မကွေးတွင် ကိုဗစ် လူနာ သေဆုံးမှု များပြားလာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

မကွေးတိုင်းဒေသကြီး အတွင်း ရာသီတုတ်ကွေးနှင့် COVID-19 ရောဂါ မကွဲပြား ဖြစ်နေပြီး ကိုဗစ်အတည်ပြုလူနာသစ်များ ဆက်တိုက်တိုးလာနေသလို၊ သေဆုံးမှုများလည်း ပိုများလာ သည်ဟု ဒေသခံများက ပြောသည်။

သာမာန်ရာသီတုတ်ကွေးအထင်ဖြင့် နေထိုင်မကောင်းဖြစ်ကာ ဖျားနာလာလျှင်လည်း အများစုမှ ဆေးစစ်ကြည့် သည်က နည်းပါးနေကြောင်း၊ အရေးပေါ်အခြေအနေနှင့် သေဆုံးသွားသည့် အခါမှ ဆေးစစ်မှုများ ပြုလုပ်ရာ အများစုမှာ COVID-19 လူနာများ ဖြစ်နေသည်ကို တွေ့ရသည်ဟု ဒေသခံများနှင့် အကူအညီပေးနေ သူများက ပြောသည်။

“ကိုဗစ်ရောဂါနဲ့ ရာသီတုတ်ကွေးက ခပ်ဆင်ဆင်လို့ ဖြစ်နေတာ။ မစစ်လို့ မသိကြတာပေါ့။ မသိကြတာကလည်း ကျေးလက်ဒေသတွေက အခုအချိန်မှာ အလုပ်ကလည်း မရှိ။ လက်ထဲငွေကြေးကလည်း မရှိ။ ဆေးက ဝယ်ဖို့ ခက်ခဲကြတော့ သစ်ရွက်သစ်ဥကို ဆေးလုပ်သောက်ရတော့ သေခါမှ သေရော ကူရာမဲ့ ဖြစ်ကုန်ကြတယ်” ဟု မကွေးမြို့နယ်အတွင်းက ကျေးလက်နေဒေသခံ တစ်ဦး က ပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့ အထိ မကွေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါ ထပ်မံကူးစက်မှု ၃၀၂ ဦး တိုးလာပြီး လက်ရှိတွင် အတည်ပြုလူနာပေါင်း ၁၅၄၀၆ ဦးရှိပြီ ဖြစ်သည်။

သြဂုတ်လ ၁၀ ရက်နေ့က ထပ်မံသေဆုံးသူ ၂၇ ဦးရှိခဲ့ပြီး၊ သေဆုံးသူ စုစုပေါင်း ၅၉၂ ဦး ရှိပြီဟု ဒေသအတွင်း လူမှုကူညီမှုအသင်းများ၏ စာရင်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ၊ စလင်း၊ မင်းဘူး၊ မကွေး၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်ကြီးနှင့် ဆင်ပေါင်ဝဲ စသည့် မြို့နယ်များအပြင် ကျေးလက်ဒေသများ အထိ COVID-19 ကူးစက်မှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ကျေးလက်ဒေသများအထိ COVID-19 ရောဂါဖြင့် သေဆုံးမှုလည်း ပိုများလာသည်ဟု ဆိုသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များထဲတွင် တစ်မြို့နှင့် တစ်မြို့ ဖြတ်သန်းသွားလာသည့်ကိစ္စများနှင့် ပတ်သက်၍လည်း အာဏာသိမ်း စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ကာ ကန့်သတ်မှုများ လုပ်ထားသည်။

ထို့ကြောင့် ကျေးလက်ဒေသများမှ မြို့ပေါ်သို့ ဆေးတက်ဝယ်ယူရန်၊ အောက်စီဂျင်အတွက် အကူအညီ တောင်းခံ ရန်၊ အဟာရဖြည့်စွက်စာများ ဝယ်ယူသုံးစွဲရန်နှင့် အခြားသော လူမှုကိစ္စရပ်များအပြင် စားဝတ်နေရေးခက်ခဲလာ သည့်အတွက် ရွှေထည်ပစ္စည်းများ ပေါင်နှံရောင်းချရန်တို့အတွက် သွားလာနိုင်ရေး အခက်အခဲများ ဖြစ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
မေကြးတြင္ ကိုဗစ္ လူနာ ေသဆုံးမႈ မ်ားျပားလာေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။

မေကြးတိုင္းေဒသႀကီး အတြင္း ရာသီတုတ္ေကြးႏွင့္ COVID-19 ေရာဂါ မကြဲျပား ျဖစ္ေနၿပီး ကိုဗစ္အတည္ျပဳလူနာသစ္မ်ား ဆက္တိုက္တိုးလာေနသလို၊ ေသဆုံးမႈမ်ားလည္း ပိုမ်ားလာ သည္ဟု ေဒသခံမ်ားက ေျပာသည္။

သာမာန္ရာသီတုတ္ေကြးအထင္ျဖင့္ ေနထိုင္မေကာင္းျဖစ္ကာ ဖ်ားနာလာလွ်င္လည္း အမ်ားစုမွ ေဆးစစ္ၾကည့္ သည္က နည္းပါးေနေၾကာင္း၊ အေရးေပၚအေျခအေနႏွင့္ ေသဆုံးသြားသည့္ အခါမွ ေဆးစစ္မႈမ်ား ျပဳလုပ္ရာ အမ်ားစုမွာ COVID-19 လူနာမ်ား ျဖစ္ေနသည္ကို ေတြ႕ရသည္ဟု ေဒသခံမ်ားႏွင့္ အကူအညီေပးေန သူမ်ားက ေျပာသည္။

“ကိုဗစ္ေရာဂါနဲ႔ ရာသီတုတ္ေကြးက ခပ္ဆင္ဆင္လို႔ ျဖစ္ေနတာ။ မစစ္လို႔ မသိၾကတာေပါ့။ မသိၾကတာကလည္း ေက်းလက္ေဒသေတြက အခုအခ်ိန္မွာ အလုပ္ကလည္း မရွိ။ လက္ထဲေငြေၾကးကလည္း မရွိ။ ေဆးက ဝယ္ဖို႔ ခက္ခဲၾကေတာ့ သစ္႐ြက္သစ္ဥကို ေဆးလုပ္ေသာက္ရေတာ့ ေသခါမွ ေသေရာ ကူရာမဲ့ ျဖစ္ကုန္ၾကတယ္” ဟု မေကြးၿမိဳ႕နယ္အတြင္းက ေက်းလက္ေနေဒသခံ တစ္ဦး က ေျပာသည္။

ၾသဂုတ္လ ၁၀ ရက္ေန႔ အထိ မေကြးတိုင္းေဒသႀကီးတြင္ COVID-19 ေရာဂါ ထပ္မံကူးစက္မႈ ၃၀၂ ဦး တိုးလာၿပီး လက္ရွိတြင္ အတည္ျပဳလူနာေပါင္း ၁၅၄၀၆ ဦးရွိၿပီ ျဖစ္သည္။

ၾသဂုတ္လ ၁၀ ရက္ေန႔က ထပ္မံေသဆုံးသူ ၂၇ ဦးရွိခဲ့ၿပီး၊ ေသဆုံးသူ စုစုေပါင္း ၅၉၂ ဦး ရွိၿပီဟု ေဒသအတြင္း လူမႈကူညီမႈအသင္းမ်ား၏ စာရင္းမ်ားအရ သိရသည္။

မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴ၊ စလင္း၊ မင္းဘူး၊ မေကြး၊ နတ္ေမာက္၊ ၿမိဳ႕သစ္၊ ေတာင္တြင္ႀကီးႏွင့္ ဆင္ေပါင္ဝဲ စသည့္ ၿမိဳ႕နယ္မ်ားအျပင္ ေက်းလက္ေဒသမ်ား အထိ COVID-19 ကူးစက္မႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ထို႔အျပင္ ေက်းလက္ေဒသမ်ားအထိ COVID-19 ေရာဂါျဖင့္ ေသဆုံးမႈလည္း ပိုမ်ားလာသည္ဟု ဆိုသည္။

မေကြးတိုင္း ေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားထဲတြင္ တစ္ၿမိဳ႕ႏွင့္ တစ္ၿမိဳ႕ ျဖတ္သန္းသြားလာသည့္ကိစၥမ်ားႏွင့္ ပတ္သက္၍လည္း အာဏာသိမ္း စစ္ေကာင္စီက ေဒသႏၲရအမိန႔္ ထုတ္ျပန္ကာ ကန႔္သတ္မႈမ်ား လုပ္ထားသည္။

ထို႔ေၾကာင့္ ေက်းလက္ေဒသမ်ားမွ ၿမိဳ႕ေပၚသို႔ ေဆးတက္ဝယ္ယူရန္၊ ေအာက္စီဂ်င္အတြက္ အကူအညီ ေတာင္းခံ ရန္၊ အဟာရျဖည့္စြက္စာမ်ား ဝယ္ယူသုံးစြဲရန္ႏွင့္ အျခားေသာ လူမႈကိစၥရပ္မ်ားအျပင္ စားဝတ္ေနေရးခက္ခဲလာ သည့္အတြက္ ေ႐ႊထည္ပစၥည္းမ်ား ေပါင္ႏွံေရာင္းခ်ရန္တို႔အတြက္ သြားလာႏိုင္ေရး အခက္အခဲမ်ား ျဖစ္ေနၾကသည္ဟု ေဒသခံမ်ားက ဆိုသည္။