ကယားတွင် စစ်ကောင်စီတပ် ၁၁ ဦးသေဆုံးဟု KNDF ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် KNDF၊ KA ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၁ ဦး ကျဆုံးကာ၊ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNDF က ပြောသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် တို့အကြား ဖရူဆိုမြို့နယ်တွင် ဩဂုတ်လ ၃ ရက် (ယနေ့) တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၁ ဦးကျဆုံးကာ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ပြော သည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ဘောလခဲမရောက်ခင် ဖရူဆိုထဲမှာပဲ ဖြစ်ကြတယ်ဗျား။ မနက်အစောကြီး တစ် ကြိမ်ဖြစ်တယ်။ မနက်အစော ကြီးဆိုတော့ ၇ နာရီခွဲလောက်မှာနဲ့တူတယ်။ အဲမှာ တစ်ကြိမ်ဖြစ်ပြီးတော့ နေ့ လည် ၁၁ မထိုးခင်မှာ တစ်ကြိမ်ဖြစ်တယ်။ ၂ ကြိမ်ဖြစ်တယ်။ ပထမတစ်ကြိမ်က ဒီဖရူဆိုမြို့နယ် မာခရောရှေ့ ကျေးရွာမှာဖြစ်တယ်။ ဒုတိယတစ် ကြိမ်က ထားလဲအကျော် ကြိုးပင်ကုန်းရွာနားလေးမှာ ဖြစ်တယ်ဗျာ။ တကယ့် မြေပြင်မှာ ဖြစ်တာကတော့ ၂ ကြိမ်ပဲဖြစ်တယ်ဗျာ” ဟု ပြောသည်။

ထိုတိုက်ပွဲများအတွင်း KNDF ဖက်မှ ထိခိုက်သေဆုံးမှုများ မရှိသော်လည်း စစ်ကောင်စီ တပ်များဖက်မှ ၁၁ ဦး ကျဆုံးပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရကာ စစ်ကောင်စီတပ်၏ ကား ၃ စီး မီးလောင်ပျက်စီးခဲ့သည်ဟု KNDF က ဆိုသည်။

“အထိအခိုက်များတယ်ဆိုတာကတော့ အဓိက မိုင်းဆွဲတိုက်ခိုက်တဲ့ ဒုတိယတစ်ခေါက်မှာတော့ အထိအခိုက်ပို များသွားတယ်ပေါ့လေ။ ဒုတိယတိုက်ပွဲက ပထမတိုက်ပွဲထက်ပိုပြီးမှ ပြင်းတယ်လို့ ပြောရမှာပေါ့။ ဒုတိယ ဖြစ် တဲ့ တိုက်ပွဲက စကခဖက်က အားလုံးပေါင်း ကား ၂၇ စီးပေါ့လေ။ လွိုင်ကော်ကနေ ဘောလခဲကိုဆင်းတာ သူတို့ မိုင်းဆွဲပြီးတော့မှ တိုက်တာပေါ့လေ ပြီးတော့ မှ လက်နက်ငယ်နဲ့ပစ်ကြတယ်နော။ ၅ မိနစ် ၁၀ မိနစ် ခန့် လောက်ပါပဲ” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ကယား(ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KNDF၊ KA ပူး ပေါင်းတပ်တို့ အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည် ဟု သိရသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဖက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိတွင် ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲ မြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များမှ ထိုးစစ်ဆင်လျက် ရှိသည့်အပြင် တပ်အင်အားများ ဖြည့်တင်းလျက်ရှိသည် ဟု ဆိုသည်။

ထိုအနေအထားများကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

၎င်းက “ကျနော်တို့လည်း ယူဆရသလောက် ခန့်မှန်းထားသလောက်တော့ ဒီတစ်လ ဒီရှေ့လျှောက်ပေါ့လေ ဒီ ရက်ပဲ ဖြစ်ဖြစ် ဒီလကနေပဲ စစပေါ့လေ ရှေ့လျှောက်ကြရင်တော့ တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာဖို့ ရှိတယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်” ဟု ပြောသည်။

ရှေ့ဆက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် တိုက်ပွဲအတွက် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားလိုသည်ဟု KNDF က ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပြည်နယ်များဖြစ်ကြသည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာ ခဲ့သည်။

ထိုသို့ ပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် နည်းတူ တိုင်းဒေသကြီးများထဲတွင်လည်း အမျိုးသား ညီ ညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်အထိ ဖြစ်သည်။

*** ZAWGYI ***
ကယားတြင္ စစ္ေကာင္စီတပ္ ၁၁ ဦးေသဆုံးဟု KNDF ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃ ရက္။

ကယား (ကရင္နီ) ျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္တြင္ KNDF၊ KA ပူးေပါင္းတပ္တို႔ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဖက္က ၁၁ ဦး က်ဆုံးကာ၊ အေယာက္ ၂၀ ထက္မနည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု KNDF က ေျပာသည္။

ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ဖြဲ႕ KNDF၊ ကရင္နီတပ္မေတာ္ KA ပူးေပါင္းတပ္တို႔ႏွင့္ စစ္ေကာင္စီတပ္ တို႔အၾကား ဖ႐ူဆိုၿမိဳ႕နယ္တြင္ ဩဂုတ္လ ၃ ရက္ (ယေန႔) တြင္ တိုက္ပြဲ ၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဖက္မွ ၁၁ ဦးက်ဆုံးကာ အေယာက္ ၂၀ ထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု KNDF က ေျပာ သည္။

ယေန႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲ အေျခအေနႏွင့္ ပတ္သက္၍ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရး တပ္ဖြဲ႕ KNDF ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက “ေဘာလခဲမေရာက္ခင္ ဖ႐ူဆိုထဲမွာပဲ ျဖစ္ၾကတယ္ဗ်ား။ မနက္အေစာႀကီး တစ္ ႀကိမ္ျဖစ္တယ္။ မနက္အေစာ ႀကီးဆိုေတာ့ ၇ နာရီခြဲေလာက္မွာနဲ႔တူတယ္။ အဲမွာ တစ္ႀကိမ္ျဖစ္ၿပီးေတာ့ ေန႔ လည္ ၁၁ မထိုးခင္မွာ တစ္ႀကိမ္ျဖစ္တယ္။ ၂ ႀကိမ္ျဖစ္တယ္။ ပထမတစ္ႀကိမ္က ဒီဖ႐ူဆိုၿမိဳ႕နယ္ မာခေရာေရွ႕ ေက်း႐ြာမွာျဖစ္တယ္။ ဒုတိယတစ္ ႀကိမ္က ထားလဲအေက်ာ္ ႀကိဳးပင္ကုန္း႐ြာနားေလးမွာ ျဖစ္တယ္ဗ်ာ။ တကယ့္ ေျမျပင္မွာ ျဖစ္တာကေတာ့ ၂ ႀကိမ္ပဲျဖစ္တယ္ဗ်ာ” ဟု ေျပာသည္။

ထိုတိုက္ပြဲမ်ားအတြင္း KNDF ဖက္မွ ထိခိုက္ေသဆုံးမႈမ်ား မရွိေသာ္လည္း စစ္ေကာင္စီ တပ္မ်ားဖက္မွ ၁၁ ဦး က်ဆုံးၿပီး အေယာက္ ၂၀ ထက္မနည္း ဒဏ္ရာရကာ စစ္ေကာင္စီတပ္၏ ကား ၃ စီး မီးေလာင္ပ်က္စီးခဲ့သည္ဟု KNDF က ဆိုသည္။

“အထိအခိုက္မ်ားတယ္ဆိုတာကေတာ့ အဓိက မိုင္းဆြဲတိုက္ခိုက္တဲ့ ဒုတိယတစ္ေခါက္မွာေတာ့ အထိအခိုက္ပို မ်ားသြားတယ္ေပါ့ေလ။ ဒုတိယတိုက္ပြဲက ပထမတိုက္ပြဲထက္ပိုၿပီးမွ ျပင္းတယ္လို႔ ေျပာရမွာေပါ့။ ဒုတိယ ျဖစ္ တဲ့ တိုက္ပြဲက စကခဖက္က အားလုံးေပါင္း ကား ၂၇ စီးေပါ့ေလ။ လြိဳင္ေကာ္ကေန ေဘာလခဲကိုဆင္းတာ သူတို႔ မိုင္းဆြဲၿပီးေတာ့မွ တိုက္တာေပါ့ေလ ၿပီးေတာ့ မွ လက္နက္ငယ္နဲ႔ပစ္ၾကတယ္ေနာ။ ၅ မိနစ္ ၁၀ မိနစ္ ခန႔္ ေလာက္ပါပဲ” ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

ဩဂုတ္လ ၁ ရက္ေန႔မွ ၃ ရက္ေန႔ အထိ ကယား(ကရင္နီ) ျပည္နယ္တြင္ စစ္ေကာင္စီတပ္ႏွင့္ KNDF၊ KA ပူး ေပါင္းတပ္တို႔ အၾကား တိုက္ပြဲ ၃ ႀကိမ္ျဖစ္ပြားခဲ့သည္ ဟု သိရသည္။

အဆိုပါ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ စစ္ေကာင္စီဖက္မွ တစ္စုံတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေသးေပ။

လက္ရွိတြင္ ကယား(ကရင္နီ) ျပည္နယ္အတြင္းရွိ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္၊ ေဘာလခဲ ၿမိဳ႕နယ္ႏွင့္ ဖားေဆာင္းၿမိဳ႕နယ္တို႔တြင္ စစ္ေကာင္စီတပ္မ်ားမွ ထိုးစစ္ဆင္လ်က္ ရွိသည့္အျပင္ တပ္အင္အားမ်ား ျဖည့္တင္းလ်က္ရွိသည္ ဟု ဆိုသည္။

ထိုအေနအထားမ်ားေၾကာင့္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္သည္ဟု KNDF ေျပာေရးဆိုခြင့္ရွိသူ ေျပာသည္။

၎က “က်ေနာ္တို႔လည္း ယူဆရသေလာက္ ခန႔္မွန္းထားသေလာက္ေတာ့ ဒီတစ္လ ဒီေရွ႕ေလွ်ာက္ေပါ့ေလ ဒီ ရက္ပဲ ျဖစ္ျဖစ္ ဒီလကေနပဲ စစေပါ့ေလ ေရွ႕ေလွ်ာက္ၾကရင္ေတာ့ တိုက္ပြဲေတြက ပိုၿပီးေတာ့ ျပင္းထန္လာဖို႔ ရွိတယ္လို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ထားတယ္” ဟု ေျပာသည္။

ေရွ႕ဆက္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ စစ္ေရးသတိရွိရန္ႏွင့္ တိုက္ပြဲအတြက္ အဖက္ဖက္မွ ႀကိဳတင္ျပင္ဆင္ထားလိုသည္ဟု KNDF က ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တိုင္းရင္းသားျပည္နယ္မ်ားျဖစ္ၾကသည့္ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယား(ကရင္နီ) ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတို႔တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာ ခဲ့သည္။

ထိုသို႔ ျပည္နယ္မ်ားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ နည္းတူ တိုင္းေဒသႀကီးမ်ားထဲတြင္လည္း အမ်ိဳးသား ညီ ၫြတ္ေရး အစိုးရ NUG က ဖြဲ႕စည္းေပးထားသည့္ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တပ္မ်ားႏွင့္ စစ္ေကာင္စီတပ္ တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည္မွာ ယေန႔ အခ်ိန္အထိ ျဖစ္သည္။