ကြူကုတ်(ပန်ဆိုင်း) မြို့အတွင်း တိုက်ပွဲဖြစ်။ အရပ်သား တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်)တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကြူကုတ်(ပန်ဆိုင်း) မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသ ခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် ရပ်မိရပ်ဖများက ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှ မွန်းလွှဲပိုင်းအထိ ကြူကုတ်(ပန်ဆိုင်း)မြို့အတွင်းရှိ ရဲစခန်းနေရာ အပါ အဝင် နေရာအချို့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကချင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝန်းနှင့် မူလတန်းကျောင်းဝန်း ထဲသို့ လက်နက်ကြီးကျည် တစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအတွင်းက ဒေသခံ တစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်ဟု ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပန်ဆိုင်းမှာက မနက်ကတည်းကနေ ဖြစ်တာဟုတ်တယ်။ နေ့လည် ၂ နာရီ ၃ နာရီလောက်မှ အသံတွေ တိတ် သွားတာ။ ဒီမြို့ထဲမှာကို ဖြစ်တာပေါ့နော်။ ရဲစခန်းနားမှာလည်း ပစ်ခတ်နေကြတာပေါ့။ ဘုရားကျောင်းဝန်း က လည်း ရဲစခန်းနားမှာပဲ ရှိတာဆိုတော့ အဲ့မှာလည်း လက်နက်ကြီးတစ်လုံးကျတယ်။ ဘုရားကျောင်းနားမှာ ပညာ သင်ကျောင်းပြန်ရှိတော့ အဲ့မှာလည်း တစ်လုံးပြန်ကျ။ အဲ့ထဲကမှာ လူတွေနေတယ်လေ အဲ့ကလူတစ်ယောက် ထိ သွားတယ်။ ဘယ်လောက်ထိသွားလည်းတော့ မသွားတော့ မသိဘူး။ ဘယ်သူမှ အပြင်သိပ်မထွက်တော့ဘူး။ ညမှာလည်း တိုက်ပွဲပြန်ဖြစ်လာမှာ ကြောက်နေရတယ်” ဟု ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ပန်ဆိုင်းဒေသခံများသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး လုံခြုံမှု မရှိတော့သည့် အနေ အထားမျိုး ရောက်နေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ပထမအပတ်မှစတင်၍ ယနေ့အချိန်ထိဖြစ်ပွားနေသည့် ပန်ဆိုင်းမြို့နှင့် အနီးအနားကျေးရွာများအပြင် မုံးကိုး(ဖောင်းဆိုင်) နားတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ် တစ်လျှောက် တွင် ဒေသခံပြည် ၁၄၀၄ ဦး တဲများထိုးကာ နေနေကြရပြီး ယနေ့အချိန်ထိလည်း နေရပ်မပြန်နိုင်သေးဟု ဖောင်းဆိုင်ကျေးရွာက ရပ်မိရပ်ဖ တစ်ဦး က ပြောသည်။

“ဦးလေးတို့ မုံးကိုး(ဖောင်းဆိုင်)နဲ့ ပန်ဆိုင်းက ၃ မိုင်လောက်ပဲ ဝေးတယ်။ ဒီနေ့မနက် ပန်ဆိုင်းမှာ ဖြစ်တဲ့တိုက်ပွဲ လည်း အသံအကျယ်ကြီးကြားနေရတာဟုတ်တယ်။ တရုတ်သချိုင်းနားမှာလည်းဖြစ်တယ်။ ပန်ဆိုင်းမြို့ထဲမှာ လည်းဖြစ်တယ်၊ ဒီလ ၃ ရက်နေ့လောက်ကနေ ဖြစ်တာ။ ရွာသားတွေအားလုံးက ညဆို ဘယ်သူမှ ရွာပြန် မအိပ် ကြတော့ဘူးနော်။ မနက်ဆိုရင်တော့ လင်းနေသေးတဲ့အချိန်ထိတော့ ခြံရှိတဲ့လူက ခြံသွား၊ တောင်ရာရှိတဲ့ လူ လည်း တောင်ရာသွားတယ်။ ညဆိုရင်တော့ အခုနေတဲ့ ဒီနယ်စပ်က တဲမှာပဲ ပြန်လာအိပ်ကြတာ။”

စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်)တပ်တို့အကြား ဖြစ်ပွားခဲ့သည့် အဆိုပါဒေသတလျှောက်က တိုက်ပွဲ များကြောင့် ယနေ့တွင်လည်း မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်က ဒေသခံများ စစ်ဘေးရှောင်နေသည့် နေရာသို့ စစ်ရှောင်ပြည်သူအသစ်များ ထပ်တိုးလာသည်ဟု ဖောင်းဆိုင်ကျေးရွာက စစ်ရှောင်တစ်ဦး က ပြော သည်။

“လူတွေက မုံးကိုး(ဖောင်းဆိုင်)မှာဆို ညဆိုရင် ဘယ်သူမှမရှိတော့ဘူးနော်။ အဲ့လိုပဲ ဒီနေ့ဆို ပန်ဆိုင်းမြို့ထဲမှာကို တိုက်ပွဲက ပြန်ဖြစ်လာတော့ အားလုံးက ငါတို့ကိုလည်း စာရင်းမှာထည့်ပေးပါ၊ ငါတို့လည်း အိမ်မှာမနေရဲ တော့ ဘူး ဆိုပြီး စာရင်းအသစ်နော်၊ နာမည်စာရင်းလာပေးတာတွေ အများကြီးပဲ။ ဒီနေ့တော့ တိုက်ပွဲကလည်း တနေ ကုန်လောက် ဖြစ်တော့ စာရင်းလည်း မကောက်နိုင်သေးဘူး။ အားလုံးရှိတဲ့တဲတွေမှာ ခွဲနေကြတယ်။ အခုလော လောဆယ်တော့ ဒီအတိုင်းပဲနေနေရသေးတယ်။”

မုံးကိုးဒေသအတွင်း ဒေသခံပြည်သူစစ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့က စစ်ရေး လှုပ်ရှားမှုများ၊ စစ်အင်အား လူအင်အားတိုးချဲ့မှုများ ပြုလုပ်နေသည့်အတွက် အဆိုပါတပ်ဖွဲ့များနှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၈ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု The Kokang ၏ လူမှုကွန်ယက် စာမျက် နှာတွင် ထုတ်ပြန်ထားသည်။

စစ်ရှောင်အိမ်ထောင်စု ၂၈၀ ကျော်အတွက် ဩဂုတ်လ ဒုတိယအပတ်က ကွတ်ခိုင်မြို့က လူငယ်များနှင့် အဖွဲ့အစည်းအချို့က စစ်ရှောင်များ အရေးပေါ်လိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါဂာာကွယ်ရေးသုံး ပစ္စည်းအချို့၊ မိုးကာ၊ အခင်းနှင့် အိမ်သာသုံးပစ္စည်းအချို့ကို လာရောက်လှူဒါန်းမှုများ ရှိသည်ဟု စစ်ရှောင်များက ပြောသည်။

သို့သော် တိုက်ပွဲများ ဆက်ဖြစ်နေသည့်အတွက် စစ်ရှောင်များ ထပ်တိုးလာနေသည့်အတွက် ရေရှည်တွင် နေရေးထိုင်ရေးအပြင် အစားအသောက်၊ ဆေးဝါးများနှင့် ရိက္ခာလိုအပ်မှုများ ပိုများလာနိုင်သည်ဟု စစ်ရှောင်များက ပြောသည်။

ဓါတ်ပုံ – MNWM

*** ZAWGYI ***
ၾကဴကုတ္(ပန္ဆိုင္း) ၿမိဳ႕အတြင္း တိုက္ပြဲျဖစ္။ အရပ္သား တစ္ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

ယေန႔နံနက္ပိုင္းက စစ္ေကာင္စီတပ္ႏွင့္ MNDAA (ကိုးကန႔္)တပ္တို႔အၾကား ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ၾကဴကုတ္(ပန္ဆိုင္း) ၿမိဳ႕အတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေဒသ ခံတစ္ဦးလည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားႏွင့္ ရပ္မိရပ္ဖမ်ားက ေျပာသည္။

ဩဂုတ္လ ၂၀ ရက္ေန႔ (ယေန႔) နံနက္ပိုင္းမွ မြန္းလႊဲပိုင္းအထိ ၾကဴကုတ္(ပန္ဆိုင္း)ၿမိဳ႕အတြင္းရွိ ရဲစခန္းေနရာ အပါ အဝင္ ေနရာအခ်ိဳ႕တို႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ရာ ကခ်င္ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းဝန္းႏွင့္ မူလတန္းေက်ာင္းဝန္း ထဲသို႔ လက္နက္ႀကီးက်ည္ တစ္လုံးစီ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေက်ာင္းအတြင္းက ေဒသခံ တစ္ဦး ထိခိုက္ဒဏ္ ရာရရွိခဲ့သည္ဟု ပန္ဆိုင္းေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

“ပန္ဆိုင္းမွာက မနက္ကတည္းကေန ျဖစ္တာဟုတ္တယ္။ ေန႔လည္ ၂ နာရီ ၃ နာရီေလာက္မွ အသံေတြ တိတ္ သြားတာ။ ဒီၿမိဳ႕ထဲမွာကို ျဖစ္တာေပါ့ေနာ္။ ရဲစခန္းနားမွာလည္း ပစ္ခတ္ေနၾကတာေပါ့။ ဘုရားေက်ာင္းဝန္း က လည္း ရဲစခန္းနားမွာပဲ ရွိတာဆိုေတာ့ အဲ့မွာလည္း လက္နက္ႀကီးတစ္လုံးက်တယ္။ ဘုရားေက်ာင္းနားမွာ ပညာ သင္ေက်ာင္းျပန္ရွိေတာ့ အဲ့မွာလည္း တစ္လုံးျပန္က်။ အဲ့ထဲကမွာ လူေတြေနတယ္ေလ အဲ့ကလူတစ္ေယာက္ ထိ သြားတယ္။ ဘယ္ေလာက္ထိသြားလည္းေတာ့ မသြားေတာ့ မသိဘူး။ ဘယ္သူမွ အျပင္သိပ္မထြက္ေတာ့ဘူး။ ညမွာလည္း တိုက္ပြဲျပန္ျဖစ္လာမွာ ေၾကာက္ေနရတယ္” ဟု ပန္ဆိုင္းေဒသခံ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ပန္ဆိုင္းေဒသခံမ်ားသည္ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားလာမည္ကို စိုးရိမ္ေနၾကၿပီး လုံၿခဳံမႈ မရွိေတာ့သည့္ အေန အထားမ်ိဳး ေရာက္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဩဂုတ္လ ပထမအပတ္မွစတင္၍ ယေန႔အခ်ိန္ထိျဖစ္ပြားေနသည့္ ပန္ဆိုင္းၿမိဳ႕ႏွင့္ အနီးအနားေက်း႐ြာမ်ားအျပင္ မုံးကိုး(ေဖာင္းဆိုင္) နားတဝိုက္တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ျမန္မာ-တ႐ုတ္နယ္စပ္ တစ္ေလွ်ာက္ တြင္ ေဒသခံျပည္ ၁၄၀၄ ဦး တဲမ်ားထိုးကာ ေနေနၾကရၿပီး ယေန႔အခ်ိန္ထိလည္း ေနရပ္မျပန္ႏိုင္ေသးဟု ေဖာင္းဆိုင္ေက်း႐ြာက ရပ္မိရပ္ဖ တစ္ဦး က ေျပာသည္။

“ဦးေလးတို႔ မုံးကိုး(ေဖာင္းဆိုင္)နဲ႔ ပန္ဆိုင္းက ၃ မိုင္ေလာက္ပဲ ေဝးတယ္။ ဒီေန႔မနက္ ပန္ဆိုင္းမွာ ျဖစ္တဲ့တိုက္ပြဲ လည္း အသံအက်ယ္ႀကီးၾကားေနရတာဟုတ္တယ္။ တ႐ုတ္သခ်ိဳင္းနားမွာလည္းျဖစ္တယ္။ ပန္ဆိုင္းၿမိဳ႕ထဲမွာ လည္းျဖစ္တယ္၊ ဒီလ ၃ ရက္ေန႔ေလာက္ကေန ျဖစ္တာ။ ႐ြာသားေတြအားလုံးက ညဆို ဘယ္သူမွ ႐ြာျပန္ မအိပ္ ၾကေတာ့ဘူးေနာ္။ မနက္ဆိုရင္ေတာ့ လင္းေနေသးတဲ့အခ်ိန္ထိေတာ့ ၿခံရွိတဲ့လူက ၿခံသြား၊ ေတာင္ရာရွိတဲ့ လူ လည္း ေတာင္ရာသြားတယ္။ ညဆိုရင္ေတာ့ အခုေနတဲ့ ဒီနယ္စပ္က တဲမွာပဲ ျပန္လာအိပ္ၾကတာ။”

စစ္ေကာင္စီတပ္ႏွင့္ MNDAA (ကိုးကန႔္)တပ္တို႔အၾကား ျဖစ္ပြားခဲ့သည့္ အဆိုပါေဒသတေလွ်ာက္က တိုက္ပြဲ မ်ားေၾကာင့္ ယေန႔တြင္လည္း ျမန္မာ-တ႐ုတ္ နယ္စပ္ တစ္ေလွ်ာက္က ေဒသခံမ်ား စစ္ေဘးေရွာင္ေနသည့္ ေနရာသို႔ စစ္ေရွာင္ျပည္သူအသစ္မ်ား ထပ္တိုးလာသည္ဟု ေဖာင္းဆိုင္ေက်း႐ြာက စစ္ေရွာင္တစ္ဦး က ေျပာ သည္။

“လူေတြက မုံးကိုး(ေဖာင္းဆိုင္)မွာဆို ညဆိုရင္ ဘယ္သူမွမရွိေတာ့ဘူးေနာ္။ အဲ့လိုပဲ ဒီေန႔ဆို ပန္ဆိုင္းၿမိဳ႕ထဲမွာကို တိုက္ပြဲက ျပန္ျဖစ္လာေတာ့ အားလုံးက ငါတို႔ကိုလည္း စာရင္းမွာထည့္ေပးပါ၊ ငါတို႔လည္း အိမ္မွာမေနရဲ ေတာ့ ဘူး ဆိုၿပီး စာရင္းအသစ္ေနာ္၊ နာမည္စာရင္းလာေပးတာေတြ အမ်ားႀကီးပဲ။ ဒီေန႔ေတာ့ တိုက္ပြဲကလည္း တေန ကုန္ေလာက္ ျဖစ္ေတာ့ စာရင္းလည္း မေကာက္ႏိုင္ေသးဘူး။ အားလုံးရွိတဲ့တဲေတြမွာ ခြဲေနၾကတယ္။ အခုေလာ ေလာဆယ္ေတာ့ ဒီအတိုင္းပဲေနေနရေသးတယ္။”

မုံးကိုးေဒသအတြင္း ေဒသခံျပည္သူစစ္တပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔က စစ္ေရး လႈပ္ရွားမႈမ်ား၊ စစ္အင္အား လူအင္အားတိုးခ်ဲ႕မႈမ်ား ျပဳလုပ္ေနသည့္အတြက္ အဆိုပါတပ္ဖြဲ႕မ်ားႏွင့္ MNDAA ကိုးကန႔္တပ္ဖြဲ႕တို႔အၾကား ဩဂုတ္လ ၁၈ ရက္ေန႔တြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု The Kokang ၏ လူမႈကြန္ယက္ စာမ်က္ ႏွာတြင္ ထုတ္ျပန္ထားသည္။

စစ္ေရွာင္အိမ္ေထာင္စု ၂၈၀ ေက်ာ္အတြက္ ဩဂုတ္လ ဒုတိယအပတ္က ကြတ္ခိုင္ၿမိဳ႕က လူငယ္မ်ားႏွင့္ အဖြဲ႕အစည္းအခ်ိဳ႕က စစ္ေရွာင္မ်ား အေရးေပၚလိုအပ္ေနသည့္ ကိုဗစ္-၁၉ ေရာဂါဂာာကြယ္ေရးသုံး ပစၥည္းအခ်ိဳ႕၊ မိုးကာ၊ အခင္းႏွင့္ အိမ္သာသုံးပစၥည္းအခ်ိဳ႕ကို လာေရာက္လႉဒါန္းမႈမ်ား ရွိသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

သို႔ေသာ္ တိုက္ပြဲမ်ား ဆက္ျဖစ္ေနသည့္အတြက္ စစ္ေရွာင္မ်ား ထပ္တိုးလာေနသည့္အတြက္ ေရရွည္တြင္ ေနေရးထိုင္ေရးအျပင္ အစားအေသာက္၊ ေဆးဝါးမ်ားႏွင့္ ရိကၡာလိုအပ္မႈမ်ား ပိုမ်ားလာႏိုင္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

ဓါတ္ပုံ – MNWM