မြစ်ကြီးနား ပရဟိတသမားများ PPE ဝတ်စုံများ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

မြစ်ကြီးနားမြို့ရှိ ပရဟိတသမားများအတွက် PPE Level 1 ဝတ်စုံများနှင့် ရာဘာလက်အိတ်များ လိုအပ်နေ ကြောင်း မြစ်ကြီးနားမြို့ရှိ ပေးဆပ်သူ (အခမဲ့) လူမှုကူ ညီရေး အသင်းက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်သံသယလူနာ၊ ကိုဗစ်သေဆုံးလူနာနှင့် အနံ့ပျောက်လူနာတို့ကို သယ် ဆောင်ရာတွင် ဝတ်ဆင်ရသည့် PPE Level 1 ဝတ်စုံများနှင့် ရာဘာလက်အိတ်များ အဓိက လိုအပ်နေကြောင်း မြစ်ကြီးနား ကပေးဆပ်သူ (အခမဲ့) လူမှုကူညီရေး အသင်းမှ စာရင်းစစ် ဦးချမ်းအေးကပြောကြားသည်။

”အနံပျောက်လူနာ၊ ကိုဗစ် positive လူနာနဲ့ သံသယလူနာ လမ်းကြောင်းတွေပေါ်မှာ မူတည်ပြီး ကုန်တာဆိုတော့ တစ်နေ့ကို ဝတ်စုံဘယ်လောက်ကုန်တာလည်း အတိအကျတော့ ပြောလို့မရဘူး။ လမ်းကြောင်းက သိသိသာသာ များလာတယ်လေ” ဟု ၎င်းက ပြောသည်။

တစ်ရက်လျှင် ပျမ်းမျှလမ်းကြောင်း အနည်းဆုံးတစ်ကြောင်းမှ အများဆုံးခုနှစ်ကြောင်းခန့် အထိရှိပြီး လမ်း ကြောင်း တစ်ကြောင်းကို PPE ဝတ်စုံ ၆ စုံခန့် ကုန်ကြောင်း ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်း စာရင်းစစ် ဦးချမ်းအေး က ဆိုသည်။

သာမန်နာရေး လမ်းကြောင်းတစ်ခုလျှင် အသင်းဝင် ၆ ဦးခန့်နှင့် အခမဲ့နာရေး ပို့ဆောင်ပေးနေပြီး အသင်းဝင် တစ်ဦး လျှင် PPE Level 2 ဝတ်စုံတစ်စုံ နှင့်လက်အိတ် ၂ စုံခန့်သာကုန် ကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် PPE Level 1 တစ်စုံလျှင် ၅၅၀၀ကျပ်၊ Level 2 တစ်စုံလျှင် ၁၁၀၀ ကျပ်၊ ရာဘာလက်အိတ် အစုံ ၅၀ ပါတစ်ဘူးလျှင် ၉၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းစုံစမ်းသိရသည်။

PPE ဝတ်စုံတွင် Level 1, 2, 3 သုံးမျိုးရှိပြီး Level 1 နှင့် 2 မှာ ပရဟိတသမားများအဓိက သုံး၍ Level 3 မှာ ဆေးရုံသုံးဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့ ကျန်းမာရေးဌာန၏ ထုတ်ပြန်မှုအရ မြစ်ကြီးနား မြို့နယ်တွင် တစ်မြို့နယ်လုံး ကူးစက်သူ ၉၄ ဦးနှင့် သေဆုံးသူ ၂ ဦး ရှိကြောင်းသိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများတွင် နေ့စဉ်လိုလို ကိုဗစ်ပိုးတွေ့ရှိမှုများ ရှိနေသည် ဟု ဒေသခံ များက ဆိုသည်။

ဇူလိုင် ၁၃ ရက်နေ့ က စတင်ပြီး မြစ်ကြီးနားမြို့ကို အိမ်တွင်းသာနေထိုင်ရေး Stay at Home မြို့နယ်အဖြစ် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ကြေညာထားသည်။

*** ZAWGYI ***
ျမစ္ႀကီးနား ပရဟိတသမားမ်ား PPE ဝတ္စုံမ်ား လိုအပ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။

ျမစ္ႀကီးနားၿမိဳ႕ရွိ ပရဟိတသမားမ်ားအတြက္ PPE Level 1 ဝတ္စုံမ်ားႏွင့္ ရာဘာလက္အိတ္မ်ား လိုအပ္ေန ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ရွိ ေပးဆပ္သူ (အခမဲ့) လူမႈကူ ညီေရး အသင္းက ေျပာသည္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ကိုဗစ္သံသယလူနာ၊ ကိုဗစ္ေသဆုံးလူနာႏွင့္ အနံ႔ေပ်ာက္လူနာတို႔ကို သယ္ ေဆာင္ရာတြင္ ဝတ္ဆင္ရသည့္ PPE Level 1 ဝတ္စုံမ်ားႏွင့္ ရာဘာလက္အိတ္မ်ား အဓိက လိုအပ္ေနေၾကာင္း ျမစ္ႀကီးနား ကေပးဆပ္သူ (အခမဲ့) လူမႈကူညီေရး အသင္းမွ စာရင္းစစ္ ဦးခ်မ္းေအးကေျပာၾကားသည္။

”အနံေပ်ာက္လူနာ၊ ကိုဗစ္ positive လူနာနဲ႔ သံသယလူနာ လမ္းေၾကာင္းေတြေပၚမွာ မူတည္ၿပီး ကုန္တာဆိုေတာ့ တစ္ေန႔ကို ဝတ္စုံဘယ္ေလာက္ကုန္တာလည္း အတိအက်ေတာ့ ေျပာလို႔မရဘူး။ လမ္းေၾကာင္းက သိသိသာသာ မ်ားလာတယ္ေလ” ဟု ၎က ေျပာသည္။

တစ္ရက္လွ်င္ ပ်မ္းမွ်လမ္းေၾကာင္း အနည္းဆုံးတစ္ေၾကာင္းမွ အမ်ားဆုံးခုႏွစ္ေၾကာင္းခန႔္ အထိရွိၿပီး လမ္း ေၾကာင္း တစ္ေၾကာင္းကို PPE ဝတ္စုံ ၆ စုံခန႔္ ကုန္ေၾကာင္း ေပးဆပ္သူ(အခမဲ့) လူမႈကူညီေရးအသင္း စာရင္းစစ္ ဦးခ်မ္းေအး က ဆိုသည္။

သာမန္နာေရး လမ္းေၾကာင္းတစ္ခုလွ်င္ အသင္းဝင္ ၆ ဦးခန႔္ႏွင့္ အခမဲ့နာေရး ပို႔ေဆာင္ေပးေနၿပီး အသင္းဝင္ တစ္ဦး လွ်င္ PPE Level 2 ဝတ္စုံတစ္စုံ ႏွင့္လက္အိတ္ ၂ စုံခန႔္သာကုန္ ေၾကာင္းသိရသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ PPE Level 1 တစ္စုံလွ်င္ ၅၅၀၀က်ပ္၊ Level 2 တစ္စုံလွ်င္ ၁၁၀၀ က်ပ္၊ ရာဘာလက္အိတ္ အစုံ ၅၀ ပါတစ္ဘူးလွ်င္ ၉၅၀၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေနေၾကာင္းစုံစမ္းသိရသည္။

PPE ဝတ္စုံတြင္ Level 1, 2, 3 သုံးမ်ိဳးရွိၿပီး Level 1 ႏွင့္ 2 မွာ ပရဟိတသမားမ်ားအဓိက သုံး၍ Level 3 မွာ ေဆး႐ုံသုံးျဖစ္သည္။

ဇူလိုင္လ ၁၅ ရက္ေန႔ က်န္းမာေရးဌာန၏ ထုတ္ျပန္မႈအရ ျမစ္ႀကီးနား ၿမိဳ႕နယ္တြင္ တစ္ၿမိဳ႕နယ္လုံး ကူးစက္သူ ၉၄ ဦးႏွင့္ ေသဆုံးသူ ၂ ဦး ရွိေၾကာင္းသိရသည္။

ထို႔အျပင္ ျမစ္ႀကီးနားၿမိဳ႕ရွိ ဌာနဆိုင္ရာဝန္ထမ္းမ်ားတြင္ ေန႔စဥ္လိုလို ကိုဗစ္ပိုးေတြ႕ရွိမႈမ်ား ရွိေနသည္ ဟု ေဒသခံ မ်ားက ဆိုသည္။

ဇူလိုင္ ၁၃ ရက္ေန႔ က စတင္ၿပီး ျမစ္ႀကီးနားၿမိဳ႕ကို အိမ္တြင္းသာေနထိုင္ေရး Stay at Home ၿမိဳ႕နယ္အျဖစ္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က ေၾကညာထားသည္။