ဦးသိန်းစိန် လက်ထက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို ရာထူးပြန်ခန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးမြတ်ကို အား အမည်ပြောင်းလဲဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရလက်ထက်တွင် ထိုရာထူးတွင်ပင် ထပ်မံ ခန့်အပ်လိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အိမ်စောင့်အစိုးရအဖြစ် သြဂုတ်လ ၁ ရက်နေ့တွင် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီး နောက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးမြတ်ကို အား ခန့်အပ်လိုက်ကြောင်း အမိန့် ထုတ် ပြန်ခဲ့သည်။

တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင်အောင်အား သြဂုတ်လ ၁ ရက်နေ့တွင် တာဝန် မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ဦးမြတ်ကိုအား ခန့်အပ်လိုက်ခြင်းပင် ဖြစ်သည်။

တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌ အပြင် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းကောင်စီ ဥက္ကဋ္ဌများကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ က ထုတ်ပြန်ထားသည်။

အဆိုပါ ခန့်အပ်လိုက်သည့် ဦးမြတ်ကိုသည် ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတို့တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထိုသို့ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရခြင်းမရရှိခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တွင် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး တာဝန်ယူခဲ့ကာ နစက ကောင်စီ လက်ထက်တွင် တိုင်းကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီး ကျော်ဇေယျ ကို မူလ စစ်ဘက်တာဝန် ပြန်လည် ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်ထားသည်။

အိမ်စောင့်အစိုးရအဖြစ် အသစ်တဖန် ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အမိန့်ထုတ်ပြန်ချက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ သယံဇာတရေးရာ ဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်သားရေးရာဝန်ကြီးနှင့် ဥပဒေချုပ် တို့ကို အသစ်ရွေးချယ်ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။

*** ZAWGYI ***
ဦးသိန္းစိန္ လက္ထက္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ကို ရာထူးျပန္ခန႔္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃ ရက္။

ဦးသိန္းစိန္ အစိုးရလက္ထက္တြင္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ဦးျမတ္ကို အား အမည္ေျပာင္းလဲဖြဲ႕စည္းလိုက္သည့္ အိမ္ေစာင့္အစိုးရလက္ထက္တြင္ ထိုရာထူးတြင္ပင္ ထပ္မံ ခန႔္အပ္လိုက္သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကို အိမ္ေစာင့္အစိုးရအျဖစ္ ၾသဂုတ္လ ၁ ရက္ေန႔တြင္ အမည္ေျပာင္းလဲ ဖြဲ႕စည္းလိုက္ၿပီး ေနာက္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးျမတ္ကို အား ခန႔္အပ္လိုက္ေၾကာင္း အမိန္႔ ထုတ္ ျပန္ခဲ့သည္။

တနသၤာရီ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠဌ ဦးတင္ေအာင္အား ၾသဂုတ္လ ၁ ရက္ေန႔တြင္ တာဝန္ မွ အနားယူခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္လိုက္ၿပီးေနာက္ ဦးျမတ္ကိုအား ခန္႔အပ္လိုက္ျခင္းပင္ ျဖစ္သည္။

တနသၤာရီတိုင္း ေကာင္စီဥကၠ႒ အျပင္ စစ္ကိုင္းတိုင္းႏွင့္ ဧရာဝတီတိုင္းေကာင္စီ ဥကၠ႒မ်ားကိုလည္း တာဝန္မွ အနားယူခြင့္ျပဳလိုက္ေၾကာင္း စစ္ေကာင္စီ က ထုတ္ျပန္ထားသည္။

အဆိုပါ ခန႔္အပ္လိုက္သည့္ ဦးျမတ္ကိုသည္ ယခင္ ဦးသိန္းစိန္ အစိုးရလက္ထက္တြင္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတို႔တြင္ ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

ထိုသို႔ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း အႏိုင္ရျခင္းမရရွိခဲ့ေပ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရ လက္ထက္တြင္ တနသၤာရီတိုင္း နယ္လုံဝန္ႀကီး တာဝန္ယူခဲ့ကာ နစက ေကာင္စီ လက္ထက္တြင္ တိုင္းေကာင္စီအဖြဲ႕ဝင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဗိုလ္မႉးႀကီး ေက်ာ္ေဇယ် ကို မူလ စစ္ဘက္တာဝန္ ျပန္လည္ ထမ္းေဆာင္ရန္ အမိန္႔ထုတ္ျပန္ထားသည္။

အိမ္ေစာင့္အစိုးရအျဖစ္ အသစ္တဖန္ ျပန္လည္ ျပင္ဆင္ဖြဲ႕စည္းလိုက္သည့္ အမိန္႔ထုတ္ျပန္ခ်က္တြင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား၏ အစိုးရအဖြဲ႕မ်ားတြင္ ဝန္ႀကီးခ်ဳပ္၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ စီးပြားေရးဝန္ႀကီး၊ သယံဇာတေရးရာ ဝန္ႀကီး၊ လူမႈေရးဝန္ႀကီး၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ တိုင္းရင္သားေရးရာဝန္ႀကီးႏွင့္ ဥပေဒခ်ဳပ္ တို႔ကို အသစ္ေ႐ြးခ်ယ္ခန္႔အပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။