အသုတ်မြို့မှ ဖမ်းဆီးခံရသူများ မည်သည့်နေရာတွင် ရှိသည်ကို မသိရသဖြင့် မိသားစု စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

ဧရာဝတီတိုင်း အသုတ်မြို့ တွင် ဩဂုတ်လ ၁၈ရက်နှင့် ၁၉ရက် ညက ဖမ်းဆီးခံခဲ့ရသော အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ၏ ရပ်ကျေးဥက္ကဋ္ဌ အချို့ အပါအဝင် ၇ ဦးမှာ ဩဂုတ်လ ၂၂ ရက်နေ့အထိ မည်သည့်နေရာတွင် မည်သည့် တပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်ကို မသိရသဖြင့် စိုးရိမ်နေကြောင်း ဖမ်းခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ဩဂုတ်လ ၁၈ရက်နေ့ ညပိုင်းက ရေကြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်(၃)ရပ်ကွက် ဥက္ကဋ္ဌ နှင့် အမှတ်(၄) ရပ် ကွက် ဥက္ကဋ္ဌ ကို ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၁၉ရက်နေ့ ညပိုင်းတွင်အ မှတ်(၅)ရပ်ကွက် NLD ဥက္ကဌ၊ ပါတီဝင် နှစ်ဦး နှင့် ဝန်းရံသူနှစ်ဦး တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဘာကြောင့်ဖမ်းသလဲ ဘယ်နေ ရာခေါ်သွားလဲ မသိရသေးဘူး ဆဲဆို ရိုက်နှက်ပြီး ဖမ်းသွားတာ” ဟု ဖမ်းဆီးခံရ သူများ၏ မိသားစုဝင် တစ်ဦး ကပြောသည်။

စစ်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသ မဟုတ်ဘဲ ဝရမ်းမပါ အကြောင်းပြချက်မရှိ လက်နက် အင်အားသုံးပြီး ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦး က ပြောသည်။

ဦးအောင်မိုးလင်း အပါအဝင် လူ ၇ ဦးဖမ်း ဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောပြနိုင်ခြင်း မရှိဘူးဟု အသုတ် နယ်မြေရဲစခန်း က တာဝန်ရှိ သူတစ်ဦး က ပြောသည်။

အသုတ်မြို့မှ ဒလန်ဟုနာမည်ကြီးနေသည့် အမျိုးသား တစ်ဦးကို အမည်မသိသေနတ်သမား ၂ ဦးက သြဂုတ်လ ၁၈ ရက်နေ့ နံ နက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။

*** ZAWGYI ***
အသုတ္ၿမိဳ႕မွ ဖမ္းဆီးခံရသူမ်ား မည္သည့္ေနရာတြင္ ရွိသည္ကို မသိရသျဖင့္ မိသားစု စိုးရိမ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဩဂုတ္လ ၂၃ ရက္။

ဧရာဝတီတိုင္း အသုတ္ၿမိဳ႕ တြင္ ဩဂုတ္လ ၁၈ရက္ႏွင့္ ၁၉ရက္ ညက ဖမ္းဆီးခံခဲ့ရေသာ အမ်ိဳးသား ဒီမိုကေရ စီအဖြဲ႕ခ်ဳပ္ (NLD) ၏ ရပ္ေက်းဥကၠ႒ အခ်ိဳ႕ အပါအဝင္ ၇ ဦးမွာ ဩဂုတ္လ ၂၂ ရက္ေန႔အထိ မည္သည့္ေနရာတြင္ မည္သည့္ တပ္ဖြဲ႕က ဖမ္းဆီးထားျခင္းျဖစ္သည္ကို မသိရသျဖင့္ စိုးရိမ္ေနေၾကာင္း ဖမ္းခံရသူမ်ား၏ မိသားစုဝင္မ်ားက ေျပာသည္။

ဩဂုတ္လ ၁၈ရက္ေန႔ ညပိုင္းက ေရၾကည္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမွတ္(၃)ရပ္ကြက္ ဥကၠ႒ ႏွင့္ အမွတ္(၄) ရပ္ ကြက္ ဥကၠ႒ ကို ဖမ္းဆီးခဲ့ၿပီး ဩဂုတ္ ၁၉ရက္ေန႔ ညပိုင္းတြင္အ မွတ္(၅)ရပ္ကြက္ NLD ဥကၠဌ၊ ပါတီဝင္ ႏွစ္ဦး ႏွင့္ ဝန္းရံသူႏွစ္ဦး တို႔ကို ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

“ဘာေၾကာင့္ဖမ္းသလဲ ဘယ္ေန ရာေခၚသြားလဲ မသိရေသးဘူး ဆဲဆို ႐ိုက္ႏွက္ၿပီး ဖမ္းသြားတာ” ဟု ဖမ္းဆီးခံရ သူမ်ား၏ မိသားစုဝင္ တစ္ဦး ကေျပာသည္။

စစ္ပြဲမ်ား ျဖစ္ပြားေနသည့္ ေနရာေဒသ မဟုတ္ဘဲ ဝရမ္းမပါ အေၾကာင္းျပခ်က္မရွိ လက္နက္ အင္အားသုံးၿပီး ဝင္ေရာက္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု ေဒသခံ တစ္ဦး က ေျပာသည္။

ဦးေအာင္မိုးလင္း အပါအဝင္ လူ ၇ ဦးဖမ္း ဆီးခံရသည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တစ္စုံတစ္ရာ ေျပာျပႏိုင္ျခင္း မရွိဘူးဟု အသုတ္ နယ္ေျမရဲစခန္း က တာဝန္ရွိ သူတစ္ဦး က ေျပာသည္။

အသုတ္ၿမိဳ႕မွ ဒလန္ဟုနာမည္ႀကီးေနသည့္ အမ်ိဳးသား တစ္ဦးကို အမည္မသိေသနတ္သမား ၂ ဦးက ၾသဂုတ္လ ၁၈ ရက္ေန႔ နံ နက္ပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ေသဆုံးခဲ့သည္။