စလင်းဗုံးပေါက်ကွဲမှု ရဲတစ်ဦး သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

မကွေးတိုင်းဒေသကြီး စလင်းမြို့ စစ်ဆေးရေးဂိတ်တွင် ဗုံး ပေါက်ကွဲမှုကြောင့် ရဲတစ်ဦးသေ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲခဲ့သည့် ဂိတ်မှာ စလင်း-မင်းဘူးသွားသည့် ကမ်းလမ်းပေါ်ရှိ စလင်းမြို့အဝင် အားကစားကွင်းရှေ့တွင် စစ်ကောင်စီတပ်များနှင့် ရဲ ၇ ဦး ခန့်စောင့် နေသည့် စစ်ဆေးရေးဂိတ်ဖြစ်သည်။

“အဲ့ဒီဂိတ်မှာက သဲအိပ်တွေ သံဆူးကြိုးတွေလည်း ချထားတာ။ အဲ့ဒီလိုကြားထဲက သုံးယောက်တောင်ထိတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က ချိန်ကိုက်ဗုံးဟု ယူဆရသော ပေါက်ကွဲမှုကြောင့် ရဲတစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ဂိတ်အတွင်း ဝင်ရောက်နေရာယူပြီးချိန်တွင် ဗုံး ၂ လုံး ပေါက်ကွဲခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”ရဲတဦးသေပြီး နှစ်ယာက်ဒဏ်ရတာဆိုတော့ ပျာယာခတ်နေကြတယ်” ဟု အနီးအနားတွင် နေထိုင်သူ တစ်ဦး က ပြောသည်။

စလင်းမြို့တောင်ဘက် ဂိတ်အထွက်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံများကို စစ်ဆေးရေး တင်းကြပ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများ၏ ဖုန်းများကို စစ်ဆေးခြင်းများ တင်းကြပ်စွာ လုပ်ဆောင်နေ သဖြင့် အသွားအလာ မပြုလုပ်ရဲကြကြောင်း ဒေသခံများက ပြောသည်။

စလင်းမြို့တွင် ဧပြီလ က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံးထားသည့် မြို့လည်း ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စလင်းမြို့သည် ရပ်ကွက် ၆ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀၀ကျော် လူဦးရေ နှစ် သိန်းသုံးသောင်း ကျော်နေထိုင် ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မြောက်ပိုင်းရှိ စလင်းမြို့သည် ဧရာဝတီမြစ်မှ ၆ မိုင်ခန့် ကွာဝေး၍ စလင်း ချောင်း တစ်ဖက်ကမ်းရှိ မြေပြန့်ပေါ်တွင် တည်ရှိသည်။

စလင်းမြို့မှာ ခရိုင်ရုံးစိုက်ရာ မင်းဘူးမြို့သို့ ၃၉ မိုင်ဝေး၍ ဆင်ဖြူကျွန်းမြို့နှင့် ၇ မိုင်မျှ ဝေးပြီး ရခိုင်ပြည်နယ် အမ်းတောင်ကြားမှ လာသော လမ်းမကြီးသည် စလင်းမြို့သို့ ပေါက်သည်။

*** ZAWGYI ***
စလင္းဗုံးေပါက္ကြဲမႈ ရဲတစ္ဦး ေသ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္။

မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕ စစ္ေဆးေရးဂိတ္တြင္ ဗုံး ေပါက္ကြဲမႈေၾကာင့္ ရဲတစ္ဦးေသ ႏွစ္ဦးဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ ဗုံးေပါက္ကြဲခဲ့သည့္ ဂိတ္မွာ စလင္း-မင္းဘူးသြားသည့္ ကမ္းလမ္းေပၚရွိ စလင္းၿမိဳ႕အဝင္ အားကစားကြင္းေရွ႕တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ရဲ ၇ ဦး ခန႔္ေစာင့္ ေနသည့္ စစ္ေဆးေရးဂိတ္ျဖစ္သည္။

“အဲ့ဒီဂိတ္မွာက သဲအိပ္ေတြ သံဆူးႀကိဳးေတြလည္း ခ်ထားတာ။ အဲ့ဒီလိုၾကားထဲက သုံးေယာက္ေတာင္ထိတာ” ဟု ေဒသခံတစ္ဦး က ေျပာသည္။

ဩဂုတ္ ၁၇ ရက္၊ နံနက္ ၁၀ နာရီခန႔္က ခ်ိန္ကိုက္ဗုံးဟု ယူဆရေသာ ေပါက္ကြဲမႈေၾကာင့္ ရဲတစ္ဦးေသၿပီး ႏွစ္ဦးဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။

အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဂိတ္အတြင္း ဝင္ေရာက္ေနရာယူၿပီးခ်ိန္တြင္ ဗုံး ၂ လုံး ေပါက္ကြဲျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

”ရဲတဦးေသၿပီး ႏွစ္ယာက္ဒဏ္ရတာဆိုေတာ့ ပ်ာယာခတ္ေနၾကတယ္” ဟု အနီးအနားတြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။

စလင္းၿမိဳ႕ေတာင္ဘက္ ဂိတ္အထြက္တြင္ ဗုံးေပါက္ကြဲခဲ့ျခင္းေၾကာင့္ ေဒသခံမ်ားကို စစ္ေဆးေရး တင္းၾကပ္မႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီတပ္မ်ားက လမ္းသြားလမ္းလာမ်ား၏ ဖုန္းမ်ားကို စစ္ေဆးျခင္းမ်ား တင္းၾကပ္စြာ လုပ္ေဆာင္ေန သျဖင့္ အသြားအလာ မျပဳလုပ္ရဲၾကေၾကာင္း ေဒသခံမ်ားက ေျပာသည္။

စလင္းၿမိဳ႕တြင္ ဧၿပီလ က စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရး ဆႏၵျပပြဲျဖစ္စဥ္မ်ားတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈ ေၾကာင့္ နည္းပညာတကၠသိုလ္ ေက်ာင္းသားတစ္ဦး ေသဆုံးထားသည့္ ၿမိဳ႕လည္း ျဖစ္သည္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ စလင္းၿမိဳ႕သည္ ရပ္ကြက္ ၆ရပ္ကြက္၊ ေက်း႐ြာအုပ္စု ၁၀၀ေက်ာ္ လူဦးေရ ႏွစ္ သိန္းသုံးေသာင္း ေက်ာ္ေနထိုင္ ၾကေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္ေျမာက္ပိုင္းရွိ စလင္းၿမိဳ႕သည္ ဧရာဝတီျမစ္မွ ၆ မိုင္ခန႔္ ကြာေဝး၍ စလင္း ေခ်ာင္း တစ္ဖက္ကမ္းရွိ ေျမျပန႔္ေပၚတြင္ တည္ရွိသည္။

စလင္းၿမိဳ႕မွာ ခ႐ိုင္႐ုံးစိုက္ရာ မင္းဘူးၿမိဳ႕သို႔ ၃၉ မိုင္ေဝး၍ ဆင္ျဖဴကြၽန္းၿမိဳ႕ႏွင့္ ၇ မိုင္မွ် ေဝးၿပီး ရခိုင္ျပည္နယ္ အမ္းေတာင္ၾကားမွ လာေသာ လမ္းမႀကီးသည္ စလင္းၿမိဳ႕သို႔ ေပါက္သည္။