ပြည်သူ့စစ်စခန်းအား KIA တိုက်ခိုက်၊ စစ်ကောင်စီက အရပ်ဘက် ကျေးရွာများသို့ လက်နက်ကြီးပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်စခန်းအား ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်ပြီးနောက် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် မိုးမောက်ဒေသထဲရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၁ နေ့ ည ၈ နာရီအချိန်ခန့်က ဝိုင်းမော်မြို့၊ အောင်မြေ(၁) ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ် ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းအား KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။

ဒေသခံတစ်ဦး က “သေနတ်သံတွေက ဒက် ဒက် ဒက် ဆက်တိုက်ပဲ၊ အဲ့အချိန်တော့ ဘယ်သူမှ သွားမကြည့်ရဲဘူး၊ ရွာနဲ့လည်း နီးတယ်လေနော်။ အကုန်ကြားရတယ်။ အစဖြစ်ဖြစ်ချင်းက အသံအကျယ်ကြီးပဲ ကြားတာ၊ လက် နက်ကြီးသံလို့ ပြောရမလား အဲ့ဒါအရင်ကြားတယ်။ ခနဆို ဆက်တိုက် သေနတ်သံတွေ ထွက်လာတယ်။ ပြီး တော့ မီးတွေရှို့ပြီး ဒီပြည်သူ့စစ်အဖွဲ့ရဲ့ တပ်စခန်းတဲလေနော် အဲ့ဒါတွေကို မီးရှို့လိုက်တယ်။ ပြီးတော့ သေနတ် တွေဘာတွေလည်း အကုန်သိမ်းသွားတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းအား ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်ခဲ့ပြီးနောက် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် မိုးမောက်ဒေသထဲရှိ ကျေးရွာများထဲသို့ စစ် ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၁ နေ့ ညက KIA ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့စစ်စခန်းမှာ လီဆူပြည်သူ့စစ်များ နေထိုင်သည့် စခန်းဖြစ်ပြီး အဆိုပါစခန်းထဲမှ လက်နက်အချို့အားလည်း KIA က သိမ်းယူခဲ့သည်။

“အဲ့ဒီပြည်သူ့စစ်စခန်းက ဒီ အောင်မြေ (၁) ရဲ့ တံတားနားမှာရှိတဲ့စခန်းလေနော်။ အဲ့မှာက ပုံမှန်ဆိုရင် ပြည်သူ့ စစ် အဖွဲ့တွေ ထိုင်တာဟုတ်တယ်။ ကျနော်တို့ သိသလောက်ဆိုရင် အဲ့ဒီက ပြည်သူ့စစ်တွေက လီဆူတွေဟုတ် တယ်နော်။ KIA က မနေ့ညက လာပစ်တော့ အကုန်ထွက်ပြေးသွားတယ်လို့ ပြောကြတာပဲ။ အဲ့လို ပစ်ပြီး မီး တွေဘာ တွေရှို့ပြီး မကြာဘူးနော် စစ်တပ်က ဒီဝိုင်းမော်က ၅၈ တပ်ရင်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန် ပစ်ကြသေးတယ်။ ဒီမနက်တော့ ဘာမှမဖြစ်ဘူး။ နန်ဇော်ယန်ရွာဘက်ကို ပစ်တယ်၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်တာဟုတ်တယ်” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ထို့နောက် ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ၏ တပ်စခန်းကုန်းများဖြစ်သည့် ၁၉၊ ၂၅၊ ၃၀ စခန်းကုန်း များဘက်သို့ ဒေါ့ဖုန်းယန်အတွင်းရှိ စစ်ကောင်စီတပ်၏ ခလရ ၁၄၂ နဲ့ ခလရ ၃၈၇ တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒေါ့ဖုန်းယန်ရှိ အုပ်စု ၃ အတွင်းက ပြည်သူတစ်ဦး နေအိမ်ဝန်းအတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ လက်နက်ကြီးကျည်ကြောင့် နွားလေး ကောင်လည်းသေဆုံးသွားသည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“ဒေါ့ဖုန်းယန်မှာ ထိုင်တဲ့ ဗမာစစ်တပ်က ခလရ ၁၄၂ တပ်တွေနဲ့ ဆေးရုံမှာ ရောက်နေတဲ့ စခန်းချထားတဲ့ စစ် ကြောင်း တပ်မ ၈၈ ဇူလိုင်လ ၁၁ ရက်နေ့ည ၈ နာရီခွဲလောက်မှာ ရွာတွေထဲကို လက်နက်ကြီး ပစ်တာပေါ့နော်။ အဲ့မှာ ဒေါ့ဖုန်းယန် အုပ်စု ၃ က ဦးခင်မောင်ညွန့် ရဲ့ အိမ်ဝန်းထဲကို လက်နက်ကြီးကျတယ်၊ သူ့ရဲ့ လက်ကို ကျည်စ ထိသွားတယ်။ သူလည်း ဒဏ်ရာရတယ်။ နောက်ပြီး ခြံထဲက နွားတွေလည်း လက်နက်ကြီးကျည်စ ထိပြီး သေသွားတယ်။ ၄ ကောင်နော်” ဟု ဒေါ့ဖုန်းယန်က ဒေသခံတစ်ဦး က ပြောသည်။

ထို့အပြင် “မနေ့ညက မိုးမောက် ကုန်းလောရွာဘက်ကို စစ်တပ်က လက်နက်ကြီးပစ်သေးတယ်။ အဲ့ဒါ အိမ်နှစ် အိမ် သုံးအိမ်လောက် ပျက်သွားတယ်။ နောက်ပြီး အိမ်တစ်အိမ်က ကားပျက်သွားတယ်။ အိမ်တွေလည်း ပျက် စီးတယ်” ဟု ပြောသည်။

မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်တလျှောက်ရှိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ်များက ဇွန်လတစ်လလုံး တွင်လည်း လက်နက်ကြီးများဖြင့် မကြာခန ပစ်ခတ်ခဲ့သည်။

အဆိုပါဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိနေခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ရှိနေသေးသည့်အတွက် ဒေသခံပြည်သူ ၆၀၀၀ ကျော်မှာ ဗန်းမော်မြို့နှင့် မိုးမောက်မြို့ပေါ်သို့ ယနေ့အချိန်ထိ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

Photo – CJ – ဓါတ်ပုံ – ပြည်သူ့စစ်ခန်းမှာ သိမ်းဆည်းရမိသော လက်နက်များ

*** ZAWGYI ***
ျပည္သူ႔စစ္စခန္းအား KIA တိုက္ခိုက္၊ စစ္ေကာင္စီက အရပ္ဘက္ ေက်း႐ြာမ်ားသို႔ လက္နက္ႀကီးပစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ ျပည္သူ႔စစ္စခန္းအား ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က တိုက္ခိုက္ၿပီးေနာက္ ဝိုင္းေမာ္၊ ေဒါ့ဖုန္းယန္ႏွင့္ မိုးေမာက္ေဒသထဲရွိ ေက်း႐ြာမ်ားသို႔ စစ္ေကာင္စီတပ္ဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇူလိုင္လ ၁၁ ေန႔ ည ၈ နာရီအခ်ိန္ခန႔္က ဝိုင္းေမာ္ၿမိဳ႕၊ ေအာင္ေျမ(၁) ေက်း႐ြာအနီးတြင္ တပ္စြဲထားသည့္ စစ္ ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္တပ္စခန္းအား KIA က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး လက္နက္မ်ားလည္း သိမ္းဆည္းရမိခဲ့သည္။

ေဒသခံတစ္ဦး က “ေသနတ္သံေတြက ဒက္ ဒက္ ဒက္ ဆက္တိုက္ပဲ၊ အဲ့အခ်ိန္ေတာ့ ဘယ္သူမွ သြားမၾကည့္ရဲဘူး၊ ႐ြာနဲ႔လည္း နီးတယ္ေလေနာ္။ အကုန္ၾကားရတယ္။ အစျဖစ္ျဖစ္ခ်င္းက အသံအက်ယ္ႀကီးပဲ ၾကားတာ၊ လက္ နက္ႀကီးသံလို႔ ေျပာရမလား အဲ့ဒါအရင္ၾကားတယ္။ ခနဆို ဆက္တိုက္ ေသနတ္သံေတြ ထြက္လာတယ္။ ၿပီး ေတာ့ မီးေတြရႈိ႕ၿပီး ဒီျပည္သူ႔စစ္အဖြဲ႕ရဲ႕ တပ္စခန္းတဲေလေနာ္ အဲ့ဒါေတြကို မီးရႈိ႕လိုက္တယ္။ ၿပီးေတာ့ ေသနတ္ ေတြဘာေတြလည္း အကုန္သိမ္းသြားတယ္” ဟု ေျပာသည္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕ရွိ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္တပ္စခန္းအား ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က တိုက္ခိုက္ခဲ့ၿပီးေနာက္ ဝိုင္းေမာ္၊ ေဒါ့ဖုန္းယန္ႏွင့္ မိုးေမာက္ေဒသထဲရွိ ေက်း႐ြာမ်ားထဲသို႔ စစ္ ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇူလိုင္လ ၁၁ ေန႔ ညက KIA ဝင္ေရာက္တိုက္ခိုက္ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ ျပည္သူ႔စစ္စခန္းမွာ လီဆူျပည္သူ႔စစ္မ်ား ေနထိုင္သည့္ စခန္းျဖစ္ၿပီး အဆိုပါစခန္းထဲမွ လက္နက္အခ်ိဳ႕အားလည္း KIA က သိမ္းယူခဲ့သည္။

“အဲ့ဒီျပည္သူ႔စစ္စခန္းက ဒီ ေအာင္ေျမ (၁) ရဲ႕ တံတားနားမွာရွိတဲ့စခန္းေလေနာ္။ အဲ့မွာက ပုံမွန္ဆိုရင္ ျပည္သူ႔ စစ္ အဖြဲ႕ေတြ ထိုင္တာဟုတ္တယ္။ က်ေနာ္တို႔ သိသေလာက္ဆိုရင္ အဲ့ဒီက ျပည္သူ႔စစ္ေတြက လီဆူေတြဟုတ္ တယ္ေနာ္။ KIA က မေန႔ညက လာပစ္ေတာ့ အကုန္ထြက္ေျပးသြားတယ္လို႔ ေျပာၾကတာပဲ။ အဲ့လို ပစ္ၿပီး မီး ေတြဘာ ေတြရႈိ႕ၿပီး မၾကာဘူးေနာ္ စစ္တပ္က ဒီဝိုင္းေမာ္က ၅၈ တပ္ရင္းဘက္ကေန လက္နက္ႀကီးေတြနဲ႔ ျပန္ ပစ္ၾကေသးတယ္။ ဒီမနက္ေတာ့ ဘာမွမျဖစ္ဘူး။ နန္ေဇာ္ယန္႐ြာဘက္ကို ပစ္တယ္၊ လက္နက္ႀကီးေတြနဲ႔ ဆက္တိုက္ ပစ္တာဟုတ္တယ္” ဟု အဆိုပါေဒသခံက ဆက္ေျပာသည္။

ထို႔ေနာက္ ကခ်င္လြတ္လပ္လပ္ေရးတပ္မေတာ္ KIA ၏ တပ္စခန္းကုန္းမ်ားျဖစ္သည့္ ၁၉၊ ၂၅၊ ၃၀ စခန္းကုန္း မ်ားဘက္သို႔ ေဒါ့ဖုန္းယန္အတြင္းရွိ စစ္ေကာင္စီတပ္၏ ခလရ ၁၄၂ နဲ႔ ခလရ ၃၈၇ တို႔က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ဟု သိရသည္။

အဆိုပါ ပစ္ခတ္မႈေၾကာင့္ ေဒါ့ဖုန္းယန္ရွိ အုပ္စု ၃ အတြင္းက ျပည္သူတစ္ဦး ေနအိမ္ဝန္းအတြင္း လက္နက္ႀကီး က်ည္ က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ တစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး၊ လက္နက္ႀကီးက်ည္ေၾကာင့္ ႏြားေလး ေကာင္လည္းေသဆုံးသြားသည္ဟု ေဒသခံတစ္ဦး က ေျပာသည္။

“ေဒါ့ဖုန္းယန္မွာ ထိုင္တဲ့ ဗမာစစ္တပ္က ခလရ ၁၄၂ တပ္ေတြနဲ႔ ေဆး႐ုံမွာ ေရာက္ေနတဲ့ စခန္းခ်ထားတဲ့ စစ္ ေၾကာင္း တပ္မ ၈၈ ဇူလိုင္လ ၁၁ ရက္ေန႔ည ၈ နာရီခြဲေလာက္မွာ ႐ြာေတြထဲကို လက္နက္ႀကီး ပစ္တာေပါ့ေနာ္။ အဲ့မွာ ေဒါ့ဖုန္းယန္ အုပ္စု ၃ က ဦးခင္ေမာင္ၫြန႔္ ရဲ႕ အိမ္ဝန္းထဲကို လက္နက္ႀကီးက်တယ္၊ သူ႔ရဲ႕ လက္ကို က်ည္စ ထိသြားတယ္။ သူလည္း ဒဏ္ရာရတယ္။ ေနာက္ၿပီး ၿခံထဲက ႏြားေတြလည္း လက္နက္ႀကီးက်ည္စ ထိၿပီး ေသသြားတယ္။ ၄ ေကာင္ေနာ္” ဟု ေဒါ့ဖုန္းယန္က ေဒသခံတစ္ဦး က ေျပာသည္။

ထို႔အျပင္ “မေန႔ညက မိုးေမာက္ ကုန္းေလာ႐ြာဘက္ကို စစ္တပ္က လက္နက္ႀကီးပစ္ေသးတယ္။ အဲ့ဒါ အိမ္ႏွစ္ အိမ္ သုံးအိမ္ေလာက္ ပ်က္သြားတယ္။ ေနာက္ၿပီး အိမ္တစ္အိမ္က ကားပ်က္သြားတယ္။ အိမ္ေတြလည္း ပ်က္ စီးတယ္” ဟု ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္ႏွင့္ ေဒါ့ဖုန္းယန္တေလွ်ာက္ရွိ ေက်း႐ြာမ်ားထဲသို႔ စစ္ေကာင္စီတပ္မ်ားက ဇြန္လတစ္လလုံး တြင္လည္း လက္နက္ႀကီးမ်ားျဖင့္ မၾကာခန ပစ္ခတ္ခဲ့သည္။

အဆိုပါေဒသအတြင္း တိုက္ပြဲမ်ား ျဖစ္ပြားမႈ မရွိေသာ္လည္း စစ္ေကာင္စီတပ္၏ လက္နက္ႀကီးပစ္ခတ္မႈမ်ား ဆက္တိုက္ရွိေနျခင္းႏွင့္ စစ္ေရးလႈပ္ရွားမႈမ်ား ရွိေနေသးသည့္အတြက္ ေဒသခံျပည္သူ ၆၀၀၀ ေက်ာ္မွာ ဗန္းေမာ္ၿမိဳ႕ႏွင့္ မိုးေမာက္ၿမိဳ႕ေပၚသို႔ ယေန႔အခ်ိန္ထိ စစ္ေဘးေရွာင္ေနရဆဲ ျဖစ္သည္။

Photo – CJ – ဓါတ္ပုံ – ျပည္သူ႔စစ္ခန္းမွာ သိမ္းဆည္းရမိေသာ လက္နက္မ်ား