မြိတ်ခရိုင်တွင် ဗုံး သုံးလုံး ပေါက်၊ လူတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စု အတွင်း ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲ ခဲ့ရာ လူနေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြော သည်။

“ဗုံးကွဲပေါက်သံက အကျယ်ကြီးပဲ၊ သုံးချက်ဆက်တိုက်ကြားရတယ်၊ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်က အိမ်တစ် လုံး နှစ်နေရာမှာပေါက်ကွဲခဲ့တာ လက်လုပ်ဗုံးတွေလို့ကြားရတယ်” ဟု အသက် ၅၀ အရွယ် ခန့် ဒေသခံရွာသား တစ်ဦး က ပြောသည်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စု၊ ပဝတ်ကုန်းကျေးရွာတွင် သြဂုတ်လ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က ဗုံး သုံးလုံးဆက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းနေထိုင်နေသည့် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ဗုံးပေါက်ကွဲပြီးနောက် ည ၁၁ နာရီ ကျော်အချိန်ခန့်တွင် ရွာထဲသို့ အရေးပေါ်လူနာတင် ကားတစ်စီး ရောက် လာကာ အဆိုပါ လူနာကို သယ်ဆောင်သွားသည်ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသေးသော်လည်း ယင်းပေါက် ကွဲမှု ကြောင့် ဒေသခံရွာသားတစ်ဦးကို သြဂုတ်လ ၁၁ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် စစ်ဆေးမေးမြန်း စရာများရှိသည်ဟုဆိုကာ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ခေါ်ဆောင်သွားခဲ့သည် ဟု သိရသည်။

စစ်ကောင်စီအဖွဲ့ဝင်များ ခေါ်ဆောင်သွားသည့် သူမှာ ပဝတ်ကုန်းရွာသား ပန်းပဲလုပ်ကိုင်နေသူ ဦးမြင့်ကြွယ်ဖြစ်ပြီး ၎င်းသည် အလင်းဝင်ထားသည့် ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင် တစ်တစ်ဦးဖြစ်သည်ဟု ဒေသခံရွာသားများ က ပြောသည်။

ဦးမြင့်ကြွယ်သည် ယနေ့အချိန်ထိ နေအိမ်ပြန်မရောက်သေးကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

ပဝတ်ကုန်းကျေးရွာသည် ပုလောမြို့အနီးတွင်ရှိပြီး ထားဝယ်-မြိတ် လမ်းမကြီးပေါ်တွင် တည်ရှိသည်။

အိမ်ခြေ ၂၀၀ နီးပါးရှိကာ အများစုမှာ ရော်ဘာနှင့် ဥယျာဉ်ခြံမြေ လုပ်သူကိုင်ကြသူ များ ဖြစ်သည်။

*** ZAWGYI ***
ၿမိတ္ခ႐ိုင္တြင္ ဗုံး သုံးလုံး ေပါက္၊ လူတစ္ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခ႐ိုင္ ပုေလာၿမိဳ႕နယ္၊ ကဒဲေက်း႐ြာအုပ္စု အတြင္း ဗုံးသုံးလုံးဆက္တိုက္ေပါက္ကြဲ ခဲ့ရာ လူေနအိမ္တစ္လုံးပ်က္စီးကာ လူတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့သည္ဟု ႐ြာသားမ်ားက ေျပာ သည္။

“ဗုံးကြဲေပါက္သံက အက်ယ္ႀကီးပဲ၊ သုံးခ်က္ဆက္တိုက္ၾကားရတယ္၊ ႐ြာထဲက အိမ္တစ္လုံးနဲ႔ ႐ြာစြန္က အိမ္တစ္ လုံး ႏွစ္ေနရာမွာေပါက္ကြဲခဲ့တာ လက္လုပ္ဗုံးေတြလို႔ၾကားရတယ္” ဟု အသက္ ၅၀ အ႐ြယ္ ခန႔္ ေဒသခံ႐ြာသား တစ္ဦး က ေျပာသည္။

ပုေလာၿမိဳ႕နယ္၊ ကဒဲေက်း႐ြာအုပ္စု၊ ပဝတ္ကုန္းေက်း႐ြာတြင္ ၾသဂုတ္လ ၁၀ ရက္ ည ၁၀ နာရီဝန္းက်င္ခန႔္က ဗုံး သုံးလုံးဆက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ ေနအိမ္အတြင္းေနထိုင္ေနသည့္ စစ္မႈထမ္းေဟာင္း တစ္ဦးျဖစ္သူ ဦးမ်ိဳးသက္၏ အိမ္သားတစ္ဦး ဒဏ္ရာ ရရွိခဲ့သည္။

ထိုသို႔ ဗုံးေပါက္ကြဲၿပီးေနာက္ ည ၁၁ နာရီ ေက်ာ္အခ်ိန္ခန႔္တြင္ ႐ြာထဲသို႔ အေရးေပၚလူနာတင္ ကားတစ္စီး ေရာက္ လာကာ အဆိုပါ လူနာကို သယ္ေဆာင္သြားသည္ဟု မ်က္ျမင္႐ြာသားတစ္ဦးက ေျပာသည္။

အဆိုပါ ဗုံးေပါက္ကြဲမႈအား မည္သည့္အဖြဲ႕မွ လာေရာက္ေဖာက္ခြဲခဲ့သည္ကို မသိရေသးေသာ္လည္း ယင္းေပါက္ ကြဲမႈ ေၾကာင့္ ေဒသခံ႐ြာသားတစ္ဦးကို ၾသဂုတ္လ ၁၁ရက္ေန႔၊ မြန္းလြဲ ၁၂ နာရီခြဲ အခ်ိန္ခန႔္တြင္ စစ္ေဆးေမးျမန္း စရာမ်ားရွိသည္ဟုဆိုကာ ရဲႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လာေရာက္ေခၚေဆာင္သြားခဲ့သည္ ဟု သိရသည္။

စစ္ေကာင္စီအဖြဲ႕ဝင္မ်ား ေခၚေဆာင္သြားသည့္ သူမွာ ပဝတ္ကုန္း႐ြာသား ပန္းပဲလုပ္ကိုင္ေနသူ ဦးျမင့္ႂကြယ္ျဖစ္ၿပီး ၎သည္ အလင္းဝင္ထားသည့္ ၿငိမ္းခ်မ္းေရးလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕မွ အဖြဲ႕ဝင္ တစ္တစ္ဦးျဖစ္သည္ဟု ေဒသခံ႐ြာသားမ်ား က ေျပာသည္။

ဦးျမင့္ႂကြယ္သည္ ယေန႔အခ်ိန္ထိ ေနအိမ္ျပန္မေရာက္ေသးေၾကာင္း ယင္းေဒသခံ႐ြာသားမ်ားထံမွ သိရသည္။

ပဝတ္ကုန္းေက်း႐ြာသည္ ပုေလာၿမိဳ႕အနီးတြင္ရွိၿပီး ထားဝယ္-ၿမိတ္ လမ္းမႀကီးေပၚတြင္ တည္ရွိသည္။

အိမ္ေျခ ၂၀၀ နီးပါးရွိကာ အမ်ားစုမွာ ေရာ္ဘာႏွင့္ ဥယ်ာဥ္ၿခံေျမ လုပ္သူကိုင္ၾကသူ မ်ား ျဖစ္သည္။