သထုံတွင် အုပ်ချုပ်ရေးမှူးများအား သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ခံရသည့် ဦးမြင့်ရွှေသည် သေနတ်ဒဏ်ရာ ၆ ချက်ဖြင့် အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွား သည်ဟုလည်း ဒေသခံများ က ပြောသည်။

“ဦးမြင့်ရွှေ အိမ်မှာရှိနေတဲ့အချိန်မှာပဲ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ လာပြီးတော့ ပစ်သတ်သွားတယ်လို့ သိရ တယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်၊ အခု ရွာမှာတော့ ဦးမြင့်ရွှေ ပစ်သတ်ခံရမှုနဲ့ ပတ်သက် ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်လည်း သိရတယ်” ဟု သထုံဒေသခံတစ်ဦး က ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း သည်လည်း နေအိမ်ရှိ ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိ လူနှစ်ဦးက ဈေးဝယ်ဟန်ဆောင်ပြီး သေနတ် ဖြင့် ပစ်ခတ်သွားခဲ့သည်။

ထိုသေနတ်ဒဏ်ရာများဖြင့် ဦးလှမင်းသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သမ္ဘာန်ကျေးရွာက ဒေသခံများက ပြောသည်။

“ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကတော့ နှစ်ရက်ဆက်တိုက်ပဲ၊ ဘာတွေဖြစ်ကုန်ပြီးလဲတော့ မသိတော့ဘူး တလောက လည်း ဒီလိုပဲ တစ်ဦး ပစ်သတ်ခံရသေတယ်” ဟု အသက် ၆၀ ဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့က သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းလည်း ၎င်း၏ နေအိမ် တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

*** ZAWGYI ***
သထုံတြင္ အုပ္ခ်ဳပ္ေရးမႉးမ်ားအား ေသနတ္ျဖင့္ ပစ္ခတ္မႈမ်ား ဆက္တိုက္ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္။

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္း အုပ္ခ်ဳပ္ေရးမႉးမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈမ်ား ဆက္တိုက္ျဖစ္ပြားေနသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ဇူလိုင္လ ၂၄ ရက္ေန႔တြင္ သထုံၿမိဳ႕နယ္ ေျမနီကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးျမင့္ေ႐ႊကို အမည္မသိ ေသနတ္သမားႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေနအိမ္တြင္ လာေရာက္ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။

ပစ္ခတ္ခံရသည့္ ဦးျမင့္ေ႐ႊသည္ ေသနတ္ဒဏ္ရာ ၆ ခ်က္ျဖင့္ အခင္းျဖစ္ရာေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြား သည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။

“ဦးျမင့္ေ႐ႊ အိမ္မွာရွိေနတဲ့အခ်ိန္မွာပဲ လူႏွစ္ေယာက္က ဆိုင္ကယ္နဲ႔ လာၿပီးေတာ့ ပစ္သတ္သြားတယ္လို႔ သိရ တယ္၊ အပစ္ခံရတဲ့ေနရာမွာပဲ ပြဲခ်င္းၿပီး ဆုံးသြားတယ္၊ အခု ႐ြာမွာေတာ့ ဦးျမင့္ေ႐ႊ ပစ္သတ္ခံရမႈနဲ႔ ပတ္သက္ ၿပီးေတာ့ စစ္ေဆးမႈေတြ လုပ္ေနတယ္လည္း သိရတယ္” ဟု သထုံေဒသခံတစ္ဦး က ေျပာသည္။

ဇူလိုင္လ ၂၃ ရက္ေန႔ကလည္း သထုံၿမိဳ႕နယ္ ဒူးရင္းဆိပ္ေက်း႐ြာအုပ္စု သမာၻန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးလွမင္း သည္လည္း ေနအိမ္ရွိ ေစ်းဆိုင္တြင္ ေစ်းေရာင္းေနစဥ္ အမည္မသိ လူႏွစ္ဦးက ေစ်းဝယ္ဟန္ေဆာင္ၿပီး ေသနတ္ ျဖင့္ ပစ္ခတ္သြားခဲ့သည္။

ထိုေသနတ္ဒဏ္ရာမ်ားျဖင့္ ဦးလွမင္းသည္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့သည္ဟု သမာၻန္ေက်း႐ြာက ေဒသခံမ်ားက ေျပာသည္။

“ပစ္သတ္ခံရတဲ့ ျဖစ္စဥ္ကေတာ့ ႏွစ္ရက္ဆက္တိုက္ပဲ၊ ဘာေတြျဖစ္ကုန္ၿပီးလဲေတာ့ မသိေတာ့ဘူး တေလာက လည္း ဒီလိုပဲ တစ္ဦး ပစ္သတ္ခံရေသတယ္” ဟု အသက္ ၆၀ ဝန္းက်င္ရွိ ေဒသခံတစ္ဦးက ေျပာသည္။

အလားတူ ဇြန္လ ၂၂ ရက္ေန႔က သထုံၿမိဳ႕နယ္၊ ေနာင္ဘိုေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးသိန္းလည္း ၎၏ ေနအိမ္ တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ဇြန္လ ၂၈ ရက္ေန႔ကလည္း ေရးၿမိဳ႕နယ္၊ ႏွင္းစုံေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို အမည္မသိ ေသနတ္သမားမ်ားက ပစ္ခတ္သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့သည္။