မင်းတုန်းတွင် သစ်ခိုးထုတ်မှု တိုးများလာ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

စစ်ကောင်စီအုပ်ချုပ်မှု ၇ လခန့် ကာလအတွင်း မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် သစ်ခိုး ထုတ်မှု များစွာ မြင့်တက်လာသည်ဟု အိမ်သုံးသစ်ရောင်းချသူနှင့် ဒေသခံများက ပြောသည်။

ယခင်က သစ်ခိုးကားကို တပတ်လျှင် တစ်စီးခန့်သာတွေ့မြင်နိုင်သော်လည်း ယခု နေ့စဉ်လိုလို တွေ့မြင်နေရ ကြောင်း ယခင်က သစ်ခိုးထုတ်မှုများကို ဒေသခံများနှင့် မြို့နယ် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားများ က စောင့်ကြည့်သတင်းပေးမှုကြောင့် မကြာခဏ ဖမ်းမိကြောင်း အိမ်သုံးသစ်ရောင်းချသူက ရှင်းပြသည်။

”အရင်ကတိုင်ရမယ့် နေရာရှိတယ်။ အခုက တိုင်ရမယ့် နေရာမရှိတဲ့အပြင် ကာကွယ်မှု ရနေတဲ့ သဘော ဖြစ်နေတယ်” ဟု အိမ်သုံးသစ်ရောင်းချသူ က ပြောသည်။

ယခင်က မင်းတုန်းတွင် အိမ်သုံးအတွက်သာ ဒေသခံများက တရားမဝင် ထုတ်လုပ်ကြပြီး ယခု ပန်းတောင်း ဥသျှစ်ပင်က တဆင့် ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ဧရာဝတီတိုင်းတို့ကို ပတ်လည်တုံးတင်ထားသည့် သစ်တင် သည့် ကားများ သွားနေသည်ကို တွေ့မြင်နေရသည်ဟု ပန်းတောင်းဥသျှစ်ပင်က ဒေသခံ တစ်ဦး က ပြောသည်။

တောမြို့လေး ဖြစ်ပြီး တည်ငြိမ်နေသည့် မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး အကြောင်းပြပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သွားလာခွင့်အပြင် မြို့ပြင်ထွက်ခွင့်ကို ပြည်သူများအား ပိတ်လိုက်သည့်အတွက် သစ်မှောင်ခိုများ အတွက် ပိုမိုအဆင်ပြေသွားသည်ဟု မင်းတုန်းမြို့ ဒေသခံ တစ်ဦး က ဆက် ပြောသည်။

”ညဘက်သေနတ်ဖောက်ရင် သစ်ကားထွက်ဖို့ အချက်ပြတာ အခုနေ့လည်ပါ အိုကေနေကြပြီ” ဟု ၎င်း မင်းတုန်း ဒေသခံ က ပြောသည်။

မင်းတုန်းမြို့နယ် မြောက်ခြမ်း တိုင်းတားကျေးရွာ၊ ခုံတိုင်ကျင်းကျေးရွာနှင့် မူးချောင်းတလျောက်ဒေသ၊ မင်းတုန်း မြို့ အနောက်ဘက် မင်းတုန်းချောင်း တလျောက်၊ ပုသိမ်-မုံရွာ ကားလမ်းမှ တဆင့် အလွယ်တကူဝင်ရောက်နိုင် သည့် မှန်ကျေးရွာ၊ ဝန်ချောင်းဖျား ရူချောင်းဖျားဒေသများက ကျွန်းသစ်နှင့် သစ်မာ အများအပြားထွက်ရှိသည်။

ထို့အပြင် ပန်းတောင်းဥသျှစ်ပင် ဧရာဝတီတိုင်းဒေသဘက် က သစ်မှောင်ခိုသမားများ အဝင်အထွက်များပြီး နေ့စဉ်သစ်ခိုးထုတ်နေသည့် ကားများရှိနေကြောင်း ဒေသခံများက ပြောသည်။

မြန်မာ့သစ်လုပ်ငန်း၏ သရက်သစ် ထုတ်လုပ်ရေးဒေသ အမည်တပ် ထားသော်လည်း မင်းတုန်းမြို့နှင့် ကံမမြို့ နယ်များ၏ အနောက်ဘက် အနောက်ရိုးမ က ထုတ်လုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က သစ်မာကျွန်းသစ်တန် ၅၀၀၀ ခန့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်-မုံရွာ လမ်းမကြီးမှ မင်းတုန်းသစ်တောကြိုးဝိုင်းကို ၈မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

*** ZAWGYI ***
မင္းတုန္းတြင္ သစ္ခိုးထုတ္မႈ တိုးမ်ားလာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္။

စစ္ေကာင္စီအုပ္ခ်ဳပ္မႈ ၇ လခန႔္ ကာလအတြင္း မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕တြင္ သစ္ခိုး ထုတ္မႈ မ်ားစြာ ျမင့္တက္လာသည္ဟု အိမ္သုံးသစ္ေရာင္းခ်သူႏွင့္ ေဒသခံမ်ားက ေျပာသည္။

ယခင္က သစ္ခိုးကားကို တပတ္လွ်င္ တစ္စီးခန႔္သာေတြ႕ျမင္ႏိုင္ေသာ္လည္း ယခု ေန႔စဥ္လိုလို ေတြ႕ျမင္ေနရ ေၾကာင္း ယခင္က သစ္ခိုးထုတ္မႈမ်ားကို ေဒသခံမ်ားႏွင့္ ၿမိဳ႕နယ္ သဘာဝပတ္ဝန္းက်င္ ထိမ္းသိမ္းေရးသမားမ်ား က ေစာင့္ၾကည့္သတင္းေပးမႈေၾကာင့္ မၾကာခဏ ဖမ္းမိေၾကာင္း အိမ္သုံးသစ္ေရာင္းခ်သူက ရွင္းျပသည္။

”အရင္ကတိုင္ရမယ့္ ေနရာရွိတယ္။ အခုက တိုင္ရမယ့္ ေနရာမရွိတဲ့အျပင္ ကာကြယ္မႈ ရေနတဲ့ သေဘာ ျဖစ္ေန တယ္” ဟု အိမ္သုံးသစ္ေရာင္းခ်သူ က ေျပာသည္။

ယခင္က မင္းတုန္းတြင္ အိမ္သုံးအတြက္သာ ေဒသခံမ်ားက တရားမဝင္ ထုတ္လုပ္ၾကၿပီး ယခု ပန္းေတာင္း ဥသွ်စ္ပင္က တဆင့္ ရခိုင္ျပည္နယ္ ေတာင္ကုတ္ႏွင့္ ဧရာဝတီတိုင္းတို႔ကို ပတ္လည္တုံးတင္ထားသည့္ သစ္တင္ သည့္ ကားမ်ား သြားေနသည္ကို ေတြ႕ျမင္ေနရသည္ဟု ပန္းေတာင္းဥသွ်စ္ပင္က ေဒသခံ တစ္ဦး က ေျပာသည္။

ေတာၿမိဳ႕ေလး ျဖစ္ၿပီး တည္ၿငိမ္ေနသည့္ မင္းတုန္းၿမိဳ႕တြင္ ကိုဗစ္-၁၉ ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး အေၾကာင္းျပၿပီး နံနက္ ၁၀ နာရီမွ ညေန ၄ နာရီအထိ သြားလာခြင့္အျပင္ ၿမိဳ႕ျပင္ထြက္ခြင့္ကို ျပည္သူမ်ားအား ပိတ္လိုက္သည့္အတြက္ သစ္ေမွာင္ခိုမ်ား အတြက္ ပိုမိုအဆင္ေျပသြားသည္ဟု မင္းတုန္းၿမိဳ႕ ေဒသခံ တစ္ဦး က ဆက္ ေျပာသည္။

”ညဘက္ေသနတ္ေဖာက္ရင္ သစ္ကားထြက္ဖို႔ အခ်က္ျပတာ အခုေန႔လည္ပါ အိုေကေနၾကၿပီ” ဟု ၎ မင္းတုန္း ေဒသခံ က ေျပာသည္။

မင္းတုန္းၿမိဳ႕နယ္ ေျမာက္ျခမ္း တိုင္းတားေက်း႐ြာ၊ ခုံတိုင္က်င္းေက်း႐ြာႏွင့္ မူးေခ်ာင္းတေလ်ာက္ေဒသ၊ မင္းတုန္း ၿမိဳ႕ အေနာက္ဘက္ မင္းတုန္းေခ်ာင္း တေလ်ာက္၊ ပုသိမ္-မုံ႐ြာ ကားလမ္းမွ တဆင့္ အလြယ္တကူဝင္ေရာက္ႏိုင္ သည့္ မွန္ေက်း႐ြာ၊ ဝန္ေခ်ာင္းဖ်ား ႐ူေခ်ာင္းဖ်ားေဒသမ်ားက ကြၽန္းသစ္ႏွင့္ သစ္မာ အမ်ားအျပားထြက္ရွိသည္။

ထို႔အျပင္ ပန္းေတာင္းဥသွ်စ္ပင္ ဧရာဝတီတိုင္းေဒသဘက္ က သစ္ေမွာင္ခိုသမားမ်ား အဝင္အထြက္မ်ားၿပီး ေန႔စဥ္သစ္ခိုးထုတ္ေနသည့္ ကားမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ျမန္မာ့သစ္လုပ္ငန္း၏ သရက္သစ္ ထုတ္လုပ္ေရးေဒသ အမည္တပ္ ထားေသာ္လည္း မင္းတုန္းၿမိဳ႕ႏွင့္ ကံမၿမိဳ႕ နယ္မ်ား၏ အေနာက္ဘက္ အေနာက္႐ိုးမ က ထုတ္လုပ္ေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္က သစ္မာကြၽန္းသစ္တန္ ၅၀၀၀ ခန႔္ ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။

ပုသိမ္-မုံ႐ြာ လမ္းမႀကီးမွ မင္းတုန္းသစ္ေတာႀကိဳးဝိုင္းကို ၈မိုင္ခန႔္သာ ကြာေဝးေၾကာင္း သိရသည္။