နှာခေါင်းစည်း တစ်သိန်းကျော် နယ်စပ်တွင် ထိုင်းအာဏာပိုင်များ သိမ်းဆည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
ထိုင်းဘက်ခြမ်းမှ မြန်မာဘက်ခြမ်းသို့ တင်သွင်းလာသည့် နှာခေါင်းစည်း Mask တစ်သိန်းကျော်ကို ထိုင်း-မြန်မာ နယ်စပ် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်၊ ထိုင်းဘက်ခြမ်းတွင် ထိုင်းနယ်စပ်ရဲများက ဖမ်းဆီးရမိခဲ့သည်။
သစ်သီးများသယ်ဆောင်လာသည့် တိုယိုတာ ဟိုက်လက် မော်တော်ယာဉ် တစ်စီးကို အဆိုပါ နယ်စပ်ဂိတ်ရှိ ထိုင်းနယ်စပ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာမှ သစ်သီးများအောက်တွင် စက္ကူ ဂျပ်ဖာများ ဖြင့်ထုတ်ပိုးထားသည့် KF94 အမှတ်တံဆိပ်ဖြင့် နှာခေါင်းစည်း MASK များကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဂိတ်အနီးတွင် ဈေးရောင်းနေသူ တစ်ဦးက ပြောသည်။
“မျက်နှာစည်းတွေက ထိုင်းဂိတ်မှာပဲ ဖမ်းမိတာ အမှန်ပါပဲ၊ ပိုင်ရှင်က မြန်မာဘက်အခြမ်းကလို့ ကြားရတယ်၊ ဘယ်သူဆိုတာတော့မသိပါဘူး။”
မောတောင်-စင်ခွန်းနယ်စပ်ဂိတ်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ ထိုင်း-မြန်မာနယ် စပ် မောတောင်မြို့ရှိ နယ်စပ်ဂိတ် တစ်ခု ဖြစ်သည်။
မော်တော်ယာဉ်ပေါ်တွင် KF94 တံဆိပ်နှင့် သုံးလွှာမျက်နှာစည်း စုစုပေါင်း တစ်သိန်းသုံးသောင်းကျော်အား စစ် ဆေးတွေ့ရှိခဲ့ပြီး အဆိုပါယာဉ်မောင်းအား ထိုင်းဥပဒေအရ ကန့်သတ်ပစ္စည်း သယ်ယူပို့ဆောင်မှုဖြင့် အရေးယူ နိုင်ရန် ဆောင်ရွက်ထားသည်ဟု သိရသည်။
ဇူလိုင် ၁၆ရက်နေ့ မှ စတင်၍ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးမှ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလိုင်းများမှ တဆင့် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ပစ္စည်းများ ပြည်ပသို့ ရောင်းချ သယ် ဆောင်ခြင်း မပြုရန် အမိန့်ထုတ်ထားပြီး ထပ်ဆင့်အမိန့်စာကို ပရာကျွတ်ခီရိခန် ခရိုင်ဝန်ရုံး ထုတ်ပြန်ချက်များ အရ သိရှိရသည်။
*** ZAWGYI ***
ႏွာေခါင္းစည္း တစ္သိန္းေက်ာ္ နယ္စပ္တြင္ ထိုင္းအာဏာပိုင္မ်ား သိမ္းဆည္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၄ ရက္။
ထိုင္းဘက္ျခမ္းမွ ျမန္မာဘက္ျခမ္းသို႔ တင္သြင္းလာသည့္ ႏွာေခါင္းစည္း Mask တစ္သိန္းေက်ာ္ကို ထိုင္း-ျမန္မာ နယ္စပ္ ေမာေတာင္-စင္ခြန္း နယ္စပ္ဂိတ္၊ ထိုင္းဘက္ျခမ္းတြင္ ထိုင္းနယ္စပ္ရဲမ်ားက ဖမ္းဆီးရမိခဲ့သည္။
သစ္သီးမ်ားသယ္ေဆာင္လာသည့္ တိုယိုတာ ဟိုက္လက္ ေမာ္ေတာ္ယာဥ္ တစ္စီးကို အဆိုပါ နယ္စပ္ဂိတ္ရွိ ထိုင္းနယ္စပ္ရဲတပ္ဖြဲ႕မွ စစ္ေဆးရာမွ သစ္သီးမ်ားေအာက္တြင္ စကၠဴ ဂ်ပ္ဖာမ်ား ျဖင့္ထုတ္ပိုးထားသည့္ KF94 အမွတ္တံဆိပ္ျဖင့္ ႏွာေခါင္းစည္း MASK မ်ားကို ဇူလိုင္လ ၂၂ ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့သည္ဟု ဂိတ္အနီးတြင္ ေစ်းေရာင္းေနသူ တစ္ဦးက ေျပာသည္။
“မ်က္ႏွာစည္းေတြက ထိုင္းဂိတ္မွာပဲ ဖမ္းမိတာ အမွန္ပါပဲ၊ ပိုင္ရွင္က ျမန္မာဘက္အျခမ္းကလို႔ ၾကားရတယ္၊ ဘယ္သူဆိုတာေတာ့မသိပါဘူး။”
ေမာေတာင္-စင္ခြန္းနယ္စပ္ဂိတ္သည္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ တနသၤာရီ ၿမိဳ႕နယ္၊ ထိုင္း-ျမန္မာနယ္ စပ္ ေမာေတာင္ၿမိဳ႕ရွိ နယ္စပ္ဂိတ္ တစ္ခု ျဖစ္သည္။
ေမာ္ေတာ္ယာဥ္ေပၚတြင္ KF94 တံဆိပ္ႏွင့္ သုံးလႊာမ်က္ႏွာစည္း စုစုေပါင္း တစ္သိန္းသုံးေသာင္းေက်ာ္အား စစ္ ေဆးေတြ႕ရွိခဲ့ၿပီး အဆိုပါယာဥ္ေမာင္းအား ထိုင္းဥပေဒအရ ကန္႔သတ္ပစၥည္း သယ္ယူပို႔ေဆာင္မႈျဖင့္ အေရးယူ ႏိုင္ရန္ ေဆာင္႐ြက္ထားသည္ဟု သိရသည္။
ဇူလိုင္ ၁၆ရက္ေန႔ မွ စတင္၍ ထိုင္းႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အရ တစ္ႏိုင္ငံလုံးမွ ေရလမ္း၊ ကုန္းလမ္း၊ ေလေၾကာင္းလိုင္းမ်ားမွ တဆင့္ ကိုဗစ္-၁၉ ကာကြယ္ကုသေရး ပစၥည္းမ်ား ျပည္ပသို႔ ေရာင္းခ် သယ္ ေဆာင္ျခင္း မျပဳရန္ အမိန္႔ထုတ္ထားၿပီး ထပ္ဆင့္အမိန္႔စာကို ပရာကြၽတ္ခီရိခန္ ခ႐ိုင္ဝန္႐ုံး ထုတ္ျပန္ခ်က္မ်ား အရ သိရွိရသည္။