တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၂ – ၇ – ၂၁ )

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၂၅၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အရေပြားရောဂါလက္ခဏာပုံစံမျိုး ခံစားနေရပြီး ဆေးဝါးမလုံလောက်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ နဲ့ စစ်ကောင်စီတို့အကြား ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ PPST က ပြောပါတယ်။

*** ZAWGYI ***


