အမှုများ ရုတ်သိမ်းရာတွင် စစ်ကောင်စီ လက်ထက် အမှုများ မပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရန်နှင့် ကာကွယ်ကုသရန်ဟုဆိုကာ စွဲဆိုထားသော အမှုများ ရုတ်သိမ်းကြောင်းကြေညာရာတွင် စစ်ကောင်စီ လက်ထက် စွဲဆိုသော အမှုများ ပါဝင်ခြင်း မရှိပေ။

ယခင်အစိုးရလက်ထက်က တရားဆွဲဆို ထားသည့်အမှုများကို ပိတ်သိမ်းရန် စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း COVID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ် ရက်ရှည်ကြာသော အချုပ်သားများကို အမှုမှလွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြ ထားသည်။

ယခုကြေငြာချက်အရဆိုလျှင် ၅၀၅(က)၊ ၁၇(၁)တို့ဖြင့် စစ်ကောင်စီလက်ထက်တွင် ပုံစံမျိုးစုံဖြင့် စွဲထားသည့် အမှုများ ကျန်နေမည်ဖြစ်ကြောင်း တရားလွတ်တော်ရှေ့နေတစ်ဦး သုံးသပ်ပြောဆိုသည်။

“ကိုဗစ်ကာလမှာ ထိန်းသိမ်းထားတဲ့ လူတွေများနေတယ်။ အမှုတွေလည်း များနေတယ် ဆိုရင် ထောင်တစ်ခု လုံးခါလေ။ အဲ့ဒီလိုမှမဟုတ်ဘဲနဲ့”ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေ က ပြောသည်။

အမှုရုတ်သိမ်းရာတွင် ဖေဖော်ဝါရီ ၁ ရက်နှင့် အဆိုပါနေ့ မတိုင်ခင်က ပြစ်မှုတစ်ခုခုကြောင့် တရားစွဲဆိုခံထားရ သည့် အမှုများကိုသာပိတ် သိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းဖမ်းဆီး တရားစွဲဆိုခံထားရသူများ မပါဝင် ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းအမှုအများစုက စာရိတ္တနဲ့ပတ်သက်တဲ့ အမှုတွေမဟုတ်ဘူးဗျ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှုတွေ။ သူတို့အမှုတွေကို ဆက်လိုက် ပေးဖို့ပဲ ကျနော် တို့ ခေါင်းထဲရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ပြောသည်။

ယခင်အစိုးရ လက်ထက်က ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ မုဒိမ်းမှုနှင့် အခြားရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး တရား လိုဘက်မှ အမှုရုပ် သိမ်းခြင်းမပြုလိုကြောင်း စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားမှုမရှိပါက အမှုပိတ်သိမ်း၍ အချုပ်သားကို လွှတ်ပေးရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တရားလိုဘက်မှ အမှုမရုပ်သိမ်းလိုကြောင်း လျှောက်ထားသည့် အမှုများကို သက်ဆိုင်ရာတရားရုံးတွင် ရောက်ရှိ သည့်အဆင့်မှ အမှုဆက်လက်စစ်ဆေးရမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

*** ZAWGYI ***
အမႈမ်ား ႐ုတ္သိမ္းရာတြင္ စစ္ေကာင္စီ လက္ထက္ အမႈမ်ား မပါဝင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။

COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ရန္ႏွင့္ ကာကြယ္ကုသရန္ဟုဆိုကာ စြဲဆိုထားေသာ အမႈမ်ား ႐ုတ္သိမ္းေၾကာင္းေၾကညာရာတြင္ စစ္ေကာင္စီ လက္ထက္ စြဲဆိုေသာ အမႈမ်ား ပါဝင္ျခင္း မရွိေပ။

ယခင္အစိုးရလက္ထက္က တရားဆြဲဆို ထားသည့္အမႈမ်ားကို ပိတ္သိမ္းရန္ စစ္ေကာင္စီက ၾသဂုတ္လ ၁၁ ရက္တြင္ ထုတ္ျပန္ ေၾကညာခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္လည္း COVID-19 ေရာဂါဆိုင္ရာ စည္းကမ္းခ်က္မ်ားေၾကာင့္ ႐ုံးထုတ္စစ္ေဆးႏိုင္ျခင္းမရွိသျဖင့္ ခ်ဳပ္ ရက္ရွည္ၾကာေသာ အခ်ဳပ္သားမ်ားကို အမႈမွလႊတ္ေပးျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေဖာ္ျပ ထားသည္။

ယခုေၾကျငာခ်က္အရဆိုလွ်င္ ၅၀၅(က)၊ ၁၇(၁)တို႔ျဖင့္ စစ္ေကာင္စီလက္ထက္တြင္ ပုံစံမ်ိဳးစုံျဖင့္ စြဲထားသည့္ အမႈမ်ား က်န္ေနမည္ျဖစ္ေၾကာင္း တရားလြတ္ေတာ္ေရွ႕ေနတစ္ဦး သုံးသပ္ေျပာဆိုသည္။

“ကိုဗစ္ကာလမွာ ထိန္းသိမ္းထားတဲ့ လူေတြမ်ားေနတယ္။ အမႈေတြလည္း မ်ားေနတယ္ ဆိုရင္ ေထာင္တစ္ခု လုံးခါေလ။ အဲ့ဒီလိုမွမဟုတ္ဘဲနဲ႔”ဟု အဆိုပါ တရားလႊတ္ေတာ္ေရွ႕ေန က ေျပာသည္။

အမႈ႐ုတ္သိမ္းရာတြင္ ေဖေဖာ္ဝါရီ ၁ ရက္ႏွင့္ အဆိုပါေန႔ မတိုင္ခင္က ျပစ္မႈတစ္ခုခုေၾကာင့္ တရားစြဲဆိုခံထားရ သည့္ အမႈမ်ားကိုသာပိတ္ သိမ္းၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္းဖမ္းဆီး တရားစြဲဆိုခံထားရသူမ်ား မပါဝင္ ေၾကာင္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

“ေဖေဖာ္ဝါရီ ၁ ရက္ ေနာက္ပိုင္းအမႈအမ်ားစုက စာရိတၱနဲ႔ပတ္သက္တဲ့ အမႈေတြမဟုတ္ဘူးဗ်။ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့အမႈေတြ။ သူတို႔အမႈေတြကို ဆက္လိုက္ ေပးဖို႔ပဲ က်ေနာ္ တို႔ ေခါင္းထဲရွိပါတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ က ေျပာသည္။

ယခင္အစိုးရ လက္ထက္က ျဖစ္ပြားခဲ့သည့္ လူသတ္မႈ၊ မုဒိမ္းမႈႏွင့္ အျခားရာဇဝတ္မႈမ်ားႏွင့္ စပ္လ်ဥ္းၿပီး တရား လိုဘက္မွ အမႈ႐ုပ္ သိမ္းျခင္းမျပဳလိုေၾကာင္း စက္တင္ဘာ ၃၀ ရက္ေနာက္ဆုံးထား ေလွ်ာက္ထားရမည္ျဖစ္ၿပီး ေလွ်ာက္ထားမႈမရွိပါက အမႈပိတ္သိမ္း၍ အခ်ဳပ္သားကို လႊတ္ေပးရမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

တရားလိုဘက္မွ အမႈမ႐ုပ္သိမ္းလိုေၾကာင္း ေလွ်ာက္ထားသည့္ အမႈမ်ားကို သက္ဆိုင္ရာတရား႐ုံးတြင္ ေရာက္ရွိ သည့္အဆင့္မွ အမႈဆက္လက္စစ္ေဆးရမည္ဟုလည္း ထည့္သြင္းေဖာ္ျပထားသည္။