အနာဂတ် ဖက်ဒရယ် ကျန်းမာရေး မူဝါဒရေးဆွဲရန် NUG နှင့် တိုင်းရင်းသား အဖွဲ့များ ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
အနာဂတ် ဖက်ဒရယ် အမျိုးသား ကျန်းမာရေး မူဝါဒ (မူကြမ်း) တစ်ရပ်ရေးဆွဲရန် အမျိုးသား ကျန်းမာရေး ညီလာခံတစ်ရပ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများ ပူးပေါင်း ကျင်းပလျက်ရှိသည်။
ညီလာခံကို အွန်လိုင်းမှ တစ်ဆင့် ဩဂုတ်လ ၂ ရက်နေ့က စတင်ပြုလုပ်နေပြီး ညီလာခံ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ယခုကဲ့သို့ ထုတ်ပြန်ထားသည်။
NUG ၏ ထုတ်ပြန်ချက်ထဲတွင် “အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ် ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ရန်၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါဆိုးကြီးကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်ချမှတ် တုံ့ပြန်ဆောင်ရွက်ရန်၊ Universal Health Coverage ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တို့ဖြစ်တယ်လို့ သိရပါတယ်” ဟု တွေ့ရသည်။
အမျိုးသား ကျန်းမာရေး ညီလာခံကို ဩဂုတ်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ ၄ ကြာ ကျင်းပမည်ဟု NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ လုပ် ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ ပူးပေါင်း ကာ ကိုဗစ်-၁၉ ကာကွယ် ထိန်း ချုပ်ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) ကို ဖွဲ့စည်း ထားသည်။
ထိုအဖွဲ့ကို တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ဥက္ကဋ္ဌ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်က ခေါင်း ဆောင်အဖြစ် တာဝန်ယူထားပြီး ဒုတိယ ခေါင်းဆောင်အဖြစ် NUG ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး နှင့်အတူ တိုင်းရင်းသား ဒေသက ကျန်းမာရေးလုပ်သားများနှင့် ပညာရှင်တို့ပါဝင်သည် ဟု သိရသည်။
ထိုအဖွဲ့ကို ဖွဲ့စည်းပြီး ရက် ၂၀ ကျော်အကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ပူးပေါင်းကာ အမျိုးသား ကျန်းမာရေး ညီလာခံ (National Health Conference) ကို ကျင်းပလာခြင်းဖြစ်သည်။
လက်ရှိကျင်းပနေသည့် ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူများ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ထို့အပြင် ပြည်တွင်းပြည်ပ ကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ဆေးပညာရှင်များနှင့် ဆေးနှီးနွှယ်ကျောင်သားအဖွဲ့အစည်းများက တာဝန်ခံကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြ သည်ဟု NUG က ဆိုသည်။
*** ZAWGYI ***
အနာဂတ္ ဖက္ဒရယ္ က်န္းမာေရး မူဝါဒေရးဆြဲရန္ NUG ႏွင့္ တိုင္းရင္းသား အဖြဲ႕မ်ား ေဆြးေႏြး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၄ ရက္။
အနာဂတ္ ဖက္ဒရယ္ အမ်ိဳးသား က်န္းမာေရး မူဝါဒ (မူၾကမ္း) တစ္ရပ္ေရးဆြဲရန္ အမ်ိဳးသား က်န္းမာေရး ညီလာခံတစ္ရပ္ကို အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG) ၏ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ တိုင္းရင္းသား က်န္းမာေရး အဖြဲ႕အစည္းမ်ား ပူးေပါင္း က်င္းပလ်က္ရွိသည္။
ညီလာခံကို အြန္လိုင္းမွ တစ္ဆင့္ ဩဂုတ္လ ၂ ရက္ေန႔က စတင္ျပဳလုပ္ေနၿပီး ညီလာခံ က်င္းပရသည့္ ရည္႐ြယ္ ခ်က္ႏွင့္ ပတ္သက္၍ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ယခုကဲ့သို႔ ထုတ္ျပန္ထားသည္။
NUG ၏ ထုတ္ျပန္ခ်က္ထဲတြင္ “အနာဂတ္ဖက္ဒရယ္ျပည္ေထာင္စု အမ်ိဳးသားက်န္းမာေရးမူဝါဒ (မူၾကမ္း) တစ္ရပ္ ေရးဆြဲအေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္၊ တိုင္းရင္းသားက်န္းမာေရးအဖြဲ႕အစည္းမ်ား၊ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ၊ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ႏိုင္ငံတကာအလႉရွင္မ်ား၊ ျပည္တြင္း၊ ျပည္ပ က်န္းမာေရးအဖြဲ႕ အစည္းမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုအားေကာင္းလာေစရန္၊ လက္ရွိျဖစ္ပြားေနေသာ COVID-19 ကပ္ေရာဂါဆိုးႀကီးကို စနစ္တက် ပူးေပါင္းေဆာင္႐ြက္ၿပီး စီမံခ်က္ခ်မွတ္ တုံ႔ျပန္ေဆာင္႐ြက္ရန္၊ Universal Health Coverage ကို ပိုမိုထိေရာက္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ တို႔ျဖစ္တယ္လို႔ သိရပါတယ္” ဟု ေတြ႕ရသည္။
အမ်ိဳးသား က်န္းမာေရး ညီလာခံကို ဩဂုတ္လ ၂ ရက္ကေန ၅ ရက္ေန႔အထိ ၄ ၾကာ က်င္းပမည္ဟု NUG ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၁၇ ရက္ေန႔က ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး လုပ္ငန္းမ်ားကို ထိေရာက္စြာ လုပ္ ေဆာင္ႏိုင္ရန္အတြက္ တိုင္းရင္းသား က်န္းမာေရး အဖြဲ႕မ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG တို႔ ပူးေပါင္း ကာ ကိုဗစ္-၁၉ ကာကြယ္ ထိန္း ခ်ဳပ္ေရး၊ ကုသေရးအဖြဲ႕ COVID- 19 Task Force (CTF) ကို ဖြဲ႕စည္း ထားသည္။
ထိုအဖြဲ႕ကို တိုင္းရင္းသား က်န္းမာေရး ေကာ္မတီ EHC ဥကၠ႒ ဆရာမႀကီး ေဒါက္တာ စင္သီယာေမာင္က ေခါင္း ေဆာင္အျဖစ္ တာဝန္ယူထားၿပီး ဒုတိယ ေခါင္းေဆာင္အျဖစ္ NUG က်န္းမာေရး ဝန္ႀကီးဌာနမွ ဝန္ႀကီး ေဒါက္တာ ေဇာ္ေဝစိုး ႏွင့္အတူ တိုင္းရင္းသား ေဒသက က်န္းမာေရးလုပ္သားမ်ားႏွင့္ ပညာရွင္တို႔ပါဝင္သည္ ဟု သိရသည္။
ထိုအဖြဲ႕ကို ဖြဲ႕စည္းၿပီး ရက္ ၂၀ ေက်ာ္အၾကာတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ က်န္းမာေရးဝန္ႀကီး ဌာနႏွင့္ တိုင္းရင္းသားက်န္းမာေရး အဖြဲ႕အစည္းမ်ား ပူးေပါင္းကာ အမ်ိဳးသား က်န္းမာေရး ညီလာခံ (National Health Conference) ကို က်င္းပလာျခင္းျဖစ္သည္။
လက္ရွိက်င္းပေနသည့္ ညီလာခံသို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အျခားေသာ ဝန္ႀကီးဌာနအသီးသီးက တာဝန္ရွိသူမ်ား တိုင္းရင္းသားက်န္းမာေရးအဖြဲ႕အစည္း တာဝန္ရွိသူမ်ား တက္ေရာက္ ခဲ့ၾကသည္။
ထို႔အျပင္ ျပည္တြင္းျပည္ပ က်န္းမာေရးအဖြဲ႕အစည္း တာဝန္ရွိသူမ်ား၊ ျပည္တြင္းျပည္ပ ေဆးပညာရွင္မ်ားႏွင့္ ေဆးႏွီးႏႊယ္ေက်ာင္သားအဖြဲ႕အစည္းမ်ားက တာဝန္ခံေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾက သည္ဟု NUG က ဆိုသည္။