မွန်ပြည်နယ်တွင် COVID-19 လူနာ ၃၂ ဦး တစ်ရက်အတွင်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။

မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ လူနာ ၃၂ ဦး သေဆုံးသွားသည် ဟု ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ထံမှ သိရသည်။

သေဆုံး ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီး (သီးခြားဆောင်) Isolative Ward-3, Isolative Ward-1 တွင် တက်ရောက်ဆေးကုသ ခံယူနေကြသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် ရပ်ကွက်များအတွင်း သေဆုံးသည့် သံသယလူနာ ၅ ဦး တို့ ဖြစ်သည် ဟု သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြု လူ နာ သေဆုံးမှုများလည်း ဆက်တိုက်မြင့်တက်လာခဲ့သည် ဟု ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှု ကယ်ဆယ်ရေးအဖွဲ့များ က ပြောသည်။

“ပိုးတွေ့လူနာတွေ နေ့တိုင်းတိုးလာနေသလို အတည်ပြုလူနာသေဆုံးမှုကလည်း နေ့တိုင်းတိုးလာနေတယ်၊ အဲ့ဒါ အပြင် ရပ်ကွက်တွေထဲမှာ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့် ပတ်သက်၍ ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ကျော်သေဆုံးခဲ့သည်ဟု ဒေသအတွင်းက ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုများရှိနေပြီး ရောဂါကူးစက်မှု အများဆုံးမြို့နယ် များမှာ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ ဖြစ်ကြသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3, Isolative Ward-1 နှင့် မော်လ မြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့ အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့အထိစာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၂၀၀ ကျော်ရှိသွားပြီ ဖြစ်သည်။

Photo – CJ

*** ZAWGYI ***
မြန္ျပည္နယ္တြင္ COVID-19 လူနာ ၃၂ ဦး တစ္ရက္အတြင္း ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၁ ရက္။

မြန္ျပည္နယ္တြင္ ဇူလိုင္လ ၂၀ ရက္ေန႔ တစ္ရက္တည္း ကိုဗစ္-၁၉ လူနာ ၃၂ ဦး ေသဆုံးသြားသည္ ဟု ကိုဗစ္အေရး ကူညီေဆာင္႐ြက္ေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ား ထံမွ သိရသည္။

ေသဆုံး ၃၂ ဦးတြင္ ေမာ္လၿမိဳင္ေဆး႐ုံႀကီး (သီးျခားေဆာင္) Isolative Ward-3, Isolative Ward-1 တြင္ တက္ေရာက္ေဆးကုသ ခံယူေနၾကသည့္ အတည္ျပဳလူနာ ၂၇ ဦးႏွင့္ ရပ္ကြက္မ်ားအတြင္း ေသဆုံးသည့္ သံသယလူနာ ၅ ဦး တို႔ ျဖစ္သည္ ဟု သိရသည္။

မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းခန႔္မွစၿပီး ကိုဗစ္ကူးစက္မႈ ဆက္တိုက္ျမင့္တက္လာခဲ့ၿပီးေနာက္ အတည္ျပဳ လူ နာ ေသဆုံးမႈမ်ားလည္း ဆက္တိုက္ျမင့္တက္လာခဲ့သည္ ဟု ကိုဗစ္အေရး ကူညီေဆာင္႐ြက္ေပးေနသည့္ လူမႈ ကယ္ဆယ္ေရးအဖြဲ႕မ်ား က ေျပာသည္။

“ပိုးေတြ႕လူနာေတြ ေန႔တိုင္းတိုးလာေနသလို အတည္ျပဳလူနာေသဆုံးမႈကလည္း ေန႔တိုင္းတိုးလာေနတယ္၊ အဲ့ဒါ အျပင္ ရပ္ကြက္ေတြထဲမွာ ကိုဗစ္သံသယနဲ႔ ေသတဲ့လူေတြလည္း ေန႔တိုင္းရွိတယ္” ဟု ကိုဗစ္ႏွင့္ ပတ္သက္၍ ကူညီေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ဇူလိုင္လ ၁၉ ရက္ေန႔ကလည္း ေမာ္လၿမိဳင္ၿမိဳ႕တြင္ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၄၀ ေက်ာ္ေသဆုံးခဲ့သည္ဟု ေဒသအတြင္းက ပရဟိတအသင္းတာဝန္ရွိသူမ်ားက ေျပာသည္။

လက္ရွိတြင္ မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္လုံးတြင္ ကိုဗစ္ကူးစက္မႈမ်ားရွိေနၿပီး ေရာဂါကူးစက္မႈ အမ်ားဆုံးၿမိဳ႕နယ္ မ်ားမွာ ေမာ္လၿမိဳင္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔ ျဖစ္ၾကသည္။

ကိုဗစ္အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး Isolative Ward-3, Isolative Ward-1 ႏွင့္ ေမာ္လ ၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္တို႔ အျပင္ ၿမိဳ႕နယ္အသီးသီးတို႔တြင္လည္း ေဆးကုသေပးေနသည္ဟု ျပည္ နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ဇူလိုင္လ ၂၀ ရက္ေန႔အထိစာရင္းမ်ားအရ မြန္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ကူးစက္ခံရသူ ၄၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးလူနာ ၂၀၀ ေက်ာ္ရွိသြားၿပီ ျဖစ္သည္။

Photo – CJ