အောက်ဆီဂျင် စက်ရုံအတွက် ကျေးရွာ အချို့တွင် လောင်းကစားဒိုင်ဖွင့် ငွေရှာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ အချို့က အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန် အတွက်ဟုဆိုကာ လောင်းကစားဒိုင်ဖွင့်ခွင့်ပြုပြီး ရန်ပုံငွေရှာ နေကြကြောင်း ဒေသခံများက ပြောသည်။

သာပေါင်းမြို့တွင် အောက်စီဂျင်စက်ရုံ တည်ဆောက်ရန် အတွက် စစ်ကောင်စီ၏ မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ က ကျေးရွာအုပ်စု တစ်ခုလျှင် ကျပ် ၁၀ သိန်းပေးရန် တောင်းလာသဖြင့် လောင်းကစားဒိုင်ဖွင့်ခွင့်ပေးကာ ရန်ပုံ ငွေ ရှာဖွေရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက အတည်ပြု ပြောကြားသည်။

“ကိုဗစ်လူနာတွေများတော့ အောက်စီဂျင်လိုအပ်ချက်က အမြဲရှိနေတယ် အများစု က စီးပွားမကောင်းကြဘူး ပြီးတော့နွမ်းပါးသူက များတော့ အလှူခံစုဆောင်းဖို့ ကလည်းအခက်အခဲ ရှိလို့ပါ”ဟု ပြော သည်။

ယခုကဲ့သို့ ကပ်ဘေး အငတ်ဘေးကြုံနေရချိန်တွင် လောင်းကစား ဝိုင်းများ ပေါများလာသည့် နှင့်အမျှ အခြား သော ခိုးဆိုး လုယက် ဓားပြတိုက်မှု၊ လူသတ်မှုအစရှိသည့် ရာဇဝတ်မှုများ ပိုမိုဖြစ်ပွား နိုင်သည့်အတွက် ဒေသခံ များက စိုးရိမ်နေကြသည်။

စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု ၉၀ ကျော် တွင် ပြီးခဲ့သော သြဂုတ်လဆန်းပိုင်းက စတင်၍ ငွေကျပ် ၁၀ သိန်းကို တောင်းခံခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ တပ်များသည် တပ်ရန်ပုံငွေ အတွက်ဟု ဆိုကာ ၎င်းတို့၏ ထိန်းချုပ် နယ်မြေများအတွင်း ဒေသ အခေါ် အာဝါဒေးပွဲဆိုသည့် လောင်းကစား မျိုးစုံပါဝင်သော ပွဲလမ်းများကို ၂၀၁၀ ခုနှစ်မတိုင်ခင် အထိ ပြုလုပ် လေ့ ရှိကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

*** ZAWGYI ***
ေအာက္ဆီဂ်င္ စက္႐ုံအတြက္ ေက်း႐ြာ အခ်ိဳ႕တြင္ ေလာင္းကစားဒိုင္ဖြင့္ ေငြရွာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္။

ဧရာဝတီတိုင္း သာေပါင္းၿမိဳ႕နယ္ အတြင္းရွိ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ အခ်ိဳ႕က ေအာက္ဆီဂ်င္ စက္႐ုံ တည္ေဆာက္ရန္ အတြက္ဟုဆိုကာ ေလာင္းကစားဒိုင္ဖြင့္ခြင့္ျပဳၿပီး ရန္ပုံေငြရွာ ေနၾကေၾကာင္း ေဒသခံမ်ားက ေျပာသည္။

သာေပါင္းၿမိဳ႕တြင္ ေအာက္စီဂ်င္စက္႐ုံ တည္ေဆာက္ရန္ အတြက္ စစ္ေကာင္စီ၏ ၿမိဳ႕နယ္ စီမံ အုပ္ခ်ဳပ္ေရး အဖြဲ႕ က ေက်း႐ြာအုပ္စု တစ္ခုလွ်င္ က်ပ္ ၁၀ သိန္းေပးရန္ ေတာင္းလာသျဖင့္ ေလာင္းကစားဒိုင္ဖြင့္ခြင့္ေပးကာ ရန္ပုံ ေငြ ရွာေဖြရျခင္းျဖစ္ေၾကာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦးက အတည္ျပဳ ေျပာၾကားသည္။

“ကိုဗစ္လူနာေတြမ်ားေတာ့ ေအာက္စီဂ်င္လိုအပ္ခ်က္က အၿမဲရွိေနတယ္ အမ်ားစု က စီးပြားမေကာင္းၾကဘူး ၿပီးေတာ့ႏြမ္းပါးသူက မ်ားေတာ့ အလႉခံစုေဆာင္းဖို႔ ကလည္းအခက္အခဲ ရွိလို႔ပါ”ဟု ေျပာ သည္။

ယခုကဲ့သို႔ ကပ္ေဘး အငတ္ေဘးႀကဳံေနရခ်ိန္တြင္ ေလာင္းကစား ဝိုင္းမ်ား ေပါမ်ားလာသည့္ ႏွင့္အမွ် အျခား ေသာ ခိုးဆိုး လုယက္ ဓားျပတိုက္မႈ၊ လူသတ္မႈအစရွိသည့္ ရာဇဝတ္မႈမ်ား ပိုမိုျဖစ္ပြား ႏိုင္သည့္အတြက္ ေဒသခံ မ်ားက စိုးရိမ္ေနၾကသည္။

စစ္ေကာင္စီ လက္ေအာက္ခံ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕က ၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္ ေက်း႐ြာအုပ္စု ၉၀ ေက်ာ္ တြင္ ၿပီးခဲ့ေသာ ၾသဂုတ္လဆန္းပိုင္းက စတင္၍ ေငြက်ပ္ ၁၀ သိန္းကို ေတာင္းခံခဲ့ျခင္း ျဖစ္သည္။

စစ္ေကာင္စီ၏ တပ္မ်ားသည္ တပ္ရန္ပုံေငြ အတြက္ဟု ဆိုကာ ၎တို႔၏ ထိန္းခ်ဳပ္ နယ္ေျမမ်ားအတြင္း ေဒသ အေခၚ အာဝါေဒးပြဲဆိုသည့္ ေလာင္းကစား မ်ိဳးစုံပါဝင္ေသာ ပြဲလမ္းမ်ားကို ၂၀၁၀ ခုႏွစ္မတိုင္ခင္ အထိ ျပဳလုပ္ ေလ့ ရွိေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။