ကယားတွင် လူ ၁၅ ဦး ထပ်မံဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ကယား(ကရင်နီ) ပြည်နယ်ထဲတွင် ဩဂုတ်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ဒေသခံပြည်သူ နောက်ထပ် ၁၅ ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်ဟု ဒေသခံများနှင့် ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက် တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ဖမ်းဆီးလိုသူကို မတွေ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးခြင်းများလည်း ပါဝင်သည်။

ယခုလအတွင်း ထပ်မံဖမ်းဆီးခံရသည့် ဒေသခံ ၁၅ ဦးပါအဝင် ကယား(ကရင်နီ) ပြည်နယ်တွင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံသူ စုစုပေါင်း ၁၅၀ ရှိပြီဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်က ပြောရေး ဆို ခွင့်ရှိသူ ခူးကိုရယ် က ပြောသည်။

“ဖမ်းခံရတဲ့လူတွေက တချို့ကျတော့ မြို့ပေါ်မှာပဲ အိမ်မှာနေရင်းနဲ့ လာဖမ်းသွားတာရှိတယ်။ IDPs ကို သွား ကူ ညီ နေရင်းနဲ့ သူ့ကို လိုက်ရှာပြီးမှ ဖမ်းတယ်ပေါ့ ဒီလွိုင်ကော်မှာ။ ဒါပေမယ့် ဖမ်းမယ်လို့ သူတို့စာရင်းရထားတဲ့ သူက ဖမ်းမရပဲနဲ့ ဓါးစာခံအဖြစ် သူ့ရဲ့အမေပေါ့ အမေရယ်၊ မောင်ရယ်၊ နောက်ပြီးမှ အိမ်မှာနေတဲ့ ပရဟိတ လူ ငယ် ၃ ယောက်အပါအဝင် သူတို့ဖမ်းသွားတာတော့ ရှိတယ်။ နောက်တစ်ခုကျတော့ စစ်ရှောင်စခန်းမှာ သွားနေ ပြီးတော့ ဟိုးသူတို့ရပ်ရွာမှာ ကျန်ခဲ့တဲ့ရိက္ခာကို သယ်ဖို့ သွားတဲ့အချိန်မှာ ဖမ်းဆီးခံရတယ်ပေါ့နော်။ အဲ့ဒါက တော့ ဖရူဆိုဘက်မှာပေါ့နော်။”

ဩဂုတ်လ ၆ ရက်နေ့တွင် ကယန်းသာယာက ရွာသား (၃) ယောက်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဒေါဥခူရပ်ကွက် က လူငယ် (၃) ယောက်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ဒေါတကလဲနှင့် ထီးဖိုးကလိုးရွာက အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား လေးယောက်နှင့် ထိုရက်နေ့တွင်ပင် လွိုင်ကော် မြို့နယ် နောင်ယားက ပရတိလူငယ် ၃ ဦး အပါအဝင် ၅ ဦး ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

လွိုင်ကော်မြို့ နောင်ယားက ဖမ်းဆီးခံရသူ ၅ ဦးမှာ စစ်ကောင်စီတပ်က ရှာဖွေနေသည့် စစ်ပြေးရှောင်ပြည်သူ များအား ကူညီပေးနေသူ ရိုစီလင်း (ခေါ်) မအိ အား နေအိမ်တွင်သွားရောက်ရှာဖွေဖမ်းဆီးရာ သူမကိုမတွေ့သည့် အတွက် ၎င်း၏အိမ်တွင်ရှိနေသည့် မိခင်နှင့် မောင်လေးအပါအဝင် ပရဟိတလူငယ် ၃ ဦးတို့ အား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ဖြစ်သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်က ပြောရေး ဆို ခွင့်ရှိ ခူးကိုရယ် က ပြောသည်။

ဖရူဆိုမြို့က အသက် ၁၅ နှစ်ရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ် သက်၍ ဒေသခံတစ်ဦးက “ထီးဖိုးကလိုးအုပ်စုမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ရွာသားတွေ ထွက်ပြေး တယ်။ အဲ့ထဲက ရွာသားသားအဖနှစ်ယောက်က အိမ်မှာပစ္စည်းတွေနဲ့ ကျွဲနွားတွေကို ပြန်ကြည့်ချင်တယ်ဆို ပြီး တော့ ပြန်ဆင်းလာတာ။ အဲ့ဒီမှာ သူပျောက်သွားတယ်ပေါ့နော်။ စစ်ကောင်စီက သူတို့နှစ်ယောက်အပြင် ဒေါပြာ ကူးလို့ခေါ်တယ် အဲ့ဒီကရွာသားနှစ်ယောက်ကို သူတို့က ဖမ်းလိုက်တယ်။ ၁၅ နှစ်အရွယ်သားကိုတော့ ကြိုးတုတ် ပြီးတော့ ခေါ်သွားတယ်။ သူတို့ဖမ်းပြီးခေါ်သွားတာကို တောင်ယာက ကျနော်တို့လူက သူ့မိသားစုကို ပြန်ပြော ပြတယ်ပေါ့” ဟု ပြောသည်။

ကယား(ကရင်နီ) ပြည်နယ်ထဲတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ ရမ်းသန်း ဖြစ်ခဲ့မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်မှာလည်း ဩဂုတ်လထဲတွင် ၄ ယောက် ထပ်တိုးလာခဲ့သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စစ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ ကယား(ကရင်နီ) ပြည်နယ်ထဲ တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူ ၁၀၆ ဦး ရှိ သွားပြီဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်က တာဝန်ရှိသူများက အတည်ပြုပြောသည်။

*** ZAWGYI ***
ကယားတြင္ လူ ၁၅ ဦး ထပ္မံဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

ကယား(ကရင္နီ) ျပည္နယ္ထဲတြင္ ဩဂုတ္လ ၂ ရက္ေန႔မွ ၁၅ ရက္ေန႔အတြင္း ေဒသခံျပည္သူ ေနာက္ထပ္ ၁၅ ဦး စစ္ေကာင္စီ၏ ဖမ္းဆီးျခင္းခံရသည္ဟု ေဒသခံမ်ားႏွင့္ ကရင္နီလူမႈအသင္းအဖြဲ႕မ်ား ကြန္ရက္ တာဝန္ရွိသူမ်ားက ေျပာသည္။

ဖမ္းဆီးခံရသူမ်ားထဲတြင္ ဖမ္းဆီးလိုသူကို မေတြ႕သျဖင့္ မိသားစုဝင္မ်ားကို ဖမ္းဆီးျခင္းမ်ားလည္း ပါဝင္သည္။

ယခုလအတြင္း ထပ္မံဖမ္းဆီးခံရသည့္ ေဒသခံ ၁၅ ဦးပါအဝင္ ကယား(ကရင္နီ) ျပည္နယ္တြင္ အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံသူ စုစုေပါင္း ၁၅၀ ရွိၿပီဟု ကရင္နီလူမႈအသင္းအဖြဲ႕မ်ား ကြန္ရက္က ေျပာေရး ဆို ခြင့္ရွိသူ ခူးကိုရယ္ က ေျပာသည္။

“ဖမ္းခံရတဲ့လူေတြက တခ်ိဳ႕က်ေတာ့ ၿမိဳ႕ေပၚမွာပဲ အိမ္မွာေနရင္းနဲ႔ လာဖမ္းသြားတာရွိတယ္။ IDPs ကို သြား ကူ ညီ ေနရင္းနဲ႔ သူ႔ကို လိုက္ရွာၿပီးမွ ဖမ္းတယ္ေပါ့ ဒီလြိဳင္ေကာ္မွာ။ ဒါေပမယ့္ ဖမ္းမယ္လို႔ သူတို႔စာရင္းရထားတဲ့ သူက ဖမ္းမရပဲနဲ႔ ဓါးစာခံအျဖစ္ သူ႔ရဲ႕အေမေပါ့ အေမရယ္၊ ေမာင္ရယ္၊ ေနာက္ၿပီးမွ အိမ္မွာေနတဲ့ ပရဟိတ လူ ငယ္ ၃ ေယာက္အပါအဝင္ သူတို႔ဖမ္းသြားတာေတာ့ ရွိတယ္။ ေနာက္တစ္ခုက်ေတာ့ စစ္ေရွာင္စခန္းမွာ သြားေန ၿပီးေတာ့ ဟိုးသူတို႔ရပ္႐ြာမွာ က်န္ခဲ့တဲ့ရိကၡာကို သယ္ဖို႔ သြားတဲ့အခ်ိန္မွာ ဖမ္းဆီးခံရတယ္ေပါ့ေနာ္။ အဲ့ဒါက ေတာ့ ဖ႐ူဆိုဘက္မွာေပါ့ေနာ္။”

ဩဂုတ္လ ၆ ရက္ေန႔တြင္ ကယန္းသာယာက ႐ြာသား (၃) ေယာက္၊ ဩဂုတ္လ ၁၁ ရက္ေန႔တြင္ ေဒါဥခူရပ္ကြက္ က လူငယ္ (၃) ေယာက္၊ ဩဂုတ္လ ၁၄ ရက္ေန႔တြင္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါတကလဲႏွင့္ ထီးဖိုးကလိုး႐ြာက အသက္ ၁၅ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ အမ်ိဳးသား ေလးေယာက္ႏွင့္ ထိုရက္ေန႔တြင္ပင္ လြိဳင္ေကာ္ ၿမိဳ႕နယ္ ေနာင္ယားက ပရတိလူငယ္ ၃ ဦး အပါအဝင္ ၅ ဦး ကို စစ္ေကာင္စီက ဖမ္းဆီးသြားခဲ့သည္။

လြိဳင္ေကာ္ၿမိဳ႕ ေနာင္ယားက ဖမ္းဆီးခံရသူ ၅ ဦးမွာ စစ္ေကာင္စီတပ္က ရွာေဖြေနသည့္ စစ္ေျပးေရွာင္ျပည္သူ မ်ားအား ကူညီေပးေနသူ ႐ိုစီလင္း (ေခၚ) မအိ အား ေနအိမ္တြင္သြားေရာက္ရွာေဖြဖမ္းဆီးရာ သူမကိုမေတြ႕သည့္ အတြက္ ၎၏အိမ္တြင္ရွိေနသည့္ မိခင္ႏွင့္ ေမာင္ေလးအပါအဝင္ ပရဟိတလူငယ္ ၃ ဦးတို႔ အား ဖမ္းဆီးေခၚ ေဆာင္သြားခဲ့ျဖစ္သည္ဟု ကရင္နီလူမႈအသင္းအဖြဲ႕မ်ား ကြန္ရက္က ေျပာေရး ဆို ခြင့္ရွိ ခူးကိုရယ္ က ေျပာသည္။

ဖ႐ူဆိုၿမိဳ႕က အသက္ ၁၅ ႏွစ္႐ြယ္ ကေလးငယ္တစ္ဦးအပါအဝင္ ေဒသခံ ၄ ဦး ဖမ္းဆီးခံရသည့္ ကိစၥႏွင့္ ပတ္ သက္၍ ေဒသခံတစ္ဦးက “ထီးဖိုးကလိုးအုပ္စုမွာ စစ္ေကာင္စီနဲ႔ တိုက္ပြဲျဖစ္တဲ့အတြက္ ႐ြာသားေတြ ထြက္ေျပး တယ္။ အဲ့ထဲက ႐ြာသားသားအဖႏွစ္ေယာက္က အိမ္မွာပစၥည္းေတြနဲ႔ ကြၽဲႏြားေတြကို ျပန္ၾကည့္ခ်င္တယ္ဆို ၿပီး ေတာ့ ျပန္ဆင္းလာတာ။ အဲ့ဒီမွာ သူေပ်ာက္သြားတယ္ေပါ့ေနာ္။ စစ္ေကာင္စီက သူတို႔ႏွစ္ေယာက္အျပင္ ေဒါျပာ ကူးလို႔ေခၚတယ္ အဲ့ဒီက႐ြာသားႏွစ္ေယာက္ကို သူတို႔က ဖမ္းလိုက္တယ္။ ၁၅ ႏွစ္အ႐ြယ္သားကိုေတာ့ ႀကိဳးတုတ္ ၿပီးေတာ့ ေခၚသြားတယ္။ သူတို႔ဖမ္းၿပီးေခၚသြားတာကို ေတာင္ယာက က်ေနာ္တို႔လူက သူ႔မိသားစုကို ျပန္ေျပာ ျပတယ္ေပါ့” ဟု ေျပာသည္။

ကယား(ကရင္နီ) ျပည္နယ္ထဲတြင္ ကရင္နီတပ္မေတာ္ (KA)၊ ကရင္နီအမ်ိဳးသား ကာကြယ္ေရးတပ္ (KNDF) ပူး ေပါင္းတပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ား၏ ရမ္းသန္း ျဖစ္ခဲ့မႈမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္မွာလည္း ဩဂုတ္လထဲတြင္ ၄ ေယာက္ ထပ္တိုးလာခဲ့သည္ဟု ကရင္နီလူမႈအသင္းအဖြဲ႕မ်ား ကြန္ရက္က ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။

စစ္အာဏာသိမ္းလိုက္သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္၍ ယေန႔အခ်ိန္ထိ ကယား(ကရင္နီ) ျပည္နယ္ထဲ တြင္ စစ္ေကာင္စီတပ္၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္ ျပည္သူ ၁၀၆ ဦး ရွိ သြားၿပီဟု ကရင္နီလူမႈအသင္းအဖြဲ႕မ်ား ကြန္ရက္က တာဝန္ရွိသူမ်ားက အတည္ျပဳေျပာသည္။