မြိတ်မြို့နယ်အတွင်း အောက်ဆီဂျင် အခမဲ့ ငှားရမ်းနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ ဦးစည်သူထွန်း၏ ဖခင်မှာ ဇူလိုင်လ အတွင်း COVID-19 ရောဂါ ဖြစ်ပွားခဲ့ပြီး အောက်ဆီဂျင်ရှာမရပဲ သေဆုံးခဲ့ရသည်။

“ကျနော် ဒီ အလုပ် စပြီးလုပ်ဖြစ်တာက ဇူလိုင် ၁၁ ရက်နေ့က စခဲ့တာပါ။ အဲဒီနေ့ ရန်ကုန်မှာ ကျနော့်အဖေက အောက်ဆီဂျင်ရှာရင်း အသက်ဆုံးသွားခဲ့ပါတယ်။”

ဖခင်ဖြစ်သူ အောက်ဆီဂျင်ရှာမရပဲ သေဆုံးခဲ့သည့် အချိန်မှစ ဦးစည်သူထွန်းသည် အောက်ဆီဂျင်အိုးများ ရအောင်ရှာကာ ရပ်ရွာအတွင်း အောက်ဆီဂျင် လိုအပ်သူများအတွက် ငှားရမ်းပေးလျက်ရှိသည်။

ထို့ကြောင့် ဒေသအတွင်း COVID-19 ရောဂါပိုး ကူးဆက်ခံရပြီး အရေးပေါ် အောက်ဆီဂျင် လို အပ်နေသူများ အတွက် အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေ ပေးစရာမလိုပဲ ငှားရမ်း ရရှိနိုင်သည်။

မြိတ်မြို့၊ ခယူတောရပ်ကွက် တောင်ပေါ် (၃) လမ်း၊ အိမ်အမှတ်(၉)နေ ဦးစည်သူထွန်းမှ တပိုင်တနိုင်ငှားရမ်း ပေး နေခြင်းဖြစ်ကာ အောက်ဆီဂျင်အိုး ငှားရမ်းရာတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ပြီး အောက်ဆီဂျင် တစ်အိုးလျှင် အချိန်တစ်ပတ် – ၇ ရက် အထိ ငှားခွင့်ပြုပေးလျက် ရှိသည်။

“ငှားသွားတဲ့ လူနာကထပ်ရှူဖို့ လိုအပ်နေသေးတယ်ဆိုရင် ပြန်ပီးဆက်လက်ငှားရမ်းပေးပါတယ်။ ဒါကြောင့် ရပ်ရွာတွေမှာ အောက်ဆီဂျင်ကြောင့် အဖေ့လို အသက် မဆုံး ရှုံးရလေအောင် ရည်ရွယ်ပြီး တပိုင်တနိုင် အငှားလုပ်ငန်းလေး စခဲ့တာပါ” ဟု အောက်စီဂျင်အိုး ငှားပေးနေသူ ဦးစည်သူထွန်းက ရှင်းပြသည်။

လုပ်ငန်းစတင်ခဲ့စဉ်က ၄၀ လီတာ နှစ်အိုးသာရှိခဲ့ပြီး လက်ရှိတွင် ၄၀ လီတာ ၁၀ အိုး နှင့် ၁၅ လီတာ ၁ အိုး
ရှိပြီဟု ပြောသည်။

မီးပလပ်ထိုးကာ အသုံးပြုရသည့် ၁၀ လီတာထွက် အောက်ဆီဂျင်စက်သေး တစ်လုံးလည်း မကြာမှီ ရက်ပိုင်းတွင် ထပ်မံ ရောက်ရှိလာမည်ဖြစ်ကာ နောက်ထပ်လည်း အောက်ဆီဂျင် ထုတ်စက်အသေးများကို ဦးစားပေးကာ ဝယ် ယူပြီး ငှားပေးနိုင်ရေး လုပ်ဆောင်နေသည်ဟု ဦးစည်သူထွန်းက ပြောသည်။

“အားလုံးကျန်းမာအောင် နေထိုင်ကြပါလို့ ပြောချင်ပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကင်းရှင်းပြီး အားလုံး ကျန်းမာသွားတဲ့ အချိန်ကြရင် အခုကျနော်ပိုင်ဆိုင်တဲ့ အောက်ဆီဂျင်အိုးတွေနဲ့ ဆက်စပ် ပစ္စည်းအားလုံးကို အသင်းအဖွဲ့ တစ်ခုခုကို အကုန်လုံး ပြန်လှူဒါန်းသွားမှာပါ” ဟု ဦးစည်သူထွန်းက ပြောသည်။

အောက်စီဂျင်အိုးငှားပေးရာတွင် အိုးအတွင်း လိုအပ်သည့် အောက်ဆီဂျင်၊ ဖလိုမီတာတို့အပြင် အသက်ရှူပိုက် စသည့် ကိရိယာများလည်း တစ်ပါတည်း ထည့်ပေးသည်ဟု ပြောသည်။

အောက်ဆီဂျင်အိုး လိုအပ်ပါက ၂၄ နာရီ ပတ်လုံး အကူအညီရယူနိုင်သော်လည်း ညမထွက်ရ အချိန်တွင် အရေးပေါ်လိုအပ်လာပါက လူနာရှင်အနေဖြင့် ပရဟိတအသင်းအဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာအဖွဲ့အစည်းနှင့် အတူလာရောက်၍ ငှားရမ်းနိုင်သည်ဟု ဦးစည်သူထွန်းက ပြောသည်။

ထို့အပြင် ဖုန်းနံပါတ် ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊ ၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံသို့ ဆက်သွယ်၍လည်း ငှားနိုင်သည်ဟု ဆိုသည်။

မြိတ်မြို့၌ လက်ရှိတွင် ပရဟိတ နာရေးကူညီမှု အသင်းအပါအဝင် အဖွဲ့အစည်း ၁၀ ဖွဲ့ ခန့်ကလည်း အောက်ဆီ ဂျင်အိုးများ အခမဲ့ငှားပေးနေသည်။

သြဂုတ်လဆန်းပိုင်းတွင် မြိတ်မြို့၊ ကလွင်နယ်မြေ တောင်းပြိုကျေးရွာ၌ တည်ရှိသော အောက်ဆီဂျင်စက်ရုံသည် စက်ချို့ယွင်းမှုကြောင့် ဟု ဆိုကာ ရပ်နားထားရသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ အောက်ဆီဂျင်များ တင်သွင်းခဲ့ရ သဖြင့် အရေးပေါ်လူနာများအတွက် ခက်ခဲမှုများ အနည်းငယ်ရှိခဲ့သည်ဟု ဒေသအတွင်း ပရဟိတ အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မြိတ်မြို့နယ်တွင် တိုင်းကျန်းမာရေးဌာနမှ သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၂၀၀ ကျော်ရှိပြီး မြိတ်မြို့တွင် ဇူလိုင်လကုန်ပိုင်းမှစ၍ တစ်ရက်လျှင် သေဆုံးသူ ၁၀ ဦး ဝန်းကျင်ခန့် ရှိနေသည်။

*** ZAWGYI ***
ၿမိတ္ၿမိဳ႕နယ္အတြင္း ေအာက္ဆီဂ်င္ အခမဲ့ ငွားရမ္းႏိုင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၀ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္မွ ဦးစည္သူထြန္း၏ ဖခင္မွာ ဇူလိုင္လ အတြင္း COVID-19 ေရာဂါ ျဖစ္ပြားခဲ့ၿပီး ေအာက္ဆီဂ်င္ရွာမရပဲ ေသဆုံးခဲ့ရသည္။

“က်ေနာ္ ဒီ အလုပ္ စၿပီးလုပ္ျဖစ္တာက ဇူလိုင္ ၁၁ ရက္ေန႔က စခဲ့တာပါ။ အဲဒီေန႔ ရန္ကုန္မွာ က်ေနာ့္အေဖက ေအာက္ဆီဂ်င္ရွာရင္း အသက္ဆုံးသြားခဲ့ပါတယ္။”

ဖခင္ျဖစ္သူ ေအာက္ဆီဂ်င္ရွာမရပဲ ေသဆုံးခဲ့သည့္ အခ်ိန္မွစ ဦးစည္သူထြန္းသည္ ေအာက္ဆီဂ်င္အိုးမ်ား ရေအာင္ရွာကာ ရပ္႐ြာအတြင္း ေအာက္ဆီဂ်င္ လိုအပ္သူမ်ားအတြက္ ငွားရမ္းေပးလ်က္ရွိသည္။

ထို႔ေၾကာင့္ ေဒသအတြင္း COVID-19 ေရာဂါပိုး ကူးဆက္ခံရၿပီး အေရးေပၚ ေအာက္ဆီဂ်င္ လို အပ္ေနသူမ်ား အတြက္ ေအာက္စီဂ်င္အိုးငွားလိုပါက အခေၾကးေငြ ေပးစရာမလိုပဲ ငွားရမ္း ရရွိႏိုင္သည္။

ၿမိတ္ၿမိဳ႕၊ ခယူေတာရပ္ကြက္ ေတာင္ေပၚ (၃) လမ္း၊ အိမ္အမွတ္(၉)ေန ဦးစည္သူထြန္းမွ တပိုင္တႏိုင္ငွားရမ္း ေပး ေနျခင္းျဖစ္ကာ ေအာက္ဆီဂ်င္အိုး ငွားရမ္းရာတြင္ ႏိုင္ငံသားစီစစ္ေရးကတ္ျပားေပး၍ ငွားႏိုင္ၿပီး ေအာက္ဆီဂ်င္ တစ္အိုးလွ်င္ အခ်ိန္တစ္ပတ္ – ၇ ရက္ အထိ ငွားခြင့္ျပဳေပးလ်က္ ရွိသည္။

“ငွားသြားတဲ့ လူနာကထပ္ရႉဖို႔ လိုအပ္ေနေသးတယ္ဆိုရင္ ျပန္ပီးဆက္လက္ငွားရမ္းေပးပါတယ္။ ဒါေၾကာင့္ ရပ္႐ြာေတြမွာ ေအာက္ဆီဂ်င္ေၾကာင့္ အေဖ့လို အသက္ မဆုံး ရႈံးရေလေအာင္ ရည္႐ြယ္ၿပီး တပိုင္တႏိုင္ အငွားလုပ္ငန္းေလး စခဲ့တာပါ” ဟု ေအာက္စီဂ်င္အိုး ငွားေပးေနသူ ဦးစည္သူထြန္းက ရွင္းျပသည္။

လုပ္ငန္းစတင္ခဲ့စဥ္က ၄၀ လီတာ ႏွစ္အိုးသာရွိခဲ့ၿပီး လက္ရွိတြင္ ၄၀ လီတာ ၁၀ အိုး ႏွင့္ ၁၅ လီတာ ၁ အိုး
ရွိၿပီဟု ေျပာသည္။

မီးပလပ္ထိုးကာ အသုံးျပဳရသည့္ ၁၀ လီတာထြက္ ေအာက္ဆီဂ်င္စက္ေသး တစ္လုံးလည္း မၾကာမွီ ရက္ပိုင္းတြင္ ထပ္မံ ေရာက္ရွိလာမည္ျဖစ္ကာ ေနာက္ထပ္လည္း ေအာက္ဆီဂ်င္ ထုတ္စက္အေသးမ်ားကို ဦးစားေပးကာ ဝယ္ ယူၿပီး ငွားေပးႏိုင္ေရး လုပ္ေဆာင္ေနသည္ဟု ဦးစည္သူထြန္းက ေျပာသည္။

“အားလုံးက်န္းမာေအာင္ ေနထိုင္ၾကပါလို႔ ေျပာခ်င္ပါတယ္၊ ကိုဗစ္-၁၉ ကပ္ေရာဂါႀကီး ကင္းရွင္းၿပီး အားလုံး က်န္းမာသြားတဲ့ အခ်ိန္ၾကရင္ အခုက်ေနာ္ပိုင္ဆိုင္တဲ့ ေအာက္ဆီဂ်င္အိုးေတြနဲ႔ ဆက္စပ္ ပစၥည္းအားလုံးကို အသင္းအဖြဲ႕ တစ္ခုခုကို အကုန္လုံး ျပန္လႉဒါန္းသြားမွာပါ” ဟု ဦးစည္သူထြန္းက ေျပာသည္။

ေအာက္စီဂ်င္အိုးငွားေပးရာတြင္ အိုးအတြင္း လိုအပ္သည့္ ေအာက္ဆီဂ်င္၊ ဖလိုမီတာတို႔အျပင္ အသက္ရႉပိုက္ စသည့္ ကိရိယာမ်ားလည္း တစ္ပါတည္း ထည့္ေပးသည္ဟု ေျပာသည္။

ေအာက္ဆီဂ်င္အိုး လိုအပ္ပါက ၂၄ နာရီ ပတ္လုံး အကူအညီရယူႏိုင္ေသာ္လည္း ညမထြက္ရ အခ်ိန္တြင္ အေရးေပၚလိုအပ္လာပါက လူနာရွင္အေနျဖင့္ ပရဟိတအသင္းအဖြဲ႕ (သို႔မဟုတ္) သက္ဆိုင္ရာအဖြဲ႕အစည္းႏွင့္ အတူလာေရာက္၍ ငွားရမ္းႏိုင္သည္ဟု ဦးစည္သူထြန္းက ေျပာသည္။

ထို႔အျပင္ ဖုန္းနံပါတ္ ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊ ၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံသို႔ ဆက္သြယ္၍လည္း ငွားႏိုင္သည္ဟု ဆိုသည္။

ၿမိတ္ၿမိဳ႕၌ လက္ရွိတြင္ ပရဟိတ နာေရးကူညီမႈ အသင္းအပါအဝင္ အဖြဲ႕အစည္း ၁၀ ဖြဲ႕ ခန႔္ကလည္း ေအာက္ဆီ ဂ်င္အိုးမ်ား အခမဲ့ငွားေပးေနသည္။

ၾသဂုတ္လဆန္းပိုင္းတြင္ ၿမိတ္ၿမိဳ႕၊ ကလြင္နယ္ေျမ ေတာင္းၿပိဳေက်း႐ြာ၌ တည္ရွိေသာ ေအာက္ဆီဂ်င္စက္႐ုံသည္ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ဟု ဆိုကာ ရပ္နားထားရသျဖင့္ ထိုင္းႏိုင္ငံဘက္ျခမ္းမွ ေအာက္ဆီဂ်င္မ်ား တင္သြင္းခဲ့ရ သျဖင့္ အေရးေပၚလူနာမ်ားအတြက္ ခက္ခဲမႈမ်ား အနည္းငယ္ရွိခဲ့သည္ဟု ေဒသအတြင္း ပရဟိတ အသင္းအဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာသည္။

ၿမိတ္ၿမိဳ႕နယ္တြင္ တိုင္းက်န္းမာေရးဌာနမွ ၾသဂုတ္လ ၄ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ထိ ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ပိုးေတြ႕ရွိသူ ၁၂၀၀ ေက်ာ္ရွိၿပီး ၿမိတ္ၿမိဳ႕တြင္ ဇူလိုင္လကုန္ပိုင္းမွစ၍ တစ္ရက္လွ်င္ ေသဆုံးသူ ၁၀ ဦး ဝန္းက်င္ခန႔္ ရွိေနသည္။