ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ခြင်းသည် စစ်ရေးတိုက်ပွဲများ ဖြစ်ပေါ်စေမည်ဟု PPST ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။

ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်ခြင်းသည် စစ်ရေးအရ တိုက်ခိုက်မှုများကိုလည်း ပိုမို ကျယ်ပြန့်လာနိုင်သည်ဟု NCA အပစ်ရပ်အဖွဲ့များ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောဆိုလိုက် သည်။

NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက “ကျနော် တို့ ဒီလို ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်းကြေညာ လိုက်တဲ့အတွက် ပိုပြီးတော့မှ နိုင်ငံရေး အရ နည်းလမ်း အရ ပိုပြီးမှပဲ ဖြေရှင်းစရာတွေ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်တစ်ခုထွက်သွားလေ့ရှိ တယ်နော။ ဒါက တော့ ကျန်တဲ့ နည်းလမ်းတစ်ခုကတော့ ကျနော်တို့ ဒါ စစ်ရေးနည်းလမ်းတွေက ပိုပြီးတော့ ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့လုပ်ဆောင်မှုကြောင့် လက်ရှိ သွားနေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုလည်း နောက်ပြန်ဆုတ်စေ သည့် သဘောမျိုးကို တွေ့ရသည်ဟု ခွန်မြင့်ထွန်းက ဆက်ပြောသည်။

၎င်းက “ဒီ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်။ ဒါရွေးကောက်ပွဲ ဆိုတာ အား နည်းချက် ဆိုတာကတော့ အနည်းနဲ့ အများ ရှိကြတယ်။ အဲဒါ ရှိတဲ့ အားနည်းချက်ကိုလည်း သူ့ရဲ့ ဆိုင်ရာ ရွေး ကောက်ပွဲ ဥပဒေပါ နည်းနာတွေနဲ့ ဖြေရှင်းကြဖို့ ပဲရှိတယ်။ အဲတော့ အခုက ရွေးကောက်ပွဲရလဒ် မျိုးကို ဖျက် ပစ်တာကတော့ ကျနော်တို့ ဒါ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ နောက်ပြန်ဆုတ်စေတာ ဖြစ်တယ်” ဟု ပြော သည်။

ဩဂုတ်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များ ပျက်ပြယ်ကြောင်း စစ်ကောင်စီက တစ်ဖက်သတ်ကြေညာ၍ ဖျက်သိမ်းခဲ့ခြင်းသည် မိမိတို့ ပြည် ထောင်စု၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုးတက်ဖြစ်ထွန်းမှု ဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေပြီး နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကြီးစွာသော အဟန့်အတား ဖြစ်စေသည့် လုပ်ရပ်ဖြစ် သည်ဟု ရှုမြင်သည်ဟု ထည့်သွင်းထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်သော် လည်းကောင်း NUG က ဖွဲ့စည်းပေးထားသည့် ဒေသအခြေစိုက် ပြည်သူကာကွယ်ရေး တပ် PDF များနှင့်သော် လည်းကောင်း ပြည်နယ်များနှင့် တိုင်းဒေသကြီးရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းမှုကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အနေအထားတွင် ရှိနေသည်ဟု ဒေသအခြေစိုက် ပြည်သူကာကွယ်ရေးတပ် PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းများက ဆိုသည်။

ထိုအခြေအနေများ၏ အခြားတစ်ဖက်တွင် PPST အနေဖြင့် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးထိပ်သီး အစည်းအဝေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင် ရွက်ရန် အာဆီယံ အထူးသံတမန်အဖြစ် ခံအပ်ခြင်းခံရသည့် ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ကြိုဆိုကြောင်းနှင့် နိုင်ငံတကာ ကြားဝင်စေ့စပ်ဖျန်ဖြေခြင်းများအား ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပက တိ နိုင်ငံရေး အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များသည် မဲမသမာမှုများကို စစ်ဆေး တွေ့ရှိရသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။
ထို့သို့ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် အသစ်ကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ၂ နှစ်အတွင်းတွင် ရွေး ကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ပြောဆိုထားသည်။

ထို့ပြောဆိုမှုများအတိုင်း စစ်ကောင်စီမှ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်သည့်အပြင် နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ (နစက) မှ အိမ်စောင့်အစိုးရသို့ အမည် ပြောင်းလဲခဲ့သည်။

ထိုလုပ်ဆောင်မှုများနှင့် ပတ်သက်၍ PPST ပြောရေးဆိုခွင့်ရှိသူက “အိမ်စောင့်အစိုးရ လက်ထက်တုန်းကတော့ ဖွဲ့ စည်းပုံ ဥပဒေအရ အာဏာလွှဲပေးခဲ့တာ အဲတော့ အဲဒီ အာဏာလွှဲပေးတယ်ဆိုတဲ့ အချက်ကို ပိုပြီးတော့ ထင်ရှား ပေါ်လွင်အောင် လုပ်တဲ့ သဘောထားမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုကတော့ ကျနော်တို့ ဒီ စစ်တပ်ကနေပြီးတော့ အာဏာသိမ်းပြီးတိုင်း မှာ တိုင်းပြည်ကို ပေးရတဲ့ ကတိကဝတ်တွေကတော့ တည်ခဲ့တာ တော့ ရှားတာပေါ့လေ။ အဲတော့ အခု ဒီတစ်ကြိမ်ဟာလည်းပဲ ပိုပြီးတော့မှ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ထပ်ပြီးတော့မှပဲ ဒီစစ်အာဏာရှင် စနစ်ပိုပြီးတော့မှ ရေရှည်အတွက်ကို ဆောင်ရွက်တာလား ဆိုတဲ့ဟာတွေ လည်း ဒါဟာစဉ်းစား သုံးသပ်စရာလိုပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေ၊ ကပ်ရော ဂါဘေး အခြေအနေနှင့် နောက်ဆက်တွဲ ကြုံတွေ့လာရသည့် ငတ်မွတ် ခေါင်းပါးဘေးများကို အဖြေရှာ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

PPST အဖွဲ့ကို NCA အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး ထိုအဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက် ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
ေ႐ြးေကာက္ပြဲ ရလဒ္ ပယ္ဖ်က္ျခင္းသည္ စစ္ေရးတိုက္ပြဲမ်ား ျဖစ္ေပၚေစမည္ဟု PPST ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၆ ရက္။

ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္လိုက္ျခင္းသည္ စစ္ေရးအရ တိုက္ခိုက္မႈမ်ားကိုလည္း ပိုမို က်ယ္ျပန႔္ လာႏိုင္သည္ဟု NCA အပစ္ရပ္အဖြဲ႕မ်ား ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST က ေျပာဆိုလိုက္ သည္။

NCA အပစ္ရပ္အဖြဲ႕၏ ၿငိမ္းခ်မ္ေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ေျပာေရးဆိုခြင့္ရွိသူ ခြန္ျမင့္ထြန္းက “က် ေနာ္ တို႔ ဒီလို ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္ေၾကာင္းေၾကညာ လိုက္တဲ့အတြက္ ပိုၿပီးေတာ့မွ ႏိုင္ငံေရး အရ နည္းလမ္း အရ ပိုၿပီးမွပဲ ေျဖရွင္းစရာေတြ မရွိေတာ့ဘူးဆိုတဲ့ အဓိပၸာယ္တစ္ခုထြက္သြားေလ့ရွိ တယ္ေနာ။ ဒါက ေတာ့ က်န္တဲ့ နည္းလမ္းတစ္ခုကေတာ့ က်ေနာ္တို႔ ဒါ စစ္ေရးနည္းလမ္းေတြက ပိုၿပီးေတာ့ က်ယ္ျပန႔္လာမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

ထိုသို႔လုပ္ေဆာင္မႈေၾကာင့္ လက္ရွိ သြားေနသည့္ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကိုလည္း ေနာက္ျပန္ဆုတ္ေစ သည့္ သေဘာမ်ိဳးကို ေတြ႕ရသည္ဟု ခြန္ျမင့္ထြန္းက ဆက္ေျပာသည္။

၎က “ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္ဆိုတာ ျပည္သူလူထုရဲ႕ ဆႏၵျဖစ္တယ္။ ဒါေ႐ြးေကာက္ပြဲ ဆိုတာ အား နည္းခ်က္ ဆိုတာကေတာ့ အနည္းနဲ႔ အမ်ား ရွိၾကတယ္။ အဲဒါ ရွိတဲ့ အားနည္းခ်က္ကိုလည္း သူ႔ရဲ႕ ဆိုင္ရာ ေ႐ြး ေကာက္ပြဲ ဥပေဒပါ နည္းနာေတြနဲ႔ ေျဖရွင္းၾကဖို႔ ပဲရွိတယ္။ အဲေတာ့ အခုက ေ႐ြးေကာက္ပြဲရလဒ္ မ်ိဳးကို ဖ်က္ ပစ္တာကေတာ့ က်ေနာ္တို႔ ဒါ ဒီမိုကေရစီ အသြင္ကူးေျပာင္းဖို႔ ေနာက္ျပန္ဆုတ္ေစတာ ျဖစ္တယ္” ဟု ေျပာ သည္။

ဩဂုတ္လ ၄ ရက္ေန႔ကေန ၅ ရက္ေန႔အထိ ၂ ရက္တာ က်င္းပျပဳလုပ္သည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ထဲတြင္လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္မ်ား ပ်က္ျပယ္ေၾကာင္း စစ္ေကာင္စီက တစ္ဖက္သတ္ေၾကညာ၍ ဖ်က္သိမ္းခဲ့ျခင္းသည္ မိမိတို႔ ျပည္ ေထာင္စု၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး တိုးတက္ျဖစ္ထြန္းမႈ ျဖစ္စဥ္ကို ေနာက္ျပန္ဆုတ္ေစၿပီး ႏိုင္ငံေရး ျပႆနာမ်ားကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းႏိုင္ေရးအတြက္ ႀကီးစြာေသာ အဟန႔္အတား ျဖစ္ေစသည့္ လုပ္ရပ္ျဖစ္ သည္ဟု ရႈျမင္သည္ဟု ထည့္သြင္းထားသည္။

လက္ရွိတြင္လည္း စစ္ေကာင္စီတပ္မ်ားက တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားႏွင့္ေသာ္ လည္းေကာင္း NUG က ဖြဲ႕စည္းေပးထားသည့္ ေဒသအေျခစိုက္ ျပည္သူကာကြယ္ေရး တပ္ PDF မ်ားႏွင့္ေသာ္ လည္းေကာင္း ျပည္နယ္မ်ားႏွင့္ တိုင္းေဒသႀကီးရွိ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသည္။

ထို႔အျပင္ စစ္ေကာင္စီ၏ စစ္အင္အားျဖည့္တင္းမႈေၾကာင့္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာမည့္ အေနအထားတြင္ ရွိေနသည္ဟု ေဒသအေျခစိုက္ ျပည္သူကာကြယ္ေရးတပ္ PDF မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ ေရး အဖြဲ႕အစည္းမ်ားက ဆိုသည္။

ထိုအေျခအေနမ်ား၏ အျခားတစ္ဖက္တြင္ PPST အေနျဖင့္ ဧၿပီလ ၂၄ ရက္ေန႔က က်င္းပခဲ့သည့္ အာဆီယံ၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးထိပ္သီး အစည္းအေဝး ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ရန္ အာဆီယံ အထူးသံတမန္အျဖစ္ ခံအပ္ျခင္းခံရသည့္ ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ကို ႀကိဳဆိုေၾကာင္းႏွင့္ ႏိုင္ငံတကာ ၾကားဝင္ေစ့စပ္ဖ်န္ေျဖျခင္းမ်ားအား ျပည္ေထာင္စု ျမန္မာႏိုင္ငံ၏ ပက တိ ႏိုင္ငံေရး အေျခအေနႏွင့္ လိုက္ေလ်ာညီေထြ ျဖစ္ေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ ဟု ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲ ရလဒ္မ်ားသည္ မဲမသမာမႈမ်ားကို စစ္ေဆး ေတြ႕ရွိရသည္ဟုဆိုကာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ စစ္တပ္က အာဏာသိမ္းခဲ့သည္။
ထို႔သို႔ အာဏာသိမ္းၿပီးေနာက္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အသစ္ကို ျပင္ဆင္ဖြဲ႕စည္းေပးခဲ့ၿပီး ၂ ႏွစ္အတြင္းတြင္ ေ႐ြး ေကာက္ပြဲ ျပန္လည္က်င္းပေပးမည္ဟု ေျပာဆိုထားသည္။

ထို႔ေျပာဆိုမႈမ်ားအတိုင္း စစ္ေကာင္စီမွ ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္လိုက္သည့္အျပင္ ႏိုင္ငံေတာ္ စီမံအုပ္ ခ်ဳပ္ေရးေကာင္စီ (နစက) မွ အိမ္ေစာင့္အစိုးရသို႔ အမည္ ေျပာင္းလဲခဲ့သည္။

ထိုလုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ PPST ေျပာေရးဆိုခြင့္ရွိသူက “အိမ္ေစာင့္အစိုးရ လက္ထက္တုန္းကေတာ့ ဖြဲ႕ စည္းပုံ ဥပေဒအရ အာဏာလႊဲေပးခဲ့တာ အဲေတာ့ အဲဒီ အာဏာလႊဲေပးတယ္ဆိုတဲ့ အခ်က္ကို ပိုၿပီးေတာ့ ထင္ရွား ေပၚလြင္ေအာင္ လုပ္တဲ့ သေဘာထားမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုကေတာ့ က်ေနာ္တို႔ ဒီ စစ္တပ္ကေနၿပီးေတာ့ အာဏာသိမ္းၿပီးတိုင္း မွာ တိုင္းျပည္ကို ေပးရတဲ့ ကတိကဝတ္ေတြကေတာ့ တည္ခဲ့တာ ေတာ့ ရွားတာေပါ့ေလ။ အဲေတာ့ အခု ဒီတစ္ႀကိမ္ဟာလည္းပဲ ပိုၿပီးေတာ့မွ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာ ထပ္ၿပီးေတာ့မွပဲ ဒီစစ္အာဏာရွင္ စနစ္ပိုၿပီးေတာ့မွ ေရရွည္အတြက္ကို ေဆာင္႐ြက္တာလား ဆိုတဲ့ဟာေတြ လည္း ဒါဟာစဥ္းစား သုံးသပ္စရာလိုပါတယ္” ဟု ခြန္ျမင့္ထြန္းက ေျပာသည္။

ႏွစ္ရက္ၾကာ က်င္းပျပဳလုပ္ခဲ့သည့္ အစည္းအေဝးတြင္ လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရး အေျခအေန၊ ကပ္ေရာ ဂါေဘး အေျခအေနႏွင့္ ေနာက္ဆက္တြဲ ႀကဳံေတြ႕လာရသည့္ ငတ္မြတ္ ေခါင္းပါးေဘးမ်ားကို အေျဖရွာ ေဆြးေႏြး ညႇိႏႈိင္းခဲ့ၾကသည္ဟု သိရသည္။

PPST အဖြဲ႕ကို NCA အပစ္ရပ္အဖြဲ႕မ်ားျဖင့္ ဖြဲ႕စည္းထားၿပီး ထိုအဖြဲ႕မ်ားမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္ စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳး ျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။