ဗိုလ်ချုပ်စောနေစိုးမြ ကိုဗစ်ဖြင့် ကွယ်လွန်

သတင်းနှင့်မီဒီယာကွန်ရက်။
ဩဂုတ်လ ၄ ရက်။ ၂၀၂၁ ခုနှစ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြသည် ဩဂုတ်လ ၃ ရက်နေ့ ညက မြန်မာ-ထိုင်း နယ်စပ် တစ်နေရာတွင် ကွယ်လွန်သွားသည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၃ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၀ နာရီအချိန်တွင် COVID-19 ရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်ရှိပြီ ဖြစ်သည်ဟု သိရသည်။

ဗိုလ်ချုပ်စောနေစိုးမြ COVID-19 ရောဂါ ခံစားနေရသည်မှာ ၁၀ ရက်ကျော်ခန့်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ဆေးလာရောက် ကုသမှု ခံယူရာမှ ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

သူသည် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏ သားအငယ်ဆုံး ဖြစ်ပြီး KNU/KNLA – PC တွင် စစ်ရေးချုပ် တာဝန်ယူထားသူဖြစ်သည်ဟု သိရသည်။

ဓါတ်ပုံ – Nawtayar Media

*** ZAWGYI ***
ဗိုလ္ခ်ဳပ္ေစာေနစိုးျမ ကိုဗစ္ျဖင့္ ကြယ္လြန္

သတင္းႏွင့္မီဒီယာကြန္ရက္။
ဩဂုတ္လ ၄ ရက္။ ၂၀၂၁ ခုႏွစ္။

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNU/KNLA-PC ၏ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာေနစိုးျမသည္ ဩဂုတ္လ ၃ ရက္ေန႔ ညက ျမန္မာ-ထိုင္း နယ္စပ္ တစ္ေနရာ တြင္ ကြယ္လြန္သြားသည္ဟု မိသားစုဝင္ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ဩဂုတ္လ ၃ ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ ည ၁၀ နာရီအခ်ိန္တြင္ COVID-19 ေရာဂါျဖင့္ ကြယ္လြန္သြားျခင္း ျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၄၆ ႏွစ္ရွိၿပီ ျဖစ္သည္ဟု သိရသည္။

ဗိုလ္ခ်ဳပ္ေစာေနစိုးျမ COVID-19 ေရာဂါ ခံစားေနရသည္မွာ ၁၀ ရက္ေက်ာ္ခန႔္ရွိၿပီး ထိုင္း-ျမန္မာ နယ္စပ္ တစ္ေနရာတြင္ ေဆးလာေရာက္ ကုသမႈ ခံယူရာမွ ကြယ္လြန္သြားျခင္း ျဖစ္သည္ဟု ၎၏ မိသားစုဝင္ႏွင့္ နီးစပ္သူက ေျပာသည္။

သူသည္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA ၏ ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေစာဗိုလ္ျမ၏ သားအငယ္ဆုံး ျဖစ္ၿပီး KNU/KNLA – PC တြင္ စစ္ေရးခ်ဳပ္ တာဝန္ယူထားသူျဖစ္သည္ဟု သိရသည္။

ဓါတ္ပုံ – Nawtayar Media