NUG နှင့် တိုင်းရင်းသား ကျန်းမာရေးဌာနများ ပူးပေါင်း၍ COVID-19 တိုက်ဖျက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၂ ရက်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်း သား ကျန်းမာရေး အဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ် ထိန်း ချုပ်ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) ကို ဖွဲ့စည်းလိုက်သည်။

အဆိုပါအဖွဲ့ကို ဇူလိုင်လ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဖွဲ့ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ် သက်၍ CTF အဖွဲ့၏ Coordinator ( ညှိနှိုင်းရေးမှူး) လည်းဖြစ် တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ၏ အတွင်းရေးမှူးလည်း ဖြစ်သည့် ပဒိုမန်းမန်းက ယခုကဲ့သို့ ပြောသည်။

၎င်းက “အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ လက်ရှိဖြစ်ပေါ်နေတဲ့ အထူးသဖြင့်ပေါ့နော ဒီမြန်မာနိုင်ငံမှာပဲ ကပ်ရောဂါ ကြီးလိုမျိုး ဖြစ်နေပြီး အခြေအနေဖြစ်တဲ့ အချိန်အခါကျတော့ ကျနော်တို့ကတော့ ကနဦးရှိထားပြီး သား တိုင်းရင်းသား ကျန်းမာရေး ကော်မတီနဲ့ ကျနော်တို့ အခုလက်ရှိ ပေါ်ပေါက်လာတဲ့ NUG ရဲ့ ကျန်းမာရေး ဌာနနဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့မှပဲ ကျနော်တို့ ဒီဟာကို အရေးပေါ်ဆောင်ရွက်ရမယ့် အခြေအနေဖြစ်တဲ့ အ တွက်ကြောင့် ဒါကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်က COVID- 19 Task Force ဆိုပြီးတော့မှ ကျနော်တို့ စုဖွဲ့လိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

နယ်စပ်ဒေသရှိ တိုင်းရင်သား ကျန်းမာရေး အဖွဲ့အစည်းများ စုပေါင်းထားသည့် တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတို့ တွေ့ဆုံညှိ နှိုင်းမှုများတစ်ဆင့် CTF ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါအဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ကျန်းမာရေး အဖွဲ့များက တပ် ပေါင်းစု ကျန်းမာရေး အဖွဲ့အနေဖြင့် လာရောက်ပူးပေါင်းခြင်းမျိုး မဟုတ်ပဲ နယ်မြေဒေသကို အခြေခံ၍ ဖြစ်ပေါ် လာသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ထိုအဖွဲ့တွင် ကရင်ဒေသ၊ မွန်ဒေသ၊ ရှမ်းဒေသ၊ ကရင်နီဒေသရှိ ကျန်းမာရေး အဖွဲ့များနှင့် NUG ၏ ကျန်းမာရေး ဝန်ကြီးဌာနတို့ ပါဝင်သည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) စုဖွဲ့မှုနှင့် ပတ်သက်၍ ပဒိုမန်းမန်း က “အဓိကကတော့ အလုပ်အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် အလုပ်နဲ့ စုဖွဲ့တဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် တော့ ကျနော်တို့ ဒီ ဆရာမကြီး ဒေါက်တာ စင်သီရာမောင်ကတော့ အဖွဲ့ခေါင်းဆောင်နဲ့ ကျနော်တို့ EHC ရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်တာပေါ့နော။ တိုင်းရင်သား ကျန်းမာရေး ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တာပေါ့။ တစ်ဖက်ကတော့ NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကျန်းမာရေးဝန်ကြီး ဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက ဒုတိယ အဖွဲ့ခေါင်း ဆောင်အနေနဲ့ ပေါ့နော။ အဲလိုမျိုး အနေနဲ့ ကျနော်တို့ ဦးဆောင်ဖွဲ့စည်းသွားတာဖြစ်တယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေ ကတော့ ကျနော်တို့ ဒီ တိုင်းရင်းသား နယ်မြေမှာရှိတဲ့ ကျန်းမာရေး လုပ်သားတွေနဲ့ နောက် တချို့သော ဒီ ကျနော်တို့ရဲ့ ဒီပညာရှင်တွေ တစ်ချို့လည်း ပါဝင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

CTF အနေဖြင့် တိုင်းရင်းသား ပြည်သူများအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးမှုများ၊ ရော ဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့အပြင် ကိုဗစ် ကာကွယ်ဆေးအပါအဝင် ရောဂါထိန်းချုပ် ကာကွယ်ရေးတွင် လိုအပ်သော အထောက်အပံ့ ရရှိ နိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ပြန် လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည် ဟု ပြောသည်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု နှင့် သေဆုံးမှုများမှာ နိုင်ငံနှင့်အဝန်း ပိုမိုမြှင့်တက်လျက်ရှိပြီး အဆိုပါ ကူးစက်မှုများနှင့် သေဆုံးမှုများသည် တိုင်းဒေသကြီးများတွင်သာမက ပြည်နယ်များတွင်ပါ ဖြစ်ပွားလာနေသည် ဟု သိရသည်။

ထိုကြောင့် ရောဂါဖြစ်ပွားမှုများကို ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အ တွက် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

*** ZAWGYI ***
NUG ႏွင့္ တိုင္းရင္းသား က်န္းမာေရးဌာနမ်ား ပူးေပါင္း၍ COVID-19 တိုက္ဖ်က္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၂၂ ရက္။

ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး လုပ္ငန္းမ်ားကို ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ရန္အတြက္ တိုင္းရင္း သား က်န္းမာေရး အဖြဲ႕မ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG တို႔ ပူးေပါင္းကာ ကိုဗစ္-၁၉ ကာကြယ္ ထိန္း ခ်ဳပ္ေရး၊ ကုသေရးအဖြဲ႕ COVID- 19 Task Force (CTF) ကို ဖြဲ႕စည္းလိုက္သည္။

အဆိုပါအဖြဲ႕ကို ဇူလိုင္လ ၁၇ ရက္ေန႔က ဖြဲ႕စည္းလိုက္ျခင္းျဖစ္ၿပီး အဖြဲ႕ ဖြဲ႕စည္းရသည့္ ရည္႐ြယ္ခ်က္ႏွင့္ ပတ္ သက္၍ CTF အဖြဲ႕၏ Coordinator ( ညႇိႏႈိင္းေရးမႉး) လည္းျဖစ္ တိုင္းရင္းသား က်န္းမာေရး ေကာ္မတီ EHC ၏ အတြင္းေရးမႉးလည္း ျဖစ္သည့္ ပဒိုမန္းမန္းက ယခုကဲ့သို႔ ေျပာသည္။

၎က “အဓိကရည္႐ြယ္ခ်က္ကေတာ့ က်ေနာ္တို႔ လက္ရွိျဖစ္ေပၚေနတဲ့ အထူးသျဖင့္ေပါ့ေနာ ဒီျမန္မာႏိုင္ငံမွာပဲ ကပ္ေရာဂါ ႀကီးလိုမ်ိဳး ျဖစ္ေနၿပီး အေျခအေနျဖစ္တဲ့ အခ်ိန္အခါက်ေတာ့ က်ေနာ္တို႔ကေတာ့ ကနဦးရွိထားၿပီး သား တိုင္းရင္းသား က်န္းမာေရး ေကာ္မတီနဲ႔ က်ေနာ္တို႔ အခုလက္ရွိ ေပၚေပါက္လာတဲ့ NUG ရဲ႕ က်န္းမာေရး ဌာနနဲ႔ က်ေနာ္တို႔ ေဆြးေႏြးၿပီးေတာ့မွပဲ က်ေနာ္တို႔ ဒီဟာကို အေရးေပၚေဆာင္႐ြက္ရမယ့္ အေျခအေနျဖစ္တဲ့ အ တြက္ေၾကာင့္ ဒါကို က်ေနာ္တို႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔အတြက္က COVID- 19 Task Force ဆိုၿပီးေတာ့မွ က်ေနာ္တို႔ စုဖြဲ႕လိုက္တာျဖစ္ပါတယ္” ဟု ေျပာသည္။

နယ္စပ္ေဒသရွိ တိုင္းရင္သား က်န္းမာေရး အဖြဲ႕အစည္းမ်ား စုေပါင္းထားသည့္ တိုင္းရင္းသား က်န္းမာေရး ေကာ္မတီ EHC ႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ၏ က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားတို႔ ေတြ႕ဆုံညႇိ ႏႈိင္းမႈမ်ားတစ္ဆင့္ CTF ကို ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္ဟု ဆိုသည္။

အဆိုပါအဖြဲ႕သည္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ က်န္းမာေရး အဖြဲ႕မ်ားက တပ္ ေပါင္းစု က်န္းမာေရး အဖြဲ႕အေနျဖင့္ လာေရာက္ပူးေပါင္းျခင္းမ်ိဳး မဟုတ္ပဲ နယ္ေျမေဒသကို အေျခခံ၍ ျဖစ္ေပၚ လာသည့္ အဖြဲ႕ျဖစ္သည္ဟု ဆိုသည္။

ထိုအဖြဲ႕တြင္ ကရင္ေဒသ၊ မြန္ေဒသ၊ ရွမ္းေဒသ၊ ကရင္နီေဒသရွိ က်န္းမာေရး အဖြဲ႕မ်ားႏွင့္ NUG ၏ က်န္းမာေရး ဝန္ႀကီးဌာနတို႔ ပါဝင္သည္။

ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ေရး၊ ကုသေရးအဖြဲ႕ COVID- 19 Task Force (CTF) စုဖြဲ႕မႈႏွင့္ ပတ္သက္၍ ပဒိုမန္းမန္း က “အဓိကကေတာ့ အလုပ္အဖြဲ႕ျဖစ္တဲ့အတြက္ေၾကာင့္ အလုပ္နဲ႔ စုဖြဲ႕တဲ့ အဖြဲ႕ျဖစ္တဲ့အတြက္ေၾကာင့္ ေတာ့ က်ေနာ္တို႔ ဒီ ဆရာမႀကီး ေဒါက္တာ စင္သီရာေမာင္ကေတာ့ အဖြဲ႕ေခါင္းေဆာင္နဲ႔ က်ေနာ္တို႔ EHC ရဲ႕ ဥကၠ႒ လည္း ျဖစ္တာေပါ့ေနာ။ တိုင္းရင္သား က်န္းမာေရး ေကာ္မတီရဲ႕ ဥကၠ႒လည္း ျဖစ္တာေပါ့။ တစ္ဖက္ကေတာ့ NUG ရဲ႕ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ က်န္းမာေရးဝန္ႀကီး ျဖစ္တဲ့ ေဒါက္တာေဇာ္ေဝစိုးက ဒုတိယ အဖြဲ႕ေခါင္း ေဆာင္အေနနဲ႔ ေပါ့ေနာ။ အဲလိုမ်ိဳး အေနနဲ႔ က်ေနာ္တို႔ ဦးေဆာင္ဖြဲ႕စည္းသြားတာျဖစ္တယ္။ က်န္တဲ့ အဖြဲ႕ဝင္ေတြ ကေတာ့ က်ေနာ္တို႔ ဒီ တိုင္းရင္းသား နယ္ေျမမွာရွိတဲ့ က်န္းမာေရး လုပ္သားေတြနဲ႔ ေနာက္ တခ်ိဳ႕ေသာ ဒီ က်ေနာ္တို႔ရဲ႕ ဒီပညာရွင္ေတြ တစ္ခ်ိဳ႕လည္း ပါဝင္တယ္လို႔ပဲ ေျပာရမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

CTF အေနျဖင့္ တိုင္းရင္းသား ျပည္သူမ်ားအားလုံးအတြက္ ကိုဗစ္-၁၉ ကာကြယ္ေရး အသိပညာေပးမႈမ်ား၊ ေရာ ဂါထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္မ်ားကို လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

ထို႔အျပင္ ကိုဗစ္ ကာကြယ္ေဆးအပါအဝင္ ေရာဂါထိန္းခ်ဳပ္ ကာကြယ္ေရးတြင္ လိုအပ္ေသာ အေထာက္အပံ့ ရရွိ ႏိုင္ေရးအတြက္ ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ျခင္း လုပ္ငန္းမ်ားႏွင့္ ကိုဗစ္-၁၉ ျပန္ လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္သည္ ဟု ေျပာသည္။

လက္ရွိ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္မႈ ႏွင့္ ေသဆုံးမႈမ်ားမွာ ႏိုင္ငံႏွင့္အဝန္း ပိုမိုျမႇင့္တက္လ်က္ရွိၿပီး အဆိုပါ ကူးစက္မႈမ်ားႏွင့္ ေသဆုံးမႈမ်ားသည္ တိုင္းေဒသႀကီးမ်ားတြင္သာမက ျပည္နယ္မ်ားတြင္ပါ ျဖစ္ပြားလာေနသည္ ဟု သိရသည္။

ထိုေၾကာင့္ ေရာဂါျဖစ္ပြားမႈမ်ားကို ကာကြယ္ ထိန္းခ်ဳပ္ေရး၊ ကုသေရးမ်ားကို ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ရန္အ တြက္ တိုင္းရင္းသား က်န္းမာေရးအဖြဲ႕မ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG တို႔က ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ေရး၊ ကုသေရးအဖြဲ႕ COVID- 19 Task Force (CTF) ကို ဖြဲ႕စည္းလိုက္ျခင္း ျဖစ္သည္။