ လူမႈ အဖြဲ႕အစည္းမ်ားမွ တာဝန္ယူေထာက္ပံ့ေပးေနျခင္း ျဖစ္သည္ဟု အရပ္ဘက္လူမႈအဖြဲ႕မ်ား၏ မွတ္တမ္း စာရင္း မ်ားအရ သိရသည္။