မြစ်ကြီးနား ရှမ်းစု ပလီတွင် ကုန်ပစ္စည်း အချို့ ဈေးလျော့ ရောင်းပေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုဗလီတွင် COVID-19 ကာလအတွင်း ခက်ခဲနွမ်းပါးသူများအတွက် ရည် ရွယ်၍ အောက်စီမီတာ၊ ဖလိုမီတာနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်။

မြစ်ကြီးနားမြို့၊ ရှမ်းစုမြှောက်ရပ်ကွက်ကစွန္နိဂျာမေဗလီကြီးတွင် အောက်စီမီတာ၊ ဖလိုမီတာနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာ အရှုံးခံကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရှမ်းစုဗလီ လှုမှုကူညီရေး အသင်း တာဝန်ရှိ သူက ပြောသည်။

သြဂုတ်လ ၁၅ရက်နေ့ (တနင်္ဂနွေနေ့) နံနက်ပိုင်း ၉နာရီမှ စတင်၍ ရောင်းချပေးသွားမှာ ဖြစ်ပြီး ဝယ်ယူသူ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်ကို ပြောပြ၍ တစ်ဦးလျှင် တစ်ခေါက်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

”ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ မရှိနွမ်းပါးတဲ့သူ ခက်ခဲတဲ့သူတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်သ လောက် အကူအညီပေးပြီး ပုံမှန်ဈေးနဲ့ပဲ ရစေချင်တဲ့ဆန္ဒနဲ့ အရှုံးခံရောင်းချပေး နေတာပါ” ဟု ဗလီ ဥက္ကဌ ဦးမြင့်ကျော် က ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် အောက်စီမီတာ(Oximeter)တစ်လုံးလျှင် ၅၀၀၀ ကျပ် ဖြင့် အလုံး ၄၀၀ ရောင်းချ ပေး မှာ ဖြစ်ပြီး၊ (Flowmeter)တစ်ခုလျှင် ၂၂၀၀၀ကျပ် ဖြင့် အလုံးရေ ၄၀ ရောင်းချပေးသွားမည်ဟု ပြောသည်။

ထို့အပြင် ကြက်ဥကိုလည်း တစ်လုံးလျှင် ၅၀ ကျပ်ဖြင့် အလုံးရေ တစ်သောင်းကျော် ရောင်းချပေးသွားရန် စီစဉ် ထားသည်ဟု သိရသည်။

ရှမ်းစုဗလီ လှုမှုကူညီရေးအသင်းက လူငယ်များ၊ ဂေါပကများ၊ အသင်း၏တာဝန်ရှိသူများက ပူးပေါင်း ရောင်းချ ပေးခြင်းဖြစ်ပြီး ပထမအကြိမ် နှင့် ဒုတိယအကြိမ်တွင် အောက်စီမီတာ အလုံး ၄၀၀၊ ဖလိုမီတာ အလုံး ၂၀ နှင့် ကြက်ဥအလုံးရေ ၃၃၀၀ ကိုရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

*** ZAWGYI ***
ျမစ္ႀကီးနား ရွမ္းစု ပလီတြင္ ကုန္ပစၥည္း အခ်ိဳ႕ ေဈးေလ်ာ့ ေရာင္းေပးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ရွမ္းစုဗလီတြင္ COVID-19 ကာလအတြင္း ခက္ခဲႏြမ္းပါးသူမ်ားအတြက္ ရည္ ႐ြယ္၍ ေအာက္စီမီတာ၊ ဖလိုမီတာႏွင့္ ၾကက္ဥမ်ား ေဈးႏႈန္းသက္သာစြာ ေရာင္းခ်ေပးမည္။

ျမစ္ႀကီးနားၿမိဳ႕၊ ရွမ္းစုေျမႇာက္ရပ္ကြက္ကစြႏၷိဂ်ာေမဗလီႀကီးတြင္ ေအာက္စီမီတာ၊ ဖလိုမီတာႏွင့္ ၾကက္ဥမ်ားကို ေဈးႏႈန္းသက္သာစြာ အရႈံးခံကာ ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္း ရွမ္းစုဗလီ လႈမႈကူညီေရး အသင္း တာဝန္ရွိ သူက ေျပာသည္။

ၾသဂုတ္လ ၁၅ရက္ေန႔ (တနဂၤေႏြေန႔) နံနက္ပိုင္း ၉နာရီမွ စတင္၍ ေရာင္းခ်ေပးသြားမွာ ျဖစ္ၿပီး ဝယ္ယူသူ၏ အမည္ႏွင့္ မွတ္ပုံတင္နံပါတ္ကို ေျပာျပ၍ တစ္ဦးလွ်င္ တစ္ေခါက္သာ ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္း သိရ သည္။

”ကိုဗစ္ကပ္ေရာဂါ ကာလအတြင္းမွာ မရွိႏြမ္းပါးတဲ့သူ ခက္ခဲတဲ့သူေတြကို တစ္ဖက္တစ္လမ္းက တတ္ႏိုင္သ ေလာက္ အကူအညီေပးၿပီး ပုံမွန္ေဈးနဲ႔ပဲ ရေစခ်င္တဲ့ဆႏၵနဲ႔ အရႈံးခံေရာင္းခ်ေပး ေနတာပါ” ဟု ဗလီ ဥကၠဌ ဦးျမင့္ေက်ာ္ က ေျပာသည္။

ၾသဂုတ္လ ၁၅ ရက္ေန႔တြင္ ေအာက္စီမီတာ(Oximeter)တစ္လုံးလွ်င္ ၅၀၀၀ က်ပ္ ျဖင့္ အလုံး ၄၀၀ ေရာင္းခ် ေပး မွာ ျဖစ္ၿပီး၊ (Flowmeter)တစ္ခုလွ်င္ ၂၂၀၀၀က်ပ္ ျဖင့္ အလုံးေရ ၄၀ ေရာင္းခ်ေပးသြားမည္ဟု ေျပာသည္။

ထို႔အျပင္ ၾကက္ဥကိုလည္း တစ္လုံးလွ်င္ ၅၀ က်ပ္ျဖင့္ အလုံးေရ တစ္ေသာင္းေက်ာ္ ေရာင္းခ်ေပးသြားရန္ စီစဥ္ ထားသည္ဟု သိရသည္။

ရွမ္းစုဗလီ လႈမႈကူညီေရးအသင္းက လူငယ္မ်ား၊ ေဂါပကမ်ား၊ အသင္း၏တာဝန္ရွိသူမ်ားက ပူးေပါင္း ေရာင္းခ် ေပးျခင္းျဖစ္ၿပီး ပထမအႀကိမ္ ႏွင့္ ဒုတိယအႀကိမ္တြင္ ေအာက္စီမီတာ အလုံး ၄၀၀၊ ဖလိုမီတာ အလုံး ၂၀ ႏွင့္ ၾကက္ဥအလုံးေရ ၃၃၀၀ ကိုေရာင္းခ်ေပးခဲ့ၿပီး ျဖစ္ေၾကာင္းသိရသည္။